အိမ်အသစ်ဆောက်တဲ့ပုံလေးတင်မိတာကို စပွန်ဆာက ဝယ်ပေးတဲ့အိမ်ဆိုပြီး အတင်းပြောခံနေရတဲ့ ချမ်းချမ်း

အဆိုတော်ချမ်းချမ်း တစ်ယောက်ကတော့ သန်လျင်မှာဆောက်ထားတဲ့ အိမ်အသစ်ပုံလေးကို သူမရဲ့ ဖေ့ဘုတ်မှာ တင်မိလို့ ဒါဟာ စပွန်ဆာက ပေးတဲ့အိမ်ဆိုပြီး အတင်းပြောခံနေရတယ်လို့ သိရပါတယ်။ သူမကို အခုလိုပြောဆိုတဲ့သူတွေကို သူမက ဖေ့ဘုတ်ကနေတဆင့် ပြန်လည် ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ ချမ်းချမ်းကသူမရဲ့ ဖေ့ဘုတ်မှာ ဂုဏ်ယူစွာဖြင့် အတင်းပြောတာ ခံလိုက်ပါသည်လို့ အစချီပြီး ” ကျမအိမ်လေးအတွက်စိတ်ပုပြီးစာတွေလှမ်းပို့ပေးကြ .. messanger ကနေလှမ်း စိတ်မကောင်းဖြစ်ပေးတဲ့ ပရိတ်သတ်..မိတ်ဆွေတွေကိုကျေးဇူးတင်ပါတယ်…ကျမ ဘယ် comments မှမဖတ်ရသေးပါဘူး…ဒီအိမ်လေးက လွန်ခဲ့တဲ့ ၇နှစ်ကျော် ကဝယ်ခဲ့တဲ့အိမ်လေးပါ..ကျမအဖေနဲ့ အမေ အရင် တုန်းကနေခဲ့ဖူးပါတယ်..အရင်တိုက်ကလေးကဟောင်းနေလို့ဆေးသုတ်ပြီး နောက်ထပ်တထပ် ထပ်ချဲ့တင်လိုက်တာပါ…သမီးလေးက ကစားတာမက်တဲ့သူမို့ အိမ်ရှေ့မြေအလွတ်လေးမှာ ရေကူးကန်လေးတူပေးထားတယ်…၁၀ပေပတ်လည်လေးပါပဲ..ထူးထုးခြားခြားဘာမှမပါဘူး..သီးပင်စားပင်ကလေးတွေကကြီးလာပြီမို့ ပတ်ပတ်လည်ဝရံတာကနေလှမ်းခူးရအောင် ဝရံတာလေးတွေထည့် ထားတယ်..ကျမတတ်နိုင်သလောက် အနုပညာဖိုးလေးတွေစုပြီး ကိုယ့်ချွေးနဲစာနဲ့ဝယ်ထားတာပါ…အရင်လွန်ခဲ့တဲ့၇နှစ်ကျော်က ဒီအိမ်လေးကို ရောက်ဖူးတဲ့သူတွေလဲ သိကြပါတယ်” “..ဘာပဲဖြစ်ဖြစ် မနာလိုလို့ ကဲ့ရဲ့တဲ့သူရော..ကြည့်မရလို့ တိုက်ခိုက်တဲ့သူတေကိုလည်း စိတ်မဆိုးပါဘူး..မိန်းမတယောက် ၁၂နှစ်လောက်ကြိုးစားစုဆောင်းပြီး...

လိပ်ပြာစံအိမ်ဇာတ်ကားနဲ့ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆု ရရှိခဲ့တဲ့ ဝတ်မှုန်ရွှေရည်

အာရှတီထွင်ဆန်းသစ်မှုအရှိဆုံးရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ လိပ်ပြာစံအိမ်ဇာတ်ကားနဲ့ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆု ရရှိခဲ့တဲ့ ဝတ်မှုန်ရွှေရည် စင်ကာပူနိုင်ငံကဦးဆောင်ကျင်းပပြီး အာရှနိုင်ငံတစ်လွှားက အကောင်းဆုံးရုပ်ရှင်ကားတွေကို စိစစ်ပြီး ပြန်လည်ရွေးချယ်ဆုပေးတဲ့ အာရှတီထွင်ဆန်းသစ်မှုအရှိဆုံးရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်က လိပ်ပြာစံအိမ်( The Only Mom) ဇာတ်ကားနဲ့ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆု ရရှိသွားတယ်လို့ သိရပါတယ်။ အာရှတီထွင်ဆန်းသစ်မှုအရှိဆုံးရုပ်ရှင်အကယ်ဒမီဆုပေးပွဲ Asian Academy Creative Awards (AAA) ဟာဆိုရင် အာရှနိုင်ငံတွေအားလုံးထဲက လူကြိုက်အများဆုံး၊ တီထွင်ဆန်းသစ်မှု အရှိဆုံး ဇာတ်ကားတွေကို ရွေးချယ်စိစစ်ပြီး အဲဒီထဲကမှ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ ဇာတ်ကားတွေကို စကာတင်ရွေးချယ်ဆုပေးလေ့ရှိတဲ့ ပွဲတစ်ခုပါပဲ။ ၂၀၁၈ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ ဒီဆုပေးပွဲရဲ့ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးဆုစာရင်းမှာတော့ မြန်မာနိုင်ငံက လိပ်ပြာစံအိမ်ဇာတ်ကားက ဆု ၆ ဆုနဲ့ စုစုပေါင်း ဆု ၁၀ ဆု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ လိပ်ပြာစံအိမ်ဇာတ်ကားဟာဆိုရင် မြန်မာနိုင်ငံအတွင်း လူကြိုက်များ အောင်မြင်မှု...