Category: အနုပညာ

ဒီနေ့မှာ အသက် ၃ လပြည့်သွားပြီဖြစ်တဲ့ ပိုးအိအိခန့်နဲ့ အောင်သူတို့ရဲ့ သားချောလေး

သရုပ်ဆောင်ပိုးအိအိခန့်နဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားအောင်သူတို့ရဲ့ သားငယ်လေး ကိုကိုး ကတော့ ဒီနေ့မှာ အသက် ၃လပြည့်သွားပါပြီတဲ့နော်။ မေမေ ပိုးအိအိခန့်က သူမရဲ့ ဖေ့ဘုတ်မှာ မေမေ့အသည်းနှလုံး ဖေဖေ့အသည်းတစ်တုတ်ကြီး ဒီနေ့ဆို ၃လပြည့်ပါပီ❤ Happy Birthday❤ ပါသားလေးရေ ၊ မေမေ့သားလေး ၃လပြည့်မွေးနေ့ကစပြီး အသက်ရှည်ကျန်းမာ ရိုးဖြောင့်စွာနဲ့ လူတော်လူကောင်း လူလိမ္မာလေးအဖြစ် နိုင်ငံအကျိုး သာသနာအကျိုး ဘိုးဘွားမိဘအကျိုးသယ်ပိုးနိုင်တဲ့သားရတနာလေးဖြစ်ပါစေလို့ မေမေတရေးနိုးထ နို့တိုက်ရင်း ဆုတောင်းပေးလိုက်ပါတယ် ” ဆိုပြီး ချစ်စဖွယ်ရေးသားထားပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး မင်္ဂလာပွဲကိုတော့ ၂၀၁၉ မတ်လထဲမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ သားလေး ကိုကိုးကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ဇူလိုင်လ မှာမွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အသက် ၃လ တင်းတင်း ပြည့်မြောက်ခဲ့တာပါ။ ပရိသတ်တွေကတော့ သားလေးက...

ထွန်းထွန်းနဲ့အတူ Catwalk ပြိုင်လျှောက်ခဲ့တဲ့ ဖိလစ်ပိုင်က Catwalk King Sinon

ဖိလစ်ပိုင်နိုင်ငံက နာမည်ကြီး Catwalk King Sinon ကတော့ သရုပ်ဆောင်ထွန်းထွန်းနဲ့အတူ Catwalk ပြိုင်လျှောက်ခဲ့တာ တွေ့ရပါတယ်။ သရုပ်ဆောင်ထွန်းထွန်းက ပြီးခဲ့တဲ့ နှင်းဆီလှေအငြိမ့်မှာ Sinon ရဲ့ ပုံစံအတိုင်းလိုက်ပြီး တပုံစံတည်း သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်တွေ တဝါးဝါး တဟားဟား ပွဲကျစေခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ပုံစံအတိုင်းလိုက်တုထားတဲ့ ထွန်းထွန်းရဲ့ Post တွေကို ရှဲပြီး Sinon က သူတို့နှစ်ယောက် တစ်နေ့ ဆုံချင်ပါသေးတယ်လို့ ပြောထားတာပါ။ ဒီလိုပဲ ထွန်းထွန်းကလည်း Sinon နဲ့ ဆုံဖို့ အားသန်နေခဲ့တယ်လို့ ဆိုပါတယ်။ ကဲ အခုဆိုရင်တော့ သူတို့နှစ်ယောက်တကယ့်ကိုပဲ ဆုံဖြစ်ခဲ့ကြပါပြီနော်၊ ဆုံဖြစ်တာမှ ရိုးရိုးဆုံတာတောင်မဟုတ်ဘူးနော်၊ Catwalk တောင်ပြိုင်လျှောက်လိုက်ကြသေးတာပါ။ ထွန်းထွန်းတစ်ယောက် Sinon ကို နိုင်အောင် ပြိုင်လျှောက်နိုင်မလား၊ Sinon ရဲ့ မြင့်မားလှတဲ့ ဒေါက်ဖိနပ်တွေကို ထွန်းထွန်း သေချာကောင်းကောင်းစီးပြီး...

