Monthly Archive: January, 2020

နှစ်သစ်မှာ ထီဆုကြီးပေါက်သွားတဲ့ သရုပ်ဆောင်အိစိကွေး

ကလေးသရုပ်ဆောင်ကနေ အခု လူကြီးသရုပ်ဆောင်လေးဖြစ်လာနေပြီဖြစ်တဲ့ အိစိကွေးလေး တစ်ယောက်ကတော့ ၂၀၂၀ နှစ်သစ်မှာ ထီဆုကြီးပေါက်သွားပါတယ်တဲ့နော်။ သူက သူ့ရဲ့ ဖေ့ဘုတ်မှာ ထီဆုကြီးပေါက်တဲ့အကြောင်းကို အသိပေးတင်ခဲ့တာဖြစ်ပြီး ထီပေါက်တဲ့အတွက် ၂၀၂၀ က သူ့အတွက်ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ပြီလို့ ပြောလိုက်တာပါ။ အိစိကွေးဟာ အခုတစ်ခေါက် ၁၁ ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲကြီးမှာ ထီ ၁သိန်းဆုပေါက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း သူ့အတွက် ဝမ်းသာပေးနေကြတာ တွေ့ရပါတယ်။ အိစိကွေးဟာ လက်ရှိအချိန်မှာ သီချင်းတွေ သီဆိုလျှက်ရှိနေပြီး မကြာခင်မှာလည်း သူ့ရဲ့ သီချင်းဟောင်းတစ်ပုဒ်ကို Cover ဆိုထားတာလေး ထွက်လာဦးမှာပါတဲ့။ သူဟာ Strategy First ရဲ့ ကျောင်းသားတစ်ဦးလည်းဖြစ်ပြီး ကရာတေးဒိုနဲ့ပတ်သက်တဲ့ သံတမန်လည်းဖြစ်ပါတယ်။ Writer – YLLT(Cele Star)

အပျိုရှုံးအောင်လှပပြီး ဆွဲဆောင်မှုအားကောင်းနေဆဲဆိုတာကို ပြသလိုက်တဲ့ ယွန်းဝတီလွင်မိုး

သရုပ်ဆောင်ယွန်းဝတီလွင်မိုးဟာဆိုရင် သားသားလေးလီယမ်ကို မွေးဖွားခဲ့ပြီးတဲ့နောက်မှာ တသားမွေးတသွေးလှလာခဲ့တာ ဖြစ်ပါတယ်။ အပျိုတုန်းကလည်း သူမကို မြန်မာနိုင်ငံက အမျိုးသားထုကြီးက ဦးလွင်မိုးသမီး အလှပဂေးလေးအနေနဲ့ အားပေးမှုများပြားခဲ့ကြတာဖြစ်ပြီး အခုလို အိမ်ထောင်ကျသွားချိန်မှာလည်း သူမကိုအားပေးမှုက လျော့ကျသွားခြင်း မရှိခဲ့ပါဘူး။ သားလေးလီယမ်ကို မွေးလာပြီးတဲ့အချိန်မှာတော့ သူမရဲ့ ပရိသတ်တွေက အမျိုးသမီးတွေများလာခဲ့ပြီး သူမတို့သားအမိကိုအားပေးသူဦးရေ ပိုမိုမြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ ခေးလေး ယွန်းဝတီကလည်း ကလေးတစ်ယောက်အမေဖြစ်နေတာတောင်မှ အပျိုရှုံးလောက်တဲ့ အလှကို ဆက်လက်ပိုင်ဆိုင်ထားတယ်ဆိုတာ အခုပုံလေးတွေကိုကြည့်ရင် သိသာနေမှာပါ။ ယွန်းဝတီလွင်မိုးဟာ သြစတြေးလျနိုင်ငံမှာ ခင်ပွန်းဖြစ်သူနဲ့အတူ ကျောင်းတက်နေတာဖြစ်ပြီး သားသားလေး လီယမ်ကတော့ အဘိုးအဘွားတွေနဲ့ အတူနေထိုင်တာဖြစ်ပါတယ်။ အခုလောလောဆယ် မြန်မာပြည်ခဏပြန်လာလည်တဲ့ ယွန်းဝတီလွင်မိုးဟာဆိုရင် ကုန်ပစ္စည်းတစ်ချို့ရဲ့ ပွဲလေးတွေတက်ပေးနေတာ တွေ့ရသလို အခုလည်း ရင်သပ်ရှုမောအောင်လှပလွန်းတဲ့ပုံသစ်လေးတွေနဲ့ ပရိသတ်ကို ထပ်မံဖမ်းစားလိုက်ပြန်တာပါ။ ယွန်းဝတီလွင်မိုးအနေနဲ့ မကြာခင်မှာ သြစတြေးလျကို ပြန်သွားမှာဖြစ်ပြီးသားလေး လီယမ်ကိုလည်း ခေါ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ Writer – YLLT(Cele...

