Monthly Archive: January, 2020

ဒေါင်း၊ ပိုင်ဖြိုးသုတို့နဲ့အတူ ရုပ်ရှင်ရိုက်တော့မယ့် အေးမြဖြူ

မြန်မာအိုင်ဒေါလ် Season 4 ပြိုင်ပွဲမှာ ဆုမရရှိခဲ့ပေမယ့် ပရိသတ်က ဆုရရှိစေချင်ကြသူလေးဖြစ်တဲ့ အေးမြဖြူကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက်ပါ ကမ်းလှမ်းမှု ရရှိနေပြီဖြစ်ပါတယ်။ သူမက မြန်မာအိုင်ဒေါလ် Winner ဖြစ်မသွားတဲ့အတွက် စာချုပ်မရှိတာက အားသာချက်ဖြစ်သွားတယ်လို့ပဲ ပြောရမလိုပါပဲ။သူမက အခုဆိုရင် တော်ဝင်မင်းသားရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် **ချစ်ခင်စမှော်ရုံ** ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ဒါရိုက်တာကတော့ ဏကြီးပါတဲ့။ ကဲ အေးမြဖြူလေးရဲ့ ပရိသတ်တွေကတော့ ဒီဇာတ်ကားကြီးမှာ သူလေး ဘယ်အခန်းကနေ ပါဝင်သရုပ်ဆောင်မယ်ဆိုတာကို သိချင်နေကြမှာပေါ့နော်။ Writer – YLLT(Cele Star)

လက်မှတ်မရောင်းရလို့ ရှုံးမလိုဖြစ်နေတဲ့ ကင်ဆာရောဂါသည်မီးမီးခဲရဲ့တစ်ကိုယ်တော်ရှိုးပွဲလေး

အဆိုတော်မီးမီးခဲဟာ ရင်သားကင်ဆာရောဂါအပါအဝင် ကင်ဆာရောဂါတော်တော်များများကို အန်တုခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်ထိလည်း ကင်ဆာရောဂါက အရှင်းပျောက်ကင်းသွားတာမဟုတ်ပဲ ထိန်းထားဆဲအဆင့်သာဖြစ်တယ်လို့ သိရပါတယ်။ သူမက သြစတြေးလျနိုင်ငံမှာ နေထိုင်နေတာဖြစ်ပြီး လတ်တလောမှာတော့ မြန်မာပြည်ကို ခဏအလည်ပြန်လာပြီး သူမတသက်တာမှာ အလုပ်ချင်ဆုံး၊ အဖြစ်ချင်ဆုံး သူမရဲ့ Solo Show ပွဲလေး ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ရှိုးပွဲမှာ သူမနဲ့ ခင်ပွန်းဟောင်း ထူးအယ်လင်းတို့ ရရှိခဲ့တဲ့ သမီးလေး ဘားဘီကလည်း ပါဝင်သီဆိုပေးမယ်လို့ သိရပြီး ဘားဘီလေးက လက်ရှိအချိန်မှာ အသက် ၁၀ နှစ်ရှိနေပါပြီ။ မီးမီးခဲရဲ့ ရှိုးပွဲလက်မှတ်တွေကို ကျပ်ငါးသောင်း၊ သုံးသောင်း၊ နှစ်သောင်း အဖြစ်သတ်မှတ်ရောင်းချပေးနေပေမယ့် ရှိုးပွဲ ၅ရက်အလို အချိန်အထိ လက်မှတ် ၂၀၀ သာရောင်းချခဲ့ရတယ်လို့ မီးမီးခဲက ဆိုထားပါတယ်။ ဒီနေ့ ရှိုးပွဲ ၂ရက်သာအလိုမှာလည်း လက်မှတ်တွေအများကြီး ကျန်ရှိနေသေးတာကြောင့် မီးမီးခဲအနေနဲ့ သိန်းရာချီအကုန်ခံထားတဲ့...

