Valentine Day အတွက် ခင်ပွန်းဆီက ဘာ Surprise မှ မတောင်းဘဲ လူ ၁၅၀၀ အဓိဌာန်ဝင်နိုင်ဖို့အတွက်ဘဲ တောင်းခဲ့တဲ့ စမိုင်းလ်

ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းပြီး ကိုးကွယ်တတ်သူ စမိုင်းလ်က အလှူအတန်းတွေနဲ့လည်း မပြတ်သူတစ်ဦးပါ။ အနုပညာအလုပ်တွေကို မလုပ်တော့ပေမယ့် ခင်ပွန်းဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှုတွေမှာ အားဖြည့်ကူညီပေးနေတာ တွေ့ရပါတယ်။ စမိုင်းလ်တို့မိသားစုကို ပရိသတ်တွေက ချစ်ခင်အားပေးပြီး အားကျကြတာကိုတွေ့ရပါတယ်။ မိသားစုပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းသာ လူချမ်းသာနေနိုင်ခြင်းကိုလည်း ပရိသတ်တွေက အတုယူအားကျမှုတွေရှိပါတယ်။ စမိုင်းလ်ဟာ ငွေကြေးချမ်းချမ်းသာသာနေနိုင်တဲ့အလျှောက် ဘာသာတရားကိုလည်း မပြတ်မလပ်ရိုသေကိုင်းရှိုင်းပါတယ်။ အလှူအတန်းတွေမှာလည်း သဒ္ဒါတရားရက်ရက်ရောရောနဲ့ လှူဒါန်းမှုပြုလုပ်နေတာတွေလည်း ပရိသတ်တွေမြင်တွေ့ကြရမှာပါ။ သူမကိုယ်တိုင် ဘာသာရေးပြုလုပ်ရုံတင်မကဘဲ ပရိသတ်တွေကိုပါ ဘာသာတရားလိုက်စားလာအောင် အဓိဌာန်တွေဝင်နိုင်အောင် ဆောင်ရွက်ပါတယ်။ လူပေါင်း ထောင်ကျော်နဲ့ အဓိဌာန် ၂ ခုကို အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့ပြီးနောက် စမိုင်းလ်က ရွှေတိဂုံ-ကျိုက်ထီးရိုး နေ့ခြင်းပြန် ကက်ကင်းအဓိဌာန်အတွက် လူပေါင်း ၁၅၀၀ ဝင်နိုင်အောင် စီစဉ်နေတာဖြစ်ပါတယ်။ သူမရဲ့ အဓိဌာန်ခရီးစဉ်မှာ သစ်တံခါးဆရာတော်ကြီးနဲ့ အဆိုတော် သီရိဆွေတို့ မိသားစုကလည်း ပါဝင်လှူဒါန်းလိုက်ကြောင်း ယခုလိုပဲ ပြောပြလာပါတယ်။ “သစ်တံခါးဆရာတော်ဘုရားကြီးကလည်း...

ခရီးကပြန်ရောက်ရောက်ချင်း ဆံပင်ဆင်တူလေးတွေညှပ်ပြီး လင်းလင်းကို အားကျမခံပြန်ကြွားလိုက်တဲ့ မေမေချစ်သုဝေ