နှစ်သစ်မှာ လူသစ်စိတ်သစ် ဆံပင်ပုံစံသစ်နဲ့ နှုတ်ဆက်လိုက်ကြတဲ့ အားတီနဲ့ ဖွေးစိန်လေး

၂၀၂၀ နှစ်သစ်ကိုအရောက် အနုပညာလောကကသူတော်တော်များများကို စတိုင်သစ်၊ အနုပညာသစ်၊ လှူဒါန်းမှုအသစ်တွေနဲ့ တွေ့မြင်ကြရတဲ့ထဲမှာ ဖွေးစိန်လေးနဲ့ အားတီကတော့ တကယ့်ကို ထူးထူးဆန်းဆန်းပါပဲနော်။ သူတို့သူငယ်ချင်းနှစ်ယောက်က ၂၀၂၀ နှစ်သစ်ကို လူသစ်စိတ်သစ် အပြင် ဆံပင်ပုံစံပါအသစ်နဲ့ နှုတ်ဆက်လိုက်ကြတာပါ။ ဖွေးစိန်လေးရဲ့ ဆံပင်ပုံစံကတော့ ဆံရစ်ဝိုင်းလေးတွေနဲ့ ပုံစံတူနေပြီး အုန်းမှုတ်ခွက်ကေလို့ ပြောရမလိုပါပဲ။ ဆံပင်ရှေ့အတိကို အတော်လေးတိုထားတာတွေ့ရပြီး ဒီဆံပင်လေးက အခုရိုက်ကူးနေတဲ့ ပုဂံမျှော်ဇာတ်ကားထဲက ဇာတ်ကောင်အတွက်လို့ ယူဆရပါတယ်။ ဖွေးစိန်လေးရဲ့ သူငယ်ချင်းဖြစ်တဲ့ အားတီကလည်း နှစ်သစ်မှာ ဆံပင်ကေအသစ်အလန်းစားလေးနဲ့ လှနေတာ တွေ့ရပါတယ်။ အဆိုတော် အားတီဟာဆိုရင် နှစ်သစ်မှာ သီချင်းသစ်လေးတွေနဲ့ ထပ်မံမိတ်ဆက်ပေးသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဖွေးစိန်လေးကတော့ ပုဂံမျှော်ရုပ်ရှင်ကားကြီးကို မအေးသောင်း၊ မြင့်မြတ်တို့နဲ့အတူ ရိုက်ကူးနေတာဖြစ်ပါတယ်။ Writer – YLLT(Cele Star)

သမီးလေး Treasure Lwin အတွက် နှစ်ဦးအလှူလေးပြုလုပ်ပေးခဲ့တဲ့ စန္ဒီမြင့်လွင်

သရုပ်ဆောင်နဲ့အဆိုတော် စန္ဒီမြင့်လွင်ကတော့ သမီးလေး Treasure Lwin အတွက် နှစ်ဦးအလှူလေး ပြုလုပ်ပေးခဲ့ပါတယ်။ စန္ဒီမြင့်လွင်ဟာ သမီးလေးနဲ့ သူမတို့မိသားစုရဲ့ အလှူအဖြစ် သစ်တံခါးဆရာတော်ကြီးဆီမှာ နှစ်ဦး ၁၀ အိမ်ထောင်စုအလှူလေးကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်သမီးလေးကိုလည်း သစ်တံခါးဆရာတော်ကြီးရဲ့ မေတ္တာဓါတ်ခံယူခဲ့စေပါသေးတယ်။ စန္ဒီမြင့်လွင်ရဲ့ သမီးလေး treasure Lwin ဟာဆိုရင် အမေဖြစ်သူနဲ့ နှုတ်ခမ်းကအစ တူလွန်းသူလေးအဖြစ် ပရိသတ်အချစ်ပိုနေကြတာဖြစ်ပြီး အသက် ၅လကျော်ရှိပြီဖြစ်ပါတယ်။ ၂၀၂၀ နှစ်သစ်အတွက် မွန်မြတ်လှတဲ့ အလှူလေးပြုလုပ်ခဲ့တဲ့ စန္ဒီမြင့်လွင်တို့ မိသားစုရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Writer – YLLT(Cele Star)