နှစ်တိုင်းလှူနေကြ အလှူပွဲကြီးအတွက် ကိုယ်တိုင်ဝင်ရောက် ချက်ပြုတ်ပြီး လုပ်အားပေးခဲ့တဲ့ စိုးပြည့်သဇင်

စိုးပြည့်သဇင်က အလှူပွဲကျင်းပတိုင်း ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ချက်ပြုတ်တတ်တာကို တွေ့ရပါတယ်။ မနှစ်ကကျင်းပပြုလုပ်တဲ့ အလှူပွဲကြီးမှာလည်း စိုးပြည့်သဇင်တစ်ယောက် ကိုယ်တိုင် ဝင်ရောက်ချက်ပြုတ်ခဲ့တဲ့အပြင် အခြားသော ဝေယျာဝစ္စတွေကိုပါ လုပ်ကိုင်ကူညီခဲ့တာတွေ့ရပါတယ်။ အလှူရေစက်ချချိန်မှာတောင် မျက်ရည်ကျခဲ့တဲ့ စိုးပြည့်သဇင်က ယခုလို အလှူပွဲကြီးကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်တယ်လို့ သိရပါတယ်။ စကားအင်းတိုးဂိတ်နားက ဇီးကန်တောရကျောင်းမှာ ဇန်နဝါရီလ ၈ ရက်နေ့မှာ အလှူပွဲကြီးကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့ လုပ်အားဒါနကို ဝင်ရောက်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ အလှူကြီးဖြစ်တဲ့အတွက် အားလုံးကိုလည်း လာရောက်ခဲ့ကြဖို့ စိုးပြည့်သဇင်က ဖိတ်ခေါ်ထားပါသေးတယ်။ စိုးပြည့်သဇင်ဟာ အလှူအတန်းတွေကို ပြုလုပ်ရုံသာမကဘဲ လုပ်အားဒါနကုသိုလ်တွေကိုလည်း ပြုလုပ်တတ်သူဖြစ်တာကြောင့် သူမပရိသတ်တွေက ပိုမို လေးစားအားကျခဲ့ရတာဖြစ်ပါတယ်။ သူမဟာ အလှူအတန်းတွေပြုလုပ်တတ်သူဖြစ်တဲ့အပြင် တိရိစ္ဆာန်လေးတွေကိုပါ ကြင်နာသနားတတ်သူတစ်ဦးဖြစ်တာလည်း တွေ့ရပါတယ်။ ဗီဒီယိုခေတ်ရဲ့ မင်းသမီးတစ်လက်ဖြစ်ခဲ့ပြီး ပရိသတ်တွေပေးတဲ့ အကယ်ဒမီဆုကို အသက် (၁၈) နှစ်နဲ့ ရရှိခဲ့တဲ့ ပါရမီရှင်လေးတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ စိုးပြည့်လေးရဲ့...

သံဃာတော် ၂၂၅ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့တဲ့ လင်းဇာနည်ဇော်တို့ မောင်နှမ (၃) ယောက်

သရုပ်ဆောင် လင်းဇာနည်ဇော်က မောင်နှမတွေ စုံစုံလင်လင်နဲ့ သံဃာတော် ၂၂၅ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ပါတယ်။ ဒီအလှူလေးမှာတော့ တရားရင်ဆိုင်နေရဆဲဖြစ်တဲ့ အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးလည်း ဆွမ်းဆန်စိမ်းလောင်းလှူခဲ့တာတွေ့ရပါတယ်။ ဒါရိုက်တာမိုက်တီးဟာ မူးယစ်ဆေးဝါးအမှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီး တရားရင်ဆိုင်နေစဉ်အတွင်းမှာပဲ ဖခင်ဖြစ်သူလည်း ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ အချုပ်ကျနေစဉ်အတွင်းမှာ အူမကြီးကင်ဆာရောဂါကိုခံစားနေရတာကြောင့် အာမခံရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဆေးကုသမှုကို ခံယူနေရတဲ့ ဒါရိုက်တာမိုက်တီးဟာ ယနေ့ ဆွမ်းဆန်စိမ်းလောင်းလှူနေတဲ့ ပုံရိပ်မှာတော့ မမှတ်မိနိုင်လောက်အောင် ဝဖြိုးစိုပြည်လာခဲ့တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးထားခဲ့ကြပါတယ်။ ဒါတွေဟာလည်း မောင်နှမတွေဖြစ်တဲ့ လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ရဲ့ ပြုစုစောင့်ရှောက်မှုကြောင့်လို့ မှတ်ချက်ပေးထားတာတွေ့ရပါတယ်။ အမြတ်တနိုးတန်ဖိုးထားရတဲ့ ဖခင်ကြီး ကွယ်လွန်သွားပြီဖြစ်ပေမယ့် မောင်နှမတွေ စုံစုံလင်လင်လေး ဖြတ်သန်းခွင့်ရနေတဲ့အချိန်လေးတွေကတော့ မိသားစုကို တန်ဖိုးထားတတ်သူတွေအတွက် အဖိုးမဖြတ်နိုင်တဲ့အချိန်လေးတွေပါပဲ။ လင်းဇာနည်ဇော်၊ ဒါရိုက်တာမိုက်တီးနဲ့ ချစ်ချစ်ဇော်တို့ မောင်နှမတွေရဲ့ ဆွမ်းဆန်စိမ်းလောင်းလှူနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ Writer-YS(Cele Star) Photos-Lin Zarni Zaw  

