အဆိုတော် အောင်ရင် COVID-19 Positive ရောဂါလက္ခဏာများ ခံစားနေရ

ဖခင်ဖြစ်သူ အဆိုတော် အောင်ရင်ဟာ အင်္ဂလန်မှာ COVID-19 ရဲ့ ရောဂါလက္ခဏာများ ခံစားနေရတယ်လို့ သားဖြစ်သူ မိုးအောင်ရင်က ပြောပါတယ်။ လက်ရှိအချိန်မှာ မိုးအောင်ရင်ရဲ့ မိသားစုတွေဖြစ်တဲ့ ဖခင် အောင်ရင်နဲ့ မိခင်တို့ ဟာ အင်္ဂလန်မှာရောက်ရှိနေတာဖြစ်ပြီး ပြန်လာလို့ မရတဲ့အခြေအနေတစ်ခုကို ကြုံခဲ့တာဖြစ်ပါတယ်။ ညီမဖြစ်သူကတော့ COVID-19 ကူးစက်ရာ နံပါတ်တစ် စာရင်းမှာရောက်ရှိနေပြီဖြစ်တဲ့ အမေရိကန်မှာ ရောက်ရှိနေတာကြောင့် သူ့အနေနဲ့ မိသားစုတစ်ခုလုံးကို စိတ်ပူပန်နေရတာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ အဆိုတော်အောင်ရင်က လက်ရှိမှာ အဖျားမရှိတာကလွဲပြီး COVID-19 ရဲ့ ရောဂါလက္ခဏာတွေအတိုင်း ခံစားနေရတယ်လို့ သားဖြစ်သူ မိုးအောင်ရင်ကဆိုပါတယ်။ သူငယ်ချင်း ဆရာဝန်တစ်ယောက်ရဲ့ ပြောချက်အရ အဆိုတော် အောင်ရင်ဟာ COVID-19 ရောဂါပိုးကူးစက်ခံထားရပြီလို့ ဆိုပါတယ်။ ရောဂါပိုးကူးစက်ခံနေရပြီဖြစ်ပေမယ့် ရောဂါအခြေအနေမဆိုးဝါးတာကြောင့် အိမ်တွင်းမှာပဲ Self Quarantine လုပ်နေပြီး မိခင်ဖြစ်သူနဲ့လည်း သီးခြားခွဲနေနေတယ်လို့ မိုးအောင်ရင်က ပြောပါတယ်။...