သက်မွန်မြင့်ဆီလာလည်တဲ့ငွေဇင်လှိုင်းကို အိမ်ပြန်မှာစိုးလို့တံခါးပိတ်ပြီးကာထားကြတဲ့ အားချစ်နဲ့လဝန်းမေ

သက်မွန်မြင့်ရဲ့ သားလေး အားချစ်နဲ့ သမီးလေး လဝန်းမေတို့ကတော့ တကယ်ပါပဲနော်၊ သက်မွန်ရဲ့ အမာခံ fan ဖြစ်တဲ့ ငွေဇင်လှိုင်းတစ်ယောက် အိမ်လာလည်ပြီး ပြန်မယ်ဆိုတာကို မပြန်ရဘူးဆိုပြီး တံခါးပေါက်မှာ ကာထားကြတာတဲ့ ကြည့်ပါဦး။ သူတို့ငယ်ငယ်တည်းက အိမ်လာလည်နေကျ ငွေဇင်လှိုင်းကို သူတို့ကလည်း လွမ်း တီတီငွေဇင်လှိုင်းကလည်း အားချစ်တို့ မောင်နှမတွေကို လွမ်းနေတာပါတဲ့။ ငွေဇင်လှိုင်းက ပြန်မယ်လည်း ဆိုရော အားချစ်က ညီမလေးလာ တံခါးပိတ်ရအောင်လို့ ပြောသတဲ့။ တော်တော်လည်တဲ့ အားချစ်လေးပဲနော်။ သူတို့က တီတီငွေဇင်လှိုင်းနဲ့ အတူတူကစားပြီး video လေးပါ အတူရိုက်လိုက်ကြသေးတာပါ။ ကဲ ပရိသတ်ကြီးရော ဘယ်သူ့ကို အချစ်ဆုံးလဲ အားချစ်လေးလား၊ လဝန်းလေးလား၊ ဒါမှမဟုတ် နှစ်ယောက်လုံးကိုလား ဖြေပေးသွားပါဦး။ ငွေဇင်လှိုင်းနဲ့ အားချစ်လေးတို့ အတူကစားထားတဲ့ ဗီဒီယိုလေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။ Writer – YLLT ( Cele...

ဘုန်းကြီးကျောင်းမှာရှိတဲ့ ဝေယျာဝစ္စအန်တီကြီးတွေအတွက်  လုံခြည်အကောင်းစားလေးတွေကို သီတင်းကျွတ်ကန်တော့လိုက်တဲ့ စမိုင်းလ်တို့မိသားစု

သရုပ်ဆောင် စမိုင်းလ်တို့မိသားစုက မကြာခဏ လှူဒါန်းမှုတွေနဲ့ စတုဒီသာ ပေးဝေလှူဒါန်းခြင်းတွေကို ပြုလုပ်လေ့ရှိပြီး ဒီနေ့မှာလည်း ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ဝေယျာဝစ္စ အန်တီကြီးတွေအတွက် လုံခြည်အကောင်းစားလေးတွေကို သီတင်းကျွတ် ကန်တော့လိုက်ပြန်ပါတယ်။                  ဒီနေ့ ညနေအစောပိုင်းတုန်းကလည်း သူမတို့ရဲ့ အိမ်ရှေ့မှာ ထောပတ်ထမင်း စတုဒီသာကို အယုတ်အလတ်အမြတ်မရွေး ပေးဝေလှူဒါန်းလိုက်ခဲ့သေးတာပါ။               ထောပတ်ထမင်း စတုဒီသာကိုတော့ စမိုင်းလ်တို့ရဲ့ ဘောက်ထော်က ခြံရှေ့မှာ ဝေပေးခဲ့တာဖြစ်ပြီး အနီးအနားမှာရှိတဲ့လူတွေက ပျော်ရွှင်စွာ တန်းစီပြီး ရယူခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ သရုပ်ဆောင်စမိုင်းလ်ဟာ အလှူအတန်းရက်ရောသူဖြစ်ပြီး ဘာသာရေးလည်း ကိုင်းရှိုင်းသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အလှူအတန်းတွေ၊ ဘာသာရေးကုသိုလ်ပြုမှုတွေမှာ သူမရဲ့ခင်ပွန်း၊ သူမရဲ့ သမီးလေးတွေကလည်း အားတက်သရော ကုသိုလ်ပါဝင်ခဲ့ကြတာကိုလည်း ကြည်နူးဖွယ် တွေ့မြင်ရပါတယ်။                 အခုလိုလှူဒါန်းမှုတွေဟာ သီတင်းကျွတ်အတွက်ဖြစ်သလို မကြာခင်...

