Monthly Archive: February, 2020

အနယ်နယ်အရပ်ရပ်က လာရောက်တဲ့ အဘရဲ့သားသမီးတွေကို ရွှေတောင်ခေါက်ဆွဲနဲ့ အာဟာရဒါနပြုခဲ့တဲ့ လင်းဇာနည်ဇော်တို့ မိသားစု

သရုပ်ဆောင် လင်းဇာနည်ဇော်တို့သားအမိ နဲ့ အစ်မဖြစ်သူ ချစ်ချစ်ဇော်တို့ မိသားစုကတော့ အနယ်နယ်အရပ်ရပ်က လာရောက်ပြီး ရှိခိုးကြတဲ့ အဘရဲ့သားသမီးတွေကို ရွှေတောင်ခေါက်ဆွဲနဲ့ အာဟာရဒါနပြုခဲ့ပါတယ်။ တစ်မိသားစုလုံး အနုပညာမျိုးရိုးတွေဖြစ်တဲ့အလျှောက် သမီးဖြစ်သူ မြူလင်းကိုကိုကလည်း အနုပညာအလုပ်တွေလုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ လင်းဇာနည်ဇော်ဟာ သြစတြေးလျနိုင်ငံကိုသွားရောက်ပညာသင်ကြားနေတဲ့ သမီးဖြစ်သူကို မြန်မာနိုင်ငံကနေ ရက်တွေတွက်ပြီး လွမ်းဆွတ်နေရတဲ့ မိခင်တစ်ယောက်ပါ။ အမေတစ်ခု သမီးတစ်ခုဖြစ်နေတဲ့ဘဝမှာ သမီးလေးတစ်ယောက်တည်းကိုပဲ အဖော်လုပ်ပြီး နေနေရတဲ့ လင်းဇာနည်ဇော်ကို သမီးဖြစ်သူ မြူလင်းကိုကိုကလည်း အသက်တမျှ ချစ်မြတ်နိုးရိုသေတာတွေ့ရပါတယ်။ ယနေ့ နံနက်ပိုင်းက ဝေဇယန္တာလမ်းမကြီးပေါ်မှာရှိတဲ့ အဘအောင်မင်းခေါင်ရဲ့ အောင်ဓာတ်ခန်းကြီးမှာ ယောက်ကော်ဆရာလေးဦးဆောင်ပြီး ပြုလုပ်တဲ့ အနယ်နယ်အရပ်ရပ်မှ သားတပည့်များက အတူတကွ ဘုရားရှိခိုး၊ မေတ္တာပို့ အမျှဝေခြင်းတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ လင်းဇာနည်ဇော်တို့မိသားစုက အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့ အဘရဲ့သားသမီးတွေအတွက် ရွှေတောင်ခေါက်ဆွဲနဲ့ နံနက်စာ အာဟာရဒါနပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ သမီးလေးနဲ့အတူ အလှူအတန်းတွေပြုလုပ်နေကြတဲ့ ပုံရိပ်လေးတွေကိုလည်း လင်းဇာနည်ဇော်က...

၃၈၅ သိန်းတန် Lexus ကားကြီးနဲ့ တန်ခွန်ကျော်ကို Surprise လုပ်ခဲ့ကြတဲ့ ပရိသတ်များ

တန်ခွန်ကျော်က အင်မတန်ကံကောင်းတဲ့ အဆိုတော်တစ်ဦးလို့ပြောရမှာပါ။ သူ့ကို အမာခံအားပေးတဲ့ ချစ်တဲ့ ပရိသတ်တွေရရှိထားတာပါ။ ယခုနောက်ဆုံးကျင်းပသွားတဲ့ မြန်မာအိုင်ဒေါ Season-4 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ တန်ခွန်ကျော်ဟာ ပရိသတ်အားပေးသူ အရေအတွက် ဘယ်လောက်တောင်များလဲဆိုရင် Wild Card နဲ့ပြန်ခေါ်တဲ့အချိန်မှာတောင် Wild Card Winner အဖြစ် ပြိုင်ပွဲကို ပြန်လည်ရောက်ရှိလာရတဲ့ သူတစ်ဦးပါ။ နာဂတိုင်းရင်းသားလေးတစ်ဦးဖြစ်တဲ့ တန်ခွန်ကျော်ဟာ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကတဆင့် ဂီတလောကထဲကို အခြေချဖို့ ဝင်ရောက်လာခဲ့တာပါ။ ပရိသတ်တွေက တန်ခွန်ကျော်ကို ဘယ်လောက်တောင် ချစ်ကြသလဲဆိုရင် Fan Meeting မှာ တန်ခွန်ကျော် အတွက် မြန်မာငွေကျပ် ၃၈၅ သိန်းတန်ဖိုးရှိတဲ့ Lexus မော်တော်ကားကြီးကို တန်ခွန်ကျော်အတွက် ဝယ်ပေးခဲ့ကြတာပါ။ တန်ခွန်ကျော်က သူ့ပရိသတ်တွေရဲ့ အားပေးကြမ်းချက်ကြောင့် ဒီထက်ပိုပြီးအများကြီးကြိုးစားသွားမယ်လို့လည်း ပြောထားပါတယ်။ တန်ခွန်ကျော်တစ်ယောက် သူလျှောက်လှမ်းရမယ့် အနုပညာလမ်းပေါ်မှာ ချောမွေ့အဆင်ပြေစွာနဲ့ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ Writer-YS,Cele...