သား (၃) ယောက်ရဲ့ ရှင်ပြုအလှူတော်မင်္ဂလာကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့တဲ့ ရတနာခင်တို့မိသားစု

သရုပ်ဆောင် ရတနာခင်က သူမတို့မိသားစုရဲ့ ရှင်ပြုအလှူတော်မင်္ဂလာပွဲကြီးကို ခြိမ့်ခြိမ့်သဲကျင်းပခဲ့ပါတယ်။ သား (၃) ယောက်နဲ့အတူ ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။ ရတနာခင်ဟာ တချိန်တုန်းက အနုပညာအလုပ်တွေနဲ့အတူ ပရိသတ်တွေရဲ့ အသိအမှတ်ပြုချစ်ခင်ခြင်းကို ရရှိခဲ့တာပါ။ မိသားစုဘဝလေးကို တည်ထောင်ပြီးချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်တန့်ပြီး ရွှေအာဟာရစားဖွယ်စုံဆိုတဲ့ စားသောက်ဆိုင်ခွဲတွေကို ဖွင့်လှစ်ရောင်းချခဲ့တာဖြစ်ပါတယ်။ ရတနာခင်တို့ မိသားစုဟာ အလှူအတန်းတွေလည်း စဉ်ဆက်မပြတ်ပြုလုပ်နေတာတွေ့ရပြီး လွန်ခဲ့တဲ့ ၁၀ လပိုင်းကလည်း ခင်ပွန်းဖြစ်သူရဲ့ ကျောက်မြတ်ရတနာဆိုင်ကဦးစီးပြီး သာသနာ့ဓမ္မဗိမာန်တော် အလှူပွဲကို ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။ ၂၀၂၀ ပြည့်နှစ်ရဲ့ နှစ်သစ်မှာတော့ ရတနာခင်က သူမရဲ့ သားရတနာ (၃) ယောက်ရဲ့ အလှူတော်မင်္ဂလာပွဲကြီးကို ဆီဒိုးနားဟိုတယ်မှာ ခြိမ့်ခြိမ့်သဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အနုပညာရှင်တွေများစွာလည်း တက်ရောက်ခဲ့ကြတာတွေ့ရပြီးတော့ ရတနာခင်တို့မိသားစုရဲ့ ရှင်ပြု နားသ အလှူတော်မင်္ဂလာပွဲပုံရိပ်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။ Writer-YS(Cele Star) Photos-Facebook

အမေရိကားခရီးစဉ်မှာ ပျော်နေတဲ့ စိုးသူနဲ့ စိုးမြတ်နန္ဒာ

သရုပ်ဆောင်နဲ့အဆိုတော်စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ စုံတွဲကတော့ နှစ်သစ်မှာ အမေရိကားခရီးစဉ်မှာ လည်ပတ်ရင်း ပျော်ရွှင်မဆုံးဖြစ်နေကြတာ တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ အမေရိကားမှာပဲ Happy new year ညကို ကျော်ဖြတ်ခဲ့ကြတာဖြစ်ပြီး စိုးမြတ်နန္ဒာတစ်ယောက် မီးပန်းတွေကြည့်ရင်းအရမ်းကို ပျော်နေခဲ့တာပါ။ သူမနဲ့ စိုးသူဟာ Casino ထဲမှာ ဘူဖေးစားပြီး ကမ္ဘောဒီးယားဘုန်းကြီးကျောင်းကိုလည်း သွားရောက်ကုသိုလ်ယူခဲ့ကြသေးတယ်လို့ သိရပါတယ်။ ဒါဒါနဲ့ စိုးသူရဲ့ ပရိသတ်တစ်ယောက်ကတော့ “အရမ်းချစ်​တယ်​မဒါ ကိုစိုးသူကလဲ ငယ်​ငယ်​ထဲကကြိုက်​ခဲ့ရတဲ့မင်းသားဘဲ လိုက်​ဖက်​ညီတယ်၊ သ​ဘောတူတယ်​ အိမ်​​ထောင်​​ရေးဆိုတာ ဖူးစာ ပါလိုရှိရင်​ သူ့အလိုလိုနဲ့ရမှာဘဲ ​ရေစက်​ကုန်​သွားရင်​လဲ မကွဲချင်​ဘဲ ကွဲရမှာ ကံ​စေရာဘဲ​ပေါ့ ဘယ်​သူက​တော့ အိမ်​​ထောင်​ပျက်ဆိုတာ ဖြစ်​ချင်​မှာလဲ​နော်​ မမဒါကို နားလည်​တယ်​ ဘယ်​​တော့မှ မမုန်းဘူး” လို့ ပြောထားတာကို တွေ့ရပါတယ်။ သရုပ်ဆောင်စိုးမြတ်နန္ဒာဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းမှာတုန်းက တရားအမှုရင်ဆိုင်ခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်မှာ မင်းသမီးပိုးထည်ဆိုင်ကို ဦးစီးလုပ်ကိုင်နေသူဖြစ်ပါတယ်။ Writer...

