သားလေး ကိုယ်ဝန်စရှိတဲ့နေ့ကစလို့ ဒီနေ့အထိ သိမ်းဆည်းထားတဲ့ ပုံလေးတွေကို ချပြပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဆုပန်ထွာ
Roar Roar Kyaw ရဲ့ မေမေ ဆုပန်ထွာကတော့ ဒီကနေ့မှာကျရောက်တဲ့ သားသားလေးရဲ့ ၄ နှစ်ပြည့်မွေးနေ့လေးအတွက် ဆုတောင်းပေးထားတာ တွေ့ရပါတယ်။ ဖေဖေ ဥက္ကာကျော် နဲ့ မေမေဆုပန်ထွာတို့ရဲ့ တစ်ဦးတည်းသော သားလေးဖြစ်ပြီးတော့ ဒီနေ့ဆိုရင်တော့ ၄ နှစ်တင်းတင်းပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ မေမေ ဆုပန်ထွာက ဒီနေ့လေးမှာကျရောက်တဲ့ သားဖြစ်သူ မွေးနေ့လေးကို ကိုယ်ဝန်စလွယ်ထားရစဉ်ကပုံလေးတွေနဲ့ အမှတ်တရပုံလေးတွေကို ချပြလာခဲ့တာပါ။

“Happy birthday မာမားသားလေး Roar Roar Roar Kyaw! သားလေးကိုယ်ဝန်စရှိတာသိတဲ့နေ့ကစလို့ ဒီနေ့ ၄နှစ်ပြည့်တဲ့နေ့ထိ စုလို့ရသမျှပုံလေးတွေ ဒီနေ့ Save ထားပါစေ။ စာလေးကတော့ ၃နှစ်ပြည့်မနှစ်ကတင်ထားတဲ့စာလေးအတိုင်းပြန်တင်ပါရစေ။ ပိုလာတာဆိုလို့ ၄နှစ်မပြည့်ခင်အတွင်း သားအမိနှစ်ယောက် ရန်ခဏခဏဖြစ်ရတာ ပိုလာပါတယ်။ ၄နှစ်ပြည့်ပြီမို့ သူ့အိုင်တင်တွေ ပြောတဲ့စကားတွေကပိုချစ်စရာကောင်း၊ရီစရာကောင်းလာသလို …ပြောမရဆိုမရကန့်လန့်တိုက်တတ်လာတဲ့အခါ နားလည်အောင်အာပေါက်အောင်ပြောပြရသလို ဆူရ၊မမ်ရ၊ ဒုတ်နဲ့ခြောက်ရ တဲ့အလုပ်တွေပိုလာပါပြီ။နဲနဲကြီးလာတော့သက်သာမယ်ထင်တာ ပိုမောလာတာတော့ သေချာပါတယ်။ 😂😂😂”

“Happy Birthday My Lovely Son! မာမားရဲ့ဒီဗိုက်ကြီးထဲကထွက်လာခဲ့တာ ၄ နှစ်ပြည့်ပီပေါ့။ အခုဆိုကျောင်းတောင်တက်တဲ့အရွယ်ရောက်ခဲ့ပြီ။ ကျန်းမာစွာ၊လိမ္မာစွာ ဖေဖေ၊မေမေ အပေါ်သိတတ်စွာနေပေးတဲ့သားလေးမို့ မာမားကျေးဇူးတင်မိတယ်။ကျန်းမာစွာနေပေးလို့လည်းကျေးဇူးတင်တယ်။ မားမား လည်းကိုယ့်ကိုယ်ကိုကျန်းမာအောင်နေမယ်။ ခါးနာလို့သားကိုဒေါင်းတိမောင်းတိကြာကြာမချီနိုင်တော့တာတစ်ခုလေးပါပဲ။(ဒါပေမယ့်လည်းခုချိန်ထိနာချင်နာပါ စေခါးအနာခံပြီးချီတာပါပဲ) 🥺🥺🥺 သားအပေါ်နေ့တိုင်း စိတ်ရော၊ကိုယ်ရော ၂ခုလုံးမနားပဲပြုစုပျိုးထောင်ရတာ ၄နှစ်ပြည့်ခဲ့ပြီ။ပြောရရင်အဓိက အပျိုတုန်းကလိုအိပ်ရေးဝဝမအိပ်ရတော့တာ၊ကောင်းကောင်းမအိပ်ရတော့တာ ၄နှစ်ပြည့်ပြီပေါ့။ ( အခုက Stay at home ကြောင့်ဒီနှစ်တော်တော်တော့အိပ်ရေးဝတာအမှန်ပဲ)😂😂😂”
“Movies 🎥 သိပ်ကြိုက်တဲ့ကျွန်မ၊ ကားတစ်ကားကိုအစအဆုံးမကြည့်ရတော့တာ၊ကြည့်ခွင့်မရတော့တာ ၄နှစ်ပြည့်ပြီပေါ့။ သီချင်းတွေနားထောင်ချင်ရင်တောင် အိမ်မှာ ကားပေါ်မှာ ဖွင့်လိုက်ရင် ကလေးသီချင်း Baby Song လေးတွေပဲနားထောင်ရင်းလိုက်ဆိုခဲ့ရတာလည်း ၄နှစ်ပြည့်ခဲ့ပေါ့။ ဒူးပြဲနဖူးကွဲမဖြစ်အောင်၊ခြင်မကိုက်အောင်၊ဖျားတာနာတာမဖြစ်ရအောင်၊လက်သည်းခြေသည်းတွေရှည်မနေရအောင်၊ နောက်ဆုံးထမင်းစားရင်ဘယ်နှစ်လုပ်စားလဲကအစ မားမားဒီနေ့ဒီ ချိန်ထိလိုက်ရေနေတုန်းမို့…မာမားကိုယ်စွမ်းညာဏ်စွမ်းရှိသလောက် ပြုစုစောင့်ရှောက်ပါမယ်။သားလေးကိုချစ်တယ်လို့။ ❤️❤️❤️”

မေမေဆုပန်ထွာရေးထားတဲ့ စာလေးကိုဖတ်ပြီး မိခင်တစ်ယောက်ရဲ့ မေတ္တာ ဘယ်လောက်ကြီးမားနက်ရှိုင်းတယ်ဆိုတာ ပရိသတ်တွေလည်း ခံစားမိကြမှာပါနော်။ Happy Birthday ပါ Roar Roar Kyaw လေးရေလို့ ပရိသတ်ကြီးနဲ့အတူလည်း ဆုတောင်းပေးလိုက်ပါတယ်နော်။
Cele Star – YS