မြန်မာ့ရိုးရာဓလေ့ ထမနဲထိုးပွဲကို အားမာန်အပြည့်နဲ့ ပါဝင်ဆင်နွှဲခဲ့တဲ့ Sinon

ဖိလစ်ပိုင် Catwalk မော်ဒယ် Sinon က မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းစဉ်လာဖြစ်တဲ့ ထမနဲထိုးပွဲကို အပြိုင်ဆင်နွှဲခဲ့ပါတယ်။ မြန်မာနိုင်ငံက သဘာဝအလှတွေကို ထုတ်ဖော်ပေးတတ်လေ့ရှိပြီး မြန်မာနိုင်ငံကိုလည်းချစ်မြတ်နိုးတဲ့ Sinon က မြန်မာနိုင်ငံမှာ Fan ပေါင်းမြောက်မြားစွာကို ရရှိထားသူပါ။ မြန်မာနိုင်ငံရဲ့ သဘာဝလှပမှုတရားတွေကို သူ့ထဲမှာရှိတဲ့ နိုင်ငံတကာက ပရိသတ်တွေသိအောင် မိတ်ဆက်ပြောပြပေးတတ်တာကြောင့် မြန်မာပရိသတ်တွေက Sinon ကိုပါ တန်ဖိုးထားကြတာပါ။ Sinon ဟာ မြန်မာ့ပတ်ဝန်းကျင်လှပမှုအတွက်လည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ သူကိုယ်တိုင်လှုံ့ဆော်တဲ့သူအဖြစ် ရပ်တည်နေထိုင်ပါတယ်။ ငယ်စဉ်တည်းက မိဘမဲ့တစ်ယောက်အဖြစ် ခက်ခဲစွာကြီးပြင်းရှင်သန်လာရသူဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေတဲ့ ချို့တဲ့နေသူတွေကို တွေ့ရှိရင်လည်း အမြဲကူညီပေးဖို့ ကြိုးစားတဲ့ Sinon ရဲ့စိတ်ဓာတ်လေးကြောင့် Sinon ကို ကလေးကအစ လူကြီးအထိ ချစ်ခင်အားပေးကြတာပါ။ တပို့တွဲလရဲ့ ထမနဲထိုးပြိုင်ပွဲဟာ မြန်မာတွေရဲ့ချစ်စရာကောင်းတဲ့ ဓလေ့ထုံးတမ်းစဉ်လာလေးတစ်ခုဖြစ်ပါတယ်။ ဒီလလေးမှာ အနယ်နယ်အရပ်ရပ်ကရှိကြတဲ့ ကျောင်း၊ ဌာနဆိုင်ရာ လူမှုအဖွဲ့အစည်းတော်တော်များများက...

ဇနီးမောင်နှံ နှစ်ယောက်လုံး မျက်လုံးတွေတူနေရတဲ့အကြောင်းရင်းကို ပြောပြလာတဲ့ ရွှေထူး