ကွာရှင်းပြီးပေမယ့် နောက်လေးနှစ်မှာ ကလေးယူဖို့ အစီအစဉ်ရှိတဲ့ ရေဗက္ကာဝင်း

အဆိုတော်ရေဗက္ကာဝင်းက မကြာသေးခင်ကပဲ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းခဲ့တာဖြစ်ပါတယ်။ အောင်မြင်တဲ့အဆိုတော်တစ်ဦးအဖြစ် ဂီတလောကမှာရပ်တည်ခဲ့တဲ့ ရေဗက္ကာဝင်းဟာ လူငယ်တွေကြိုက်နှစ်သက်တဲ့ သီချင်းပေါင်းမြောက်မြားစွာကို သီဆိုနိုင်ခဲ့သူတစ်ဦးပါ။ လက်ရှိမှာတော့ သူမရဲ့ ခင်ပွန်းနဲ့ တရားဝင်ကွာရှင်းခဲ့ပြီး တစ်ယောက်တည်းရပ်တည်နေခဲ့တာ ၄ လလောက်ရှိပြီလို့ ဆိုပါတယ်။ တစ်ဦးနဲ့တစ်ဦး ရှေ့ဆက်ဖို့ အဆင်မပြေနိုင်တော့တဲ့နောက် လမ်းခွဲခဲ့ကြတဲ့ ရေဗက္ကာဝင်းဟာ တရားဝင်ကွာရှင်းခဲ့ပေမယ့်လည်း သူမအတွက် သူမကိုယ်တိုင် မွေးဖွားတဲ့ သားသမီးလေးကို နောက်လေးနှစ်မှာ ယူဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ အိမ်ထောင်ကွဲခဲ့ပေမယ့် သူမဘဝကို ရှေ့ဆက်ဖို့အားအင်တွေပေးနိုင်မယ့် သားသမီးကို မွေးဖွားမယ့် ရေဗက္ကာဝင်းဟာ အချစ်သစ်၊ အိမ်ထောင်သစ် ကို ရှာတွေ့ခဲ့ရင် ရနိုင်တယ်လို့ ဆိုပါတယ်။ အကယ်လို့ ရှာမတွေ့ခဲ့ရင်တောင် နိုင်ငံရပ်ခြားမှာ IVF ဖန်ပြွှန်သန္ဓေသားပြုလုပ်ခြင်း စတာတွေနဲ့ ရင်သွေးလေးကို မွေးဖွားနိုင်တယ်လို့ ဆိုပါတယ်။ ဘဝအတွက် ခွန်အားတွေပေးနိုင်မယ့် ရေဗက္ကာဝင်းကတော့ သူမကိုယ်တိုင်မွေးဖွားမယ့် ရင်သွေးလေးကို ရရှိပိုင်ဆိုင်ချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင်...

ခင်ပွန်းဖြစ်သူကို အရက်သောက်ဖို့ခေါ်တဲ့သူငယ်ချင်းတွေကို သတိပေးလိုက်တဲ့ သဉ္ဇာနွယ်ဝင်း

ချစ်စရာကောင်းတဲ့ သားလေး Peach နဲ့အတူ သမီးလေးကိုပါ သဉ္ဇာနွယ်ဝင်းက ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းဟာ အနုပညာလောကထဲကို ဝင်ရောက်လာပြီး တစ်ခဏအတွင်းမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ MTV တွေနဲ့အတူ ဗီဒီယိုဇာတ်ကားပေါင်းများစွာက သူမအတွက် အနုပညာလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ အသံလေးကြောင့်လည်း အမာခံပရိသတ်ပေါင်းများစွာကို ရရှိခဲ့တာပါ။ သဉ္ဇာနွယ်ဝင်းက စတီဗင်လှနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သားသားလေးတစ်ဦးနဲ့ သမီးလေးတစ်ဦးကိုပါ ထပ်မံမွေးဖွားခဲ့တာဖြစ်ပါတယ်။ သားနဲ့သမီး တစ်ဦးစီ ပိုင်ဆိုင်ထားခဲ့ပြီဖြစ်တာကြောင့်လည်း သူမတို့ မိသားစုဘဝလေးက ပိုမိုပြည့်စုံသွားခဲ့ပြီလို့ ဆိုရမှာပါ။ ဒီလိုပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်နေတဲ့အချိန်မှာ မိသားစုအတွက် အချိန်မပေးနိုင်ဘဲ အလိုက်မသိတတ်ကြတဲ့ ခင်ပွန်းဖြစ်သူရဲ့ သူငယ်ချင်းအချို့ကို သဉ္ဇာနွယ်ဝင်းက သတိပေးစကားပြောလိုက်ပါတယ်။ “အကိုတို့ရေ ကျွန်မကလေးတွေကလေ သူ့အဖေပြန်လာတဲ့အချိန်ကိုညတိုင်းမအိပ်ပဲစောင့်နေကြလို့ ခဏပဲဖြစ်ဖြစ်အကြာကြီးပဲဖြစ်ဖြစ် အရက်သောက်ဖို့မခေါ်ပါနဲ့ အလိုက်လေးသိပေးကြပါ အကိုတို့ခေါ်တဲ့နေရာကိုကျွန်မပါလိုက်လာမိလိမ့်မယ်နော်” လို့ အသိပေးစကားပြောလိုက်တာဖြစ်ပါတယ်။ ယခုလိုမျိုး ကိစ္စရပ်တွေဟာ အိမ်ထောင်ရေးအတော်များများမှာ ဖြစ်ပေါ်လေ့ရှိတာကြောင့် သဉ္ဇာနွယ်ဝင်းရဲ့ ယခုသတိပေးစကားပြောဆိုမှုကို...