ခေတ်နဲ့သစ်တို့ရဲ့ မေမေ ထရီဇာလေးကတော့ သမီးလေးတွေကို လွမ်းခဲ့သမျှ အတိုးချအချစ်တွေပေးပြီး ချစ်နေပါပြီ။ မေမေထရီဇာက သူမရဲ့ မိခင်ခွဲစိတ်ကုသဖို့အတွက် စင်ကာပူမှာ ရက်ပိုင်းသွားရောက်နေထိုင်နေတာဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေတစ်ခုကြောင့် သမီးလေးတွေနဲ့ ခဏတာခွဲရပေမယ့် သမီးလေးတွေကို တအားလွမ်းနေတဲ့အကြောင်း အဝေးရောက်နေတုန်းမှာ ဆိုပါတယ်။ ဖခင်ဖြစ်သူ လင်းလင်းကတော့ သမီးလေးတွေကို ထိန်းကျောင်းရင်းနဲ့ မြန်မာနိုင်ငံမှာ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကြောင့် မေမေချစ်သုဝေတစ်ယောက် တိုးလို့ အလွမ်းတွေပိုလာရပါတယ်။ သမီးလေး နှစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားပြီး ကြွားတတ်လွန်းတဲ့ ဖေဖေလင်းလင်းကြောင့် ခရီးရောက်နေတဲ့ ချစ်သုဝေတစ်ယောက် သဝန်တွေတိုနေခဲ့ရတာပါ။ ခရီးကပြန်ရောက်ရောက်ချင်းမှာတော့ သမီးလေးနှစ်ယောက်နဲ့အတူ ဆင်တူဆံပင်ကေလေးတွေညှပ်ပြီး ဖေဖေလင်းလင်းကို အားကျမခံ ပြန်ကြွားခဲ့ပါတယ်။ လင်းလင်းက ဆင်တူဆံပင်ကေလေးတွေညှပ်ထားတဲ့ သူ့ရဲ့ အချစ်လေး (၃) ယောက်ကိုကြည့်ပြီး နောက်နေ့မှာ သူတို့နဲ့ ဆံပင်ကေအတူညှပ်မယ်လို့ ယခုလိုပဲ ရည်မှန်းချက်ထားလိုက်တယ်လို့ ဆိုလာပါတယ်။ “ဆံပင်ညှပ်ထားတဲ့ ကျွန်တော့် ဘဝ, ကျွန်တော့်...

အီဖယ်မျှော်စင်ကြီးရှေ့မှာ သနားစရာကောင်းတဲ့ သူ့ဘဝအမှန်ကို ပြလိုက်တဲ့ ဂျူနီယာချစ်ကောင်း

အိမ့်ချစ်ရဲ့ တစ်ဦးတည်းသော မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းက အီဖယ်မျှော်စင်ကြီးရှေ့က သနားစရာကောင်းတဲ့ သူ့ပုံလေးတွေကို ပြလိုက်ပါတယ်။ အိမ့်ချစ်တို့မိသားစုဟာ လက်ရှိမှာ ပြင်သစ်နိုင်ငံကိုအလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ အသံနာနေလို့ သီချင်းသီဆိုဖို့ အခက်အခဲရှိနေတဲ့ အိမ့်ချစ်က မိသားစုနဲ့အတူ နိုင်ငံခြားကိုအလည်အပတ်ခရီးထွက်ဖို့ ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာမောင်လေးဖြစ်သူ ဂျူနီယာချစ်ကောင်းလည်း ပါဝင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ အီဖယ်မျှော်စင်ကြီးရှေ့မှာ မထင်မှတ်ပဲ Surprise လုပ် လက်ထပ်ခွင့်တောင်းခံလိုက်ရတာကြောင့်လည်း အိမ့်ချစ်တစ်ယောက် ပျော်ရွှင်အံ့သြပြီးဝမ်းသာခဲ့ရပါတယ်။ အိမ့်ချစ်ဟာသူမအပေါ် အကိုတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို နွေးထွေးမှုပေးနိုင်တဲ့ ချစ်သူကို ဘဝတစ်သက်စာလုံးအတွက် လက်တွဲဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့အကြောင်း သူမရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်အကောင့်ကနေ ဓာတ်ပုံလေးတွေနဲ့တကွ ဖော်ပြလာတာပါ။ အချစ်ရေးမှာလျို့ဝှက်လွန်းတဲ့အိမ့်ချစ်တစ်ယောက် လက်ထပ်ခွင့်တောင်းတာကိုလက်ခံလိုက်ပြီဖြစ်ကြောင်း တင်လိုက်တဲ့အချိန်မှာတော့ ပရိသတ်တွေက အိမ့်ချစ်အတွက် အံ့သြဝမ်းသာပြီး ပျော်ရွှင်ခဲ့ကြရပါတယ်။ ရိုလွန်းတဲ့ သူတို့ စုံတွဲရဲ့ဓာတ်ပုံလေးတွေကိုကြည့်ပြီး ပရိသတ်တွေက သဘောကျနေခဲ့ကြတာပါ။ အိမ့်ချစ်ရဲ့ မောင်လေးဖြစ်သူ ဂျူနီယာချစ်ကောင်းကတော့ အီဖယ်မျှော်စင်ကြီးရှေ့မှာ သူတစ်ယောက်တည်း ဖြစ်နေတဲ့ ဘဝအမှန်ကိုလည်းရွှတ်နောက်နောက်ရေးသားလာပါသေးတယ်။...