ဂီတလောကက အဆိုရှင်နဲ့ အနုပညာနယ်ပယ်က သရုပ်ဆောင် မင်းသမီးလေးတို့ ပေါင်းဖက်ကြတဲ့ အချစ်ဇာတ်လမ်းတွေထဲမှာ ရွှေထူးနဲ့ ရွှေမှုံရတီတို့လည်း အပါအဝင်ပါ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ အသက်အရွယ်အရ အလွန်ငယ်ရွယ်သေးပေမယ့် အနုပညာလောကထဲမှာတော့ လျှမ်းလျှမ်းတောက် အောင်မြင်နေကြပြီဖြစ်တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ နှစ်ဦးလုံးဟာ အဆိုနဲ့ သရုပ်ဆောင်ပိုင်းကိုပါ ကျွမ်းကျင်ကြသူတွေဖြစ်တာတွေ့ရပါတယ်။ ရွှေထူးရဲ့ ဒုတိယဇာတ်ကားဖြစ်တဲ့ ဧည့်သည်ဇာတ်ကားမှာ ရွှေမှုံရတီနဲ့ ပထမဆုံး ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ ရွှေထူးရေးပေးထားတဲ့ သီချင်းနဲ့ ရွှေမှုံရတီက ဂီတလောကမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြန်ပါတယ်။ ရိုလို့ ချစ်ကြတာမဟုတ်ဘဲ ချစ်လွန်းလို့ ရိုကြသူတွေထဲမှာ ရွှေနှစ်ရွှေဇနီးမောင်နှံလည်း ပါဝင်ခဲ့ပါတယ် ချစ်သူ ရည်းစားတွေ သို့မဟုတ် ဇနီးမောင်နှံတွေဟာ တွဲလာတဲ့အချိန်ကြာလာတာနဲ့အမျှ ရုပ်ရည်ချင်းဆင်တူလာတတ်ကြပါတယ်။ ရွှေမှုံရတီတို့ ဇနီးမောင်နှံကလည်း သူတို့ မျက်လုံးလေးတွေ ဆင်တူလာကြောင်းကို ပုံတင်ပြီးတော့ သက်သေပြခဲ့ပါတယ်။ ရွှေထူးက ဘာကြောင့်မို့ သူတို့နှစ်ယောက် မျက်လုံးချင်းဆင်တူနေရတာလဲဆိုတဲ့အကြောင်းပြချက်ကို ပြောပြခဲ့ပါတယ်။ ရွှေထူးပြောလိုက်တဲ့စကားလေးကတော့...

ညီအစ်မသုံးဖော်လို သမီးလေး နှစ်ယောက်နဲ့ အပြိုင်ကစားခဲ့တဲ့ ချစ်သုဝေ

မေမေချစ်သုဝေက သမီးလေး နှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ် တို့နဲ့အတူ ညီအစ်မတွေလို ကစားကွင်းထဲမှာ ဆော့ကစားခဲ့တာပါ။ သူမနဲ့တူတဲ့ သမီးလေးတွေရထားတာကြောင့် ချစ်သုဝေတစ်ယောက် ဘုရားကပေးတဲ့အကောင်းဆုံး ဆုလာဘ်တွေထဲက တစ်ခုကို ရရှိထားတာဆိုရင်လည်း မမှားပါဘူး။ သမီးလေးတွေကို ကိုယ်တိုင်ပြုစုစောင့်ရှောက်ပြီး သူမရဲ့သွန်သင်မှုတွေနဲ့အတူ ရင်အုပ်မကွာစောင့်ရှောက်နေသူပါ။ စင်ကာပူကို ကျန်းမာရေးကိစ္စနဲ့ ခရီးထွက်သွားတဲ့ ချစ်သုဝေက သမီးလေးတွေနဲ့ရက်အတော်ကြာခွဲခွာနေခဲ့ရတာကြောင့် ပြန်လည်ဆုံတွေ့ချိန်မှာ သမီးလေးတွေကို အချိန်ပေးပြီး ချစ်ပေးနေတာတွေ့ရပါတယ်။ သမီးလေးတွေနဲ့အတူ ဆံပင်ပုံစံတူ ညှပ်ခဲ့ပြီးတော့ ဖေဖေလင်းလင်းကိုလည်း အားကျမခံ ကြွားခဲ့ပါသေးတယ်။ ချစ်သုဝေက သမီးလေး နှစ်ယောက်မွေးထားတာ သူမအတွက်တော့ ညီအမတွေရလာသလိုပဲလို့ဆိုပါတယ်။ သမီးလေးတွေနဲ့အတူ ကစားကွင်းမှာ အပြိုင်ဆော့ရင်း ညီအစ်မသုံးဖော်ဖြစ်နေတဲ့ သူတို့ကို ခင်ပွန်းဖြစ်သူက ကလေးထိန်းခိုင်းရမယ်လို့ ရွှတ်နောက်နောက်ရေးသားခဲ့ပါတယ်။ ပရိသတ်တွေကတော့ သမီးလေးတွေနဲ့အပြိုင်ဆော့နေတဲ့ ချစ်သုဝေကို ကြည့်ပြီး သဘောတွေကျနေကြတာပါ။ ကဲ…ဒီညီအစ်မ သုံးဖော် ဘယ်လို ဆော့ကစားနေကြလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ Writer-YS,Cele Star