ပြင်ဦးလွင်မှာ နယူးရီးယားမနက်ခင်းဖြတ်သန်းနေတဲ့ မိသားစုပုံလှလှလေးတွေ တင်လိုက်တဲ့ မြတ်ရတနာကျော်

သရုပ်ဆောင်မြတ်ရတနာကျော်နဲ့ အဆိုတော်အာဘွိုင်းတို့ဟာ ၂၀၂၀ နယူးရီးယားရဲ့ မနက်ခင်းလေးကို မေမြို့မှာ သမီးလေး Scarlett နဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေကြပါတယ်တဲ့။ တချို့ပုံလေးတွေမှာ မေမေမြတ်ရတနာကျော်က အစောကြီးနှိုးလို့ သမီးလေး အိပ်ရေးမဝတဲ့ပုံပဲနော်။ သူတို့မိသားစုဟာ ခရီးသွားရတာ ဝါသနာပါသူတွေဖြစ်ကြပြီး သမီးလေး စကားလက်ကလည်း မွေးပြီးသိပ်မကြာခင် အချိန်မှာကတည်းက လေယာဉ်၊ ကားအစုံစီးပြီး မြန်မာနိုင်ငံရော ပြည်ပနိုင်ငံက နေရာစုံကို မေမေဖေဖေနဲ့အပြိုင် ခရီးထွက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ အခုလည်း မေမေမြတ်ရတနာကျော်က သမီးလေးနဲ့အတူ မေမြို့ ပြင်ဦးလွင်မနက်ခင်းလေးကို လှလှပပလေး ဖြတ်သန်းနေတဲ့ ပုံလေးတွေကို သူမရဲ့ ဖေ့ဘုတ်မှာ တင်လိုက်တာဖြစ်ပြီး ပုံထဲမှာ သမီးလေးကလည်း အရမ်းကို ပျော်ရွှင်နေတာကို တွေ့မြင်ကြရမှာပါ။ သရုပ်ဆောင်မြတ်ရတနာကျော်ဟာ အဆိုတော်အာဘွိုင်းရဲ့ ဒုတိယအိမ်ထောင်ဖြစ်ပြီး ပထမအိမ်ထောင်နဲ့ရတဲ့ သမီးလေးတွေကိုလည်း သူမရဲ့ သမီးရင်းလေးတွေလို ချစ်ခင်ပေးသူတစ်ဦးလည်း ဖြစ်ပါတယ်။ Writer – YLLT(Cele Star)

နှစ်ဦးအလှူအဖြစ် ကျောင်းဆောင်သစ်မတည်အလှူငွေ ကျပ်သိန်း ၃၀၀ လှူလိုက်တဲ့ စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်တို့ မိသားစုကတော့ နှစ်သစ်မှာ မင်္ဂလာနဲ့ စတင်လိုက်ပါတယ်။ စမိုင်းလ်တို့ မိသားစုအနေနဲ့ နှစ်ဦးအလှူအနေနဲ့ သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ ကျောင်းဆောင်သစ် မတည်အလှူငွေ ကျပ်သိန်း ၃၀၀ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ စမိုင်းလ်ဟာ သစ်တံခါးဆရာတော်ကြီးကို အမြဲလိုကိုးကွယ်သူတစ်ဦးဖြစ်ပြီး ဆရာတော်ကြီးရဲ့ ညောင်ဆယ်ပင် အဓိဌာန်ကိုလည်း အမြဲလို ဝင်လေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ စမိုင်းနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ဘာသာရေး၊ ကုသိုလ်ရေးတွေမှာ အမြဲလိုလက်မနှေးတတ်သူတွေဖြစ်ကြပြီး အခုလည်း နှစ်ဖက်မိဘများအမှူးထား၍ ကိုပြည့်မောင်၊ မစမိုင်းလ်၊ သမီး ဆုနဒီမောင်၊ ဆုရတီမောင် မိသားစုတို့မှ ကျောင်းဆောင်သစ်မတည်အလှူငွေ ကျပ်သိန်း ၃၀၀ တိတိလှူဒါန်းပေးခဲ့တာလို့ သိရပါတယ်။ စမိုင်းလ်တို့မိသားစုလေးရဲ့ မွန်မြတ်လှတဲ့အလှူလေးကို ပရိသတ်ကြီးသာဓုခေါ်ဆိုနိုင်စေဖို့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ Writer – YLLT(Cele Star)