မင်္ဂလာပွဲကို မြတ်ခင်းပြင်ကြီးရယ် ကန်ရေပြင်နဲ့ သစ်ပင်ကြီးတွေကြားမှာ ကျင်းပဖို့ ရွေးချယ်လိုက်တဲ့ နိုင်းဝမ်း

အဆိုတော်နိုင်းဝမ်းက ၂၀၂၀ ဒီဇင်ဘာလမှာ  ပြုလုပ်မယ့် သူ့ရဲ့ မင်္ဂလာပွဲလေးကို စိမ်းစိုပြီးသဘာဝအလှတရားတွေ ရှိတဲ့နေရာမှာ ကျင်းပပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နိုင်းဝမ်းက အောင်မြင်တဲ့ တေးဆို တစ်ဦးဖြစ်ရုံသာမက တေးသီချင်းတွေကိုရေးစပ်ရာမှာလည်း ပြောင်မြောက်တဲ့အနုပညာဖန်တီးချက်တွေကို ဖန်တီးနိုင်သူပါ။ အင်တာနက်ခေတ်ဦးသီချင်းတွေဟာ နိုင်းဝမ်းရဲ့ သီချင်းတွေနဲ့စတင်ခဲ့ပြီး အွန်လိုင်းချစ်သူတွေကြား နာမည်ကြီးတဲ့ တေးသီချင်းတွေဖြစ်ခဲ့ပါတယ်။ အဆိုတော်နိုင်းဝမ်းက ယနေ့ထိတိုင် လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များနေဆဲပါ။ ယနေ့အချိန်ထိ လူပျိုကြီးဘဝနဲ့ ရပ်တည်နေပေမယ့် သိပ်မကြာခင်အချိန်မှာတော့ သူ့ရဲ့ ချစ်သူလေးနဲ့အတူ မင်္ဂလာပွဲတစ်ပွဲကို ကျင်းပဆင်နွှဲတော့မှာဖြစ်ပါတယ်။ နိုင်းဝမ်းက သူ့မင်္ဂလာပွဲကျင်းပမယ့် လကို ပရိသတ်တွေကို ကြိုတင်အသိပေးထားခဲ့ပြီး မင်္ဂလာပွဲအတွက် စီစဉ်စရာရှိတာတွေကိုလည်း ကြိုတင်စီစဉ်နေတာတွေ့ရပါတယ်။ ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်မယ့် သူ့ရဲ့ မင်္ဂလာပွဲလေးကို နိုင်းဝမ်းက နှစ်ယောက်ဆန္ဒရှိတဲ့အတိုင်း ကန်ရေပြင်ကြီးရယ် မြက်ခင်းပြင်ကြီးနဲ့ သစ်ပင်တွေ ရှိတဲ့နေရာမှာ ကျင်းပဖို့ ရွေးချယ်လိုက်တယ်လို့ သူ့ရဲ့ဖေ့ဘုတ်အကောင့်ကနေ ရေးသားဖော်ပြလာတာဖြစ်ပါတယ်။ “မင်္ဂလာဆောင်ညစာစားပွဲကို မြက်ခင်းပြင်ကြီးရယ်၊ ကန်ရေပြင်ကြီးရယ်၊ သစ်ပင်ကြီးတွေကြားမှာ ကျင်းပချင်တဲ့နှစ်ယောက်လုံးရဲ့ဆန္ဒအတိုင်း… အခုလာစုံစမ်းကြည့်တော့ နေရာဒေသစိတ်တိုင်းကျ၊ ကျွေးချင်တာတွေလဲအဆင်ပြေ၊ ရွေးထားတဲ့ရက်လဲကွက်တိရပြီး၊...