ချစ်သူရဲ့ မွေးနေ့ကို နောက်ဆုံးပေါ် အိုင်ဖုန်းနဲ့ Surprise လုပ်ပေးခဲ့တဲ့ ရဲနောင်

အဆိုတော် ရဲနောင်က သူ့ရဲ့ ချစ်သူ ဖြူဖြူဖွေးဖွေး ကောင်မလေးရဲ့ မွေးနေ့ကို Surprise လုပ်ပေးခဲ့ပါတယ်။ မြန်မာအိုင်ဒေါပြိုင်ပွဲကနေတဆင့် လူသိများလာတဲ့ ရဲနောင်ဟာ Season-2 က ပြိုင်ပွဲဝင်တစ်ဦးပါ။ ပရိသတ်အားပေးမှု ဗုတ်တင်တွေ ကြောက်ခမန်းလိလိ ရခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးလို့ပြောရင်လည်း မမှားပါဘူး။ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးပြီးဆုံးသွားတဲ့နောက် ဂီတလောကထဲကို ခြေချဝင်ရောက်လာခဲ့တဲ့ ရဲနောင်ဟာ ချာလီဆိုတဲ့ တစ်ကိုယ်တော်အခွေလည်းထွက်ရှိပြီးသွားခဲ့ပါပြီ။ အချစ်ရေးနဲ့ပတ်သက်ရင်တော့ ဆိတ်ဆိတ်နေခဲ့ပေမယ့် သူ့ရဲ့ ချစ်သူဟာ သူ့လိုမဟုတ်ဘဲ အသားအရမ်းဖြူတယ်လို့ မီဒီယာတွေအင်တာဗျူးမှာ မကြာခဏပြောပြဖူးပါတယ်။ ရဲနောင်ကတော့ ခုဆိုရင်သူ့ရဲ့ချစ်သူကောင်မလေးရဲ့ မွေးနေ့ကို နောက်ဆုံးပေါ် iPhone 11 Pro နဲ့ Surprise လုပ်ရင်း ပရိသတ်တွေကို ချပြလိုက်တာဖြစ်ပါတယ်။ ချစ်သူကောင်မလေးအတွက် မွေးနေ့ဆုတောင်းကိုလည်း ခုလိုပဲတောင်းထားပေးပါသေးတယ်။ “မွေးနေ့မှာ ပျော်ရွှင်ပါစေ ခေးလေး…🎂🎂❤️❤️အခက်အခဲတွေ စိတ်ညစ်စရာ တွေ့တိုင်းအနားမှာအမြဲရှိခဲ့ပေးလို့ ကျေးဇူးပါခေးလေး ..ကတိမတည်တဲ့ မသူတော်တွေနဲ့ဝေးပီး ကတိတည်တဲ့သူတော်ကောင်းတွေနဲ့ပဲတွေ့ဆုံပါစေ .....

မမဖွေးဖွေးနဲ့ မေမေ ဘယ်သူပိုချောလဲဆိုတဲ့ မေးခွန်းကို မလိမ်ဘဲ ရှင်းရှင်းလေး ဖြေလိုက်တဲ့ ထိပ်ထားသခင်