၇ လအရွယ် သမီးလေး Treasure နဲ့အတူ ကျောင်းလိုက်တက်ပေးခဲ့တဲ့ မေမေစန္ဒီမြင့်လွင်

မေမေစန္ဒီမြင့်လွင်က သမီးလေး Treasure နဲ့အတူတူ ကျောင်း လိုက်တက်ပေးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရှားရှားပါးပါး Rapper အဆိုတော်တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ဟာ ဂီတပိုင်းမှာတင်အောင်မြင်ရုံမက သရုပ်ဆောင်ပိုင်းမှာပါ အားသန်သူတစ်ဦးပါ။ အနုပညာမျိုးရိုးဂုဏ်ကြီးသူဖြစ်တာကြောင့်လည်း အနုပညာနဲ့ပတ်သက်လာရင် စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်နေတယ်လို့ ဆိုရမှာပါ။ ၂၀၁၉ ခုနှစ် ဂျူလိုင်လအတွင်းမှာပဲ သမီးလေးတစ်ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။ တစ်နေ့တစ်ခြား သူမနဲ့ တူတူလာတာကြောင့်လည်း ဝဝကစ်ကစ်လေးမို့ ပရိသတ်တွေက ချစ်မဝဖြစ်နေခဲ့တာပါ။ သမီးဦးလေးဖြစ်တဲ့ Treasure လေးကို အသည်းခိုက်မတတ်ချစ်တဲ့ မေမေ စန္ဒီမြင့်လွင်က သမီးလေးနဲ့ပတ်သက်တဲ့ အရာရာတိုင်းကို ဂရုတစိုက်ရှိလှပါတယ်။ ဒီနေ့မှာလည်း ၇ လအရွယ်သူမရဲ့ သမီးလေး Treasure လွင်လေးကို  ဦးနှောက်စွမ်းရည် ပိုမိုထက်မြက်လာအောင် Myanmar Plaza မှာရှိတဲ့ ကျောင်းကိုသူမနဲ့အတူ တက်စေခဲ့ပါတယ်။ ဒီ Pre School လေးဟာ လသားလေးကစပြီး မိဘတွေနဲ့အတူတက်ရောက်ရတဲ့ ကျောင်းလေးဖြစ်ပါတယ်။ သမီးလေးရဲ့...

ရွာက လူတွေအတွက် မနောမယဆရာတော်ကိုပင့်ဖိတ်ပြီး တရားအလှူပွဲကြီးကို ကျင်းပပေးခဲ့တဲ့ ဖြူဖြူထွေး