နွေးနွေးချစ်ဖွယ်ရဲ့ လမ်းပြမှုနဲ့အတူ ညောင်ဆယ်ပင်အဓိဌာန်ဝင်ခဲ့တဲ့ ယုန်လေး

အဆိုတော် ယုန်လေးက နွေးနွေးချစ်ဖွယ်ရဲ့ Guide လုပ်ပြီး လမ်းပြပေးမှုနဲ့အတူ ညောင်ဆယ်ပင်အဓိဌာန်ဝင်နိုင်ခဲ့ပါတယ်။ အဆိုတော်တဖြစ်လဲ၊ ရုပ်ရှင်နဲ့ဒါရိုက်တာဖြစ်ရုံတင်မက သရုပ်ဆောင်အနေနဲ့ပါ အနုပညာလောကထဲမှာ ရပ်တည်နေသူ ယုန်လေးက အက်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ဂိုဏ်းစတားပုံစံ ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးခဲ့သူပါ။ ဘဝကို ပွင့်လင်းစွာနဲ့အမြဲရိုးရိုးရှင်းရှင်းနေတတ်သူဖြစ်တာကြောင့်လည်း ပရိသတ်တွေက ယုန်လေးရဲ့ လူနေမှု ဘဝစတိုင်ကို သဘောကျနှစ်ခြိုက်ကြတာပါ။ ယုန်လေးက ဘဝကို အမြဲ ဗရုတ်ကျနေလို့မဖြစ်တာကြောင့် သူငယ်ချင်းဖြစ်သူ နွေးနွေးချစ်ဖွယ်ရဲ့ လမ်းညွှန်မှုနဲ့အတူ ညောင်ဆယ်ပင်အဓိဌာန် ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ “အမြဲတန်း ဗရုပ်ကျနေလို့ မရဘူးလေ 🤣 ညောင် ၁၀ ပင် အဓိဌာန် ဝင် . ဘေးက Guide လိုက်လုပ်ပေးတဲ့ နွေးနွေး ကို လည်းအထူးကျေးဇူးပါ . 🙏🙏🙏 အားလုံး လိုအင်တွေပြည့်ပြီး အဆင်ပြေကျပါစေ . . .” ပရိသတ်တွေက အက်ရှင်ဇာတ်ကားတွေပဲရိုက်တဲ့...

မြန်မာပရိသတ်တွေကြား အရမ်းရေပန်းစားနေတဲ့ အဝင်းနဲ့ ဂျပန်အဆိုတော်မလေးတို့ရဲ့ သီချင်း

ယနေ့ လူမှုကွန်ယက်စာမျက်နှာနဲ့ လူငယ်ပရိသတ်တွေကြားမှာ မိုရီဆာကီဝင်း ခေါ် အဝင်းနဲ့ ဂျပန်အဆိုတော်မလေး Hirahara Ayaka တို့ နှစ်ယောက်အတူတွဲဖက်သီဆိုထားတဲ့ သီချင်းလေးက အလွန်ရေပန်းစားနေတာတွေ့ရပါတယ်။ ဂျပန်-မြန်မာပွဲတော်အတွက်ရည်ရွယ်ထားတဲ့ ဒီသီချင်းလေးကို ပွဲတော်ကျင်းပမယ့်ရက် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာလည်း သူတို့ နှစ်ဦးက တွဲဖက်သီဆိုဖျော်ဖြေကြဦးမှာပါ။ ဒီသီချင်းလေးထဲမှာ မြန်မာလို ဂျပန်လို နှစ်ဘာသာနဲ့ သီဆိုထားတာတွေ့ရပြီး သီချင်းစာသားလေးတွေက ထူးခြားလောက်အောင် ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ ဂျပန်အဆိုတော်မလေးဖြစ်တဲ့ Hirahara Ayaka က မြန်မာဘာသာကို ကြိုးစားပြီးသီဆိုထားတာကလည်း တမူထူးခြားပြီး အနှစ်သာရတစ်ခုကို ခံစားရရှိစေတာတွေ့ရပါတယ်။ သံစဉ်/စာသား ကောင်းမွန်လှတဲ့ “တကယ်လို့” နာမည်ရတဲ့ သီချင်းဟာ လူငယ်ပရိသတ်တွေကြား ရေပန်းစားနေပြီး အဝင်းနဲ့ Hirahara Ayaka ရဲ့ သီဆိုပုံတွေကို ချီးကျူးထောပနာပြုနေကြတာဖြစ်ပါတယ်။ ဒီသီချင်းလေးကို Hirahara Ayaka ကိုယ်တိုင် ရေးစပ်သီကုံးထားတာဖြစ်ပါတယ်။ နားမထောင်ရသေးတဲ့ ပရိသတ်တွေရှိရင် အဝင်းနဲ့...