ပရိသတ်တွေရဲ့ အသည်းလေး ထိပ်ထားသခင်က သူမက လိမ်တတ်တဲ့သူမဟုတ်ဘူးလို့ ဆိုပါတယ်။ စကားတတ်လွန်းလို့ ပရိသတ်တွေ ချစ်တာခံရပြီး အားပေးကြတဲ့ ထိပ်ထားသခင်တစ်ယောက် ခုဆိုရင်ကြော်ငြာတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေကိုပါ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ ပွဲတက်တွေမှာလည်း ဖိတ်ကြားခံနေရတဲ့ ထိပ်ထားသခင်က အနုပညာလောကထဲကို ကလေးသရုပ်ဆောင်တစ်ဦးအနေနဲ့ စတင်ဝင်ရောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက်ငယ်သေးပေမယ့် ဝါရင့်အနုပညာရှင်တွေနဲ့ တွဲဖက်ပြီးသရုပ်ဆောင်နေရပြီဖြစ်တဲ့ ထိပ်ထားသခင်လေးကို ပရိသတ်တွေကလည်း တခဲနက်အားပေးနေကြတာပါ။ ဖွေးဖွေးပေါက်စလေးလို့ တင်စားရလောက်အောင် ဖွေးဖွေးငယ်စဉ်က ရုပ်လေးနဲ့တူတာကြောင့်လည်း ဖွေးဖွေးက အချစ်ပိုနေရတာပါ။ မိခင်ဖြစ်သူကို သူမရဲ့ စကားလုံးကြွယ်ဝမှုတွေနဲ့ ချော့တဲ့နေရာမှာထိပ်ထားသခင်က ဆရာတစ်ဆူပါပဲ။ ထိပ်ထားသခင်က သူမမိခင်မေးတဲ့မေးခွန်းကြောင့် အနည်းငယ်အကြပ်ရိုက်ခဲ့တယ်လို့ထင်ရပါတယ်။ ထိပ်ထားလေးရဲ့ မေမေက သူမဟာလိမ်တတ်သူတစ်ယောက်မဟုတ်ဘူးဆိုတဲ့အတွက်ကြောင့် မေးခွန်းတစ်ခုကို မှန်မှန်ဖြေဆိုခိုင်းခဲ့ပါတယ်။ သရုပ်ဆောင် မမဖွေးဖွေးနဲ့ မိခင်ဖြစ်သူ သူမ ဘယ်သူပိုချောလဲဆိုတဲ့ မေးခွန်းကို ထိပ်ထားသခင်က အဖြေပေးခဲ့ရတာပါ။ ကဲ…ထိပ်ထားလေး ဘယ်လိုဖြေမလဲဆိုတာ ပရိသတ်ကြီး ကြည့်ကြည့်လိုက်ပါဦးနော်။ Writer-YS,Cele Star

ဂျပန်ထုတ်လုပ်သူက ကြိုက်လွန်းလို့ ဓာတ်ပုံရိုက်ယူသွားခဲ့ရတဲ့ ကျော်သူရဲ့ ဂျပန် တက်တူး

ကျော်သူကတော့ ဂျပန်ထုတ်လုပ်သူနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့အခိုက်အတန့်မှာ ထုတ်လုပ်သူကိုယ်တိုင်က ကြိုက်လွန်းလို့ သူ့ရဲ့ တက်တူးလေးကို ဓာတ်ပုံရိုက်ယူသွားခဲ့တယ်လို့ဆိုပါတယ်။ တစ်ခေတ်တစ်ခါက မှတ်တိုင်တစ်ခုစိုက်တည်လို့ရအောင် အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် မင်းသား ကျော်သူက ပရဟိတမင်းသားတစ်ဦးလည်းဖြစ်ပါတယ်။ နာရေးကူညီမှုအသင်းကြီးကို တည်ထောင်ထားပြီးတော့ ဥက္ကဌတစ်ဦးဖြစ်တဲ့ ကျော်သူဟာ လွန်ခဲ့တဲ့ နှစ်အတော်များများမှာ မေတ္တာတရားဖြင့် အလောင်းသယ်တဲ့ အလုပ်ကို တစိုက်မတ်မတ်လုပ်လာခဲ့တာဖြစ်ပါတယ်။ ဦးကျော်သူဆီကို ဂျပန်ကထုတ်လုတ်သူတစ်ဦးက လာရောက် တွေ့ဆုံပြီး မြန်မာ့လက်ဝှေ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ထိုဇာတ်ကားအတွက် တွေ့ဆုံဆွေးနွေးနေစဉ်မှုပြုလုပ်နေစဉ်မှာပဲ သူ့ရဲ့ လက်မှာထိုးထားတဲ့ ဂျပန်တက်တူးကို ကြိုက်လို့ ဝမ်းသာအားရနဲ့ ဓါတ်ပုံရိုက်ယူသွားခဲ့တယ်လို့ ကျော်သူက ဆိုပါတယ်။ “ဂျပန်ထုတ်လုပ်သူ Hidekl Matsushita တို့အဖွဲ့မှ မြန်မာ့လက်ဝှေ့ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရန်အတွက်လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ သရုပ်ဆောင်ရွေးချယ်မှုအား ပထမခြေလှမ်းအဖြစ် မကြာမီစတင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်းသတင်းပါးအပ်ပါသည်။ ဆွေးနွေးမှုပြုစဉ် ကျွန်တော်၏လက်တွင်ထိုးထားသည့် Japan Tattoo အားမြင်တွေ့သွားပြီး ၀မ်းသာအားရဓါတ်ပုံရိုက်ယူသွားပါသည်။” ကျော်သူက ဂျပန်ထုတ်လုပ်သူနဲ့ ရိုက်ကူးမယ့်...