ဆယ်လီမလေး ဖြူဖြူထွေးကတော့ အလှူအတန်းတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတာတွေ့ရပါတယ်။ ဖြူဖြူထွေးက ဒီလထဲမှာ ပြည့်သွားပြီဖြစ်တဲ့ သူမရဲ့ (၂၁) နှစ်ပြည့်မွေးနေ့ပွဲကို ရွာမှာ ခြိမ့်ခြိမ့်သဲကျင်းပနေတာဖြစ်ပါတယ်။ နိုင်ငံကျော် ဖက်ရှင်ဒီဇိုင်းနာ မျိုးမင်းစိုးကလည်း ဖြူဖြူထွေးရဲ့ ရွာအထိ အရောက်သွားပြီး မွေးနေ့ပွဲကို တက်ရောက်ခဲ့တာပါ။ ဖြူဖြူထွေးက ရွာက ရွာသူ/သားတွေအတွက် မွေးနေ့အလှူကြီးအပြင် တရားဓမ္မအလှူပွဲကြီးကိုပါ ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ ဆရာတော် မနောမယကို ရွာအထိ ပင့်ဖိတ်ပြီးတော့ရွာသူရွာသားတွေအတွက် တရားထူးတရားမြတ်ရအောင် တရားအလှူပေးခဲ့တာပါ။ နေ့ခင်းပိုင်းမှာလည်း ပကာသနတွေခွာချပြီး အလှူလှည့်ခဲ့သေးတယ်လို့ ဖြူဖြူထွေးက သူမရဲ့ လူမှုကွန်ယက်အကောင့်မှာရေးသားထားပါသေးတယ်။ ဖြူဖြူထွေးရဲ့ တရားအလှူပွဲကြီးကိုတော့ ပရိသတ်တွေက သာဓုခေါ်ဆိုပြီး ချီးကျူးနေကြတာဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်လာတဲ့အပြင် ပကာသနမရှိ ရိုးသားလွန်းပြီး တရားအလှူပွဲတွေပြုလုပ်ပေးတာကြောင့် ဒီထက်ပိုပြီးအောင်မြင်ဦးမှာလို့ မှတ်ချက်ပေးနေကြတာလည်း တွေ့ရပါတယ်။ ဖြူဖြူထွေးဟာ လူမှုကွန်ယက်ပေါ်က ဖေ့ဘုတ်တွေထက်မှာ အောင်မြင်မှုရရှိလာပြီး ကြော်ငြာရှင်တွေရဲ့ ကမ်းလှမ်းချက်တွေကို ရရှိလာခဲ့တဲ့ ဖေ့ဘုတ်ဆယ်လီတစ်ဦးပါ။ သူမရဲ့ ဖေ့ဘုတ်ပေါ်က အောင်မြင်မှုဟာ အချို့သော အနုပညာရှင်တွေ ချီးကျူးရလောက်အောင်အထိ ဖြစ်ခဲ့ပါတယ်။ Writer-YS,Cele Star

ကျိုက်ထီးရိုးကို မိသားစုလိုက်သွားရင်း ဘုရားဖူးလာသူတွေကို ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်က ဘုရားဖူးလာ ပရိသတ်တွေကို ရွှေမိုးငွေမိုးရွာပြီး အလှူအတန်းပြုလုပ်ခဲ့ပါတယ်။ အလှူရေစက်လက်နဲ့မကွာအောင် လှူဒါန်းနိုင်လွန်းတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ဘာသာတရားကိုလည်း ကိုင်းရှိုင်းရိုသေတတ်ကြသူတွေပါ။ အလှူအတန်းတွေတင်မကဘဲ ဘာသာရေးအတွက် ပါရမီဖြည့်ရာ လုပ်ဆောင်ချက်အများအပြားကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ကျိုက် ၅ ကျိုက်၊ ညောင်ဆယ်ပင်၊ ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန် စတဲ့ အဓိဌာန်ပေါင်းများစွာကို ဦးဆောင်ပြီး ဆောင်ရွက်ခဲ့သူပါ။ ယခုလည်း မိသားစုလိုက် ကျိုက်ထီးရိုးကို ဘုရားဖူးသွားရောက်ခဲ့တာ တွေ့ရပါတယ်။ ရွှေတိဂုံ- ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်ပို့ဆောင်တဲ့အချိန်ကလည်း ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်မှာသစ်တံခါးဆရာတော်ဘုရားကြီးကို ပင့်ဖိတ်ပြီး တရားပေးစေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘုရားဖူးလာ ပရိသတ်တွေကို ရွှေမိုးငွေမိုးကြဲစေခဲ့ပြီး ယခုတစ်ခေါက် ကျိုက်ထီးရိုး ဘုရားဖူးမှာလည်း ဧည့်ပရိသတ်တွေကို ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့ပြန်ပါတယ်။ အလှူရေစက် လက်နဲ့မကွာလို့ ပရိသတ်တွေက ချီးကျူးထောပနာပြုရလောက်အောင် အလှူအတန်းတွေ လုပ်နိုင်လွန်းတဲ့သူမကို ပရိသတ်တွေက ပိုပိုပြီးအားကျ ချစ်ခင်လာကြတာတွေ့ရပါတယ်။ သူမချစ်တဲ့ အလှူအတန်းတွေကို ဘဝတစ်လျှောက် အမြဲလုပ်ဆောင်သွားနိုင်ပါစေလို့ ပရိသတ်တွေနဲ့ထပ်တူ...

