ပြောစကားနားမထောင်လို့ ရွှေမှုံရတီအပေါ် လက်ပါမိသွားတယ်ဆိုတဲ့ ရွှေထူး

သရုပ်ဆောင်နဲ့ အဆိုတော် ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ အရမ်းကို ချစ်ခင်ကြတဲ့ စုံတွဲလေးဖြစ်ပြီး ပရိသတ်တွေရဲ့ Idol couple လေးလည်းဖြစ်ပါတယ်။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ ရွှေမှုံအပေါ် ရွှေထူးတစ်ယောက် ဘာကြောင့်လက်ပါသွားရတာလဲဆိုတော့ အသဲယားလို့ပါတဲ့။

Image may contain: 1 person, smiling, standing, shoes, outdoor and nature

Image may contain: one or more people, people standing, shoes, outdoor and nature

ပုံထဲမှာ ရွှေထူးနဲ့ ရွှေမှုံတို့ကို ပေါ့ပေါ့ပါးပါး အဝတ်အစားလေးတွေနဲ့ တွေ့မြင်ရပြီး ရွှေမှုံလေးကတော့ ရွှေထူးရဲ့ လုပ်ရပ်တွေအပေါ် စိတ်မရှည်ဖြစ်နေပါတယ်လို့ ရွှေထူးကဆိုလိုက်ပါတယ်။ ရွှေထူးဟာ ရွှေမှုံရဲ့ ချစ်စရာကောင်းတဲ့ အမူအရာတွေကြောင့် လက်ပါသွားရတယ်လို့ ဆိုထားပြီး သူလက်ပါတာက ရွှေမှုံလေးကို ပွေ့ချီလိုက်တဲ့ပုံမှာရေးထားတဲ့ Caption လေးဖြစ်လို့ အားလုံးက ရွှေထူးရဲ့ ဟာသဆန်ဆန် caption လေးကို သဘောကျနေကြပါတယ်။

Image may contain: 1 person, smiling, standing, outdoor and nature

Image may contain: 1 person, smiling, standing, outdoor and nature

ရွှေထူးနဲ့ ရွှေမှုံတို့ဟာ တစ်ဦးနဲ့တစ်ဦး အရမ်းကို ချစ်ခင်ကြတဲ့ စုံတွဲလေးဖြစ်ပြီး ပုံလေးတွေ တစ်ပုံချင်းစီမှာ ရွှေထူးက Caption အလန်းစားလေးတွေ တပ်ပေးခဲ့တာဖြစ်ပါတယ်။ ရွှေထူးရဲ့ Caption တွေအရ ရွှေမှုံလေးက သူ့ကို စကားပြောနေချိန်မှာ ရွှေထူးက သေချာနားမထောင်ပဲ ဓါတ်ပုံရိုက်နေတဲ့ဆီကို လှမ်းကြည့်ခိုင်းလိုက်မိလို့ ရွှေမှုံတစ်ယောက် စိတ်တိုနေဟန်ရှိပါတယ်။ ရွှေထူးက သူ့ကို ဖက်တာကိုလည်း မခံပဲ အတင်းတွန်းထုတ်နေရင်း နောက်ဆုံးမှာတော့ ရွှေထူးတစ်ယောက် ရွှေမှုံကို အသည်းယားလာပြီး အာဒီမိန်းမငါလက်ပါမှ ရတော့မယ် လို့ပြောပြီး ပွေ့ချီလိုက်တာဖြစ်ပါတယ်။

Image may contain: 2 people, people smiling, people standing, outdoor and nature

Image may contain: 1 person, smiling, standing, outdoor and nature

Image may contain: 1 person, smiling, standing and outdoor

Image may contain: 1 person, smiling, standing, outdoor and nature

Image may contain: 1 person, smiling, standing, outdoor and nature

Image may contain: 1 person, smiling, standing, shoes, outdoor and nature

Image may contain: one or more people, people standing, shoes, outdoor and nature

သူတို့နှစ်ယောက်ရဲ့ Fan တွေကတော့ ရွှေထူးရဲ့ Caption လေးနဲ့ ပုံလေးတွေကိုတွဲကြည့်ပြီး အရမ်းတွေ သဘောကျနေကြပါတယ်နော်။ သူတို့စုံတွဲရဲ့ ချစ်စဖွယ်ပုံလေးတွေကို ပရိသတ်ကြီးကြည့်ရှုနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Writer – YLLT(Cele Star)