သူမနဲ့ ရုပ်ချင်းတူတဲ့ ချစ်သူကို မြန်မာလားလို့ လာလာမေးနေကြလို့ ဖြေပေးလိုက်တဲ့ အိမ့်ချစ်

အိမ့်ချစ်ကတော့ အီဖယ်မျှော်စင်ကြီးရှေ့လက်ထပ်ခွင့်တောင်းခံလိုက်ရလို့ အရမ်းတွေ ပျော်ရွှင်နေပါပြီ။ မကြာခင်မှာ ချစ်ရသူနဲ့ ဘဝတစ်ခုကို လက်တွဲသွားကြဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ အိမ့်ချစ်တို့ရဲ့ အချစ်ရေးလေးကို ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။ အိမ့်ချစ်ဟာ သူမရဲ့ အနုပညာအလုပ်တွေကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်တတ်သူဖြစ်ပြီး အချစ်ရေးနဲ့ပတ်သက်လာရင် လျို့ဝှက်စွာနေတတ်သူတစ်ဦးပါ။ သူမ ချစ်သူကို ပရိသတ်တွေရှေ့ ထုတ်ပြသူမဟုတ်ဘဲ ဘဝတစ်ခုလုံးစာ လက်တွဲသွားမယ်လို့ ဆုံးဖြတ်ပြီးချိန်မှ ပရိသတ်တွေကို အသိပေးခဲ့တာပါ။ မနေ့ကပဲ သူမဘဝတစ်လျှောက် အမှတ်တရဖြစ်စေမယ့် Propose လုပ်ခံလိုက်ရတဲ့အကြောင်းလေးကို သူမက ရေးသားခဲ့တာပါ။ အနုပညာရှင်များစွာကလည်း ဂုဏ်ပြုစကားဆိုခဲ့ကြပြီး သူမနဲ့ ရုပ်ချင်းတူလွန်းတဲ့ ချစ်သူက မြန်မာလား အသက်ငယ်လားဆိုတဲ့ စိတ်ဝင်တစားမေးခွန်းတွေလည်း ရှိခဲ့ပါတယ်။ အိမ့်ချစ်က သူမပရိသတ်တွေအတွက် ဒီမေးခွန်းလေးတွေကို ဖြေပေးလိုက်တာဖြစ်ပါတယ်။ “သူကသူ့အလုပ်ကြောင့် Germany ကိုမကြာခဏလာရတတ်တယ် သူဒီတစ်ခါသွားရင်လိုက်ခဲ့ပါလားအမေရောမောင်လေးရောနဲ့ တူတူသွားကြမယ် အသံလဲနာနေပြီမို့ခရီးထွက်မှပဲ အသံလဲအနားရမှာဆိုတာနဲ့ထွက်လာခဲ့ကြတာ ဂျာမနီကနေပြင်သစ်လဲလည်ကြမယ်ဆိုပြီးလာကြတာ ရောက်ရောက်ခြင်းမှာပဲ ရထားပေါ်အတက် ဖုန်းလုပြေးခံရတယ်ဖုန်းကလဲသူ့ဖုန်းကိုယ်ကကိုင်ထားတာ စိတ်လဲရှုပ်...