လွန်ခဲ့တဲ့ ၉ နှစ်က သူမနဲ့ ပြေတီဦးတို့ရဲ့ မမေ့နိုင်စရာအဖြစ်အပျက်လေးကို ပြန်ပြောင်းပြောပြလာတဲ့ အူဝဲ

သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ ဇနီးမောင်နှံဟာ ပရိသတ်တွေကြားမှာ နာမည်ကျော်စုံတွဲလေးအဖြစ် နာမည်ကြီးကြသူတွေဖြစ်ပါတယ်။ အခုလည်း အူဝဲတစ်ယောက် လွန်ခဲ့တဲ့ ၉ နှစ်က သူမနဲ့ ခင်ပွန်းဖြစ်သူ ပြေတီဦးတို့ရဲ့ မမေ့နိုင်စရာ အဖြစ်အပျက်လေးကို ပြန်ပြောင်းပြောပြလာပါတယ်။ အူဝဲက သူမရဲ့ ဖေ့ဘုတ်မှာ ပရိသတ်တွေအတွက် နှစ်သစ်ကူးဆုတောင်းလေး တောင်းပေးခဲ့အပြီး အဆိုပါအဖြစ်အပျက်လေးကို အမှတ်တရ ပြောပြလာတာဖြစ်ပါတယ်။ အူဝဲက ” HAPPY NEW YEAR! ALL OF MY FANS ကျန်းမာခြင်း၊ချမ်းသာကြွယ်ဝခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်နှလုံးချမ်းမြေ့ခြင်း၊ ကြံစည်သမျှအောင်မြင်ခြင်း၊ အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း၊ လာဘ်လာဘကြွယ်ဝခြင်းအပေါင်းနှင့်နှစ်သစ်မှာ ပြည့်စုံကြပါစေ… ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ လွန်ခဲ့တဲ့ ၉နှစ်က ဒီလိုနေ့မှာ သူ..ဒို့ကို…ဒို့ မေမေဆီမှာ လာတောင်းတာပေါ့” လို့ ချစ်စဖွယ်တင်ထားတာတွေ့ရပါတယ်။ အခုအချိန်မှာတော့ သူတို့စုံတွဲလေးက သမီးလေး ပြေသုဒြာ သားလေး ပြေဓီရ...

လင်းလင်းဆီက ပီတိဖြစ်ဖွယ်နှစ်သစ်ကူးလက်ဆောင်လေးရလိုက်တယ်ဆိုတဲ့ ချစ်သုဝေ

မေမေချစ်သုကတော့ ဖေဖေလင်းလင်းဆီက ပီတိဖြစ်ဖွယ်နှစ်သစ်ကူးလက်ဆောင်လေး ရလိုက်တယ်လို့ ဆိုထားပါတယ်။ ချစ်သုဝေက သူမရဲ့ ဖေ့ဘုတ်မှာ ” 2020 မှာ ကိုယ့်ကိုယ်ကိုယ်လည်း ပိုချစ်မယ် ကိုယ်နဲ့ဆက်ဆိုင်သာများအပေါ်လည်း ပို၍သာ၍ နွေးထွေးကြင်နာမယ် မေတ္တာ ကရုဏာ မုဒိတာ ဖက်၍ နေ့ရက်တိုင်းဖြတ်သန်းရပါလို၏၊ သူတော်ယုတ်များ ကိုယ့်လမ်းကိုယ်သွားကြ၍ မဆုံဆည်းရပါလို၏  P.S.ဖေပူးရေ မေ့ကိုပေးတဲ့လက်ဆောင်လေး က မေအမြဲ ရင်ထဲပီတိဖြစ်ချင်တာနော် Thanks for the present” လို့ ပြောထားတာဖြစ်ပါတယ်။ ချစ်သုဝေက ” 2019 ကိုပြန်လှည့်ကြည့်တော့ ပျော် စရာတွေချည်းလည်းမဟုတ် ငိုစရာတွေချည်းလည်းမဟုတ်ပြန် အထိုးအနှက်ကတော့အတော်များခဲ့တာ မွန်းကျပ်စရာတွေရော ပင်ပမ်းတာတွေရော အစွန်း၂ဖက်မှာချည်းပဲ 2020 ကိုတော့ ပျော်စရာတွေချည်းလာတို့, အောင်မြင်မှုတွေကြိုလို့တို့ မဟုတ်တမ်းတရားတွေမတောင်းဆိုသင့်လေဘူးလေနော် လာပါကြိုက်တာလာပါ နူးညံ့သောနှလုံးသား မှန်ကန်သောခံယူချက် ပြတ်သားသောစိတ်နှလုံး ကြည်လင်သောအပြုံးများဖြင့် blessings တိုင်းအတွက်ချီးမွမ်းနိုင်သလို ဒုက္ခ တိုင်းအတွက်...