မေမေနဲ့အတူ ကင်မရာကိုလိုက်ကြည့်ပြီးဆယ်လ်ဖီဆွဲတတ်နေပြီဖြစ်တဲ့ ဂျင်းကောင်လေး မြတ်သူ

ဖေဖေမြင့်မြတ်ရဲ့ သားချောလေး မြတ်သူကတော့ မေမေနဲ့အတူ ဖုန်းကင်မရာကိုလိုက်ကြည့်ပြီး ဆယ်လ်ဖီဆွဲတတ်နေပါပြီ။  ဒီပုံလေးတွေက မြတ်သူလေးရဲ့ မေမေမွေးနေ့မှာ ရိုက်ကူးထားခဲ့တဲ့ ပုံတွေဖြစ်ပြီး ဂျင်းကောင်လေးကတော့ အရမ်းကို ပျော်နေတာပါနော်။ အရမ်းချစ်ဖို့ကောင်းတဲ့ ဂျင်းကောင်လေးနဲ့ ဂျင်းကောင်လေး မေမေတို့ရဲ့ ဆယ်လ်ဖီဆွဲနေတဲ့ ပုံရိပ်လေးတွေကို ကြည့်လိုက်ရင် မြတ်သူလေးက မျက်လုံးအဝိုင်းသားလေးနဲ့ ကင်မရာကို လိုက်ကြည့်လိုက် အခုသူတို့သားအမိဆယ်လ်ဖီဆွဲနေတာကို ဓါတ်ပုံရိုက်ပေးနေတဲ့ ဒီဘက်ကင်မရာဆီ ကြည့်လိုက်နဲ့ အလုပ်တွေ အရမ်းကို ရှုပ်နေတာ တွေ့ရမှာပါ။ ဖေဖေမြင့်မြတ်ရော မေမေ ခင်သူသူအောင်ကရော ချောကြတယ်ဆိုတော့ မြတ်သူလေးက ပြောနေစရာကိုမလိုအောင် လူတကာချစ်ခင်တဲ့ လူချောလေးဖြစ်နေတာပါ။ ကြီးလာရင် အဖေ့လိုပဲ မင်းသားဖြစ်မယ်ထင်ပါတယ်။ ဂျူနီယာမြင့်မြတ်လေးလို့ လူသိများကြတဲ့ မြတ်သူလေးက ဘယ်သူနဲ့မဆိုလည်း ပျော်ပျော်နေတတ်သေးတဲ့ ကလေးတစ်ယောက်ပါ၊ သူ့ဖေဖေရှုတင်သွားနေရင်လည်း သူက ဦးဦးဒေါ်ဒေါ်တွေထိန်းတဲ့အတိုင်း နေတဲ့ကလေးဖြစ်လို့ အားလုံးကဝိုင်းပြီး ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်ချစ်ခင်ပြီးသား ဖေဖေမြင့်မြတ်ရဲ့ သားသားလေးဂျူနီယာမြင့်မြတ်ကိုလည်း...

အိုင်ဖုန်း 11 Pro ကြီးလက်ဆောင်ရလိုက်လို့ အရမ်းပျော်နေတဲ့ နှင်းဆီလေး ခေးဆက်သွင်

နှင်းဆီ ဇာတ်ကားမှာ မေမေနှင်းဆီဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်လို့ ပရိသတ်အချစ်တော်လေး ဖြစ်နေတဲ့ ခေးဆက်သွင်တစ်ယောက်ကတော့ လက်ရှိမှာ အိုင်ဖုန်း 11 Pro ကြီး လက်ဆောင်ရလိုက်လို့ တအံ့တသြနဲ့ ပျော်နေရှာပါတယ်နော်။ ခေးဆက်သွင်က သူမရဲ့ ဖေ့ဘုတ်မှာ ” အိုးးး ခိုင်မော့ ၊ ဒီတစ်ခါ surprise ကြီးကတော့ အရမ်း အရမ်းပါ၊ သာယာလှပသော မနက်ခင်းလေးဖြစ်သွားပါပြီ၊ မနှင်းဆီတစ်ယောက် အိမ်မှာထိုင်ပြီး လက်ဆောင်တွေ စတင်လက်ခံနေပါပြီ” လို့ ရေးသားထားတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့တုန်းကလည်း သူမကို ရန်ကုန်ကနေ မန္တလေးအထိ တကူးတက နှင်းဆီပန်းစည်းအနီကြီးနဲ့ surprise လုပ်ခံခဲ့ရသေးပါတယ်။ ခေးဆက်သွင်ဆိုတာက ပရိသတ်တွေပါမက သူမနဲ့အတူ လက်တွဲလုပ်ကိုင်နေတဲ့ အနုပညာရှင်တွေရဲ့ ချစ်ခင်ခြင်းကိုပါ ခံရသူလေးတစ်ဦးပါ၊ ခေးဆက်သွင်က air pod လေး ဝယ်ပေးလို့ ပျော်နေတဲ့ စိုပြေမြင့်ရဲ့...

