Mulan ကာတွန်းကားကြည့်ပြီး ငိုနေတဲ့ နန္ဒာလှိုင်ရဲ့ သမီးငယ်လေး ဇေမဒီလှိုင်

နန္ဒာလှိုင်ရဲ့ သမီးငယ်လေး ဇေမဒီလှိုင်တစ်ယောက်ကတော့ မူလန် ကာတွန်းကားကြည့်ပြီး ငိုနေလိုက်တာနော်။ သူ့ကို မေမေ နန္ဒာလှိုင်က ဘာဖြစ်လို့ ငိုလဲ သမီးလေးလို့ မေးတော့ မူလန်လေး ကျန်ခဲ့လို့တဲ့၊ ပြီးတော့ မိန်းကလေးပြန်ဖြစ်သွားလို့တဲ့ ကဲ ကြည့်ဦး၊ အဲလိုပါဆို။                          မဒီလေးက သူ့မမ တွေနဲ့အတူ ကာတွန်းကားအတူကြည့်နေရင်း မူလန်လေး တစ်ခုခု ဖြစ်တာနဲ့ကို ငိုနေတော့တာပါနော်။ ပြီးတော့ မူလန်လေး ဘာမှမဖြစ်ပဲ ထပ်ငိုပြန်ရော ၊ မေမေနန္ဒာလှိုင်က သမီးရယ် ဘာဖြစ်လို့ ငိုပြန်ပြီလဲဆိုတော့ မူလန်ငိုလို့တဲ့လေ။ တကယ့်ကို ကာတွန်းကားထဲမှာ စိတ်နှစ်ပြီး ကြည့်တတ်တဲ့ မဒီလေးပဲနော်။ အကယ်ဒမီ မင်းသမီးကြီးရဲ့ သမီးလေးလို့ မပြောရဘူး၊ အိုက်တင်ကလည်း အမျိုးမျိုး ချစ်ဖို့ကောင်းအောင် လုပ်တတ်လိုက်တဲ့ ကလေးလေးပါပဲ။ ကြည့်နေရင်းသူကြောက်လို့တဲ့ သူ့မမက သူ့အနားသွားနေပေးရသေးတာပါ။ မဒီလေးဘယ်လိုတွေ ချစ်ဖို့ကောင်းနေလဲဆိုတာကို မေမေနန္ဒာလှိုင်က တစ်ခြားသူတွေပါ...

၃ နှစ်ပြည့်မင်္ဂလာချစ်သက်လက်ဆောင်အဖြစ် စန္ဒယားကြီး လက်ဆောင်ရလိုက်တဲ့ မိုးယုစံ

သရုပ်ဆောင်မိုးယုစံဟာဆိုရင် ခင်ပွန်းဖြစ်သူ စွမ်းသူမိုးနဲ့ မင်္ဂလာဆောင်ခဲ့တာ အခုဆိုရင် ၃ နှစ်ပြည့် နှစ်ပတ်လည်ကိုတောင် ရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။ ၃နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အချိန်မှာတော့ သားလေးတစ်ယောက်နဲ့ ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ အခုလည်း သူမရဲ့ ခင်ပွန်းက ၃ နှစ်ပြည့် မင်္ဂလာ ချစ်သက်လက်ဆောင်အနေနဲ့ စန္ဒယား လှလှလေးတစ်လုံး လက်ဆောင် ဝယ်ပေးခဲ့ပါတယ်တဲ့။ သူမက သူမရဲ့ ဖေ့ဘုတ်မှာ ချစ်ယောက်ကျားရဲ့ Anniversary Present ဆိုပြီး တင်ခဲ့တာဖြစ်ပြီး မင်္ဂလာနှစ်ပတ်လည်ညမှာလည်း သူမရဲ့ မိသားစုဝင်တွေနဲ့ပဲ ရိုးရိုးရှင်းရှင်း ညစာသွားစားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ မိုးယုရဲ့ သားရေရတု နှစ်ပတ်လည်လေးမှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလေးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Writer – YLLT ( CEle Star )