နှစ်သစ်မှာ သူမအရမ်းလိုအပ်နေတဲ့ ပစ္စည်းလေးတစ်ခု fan တွေဆီကလက်ဆောင်ရလိုက်တဲ့ အေးမြဖြူ

မြန်မာအိုင်ဒေါလ် Season 4 Top 3 ပြိုင်ပွဲဝင်လေး အေးမြဖြူကတော့ နှစ်သစ်မှာ သူမရဲ့ Fan လေးတွေဆီက သူမအရမ်းလိုအပ် လိုချင်နေခဲ့တဲ့ ပစ္စည်းလေးတစ်ခု လက်ဆောင်ရလိုက်လို့ အရမ်းကို ပျော်ရွှင်နေပါတယ်။ အေးမြဖြူလေးရဲ့ Fan တွေက သူတို့ရဲ့ ငွေကြေးလေးတွေကို စုပြီး အေးမြဖြူလေးအတွက် အိုင်ဖုန်း 11 Pro ကို လက်ဆောင်အဖြစ်ပေးခဲ့ကြတာပါ။   အေးမြဖြူလေးဟာ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲမှာ Winner မဖြစ်ခဲ့ရပေမယ့် ပရိသတ်တွေပေးတဲ့ ရင်ထဲက Winner ဖြစ်ခဲ့ရသူလေးပါ။ အခုလည်း သူမက ဖန်တွေနဲ့ တွေ့ဆုံပွဲလေးကိုအသွား မထင်မှတ်ထားတဲ့ surprise လက်ဆောင်လေးကို ရရှိလိုက်တာပဲ ဖြစ်ပါတယ်။ အေးမြဖြူက သူမရဲ့ ဖေ့ဘုတ်မှာ “Thank you my fans for giving me presents that I...

သူမရဲ့ လက်ရှိအလှပုံလေးတွေကို ပြသလိုက်တဲ့ ထက်ထက်မိုးဦး

တစ်ချိန်က နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ ထက်ထက်မိုးဦးက ကျန်းမာရေးအခြေအနေတွေနဲ့ အိမ်ထောင်ရေးကိစ္စတွေကြောင့် အနုပညာလှုပ်ရှားမှုတွေ ခေတ္တခဏ ရပ်နားခဲ့သူတစ်ဦးဖြစ်ပါတယ်။ မယ်သီလရှင်ထွက်လာပြီးတဲ့နောက်ပိုင်းမှာတော့ သူမက အနုပညာအလုပ်တွေ ဆက်တိုက်ပြန်လုပ်ခဲ့သလို အရင်ထက်လည်း အနည်းငယ်ဝလာခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် အခု ၂၀၂၀ နှစ်သစ်ရဲ့ ပထမဆုံးရက်မှာတော့ သူမရဲ့ ပုံလှလှလေးတွေကို တင်လိုက်တာဖြစ်ပြီး  ငယ်ငယ်တုန်းက ထက်ထက်မိုးဦးထက် မလျော့တဲ့ အလှတရား ရှိနေဆဲဆိုတာကို ပရိသတ်ကို သက်သေပြလိုက်တာဖြစ်ပြီး နှစ်သစ်မှာ ချစ်ပရိသတ်အားလုံး ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးလိုက်တာဖြစ်ပါတယ်။ သူမတင်လိုက်တဲ့ပုံလေးတွေထဲမှာ မြန်မာဝတ်စုံလှလှလေးနဲ့ ကျက်သရေရှိရှိလှပနေခဲ့တာဖြစ်ပြီး အနည်းငယ်ဝနေဆဲဖြစ်ပေမယ့် အလှမပျက် ပိုလှနေတယ်ဆိုတာကို တွေ့မြင်ကြရမှာပါ။ Writer – YLLT(Cele Star)

x