Pre Wedding ပုံလှလှလေးတွေ ရိုက်ကူးနေကြပြီဖြစ်တဲ့ နေဝင်းနဲ့ အိမ့်ချစ်ချောတို့ စုံတွဲ

အဆိုတော် နေဝင်းနဲ့ Travel Blogger မလေး အိမ့်ချစ်ချောတို့ကတော့ ယနေ့မှာ Pre Wedding ပုံလေးတွေ ရိုက်ကူးနေကြပြီဖြစ်ပါတယ်။ နေဝင်းတို့ ချစ်သူစုံတွဲလို့ ဆိုလိုက်တာနဲ့ လူငယ်ပရိသတ်တွေကြားမှာ အားကျမှုအပြည့်နဲ့ ပြည့်စုံနေကြတဲ့ အတွဲပါ။ ချစ်သူသက်တမ်း (၁၀) နှစ်ကျော်ကြာသည်အထိ ခိုင်မြဲစွာနဲ့ တွဲလက်တွေ တွဲလာခဲ့ကြသူတွေပါ။ ချစ်သူကောင်မလေးရဲ့ Travel Blogger မှာ Personal Photographer အဖြစ် ချစ်သူကို ဓာတ်ပုံလှလှလေးတွေ အမြဲရိုက်ပေးလေ့ရှိသူလည်းဖြစ်ပါတယ်။ နှစ်ရှည်လများ လက်တွဲလာနိုင်ခဲ့တဲ့ သူတို့အတွဲကတော့ ပရိသတ်တွေကြားမှာ စံပြအတွဲလို့တောင် မှတ်ယူရမှာပါ။ ကလေးဆန်ဆန် ချစ်ဖို့ကောင်းတဲ့ ချစ်သူကို နေဝင်းက နှစ်သစ်ကူးညက ရှိုးပွဲတစ်ခုမှာ ပရိသတ်တွေရှေ့ လက်ထပ်ခွင့်တောင်းဆိုခဲ့တာဖြစ်ပါတယ်။ လူအများကြား စင်ပေါ်မှာ လက်ထပ်ခွင့်တောင်းခဲ့တာကြောင့် နေဝင်းတို့စုံတွဲရဲ့ ရိုဆန်မှုတွေက လူငယ်ပရိသတ်တွေကြား တိုးလို့အားကျစရာကောင်းလာခဲ့ပါတယ်။ ဧပြီလလောက်မှာ မင်္ဂလာပွဲကျင်းပဖို့စီစဉ်ထားတဲ့ နေဝင်းတို့ ချစ်သူစုံတွဲက ယနေ့မှာတော့...