သစ်တံခါးဆရာတော်ကို လှူဖွယ်ပစ္စည်းတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့တဲ့ ချစ်ချစ်တုန်

အာဇာနည်နဲ့ ဝမ်းတို့ရဲ့ သားလေး ချစ်ချစ်တုန်က ဖခင်ဖြစ်သူ အာဇာနည်ရဲ့ မွေးနေ့လေးမှာ သစ်တံခါးဆရာတော်ဘုရားကြီးကို လှူဖွယ်ပစ္စည်းတွေနဲ့ လှူဒါန်းခဲ့ပါတယ်။ နာမည်နဲ့လိုက်အောင် တုန်နေအောင် ချစ်ဖို့ကောင်းလွန်းတဲ့ ချစ်ချစ်တုန်က ဖေဖေ၊မေမေတို့နဲ့အတူ အလှူအတန်းတွေပြုလုပ်ခဲ့တာပါ။ အာဇာနည်ဟာ သားလေး နှစ်ဦး ထွန်းကားပိုင်ဆိုင်ထားတာပါ။ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်လို့ အမည်ရတဲ့ချစ်စရာကောင်းတဲ့ သားလေး နှစ်ယောက်ရဲ့ ပရိသတ်တွေက ခုငယ်စဉ်တည်းက ရှိနေကြပါပြီ။ ငယ်ပေမယ့် အလိုက်သိပြီး နားလည်လွန်းတဲ့ ချစ်ချစ်တုန်အကြောင်းတော့ ပရိသတ်ကြီးသိပြီးကြမှာပါနော်။ ချစ်ချစ်တုန်က ဖခင်ဖြစ်သူ အာဇာနည်ရဲ့ မွေးနေ့မှာ သစ်တံခါးဆရာတော်ဘုရားကြီးကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့တာပါ။ ချစ်ဖို့ကောင်းလွန်းတဲ့ ချစ်ချစ်တုန်ကို သစ်တံခါးဆရာတော်ကြီးက သဘောတွေကျပြီး ချစ်နေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်ပါတယ်။ Writer-YS,Cele Star

မယ်စကြာဝဠာမြန်မာ ၂၀၂၀ ပြိုင်ပွဲကြီးကို ဟားခါးမြို့ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် အဆိုတော် မေ ရဲ့ ညီမလေး သူဇာဝင့်လွင်

သရုပ်ဆောင်နှင့် အဆိုတော် မေ ရဲ့ ညီမလေးဖြစ်သူ အလှမယ်သူဇာဝင့်လွင်ကို သိပ်မကြာခင် မယ်စကြာဝဠာမြန်မာရဲ့ စင်မြင့်ထက်မှာ တွေ့မြင်နိုင်တော့မှာပဲဖြစ်ပါတယ်။ သရုပ်ဆောင်ဖြစ်ရုံတင်မက Cover Song တွေနဲ့ ပရိသတ်တွေကြား ရေပန်းစားလာတဲ့ မေ ဟာ မကြာသေးခင်က သူမအကောင်းဆုံးပုံဖော်ထားတဲ့ Good Bye ဆိုတဲ့ MTV လေးထွက်ရှိထားတာဖြစ်ပါတယ်။ ဒီ MTV ထဲမှာ သူမရဲ့ ပြင်ပဆံပင်အစစ်ကို ညှပ်ချပြီး ကတုံးတုံးပြခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာ ကျင်းပပြုလုပ်တော့မယ့် မယ်စကြာဝဠာအလှမယ်ပြိုင်ပွဲကြီးမှာ သရုပ်ဆောင် မေ ရဲ့ ညီမဖြစ်သူ သူဇာဝင့်လွင်က ဟားခါးမြို့ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မှာပဲဖြစ်ပါတယ်။ အလှမယ် သူဇာဝင့်လွင်ဟာ ၂၀၁၉ ခုနှစ် Miss Universe Hakha ရဲ့ သရဖူဆုကို ရရှိခဲ့တာဖြစ်ပြီးဟားခါးမြို့ရဲ့ ကိုယ်စားပြုပြီးတော့ Miss Universe Myanmar ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိတော့မှာပါ။ အသက်...

x