ဘကကျောင်းက ကလေးငယ် ၁၀၀ ကို ငွေကျပ် ၅ သိန်း အကုန်ခံပြီး ကစားကွင်းပို့ပေးခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်ကတော့ သဒ္ဓါတရား ရက်ရောသူတစ်ဦးဖြစ်ပြီး အလှူအတန်းများလည်း မကြာခဏ ပြုလုပ်လေ့ရှိသူပါပဲ။ အခုလည်း သူမရဲ့ ခင်ပွန်းဖြစ်သူကိုပြည့်မောင်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ အလှူပေါင်းများစွာ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် ဘက ကျောင်းက ကလေးငယ် ၁၀၀ ကို ကစားကွင်းမှာ ရေကစားပြီး ပျော်ရွှင်စေခဲ့တာဖြစ်ပါတယ်။ ကလေးတစ်ဦးကို ဝင်ကြေး ၅၀၀၀ ကျသင့်တာဖြစ်တဲ့အတွက် ဝင်ကြေးတင်ပဲ ကျပ် ၅သိန်း ကျသင့်ခဲ့တာပါ။ ကလေးငယ်အများကြီးကို ဒီလို ကစားကွင်းမှာ တစုတစည်းတည်း ကစားစေဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် စမိုင်းလ်ရဲ့ ကလေးတွေကို ပျော်စေလိုတဲ့စိတ်က ကလေးတွေအများကြီး အဆင်ပြေပြေဖြစ်စေခဲ့တာလို့ ပြောရမှာပါ။ ဒါ့အပြင် မနက်ဖြန်နေ့လည် ၁၂ နာရီအချိန် ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် စတုဒီသာကျွေးဦးမှာ ဖြစ်ပြီး ည ၆ နာရီ အချိန် ရွှေတိဂုံစေတီမှာပဲ ဆီမီး ၁ သောင်း ပူဇော်ပွဲကိုလည်း...

ဘုရားရှိခိုးပြီး ကုသိုလ်ယူနေတတ်ပြီဖြစ်တဲ့ ဂျူနီယာမြင့်မြတ်လေး

သရုပ်ဆောင်မြင့်မြတ်ရဲ့ သားသားလေး ဂျူနီယာမြင့်မြတ်လေး မြတ်သူကတော့ ဘုရားရှိခိုးတတ်နေပြီဖြစ်ပြီး ဘုရားရှိခိုးကုသိုလ်တွေကို ကောင်းကောင်း ရယူတတ်နေပါပြီနော်။ အေးချမ်းအောင်မြင် အုတ်ခွက်ဘုရားကို သူလေးက သေချာစနစ်တကျ ကန်တော့နေတာလေးက မြင်သူတိုင်း စိတ်ကြည်နူးချမ်းမြေ့ပြီး ချစ်ခင်သွားကြမှာပဲ ဖြစ်ပါတယ်။ ဂျူနီယာမြင့်မြတ်လေး ဒါမှမဟုတ် ဂျင်းကောင်ပေါက်စလေးလို့ ချစ်စနိုးခေါ်ဝေါ်လေ့ရှိကြတဲ့ မြတ်သူလေးက ငယ်ငယ်တည်းက အရမ်းလိမ္မာတဲ့ ကလေးလေးဖြစ်ပြီး သူ့ဖေဖေမြင့်မြတ် ရှုတင်သွားနေလို့ မအားရင်လည်း ဦးလေး တီတီတွေနဲ့ ငြိမ်ငြိမ်လေး နေတတ်သူလည်း ဖြစ်ပြန်ပါတယ်။ ကဲ ပရိသတ်ကြီးကရော ဂျူနီယာမြင့်မြတ်လေး မြတ်သူကို ချစ်တယ်ဆိုရင် တစ်ခုခုပြောပေးသွားပါဦး။ Writer – YLLT ( Cele Star )

G Fatt က Vocal Guide လုပ်ပေးထားပြီး ၁ နာရီအတွင်း ကြည့်ရှုသူ ၁သိန်းနီးပါး ရှိခဲ့တဲ့ နန်းဆုရဲ့ သီချင်းသစ်လေး