အီဖယ် မျှော်စင်ကြီးရှေ့မှာ ချစ်သူရဲ့ လက်ထပ်ခွင့်တောင်းတာ ခံလိုက်ရတဲ့ အိမ့်ချစ်

အဆိုတော် အိမ့်ချစ်က သူမချစ်သူရဲ့ လက်ထပ်ခွင့်တောင်းခံမှုကို မထင်မှတ်ထားတဲ့အချိန်မှာ ကြုံတွေ့လိုက်ရပါတယ်။ ဂီတလောကမှာ အိမ့်ချစ်ဆိုတဲ့နာမည်တစ်လုံးဖြစ်လာဖို့ ငယ်စဉ်တည်းက ကြိုးစားလာခဲ့တဲ့ အိမ့်ချစ်အကြောင်း ပရိသတ်တွေ သိကြမှာပါနော်။ အိမ့်ချစ်ဟာ ဖခင်ဖြစ်သူ ချစ်ကောင်းရဲ့ သမီးဖြစ်ပေမယ့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကြိုးစားရတာကို နှစ်သက်သူတစ်ဦးပါ။ ဘာသာတရားကိုင်းရှိုင်းပြီး မိဘအပေါ်မှာလည်း သိတတ်လွန်းတဲ့ အိမ့်ချစ်က မိသားစုတစ်ခုလုံးအတွက် အပြည့်အဝ တာဝန်ယူထားနိုင်သူလည်းဖြစ်ပါတယ်။ ယနေ့အချိန်ထိ အပျိုကြီးဘဝနဲ့ရပ်တည်လာတဲ့ အိမ့်ချစ်ကတော့ မကြာခင်အချိန်မှာပဲ အပျိုကြီးဘဝကို စွန့်လွှတ်တော့မှာပါ။ သူမက ချစ်သူရဲ့ မထင်မှတ်ထားတဲ့ Propose ကို ကြုံတွေ့ခံစားလိုက်ရပါပြီ။ “မထင်မှတ်ထားတဲ့ အချိန်မှာ Propose လုပ်တဲ့သူ အချစ်တွေပေးတဲ့သူ အေးချမ်းတဲ့မေတ္တာတွေပေးသူ လုံခြုံနွေးထွေးမှုတွေပေးသူ အဖေလိုအကိုလိုစောင့်ရှောက်ပေးသူ သူငယ်ချင်းတစ်ယောက်လိုပျော်ရွှင်မှုတွေပေးသူ သူနဲ့တူတူဘဝတစ်ခုထူထောင်ဖို့ ဆုံးဖြတ်လိုက်ပြီမို့ I said YES..!!!” လို့ သူမရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်အကောင့်ကနေ ပျော်ရွှင်ဖွယ်ရေးသားလာတာပါ။ I said Yes...

တန်ဖိုးမြင့် မာစီးဒီး ကားသစ်ကြီးတစ်စီးကို ဝယ်ယူလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းကတော့ တန်ဖိုးမြင့် မာစီးဒီးကားသစ်တစ်စီးကို ဝယ်ယူလိုက်ပါတယ်။ သူမက မကြာသေးခင်ကမှ နွားကျောင်းသူ တစ်ကိုယ်တော် သီချင်းခွေထွက်ရှိခဲ့တာပါ။ ထိုခွေနဲ့ပဲ City FM ကပေးတဲ့ ဆုကို ရရှိခဲ့ပြန်ပါသေးတယ်။ ဝိုင်းစုခိုင်သိန်းဟာ ဂီတလောကမှာ သူမ နှစ် အတော်များများကို ပိုင်ဆိုင်ခဲ့တာ တွေ့ရမှာပါ။ ဂီတနဲ့ပတ်သက်တဲ့ ပွဲတိုင်းမှာ ပေးတဲ့ဆုအတော်များများကိုလည်း အမြဲလိုလို ရရှိခဲ့တာ လွန်ခဲ့တဲ့ နှစ်များစွာထဲကနေ ယနေ့တိုင်ပဲဖြစ်ပါတယ်။ တစ်ကိုယ်တော် ခွေထွက်ရှိလာရင်လည်း ပရိသတ်တွေ အားပေးလက်ခံပြီး ကြိုက်နှစ်သက်တဲ့ သီချင်းတွေပဲဖြစ်တာကြောင့် ဝိုင်းစုခိုင်သိန်းဆိုတဲ့ နာမည်တစ်လုံးက ဂီတလောကမှာ ရှင်သန်လျက်ရှိနေဆဲပါပဲ။ ဝိုင်းစုဟာ City FM ကပေးတဲ့ ဆုကို နွားကျောင်းသူအခွေနဲ့ ပူပူနွေးနွေးရရှိထားတဲ့ ဆုရှင်ပဲဖြစ်ပါတယ်။ သူမဆုရခဲ့တဲ့အတွက်ကြောင့် မိခင်ဖြစ်သူနဲ့ ချစ်ရသူ အောင်လတို့ကို ကျေးဇူးတင်စကားဆိုထားတာကိုလည်းတွေ့ရပါတယ်။ ဒီနေ့မှာတော့ ဝိုင်းစုခိုင်သိန်းက သူမရဲ့ New Baby အသစ်လေးကို ပိုင်ဆိုင်ရရှိသွားတာတွေ့ရပါတယ်။...

x