ကြက်သီးထဖို့ကောင်းလောက်အောင် အားကျသွားမယ့် ခင်ပွန်းဖြစ်သူက စမိုင်းလ်ကို Surprise လုပ်ပေးခဲ့တဲ့ ဗီဒီယို

သရုပ်ဆောင် စမိုင်းလ်ကတော့ ချစ်သူများနေ့လေးမှာ ခင်ပွန်းဖြစ်သူရဲ့ Surprise အကြီးကြီးကြောင့် ဝမ်းသာမျက်ရည်တွေတောင်ကျခဲ့ရပါတယ်။ အခက်အခဲတွေနဲ့ပြည့်နေခဲ့တဲ့ ချစ်သူဘဝတည်းက လက်တွဲလာခဲ့ကြပြီး ယခုအချိန်မှာ အဘက်ဘက်က ပြည့်စုံနေချိန်မှာလည်း တစ်ဦးကိုတစ်ဦး သစ္စာမပျက်ဘဲ ချစ်နိုင်တာကြောင့် အားကျအတုယူသင့်တဲ့ အနုပညာရှင်စုံတွဲတွေထဲ ပါဝင်ခဲ့ပါတယ်။ အသက်တွေကြီးလာပေမယ့်လည်း အကြင်နာတရားတွေ တစ်စက်လေးမှ လျော့မသွားတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံက တစ်ဦးနဲ့တစ်ဦး ရိုဆန်ဆန် Surprise တွေ မကြာခဏပြုလုပ်လေ့ရှိပါတယ်။ ဘာသာရေးမှာလည်း အများအားကျရလောက်အောင် ဇနီးမောင်နှံ နှစ်ဦးစိတ်တူကိုယ်တူ ဆောင်ရွက်နိုင်တာလည်းတွေ့ရပါတယ်။ ချစ်သူများနေ့အတွက် ခင်ပွန်းဖြစ်သူကို ဘာ လက်ဆောင်မှမတောင်းဘဲ လူပေါင်း ၁၅၀၀ ကိုရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်ပို့ပေးဖို့ပဲ စမိုင်းလ်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်က စမိုင်းလ်အတွက် ချစ်သူများနေ့မှာ Surprise အကြီးကြီးတစ်ခုဖန်တီးပေးခဲ့တာ ပရိသတ်ကြီးလည်းသိကြမှာပါနော်။ နေကြာပန်းခင်းကြီးတွေပြည့်နှက်နေတဲ့ ဘောလုံးကွင်းနဲ့အတူ သူမတို့ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရလေးတွေကို ကာတွန်းပုံစံနဲ့ ပုံဖော်ထားပြီး စမိုင်းလ်ကို...

