အမရာဖုန်းနဲ့ထင်ကြေးပေးနေကြတဲ့အပေါ် ပြန်လည်ဖြေရှင်းလိုက်တဲ့ G-Fatt

Last modified date

အဆိုတော် G-Fatt တစ်ယောက် အဆိုတော်မလေး အမရာဖုန်းနဲ့ဆိုပြီး အသံတွေထွက်နေတယ်ဆိုတဲ့ မေးခွန်းအပေါ်ပြန်လည်ဖြေရှင်းလိုက်ပြီဖြစ်ပါတယ်။ Image may contain: 3 people, people standing and indoor Image may contain: 2 people, people standing and indoor Image may contain: 2 people, indoor Image may contain: 1 person, indoor G-Fatt က အဆိုတော်မလေး အမရာဖုန်းဟာ သူ့ရဲ့ ညီမလေးတစ်ဦးလို ခင်မင်ရသူဖြစ်ပြီး အလုပ်ကိစ္စအဆက်အဆံကလွဲရင် အခုသတင်းထွက်နေသလို မဟုတ်မှန်ကြောင်း ပြောလိုက်တာပါ။ Image may contain: 8 people, people smiling, people standing Image may contain: 1 person, standing, shoes and outdoor Image may contain: 1 person, on stage, concert and night Image may contain: 8 people, people smiling, people standing, crowd and outdoor Image may contain: 6 people, people standing အဆိုတော် G-Fatt ဟာ သရုပ်ဆောင်နန်းဆုရတီစိုးနဲ့ မောင်လေး မမဇာတ်လမ်းကိုတော့ ပြတ်သွားပြီ မပြတ်သေးဘူးရယ်လို့ ရှင်းရှင်းလင်းလင်းပြောကြားမှု မရှိဘဲ တစ်ယောက်တည်းပဲ အဆင်ပြေအောင် နေနေပါတယ်လို့ ဖြေကြားခဲ့တာ တွေ့ရပါတယ်။ နန်းဆုဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး G-Fatt က အကောင်းဆုံးချစ်သူဖြစ်ခဲ့ပါတယ်ဆိုတာကလွဲရင် ထပ်ပြီးတုန့်ပြန်ပြောတာမျိုး မရှိသေးပါဘူး။ Image may contain: 1 person Image may contain: 2 people, people smiling, people standing Image may contain: 2 people, people standing G-Fatt က လောလောဆယ် မန္တလေးမှာပြုလုပ်မယ့် တစ်ကိုယ်တော်ရှိုးပွဲအတွက်ကို အာရုံစိုက် အချိန်ပေးနေရလို့ အချစ်ရေးကိစ္စတွေ ဖြေကြားတာမျိုး မလုပ်ချင်သေးကြောင်း၊ သူ့အနေနဲ့ နန်းဆုနဲ့ ပတ်သက်တဲ့ အချစ်ရေးကိစ္စအတွက် သူဖြေခဲ့ဖူးတဲ့ ပုံပြင်ထဲကအတိုင်းပါပဲလို့လည်း ပြောပါတယ်။ Image may contain: 2 people, people smiling, people standing Image may contain: 1 person, ocean, sky, outdoor and nature G-Fatt ပြောပြတဲ့ ပုံပြင်လေးကတော့ ” ပင်လယ်ကမ်းစပ်တစ်ခုမှာ မိန်းကလေးတစ်ယောက် လဲကျသေဆုံးနေတယ်။ ပထမတစ်ယောက်က သူ့ရဲ့အင်္ကျီကိုချွတ်ပြီး မိန်းကလေးရဲ့ အောက်ပိုင်းကိုဖုံးပေးခဲ့တယ် ။နာရီဝက်လောက်ကြာတော့ကမ်းစပ်မှာ လေတိုက်ဘာတိုက်နဲ့ အဲဒီအင်္ကျီက လွင့်သွားတယ်။ နောက်တစ်ယောက်ထပ်ရောက်လာတယ်။ အမြင်မတော်ဘူးဖြစ်နေတဲ့အခါကျတော့ အောက်ပိုင်းရော အပေါ်ပိုင်းကိုပါ သေသေချာချာဖုံးပေးခဲ့တယ်။ နောက်နာရီဝက်လောက်နေတော့ အပေါ်ပိုင်းရောအောက်ပိုင်းရော နဂိုအတိုင်းပြန်ဖြစ်သွားတယ်။ နောက်ဆုံးတစ်ယောက်ထပ်ရောက်လာတယ်။ အောက်ပိုင်းရော အပေါ်ပိုင်းရောဖုံးပေးပြီး ဒီလောက်ဆိုအဆင်မပြေလောက်သေးဘူးဆိုပြီး အဲဒီနားမှာတင် ကျင်းတူးတယ်၊ မြှုပ်တယ်၊ သေသေချာချာသဂြိုလ်ပေးခဲ့တယ်။ နောက်ဘဝတစ်ခုမှာ ကောင်လေးတစ်ယောက်က အသည်းကွဲလို့ငိုနေတယ်။ သူ ဆယ့်ငါးနှစ်လောက်ကြိုက်ခဲ့တဲ့ ကောင်မလေးက အခြားတစ်ယောက်နဲ့ ယူသွားလို့တဲ့။ သူလည်းအမှားမလုပ်ခဲ့ဘူး အရမ်းချစ်ခဲ့တာ ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်ချစ်ခဲ့တာ။ တခြားတစ်ယောက်နဲ့ယူသွားတယ်ကြားတော့ ၊  အဲဒီမှာ အဲဒီလူက ကောင်လေးရဲ့ အိမ်ထဲကိုဝင်ပြီး ကောင်လေးနဲ့ ကောင်မလေးရဲ့ အရင်ဘဝကိုပြန်ပြတဲ့အခါ ကောင်မလေးက သေနေတယ်။ လူသုံးယောက်ဖြတ်သွားတယ်၊ နောက်ဆုံးတစ်ယောက်ကတော့ မြေမြှုပ်ပေးသွားတယ်။ အဲဒီမှာသူ့ကိုပြောတယ်။ မင်းဟာ လူသုံးယောက်ထဲက ဒုတိယတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ်မင်းဟာ ပထမတစ်ယောက်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ လူတွေဟာ နောက်ဆုံးမှာ တတိယတစ်ယောက်နဲ့ပဲဆုံလိမ့်မယ်  ။ ဘယ်လောက်ပဲချစ်ခဲ့ပါတယ် ဘယ်လောက်ပဲငဲ့ညှာ ဘယ်လောက်ပဲချစ်တယ်ပြောပြော အပေါ်ပိုင်းအထိ သေချာဖုံးပေးခဲ့တဲ့ကောင်က ရှေ့မှာစောင့်နေရင် မင်းသူ့ကံကိုမတွန်းလှန်နိုင်ဘူး မင်းဘယ်လောက်ပဲအပေါ်ပိုင်းရော အောက်ပိုင်းရောဖုံးခဲ့တယ်ပြောပြော မြေမြှုပ်ခဲ့တဲ့ကောင်သာ ရှေ့မှာစောင့်နေမယ်ဆိုရင် သူ့ကံကိုဘယ်လိုမှမတွန်းလှန်နိုင်ဘူး  ။ မင်းဟာမင်းဘယ်လောက်ချစ်တယ်ပြောပြော သူ့ဇာတာကအဲဒီမှာပဲဆုံးလိမ့်မယ်တဲ့။ဘယ်သူ့ကို မြေမြှုပ်တဲ့အထိလုပ်ခဲ့လဲ ကျွန်တော်ကိုယ်တိုင်မသိပါဘူးခင်ဗျာ”လို့ပြောသွားခဲ့တာပါ။ Image may contain: 6 people Image may contain: 2 people, people smiling ကဲ ပရိသတ်ကြီးရော ကွီး G-Fatt တစ်ယောက် မမနန်းဆုနဲ့ပဲ ဖူးစာပြန်ဆုံမလား ဘယ်သူနဲ့ ဘယ်လိုဖူးစာဆုံမယ်လို့ ထင်မြင်မိပါသလဲ။ Image may contain: 2 people, people smiling, people standing, wedding, flower and indoor Writer – YLLT(Cele Star)

x