နန်းဆုရတီစိုးရဲ့ သေလို့ရတယ် သီချင်းလေးက ဒီနေ့မှာ ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ Page မှာ တင်ခဲ့တာဖြစ်ပြီး ဒီသီချင်းကို G Fatt က အသံပိုင်းဆိုင်ရာ Vocal Guide လုပ်ပေးထားတယ်လို့ သိရပါတယ်။ နန်းဆုက “တကယ်အရမ်းချစ်ကြပေမယ့်လည်း အကြောင်းတစ်ခုခုကြောင့် ခွဲခွာရတဲ့အခါ နှစ်ဦးစလုံး နာကျင်ခံစားရတာခြင်းတူပေမယ့် အမှတ်တရတွေကို မမေ့ဖျောက်နိုင်ဘဲ အမြဲအမှတ်ရနေတဲ့သူက ပိုနာကျင်ခံစားရပါတယ်…  တစ်ချို့အမှတ်တရတွေက နာကျင်စွာနဲ့အမြဲအမှတ်ရနေဖို့အတွက် ထိုက်တန်ချိုမြိန်လွန်းလှပါတယ် … ” လို့ဆိုပြီး ဒီသီချင်းလေးကို တင်လိုက်တာပါ။ ဒီသီချင်း MTV လေးထဲမှာ “သူစိမ်းအိမ်” ဇာတ်ကားထဲက မင်းသားလေး ရှိန်းတင်ထူး နဲ့ နန်းဆု တို့ သရုပ်ဆောင်ထားတာဖြစ်ပြီး မောင်လေးနဲ့ မမ အလွမ်းဇာတ်လေးကို ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ တေးရေးကတော့ လတ်တလောမှာ အချစ်သီချင်းအေးအေးလေးတွေနဲ့ နာမည်ကြီးလာတဲ့ ဝေကြီးဖြစ်ပြီး ဒါရိုက်တာ ဖြိုးမင်းမြတ်က...

သက်မွန်မြင့်ရဲ့ စတိုင်ကိုအတုခိုးပြီး သရုပ်ဆောင်ပြလိုက်တဲ့ ခြူးလေး

MRTV 4 ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရလာတဲ့ သရုပ်ဆောင်ခြူးလေးက Tik Tok ဆော့ရတာကို ဝါသနာကြီးသူတစ်ယောက်ပါ၊ အခုလည်း သူမက သခင်ကြီးနဲ့ ငါးပိတို့စရာ ဆိုတဲ့ ဇာတ်ကားကြီးထဲက သက်မွန်မြင့်ရဲ့ သရုပ်ဆောင်ပုံအတိုင်း တသွေမတိမ်းတူအောင် လုပ်ပြလိုက်ပြန်ပါတယ်။ Tik Tok Queen စာရင်းဝင် ခြူးလေးအနေနဲ့ Tik Tok ဗီဒီယို အလန်းလေးတွေကို ပုံမှန်တင်လေ့ရှိပြီး ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်း သက်မွန်မြင့်ရဲ့ အိုက်တင်ကို လုပ်ပြလိုက်တာပါ။ သူမက သက်မွန်မြင့်ရဲ့ Fan တစ်ယောက်လည်း ဖြစ်ပါတယ်တဲ့။ သူမအနေနဲ့ သက်မွန်မြင့်ကို ချစ်လို့ အခုလို အိုက်တင်တူတူလိုက်လုပ်တာပါတဲ့နော်။ ခြူးလေးရဲ့ Tik Tok လေးကိုကြည့်ပြီး သူလုပ်ပြထားတာ သက်မွန်နဲ့တူမတူ တစ်ချက်လောက် ပြောပေးသွားပါဦး။ Writer – YLLT ( Cele Star )