ပူဇော်ထိုက်သူ ဆရာတစ်ဦးဖြစ်တဲ့ လှိုင်ဦးမော်ကို သွားရောက်ကန်တော့ခဲ့တဲ့ မနော

နိုင်ငံကျော်အဆိုရှင်တစ်ဦးဖြစ်သူ မနောကတော့ ပူဇော်ထိုက်သူတွေကို သွားရောက်ပူဇော်ကန်တော့ခဲ့ပါတယ်။ မြန်မာတေးသီချင်းတွေနဲ့ အောင်မြင်လာတဲ့ တေးသံရှင် မနောက မကြာခင်ကျရောက်လာတော့မယ့် သင်္ကြန်အတွက်လည်း သင်္ကြန်သီချင်းအသစ်စက်စက်လေး ထွက်ရှိထားသူပါ။ သူကိုယ်တိုင်သီဆိုထားတဲ့ ဗိုလ်အောင်ဒင်၊ ကြာဖြူနဲ့ သီချင်းပေါင်းများစွာက မြန်မာ့ ၁၂ လရာသီပွဲတော်တွေမှာ အဖွင့်များဆုံးသီချင်းတွေဖြစ်ခဲ့ပါတယ်။ ကလေးကစလို့ အသက်အရွယ်ကြီးတဲ့ လူကြီးတွေအထိ မနောရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်အားပေးခဲ့ကြရတာဖြစ်ပါတယ်။ မနောဟာ အဆိုတော်တစ်ဦးမဖြစ်လာခင်မှာ ခက်ခဲတဲ့ဘဝတစ်ခုကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ဘုန်းကြီးဆွမ်းခံကြွချိန်မှာ ကပ္ပိယအဖြစ် ကုသိုလ်ယူလုပ်ကိုင်နေဆဲဖြစ်ပါတဆယ်။ မနောဟာ ဘဝမမေ့တတ်သူတစ်ဦးဖြစ်ပြီး သူ့ကို ဂီတလောကထဲကူညီလက်တွဲခေါ်လာခဲ့တဲ့ ဂီတဆရာတစ်ဦးဖြစ်သူ လှိုင်ဦးမော်ကိုသွားရောက် ကန်တော့ခဲ့တာဖြစ်ပါတယ်။ “ပူဇာ စ ပူဇနေယျာနံ ပူဇော်ထိုက်သူကိုပူဇော်အပ်ခြင်းတဲ့ ကျနော် ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်ခဲ့ရတဲ့ အနုပညာရှင်လည်းဖြစ်တယ် ကျနော့်ရဲ့ ပထမအဦးဆုံးတေးစီးရီး လက်ချောင်းများခွေ စထုတ်ကတည်းက စေတနာ မေတ္တာထားပြီး ကူညီလက်တွဲခေါ်ပေးခဲ့တဲ့ ဆရာသမားတစ်ဦးဖြစ်တဲ့ တေးရေး တေးဆို ကိုလှိုင်ဦးမော်...

မိသားစုညစာစားပွဲမှာ တစ်ခွန်းတည်းပြောပြီး စည်းကမ်းထုတ်ခဲ့တဲ့ လွင်မိုး

သရုပ်ဆောင် လွင်မိုးတို့မိသားစုက ငပလီကမ်းခြေကို အပန်းဖြေဖို့ အလည်အပတ် ရောက်ရှိနေတာဖြစ်ပါတယ်။ ပရိသတ်တွေက အားကျချစ်ခင်ကြရတဲ့ မိသားစုဘဝလေးကို သရုပ်ဆောင်လွင်မိုးက ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သမီးလေး ၂ ဦးနဲ့အတူ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့အပြင် ယခုဆိုရင် မြေးချောလေးကိုပါ ပိုင်ဆိုင်ရရှိထားပြီဖြစ်ပါတယ်။ အရင်ထက်ပိုပြီး ပြည့်စုံတဲ့ မိသားစုဘဝလေးကို ရရှိလာတဲ့ လွင်မိုးဟာ သားသမီးအချစ် မြေးအနှစ်ဆိုသလို မြေးလေး လီယျံကိုသည်းသည်းလှုပ်ချစ်နေတာလည်းဖြစ်ပါတယ်။ မြေးလေးနဲ့အတူ ခရီးတွေထွက်လေ့ရှိတဲ့ လွင်မိုးတို့ဇနီးမောင်နှံဟာ ယခုလည်း မိသားစုလိုက် ငပလီကမ်းခြေကိုရောက်ရှိနေတာတွေ့ရပါတယ်။ မိသားစုလိုက် ငပလီကမ်းခြေမှာ ညစာစားနေချိန် လွင်မိုးက စည်းကမ်းချက်တစ်ခုကို ထုတ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ထမင်းလက်ဆုံစားစဉ် ဖုန်းတွေကို အသုံးမပြုဘဲ စုပုံချထားရတဲ့စည်းကမ်းချက်လေးပဲဖြစ်ပါတယ်။ “မိသားစု ညစာ “တခွန်းတည်းပြောမယ်” ဘယ်သူမှ ဖုံးမသုံးရ” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်ကနေ ရေးသားထားတာဖြစ်ပါတယ်။ စမတ်ဖုန်းတွေပေါများလာတဲ့ ယနေ့ခေတ်ကာလမှာ မိသားစုတွေ မိတ်ဆွေတွေ နီးလျက်နဲ့ ဝေးနေကြသလိုဖြစ်လာခဲ့ပါတယ်။...