မေမေမျိုးစန္ဒီကျော်မသိအောင် Youtube ကနေကြည့်ပြီး ရှေ့ဆံပင်ကိုယ်တိုင်ညှပ်ခဲ့တဲ့ ဂျူဝဲလ်လေး

သရုပ်ဆောင်မျိုးစန္ဒီကျော်ရဲ့ သမီးချောလေး Jewel ကတော့ တကယ့်ကို ဟာသလေးပါပဲနော် ၊ သူ့ရဲ့ ရှေ့ဆံပင်ကို သူ့ဘာသာညှပ်ထားတာတဲ့ ကြည့်ပါဦး။ Jewel လေးက မျိုးစန္ဒီကျော်တစ်ယောက် ရှုတင်သွားနေတုန်း အဖွားနဲ့အဒေါ် အလစ်မှာ သူမရဲ့ ရှေ့ဆံပင်ကို ညှပ်ခဲ့တာပါ။ မေမေမျိုးစန္ဒီကျော်က သူမရဲ့ ဖေ့ဘုတ်မှာ ရှေ့ဆံပင်ညှပ်ချင်သူများ Jewel ဆီမှာညှပ်လို့ရပါတယ်နော် (ညီဖို့တော့အာမမခံပါဘူးနော်) လို့ ဟာသဆန်ဆန်တင်ထားတာ ဖြစ်ပါတယ်။ ဘယ်လိုညှပ်လိုက်တာလဲလို့ မေးတဲ့အခါမှာတော့ ယူကျုမှာ ကောင်မလေးတွေ ကိုယ့်ဘာသာ ညှပ်နေကြတာကြည့်ပြီး လိုက်ညှပ်တာပါတဲ့လေ။ ဖြေပုံကိုကြည့်ဦး မေမေမျိုးစန္ဒီကျော်က နောက်မလုပ်ရဘူးနော်၊ ညှပ်ချင်ရင် မေမေ့ကိုပြော ဆိုင်မှာညှပ်ပေးမယ်၊ နောက်ကိုယ့်ဘာသာညှပ်ရင် ကတုံးဖြစ်သွားမယ်ဆိုပြီး ပြောထားရတယ်ဆိုပဲ။ အဲလိုပြောလိုက်လို့ စူပုပ်သွားတဲ့ရုပ်လေးကလည်း ချစ်စရာလေးနော်၊ Jewel လေးက အိမ်မှာ အားလုံးရဲ့ ဆရာမကြီးပါတဲ့နော်။ မျိုးစန္ဒီကျော်ရဲ့ သမီးလေး Jewel လေးက အခုဆို ကျောင်းလည်း...

အိမ်အသစ်ဆောက်တဲ့ပုံလေးတင်မိတာကို စပွန်ဆာက ဝယ်ပေးတဲ့အိမ်ဆိုပြီး အတင်းပြောခံနေရတဲ့ ချမ်းချမ်း