လူပျိုကသိုးရုံတင်မကဘူး လွှင့်ပစ်ရမယ့်အဆင့်ရောက်သွားပါပြီဆိုတဲ့ ဝေဠုကျော်

လူပျိုကြီးတစ်ယောက်အနေနဲ့ ပရဟိတလုပ်ငန်းတွေကိုသာ ဆက်တိုက်လုပ်ဖြစ်နေတဲ့ သရုပ်ဆောင်ဝေဠုကျော်က သူ့အနေနဲ့ ဝါကျွတ်လည်း သူမကျွတ်နိုင်သေးပါဘူး၊ လူပျိုက သိုးရုံတင်မကဘူး လွှင့်ပစ်ရမယ့်အဆင့်တောင် ရောက်နေပါပြီလို့ ဆိုလိုက်ပါတယ်။ ဒီအချိန်က သူများတွေဖိတ်စာစကမ်းနေချိန်ဖြစ်ပေမယ့် ကျွန်တော်ကတော့ ဖိတ်စာ ဘယ်နားသွားရိုက်ရမှန်းတောင်မသိသေးပါဘူးတဲ့၊ ကျွန်တော့တစ်ဖက်က သေချာပြီးသားပါ၊ တစ်ခြမ်းမရှိသေးတာပါလို့ အရွှန်းဖောက်ပြီး ပြောခဲ့ပါတယ်။ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေက အိမ်ထောင်ကျသွားတဲ့အပေါ်မှာလည်း ခံစားရတယ်လို့ ဝေဠုကျော်က ပြောပါတယ်။ သူ့အနေနဲ့ ပရဟိတလုပ်နေတာကြောင့် သူ့ဒုက္ခကို ဘယ်သူမှခံနိုင်မှာမဟုတ်သလို သူ့အနေနဲ့ ပရဟိတကိစ္စပေါ်ပေါက်လာရင် မသွားပါနဲ့ ပြောရင် ပြဿနာတက်မှာ၊ တစ်ခုခုဖြစ်ရင် ကျွန်တော်လည်း နေနိုင်မှာမဟုတ်ဘူး၊ သွားချင်မှာ၊ ဒါကြောင့် ကျွန်တော်လုပ်နေတဲ့အလုပ်တွေကို ဘေးကမကူညီရင်တောင်မှ မတားတဲ့သူမျိုး လိုချင်ပါတယ်လို့ ဝေဠုကျော်က ရှင်းပြပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ မနုစာရီဇာတ်ကားနဲ့ ဘဏ်ဖောက်တဲ့ ဇာတ်ကားလေးတွေ ရိုက်ဖို့ရှိနေပြီး ကိုယ်ပိုင် မီဒီယာလေး တစ်ခုလည်း ထောင်ဖို့ ရှိတယ်လို့ ဝေဠုကျော်က...

ပြင်ဦးလွင်က ရွှံ့နွံ့တောလျှောက်လမ်းထဲမှာပျော်နေကြတဲ့ ခေတ်နဲ့ သစ်ရဲ့ ဗီဒီယိုလေး

ခေတ်လေးနဲ့ သစ်လေးကတော့ ဖေဖေလင်းလင်း၊ မေမေချစ်သုဝေတို့နဲ့အတူ ပြင်ဦးလွင်က ရွှံ့နွံတောလျှောက်လမ်းလေးထဲမှာ ပျော်နေကြပါတယ်နော်။ ဖေဖေလင်းလင်းနဲ့ မေမေချစ်သုတို့က သူတို့ဘယ်သွားသွား ခေတ်လေးနဲ့ သစ်လေး မပါသလောက်ပါပဲ။ အမြဲလို မိသားစုလိုက်အတူတူ ချစ်ခင်စွာ မြင်တွေ့ရတဲ့ သူတို့မိသားစုလေးက မြင်သူတိုင်း အားကျရလောက်တာပါ။ ချစ်သုဝေက သူတို့မိသားစု လေးယောက်အပြင် သူ့ရဲ့ မမ ချစ်ဆုဝေ၊ သူမရဲ့ မိခင်တို့ကိုလည်း တစ်ခါတစ်ရံ အတူခေါ်ပြီး လည်ပတ်တတ်သေးတာကိုလည်း တွေ့ရပါတယ်။ အခုလည်း ပြင်ဦးလွင်မှာ ရောက်နေတုန်း ခေတ်လေးနဲ့ သစ်လေးတို့က ရွှံ့နွံတောလျှောက်လမ်းလေးမှာ လျှောက်နေကြတဲ့ ဗီဒီယိုလေးကို ဖေဖေလင်းလင်းက တင်လိုက်တာပါ။ ဒီဗီဒီယိုလေးထဲမှာ ခေတ်လေးနဲ့ သစ်လေးရဲ့ ချစ်စဖွယ် အမူအရာလေးတွေကို မြင်တွေ့ရမှာပါနော်။ ခေတ် နဲ့ သစ်ကို ချစ်တဲ့သူတွေ ဒီဗီဒီယိုလေးကြည့်ပြီး အပျော်တွေ ကူးစက်နိုင်ကြပါစေ။ Writer – YLLT ( Cele...