ခင်ပွန်းဖြစ်သူရဲ့ ညီလေး မင်္ဂလာပွဲကို မိသားစုလိုက် တက်ရောက်ဂုဏ်ပြုခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်တို့ မိသားစုက သူမ ခင်ပွန်းဖြစ်သူရဲ့ ညီလေး မင်္ဂလာပွဲကို မိသားစုလိုက် တက်ရောက်ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေ အားကျပြီးအတုယူရလောက်အောင် ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားတာကတော့ စမိုင်းလ်တို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ ဘဝကို ဇီးရိုးဘဝကနေ စတင်ဖြတ်သန်းလာခဲ့ကြပြီး ယနေ့လိုအခြေအနေထိရောက်အောင် နှစ်ယောက်အတူ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အခက်အခဲတွေဘယ်လောက်ရှိရှိ တစ်ဦးနဲ့တစ်ဦး သစ္စာမပျက်ဘဲ တွဲလက်တွေခိုင်မြဲစွာနဲ့ အချစ်တွေတိုးပွားလာအောင်သာ ဖန်တီးနိုင်ခဲ့ကြသူတွေပါ။ စမိုင်းလ်တို့ဇနီးမောင်နှံဟာ သားသမီးတွေရလာသည်ထိတိုင်အောင် တစ်ဦးနဲ့တစ်ဦး ကြင်နာမှု၊ ဂရုစိုက်မှုတွေ လျော့မသွားခဲ့ပါဘူး။ ဘဝကို အတူရင်ဆိုင်ဖြတ်သန်းနေသလို ဘဝအတွက်အရေးကြီးတဲ့ ဘာသာတရားကိုလည်း အတူတကွ ရိုသေကိုင်းရှိုင်းကြတာလည်းဖြစ်ပါတယ်။ စမိုင်းလ်က လူပေါင်းများစွာအတွက် အဓိဌာန်တွေဝင်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသေးတယ်။ သူမလိုပဲ ဘာသာတရားကို မမေ့လျော့ကြအောင်လို့ ပါရမီဖြည့်ပေးနေတဲ့အနုပညာရှင်တစ်ဦးပါ။ စမိုင်းလ်ကတော့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ ညီလေး မင်္ဂလာပွဲကို မိသားစုလိုက်တက်ရောက်ဂုဏ်ပြုခဲ့ကြတာပဲဖြစ်ပါတယ်။ မိသားစုလိုက် ပန်းရောင်ဝတ်စုံလေးနဲ့အတူ လှပနေတဲ့ ညနေခင်းပုံရိပ်လေးတွေကိုလည်း မျှဝေထားပါသေးတယ်။ ခဲအိုလေးရဲ့ မင်္ဂလာပွဲကိုတက်ပြီးစမိုင်းလ်တစ်ယောက် ပျော်ရွှင်ပီတိဖြစ်လွန်းလို့...