အဆိုတော်ချမ်းချမ်း တစ်ယောက်ကတော့ သန်လျင်မှာဆောက်ထားတဲ့ အိမ်အသစ်ပုံလေးကို သူမရဲ့ ဖေ့ဘုတ်မှာ တင်မိလို့ ဒါဟာ စပွန်ဆာက ပေးတဲ့အိမ်ဆိုပြီး အတင်းပြောခံနေရတယ်လို့ သိရပါတယ်။ သူမကို အခုလိုပြောဆိုတဲ့သူတွေကို သူမက ဖေ့ဘုတ်ကနေတဆင့် ပြန်လည် ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ ချမ်းချမ်းကသူမရဲ့ ဖေ့ဘုတ်မှာ ဂုဏ်ယူစွာဖြင့် အတင်းပြောတာ ခံလိုက်ပါသည်လို့ အစချီပြီး ” ကျမအိမ်လေးအတွက်စိတ်ပုပြီးစာတွေလှမ်းပို့ပေးကြ .. messanger ကနေလှမ်း စိတ်မကောင်းဖြစ်ပေးတဲ့ ပရိတ်သတ်..မိတ်ဆွေတွေကိုကျေးဇူးတင်ပါတယ်…ကျမ ဘယ် comments မှမဖတ်ရသေးပါဘူး…ဒီအိမ်လေးက လွန်ခဲ့တဲ့ ၇နှစ်ကျော် ကဝယ်ခဲ့တဲ့အိမ်လေးပါ..ကျမအဖေနဲ့ အမေ အရင် တုန်းကနေခဲ့ဖူးပါတယ်..အရင်တိုက်ကလေးကဟောင်းနေလို့ဆေးသုတ်ပြီး နောက်ထပ်တထပ် ထပ်ချဲ့တင်လိုက်တာပါ…သမီးလေးက ကစားတာမက်တဲ့သူမို့ အိမ်ရှေ့မြေအလွတ်လေးမှာ ရေကူးကန်လေးတူပေးထားတယ်…၁၀ပေပတ်လည်လေးပါပဲ..ထူးထုးခြားခြားဘာမှမပါဘူး..သီးပင်စားပင်ကလေးတွေကကြီးလာပြီမို့ ပတ်ပတ်လည်ဝရံတာကနေလှမ်းခူးရအောင် ဝရံတာလေးတွေထည့် ထားတယ်..ကျမတတ်နိုင်သလောက် အနုပညာဖိုးလေးတွေစုပြီး ကိုယ့်ချွေးနဲစာနဲ့ဝယ်ထားတာပါ…အရင်လွန်ခဲ့တဲ့၇နှစ်ကျော်က ဒီအိမ်လေးကို ရောက်ဖူးတဲ့သူတွေလဲ သိကြပါတယ်” “..ဘာပဲဖြစ်ဖြစ် မနာလိုလို့ ကဲ့ရဲ့တဲ့သူရော..ကြည့်မရလို့ တိုက်ခိုက်တဲ့သူတေကိုလည်း စိတ်မဆိုးပါဘူး..မိန်းမတယောက် ၁၂နှစ်လောက်ကြိုးစားစုဆောင်းပြီး...

လိပ်ပြာစံအိမ်ဇာတ်ကားနဲ့ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆု ရရှိခဲ့တဲ့ ဝတ်မှုန်ရွှေရည်

အာရှတီထွင်ဆန်းသစ်မှုအရှိဆုံးရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ လိပ်ပြာစံအိမ်ဇာတ်ကားနဲ့ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆု ရရှိခဲ့တဲ့ ဝတ်မှုန်ရွှေရည် စင်ကာပူနိုင်ငံကဦးဆောင်ကျင်းပပြီး အာရှနိုင်ငံတစ်လွှားက အကောင်းဆုံးရုပ်ရှင်ကားတွေကို စိစစ်ပြီး ပြန်လည်ရွေးချယ်ဆုပေးတဲ့ အာရှတီထွင်ဆန်းသစ်မှုအရှိဆုံးရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်က လိပ်ပြာစံအိမ်( The Only Mom) ဇာတ်ကားနဲ့ အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆု ရရှိသွားတယ်လို့ သိရပါတယ်။ အာရှတီထွင်ဆန်းသစ်မှုအရှိဆုံးရုပ်ရှင်အကယ်ဒမီဆုပေးပွဲ Asian Academy Creative Awards (AAA) ဟာဆိုရင် အာရှနိုင်ငံတွေအားလုံးထဲက လူကြိုက်အများဆုံး၊ တီထွင်ဆန်းသစ်မှု အရှိဆုံး ဇာတ်ကားတွေကို ရွေးချယ်စိစစ်ပြီး အဲဒီထဲကမှ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ ဇာတ်ကားတွေကို စကာတင်ရွေးချယ်ဆုပေးလေ့ရှိတဲ့ ပွဲတစ်ခုပါပဲ။ ၂၀၁၈ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ ဒီဆုပေးပွဲရဲ့ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးဆုစာရင်းမှာတော့ မြန်မာနိုင်ငံက လိပ်ပြာစံအိမ်ဇာတ်ကားက ဆု ၆ ဆုနဲ့ စုစုပေါင်း ဆု ၁၀ ဆု ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ လိပ်ပြာစံအိမ်ဇာတ်ကားဟာဆိုရင် မြန်မာနိုင်ငံအတွင်း လူကြိုက်များ အောင်မြင်မှု...