အငြိမ့်ကလို့ရတဲ့ငွေထဲက အလှူငွေကျပ် သိန်း ၆၀၀ နီးပါး လှူဒါန်းခဲ့တဲ့ နှင်းဆီအဖွဲ့သားတွေ

နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်း နဲ့ မင်းမော်ကွန်းတို့ ပါဝင်ကပြခဲ့ကြတဲ့ နှင်းဆီလှေ အငြိမ့်ပွဲကနေ ရရှိတဲ့ ဝင်ငွေထဲကနေ အလှူငွေကျပ် သိန်း ၆၀၀ နီးပါး လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း ရင်တွင်းဖြစ် ဦးဆောင်တဲ့ (နှင်းဆီရင်ခွင်) လူမှုကူညီရေးဖောင်ဒေးရှင်းအနေနဲ့ သဘာဝဘေးဒဏ်ခံစားရသော ဒေသများ ပြန်လည်ထူထောင်ရေးအတွက်အလှူငွေသိန်း(၅၀၀) နှင့် စားသောက်ကုန်(၁၅)မျိုးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လှုဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားတွေအနေနဲ့ နှင်းဆီအငြိမ့်ပွဲကရတဲ့ဝင်ငွေကို အမြဲလို လှူဒါန်းလေ့ရှိတာဖြစ်ပြီး ယခုတစ်ကြိမ်မှာလည်း ပြီးခဲ့တဲ့ ရေဘေးဒဏ်ခံဒေသတွေအပြင် သဘာဝဘေးဒဏ်ခံစားရတဲ့ ဒေသတိုင်းအတွက် လှူဒါန်းလိုက်တာပဲ ဖြစ်ပါတယ်။ ယခုတစ်ကြိမ်ကပြခဲ့တဲ့ နှင်းဆီလှေအငြိမ့်မှာဆိုရင် ဖိလစ်ပိုင်နိုင်ငံသား Catwalk King Sinon ပုံစံ ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင်ထွန်းထွန်း နဲ့ အွန်လိုင်းဈေးသည်လေး ကိကိ ရဲ့ ပုံစံအတိုင်း လိုက်လုပ်ပြခဲ့တဲ့ သရုပ်ဆောင် နေတိုး...

ဒီနေ့မှာ အသက် ၃ လပြည့်သွားပြီဖြစ်တဲ့ ပိုးအိအိခန့်နဲ့ အောင်သူတို့ရဲ့ သားချောလေး

သရုပ်ဆောင်ပိုးအိအိခန့်နဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားအောင်သူတို့ရဲ့ သားငယ်လေး ကိုကိုး ကတော့ ဒီနေ့မှာ အသက် ၃လပြည့်သွားပါပြီတဲ့နော်။ မေမေ ပိုးအိအိခန့်က သူမရဲ့ ဖေ့ဘုတ်မှာ မေမေ့အသည်းနှလုံး ဖေဖေ့အသည်းတစ်တုတ်ကြီး ဒီနေ့ဆို ၃လပြည့်ပါပီ❤ Happy Birthday❤ ပါသားလေးရေ ၊ မေမေ့သားလေး ၃လပြည့်မွေးနေ့ကစပြီး အသက်ရှည်ကျန်းမာ ရိုးဖြောင့်စွာနဲ့ လူတော်လူကောင်း လူလိမ္မာလေးအဖြစ် နိုင်ငံအကျိုး သာသနာအကျိုး ဘိုးဘွားမိဘအကျိုးသယ်ပိုးနိုင်တဲ့သားရတနာလေးဖြစ်ပါစေလို့ မေမေတရေးနိုးထ နို့တိုက်ရင်း ဆုတောင်းပေးလိုက်ပါတယ် ” ဆိုပြီး ချစ်စဖွယ်ရေးသားထားပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး မင်္ဂလာပွဲကိုတော့ ၂၀၁၉ မတ်လထဲမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ သားလေး ကိုကိုးကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ဇူလိုင်လ မှာမွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ အသက် ၃လ တင်းတင်း ပြည့်မြောက်ခဲ့တာပါ။ ပရိသတ်တွေကတော့ သားလေးက...

x