အမေစုဆီက ထူးခြားတဲ့လက်ဆောင်လေး ရောက်လာလို့ အံ့သြဝမ်းသာနေတဲ့ နန္ဒာလှိုင်

သရုပ်ဆောင်နန္ဒာလှိုင်ကတော့ ဒီနှစ်သစ်လေးမှာ အံ့သြထူးခြားမှုတွေပဲ ဆက်တိုက်ဖြစ်နေတော့တာပါပဲနော်။ ဘာလို့လည်းဆိုတော့ သူမအနေနဲ့ ဒီ ၂၀၂၀ မှာ သီရိသုဓမ္မသိင်္ဂီဘွဲ့ကြီး ရရှိခဲ့တာဖြစ်သလို အခုလည်း အမေစုဆီက ထူးထူးခြားခြား လက်ဆောင်လေးတစ်ခုကို နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ်ရေးထိုးထားတဲ့ နှစ်သစ် Greeting ကတ်လေးပါဝင်တဲ့ ကိတ်မုန့်လေးကတော့ ဒေါင်းပုံကိတ်လေးပဲဖြစ်ပါတယ်။ ဒီလက်ဆောင်ကို သူမနဲ့သူမခင်ပွန်း ရဲ့ နာမည်နဲ့ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ နန္ဒာလှိုင်က ပြသခဲ့တာပါ။ သရုပ်ဆောင်နန္ဒာလှိုင်ဟာ ခင်ပွန်းဖြစ်သူ ဇေသီဟနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်မလုပ်တော့ပဲ စီးပွားရေးလုပ်ငန်းဘက်ကိုပဲ ဦးစိုက်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဇေဝတီလှိုင်၊ ဇေရတီလှိုင်၊ ဇေမဒီလှိုင်ဆိုတဲ့ သမီးလေး ၃ယောက်ပိုင်ဆိုင်ထားတဲ့ နန္ဒာလှိုင်ဟာ ဒူးရင်းကျွဲကောခြံလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ Missha အလှကုန်လုပ်ငန်းနဲ့ အခြားမိသားစုစီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်လျှက်ရှိတာ တွေ့ရပါတယ်။ Writer – YLLT(Cele Star)

ခရီးမတူပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ဆုံတွေ့ခဲ့ကြတဲ့ ဆုန်ကြီးနဲ့ ဆုန်လေး

အဆိုတော်ကြီး ဆုန်သင်းပါရ်ဟာဆိုရင် မြန်မာအိုင်ဒေါလ်မှာ Winner ဆုရှင်ဖြစ်သွားတဲ့ သူမနဲ့လူမျိုးတူ ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန်ရ်ကို အားပေးသူတစ်ဦးပါ။ သူမတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲအတွင်း ဆုန်သင်းပါရ်က ဧည့်သည်အဆိုတော်အနေနဲ့ လာရောက်သီဆိုစဉ်က ဆုံတွေ့ဖူးကြသူတွေဖြစ်ပါတယ်။ အခုလည်း ဆုန်သင်းပါရ်တစ်ယောက် တမူးမြို့ကိုသွားဖို့ လေဆိပ်ကိုအလာမှာ ဇာတိမြို့ဟားခါးကိုပြန်မယ့် အက်စတာဒေါ့သ်ချင်းဆုန်ရ် နဲ့ လေဆိပ်မှာ လာဆုံခဲ့ရတာဖြစ်ပါတယ်။ ဆုန်သင်းပါရ်က အဆိုပါ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရပ်လေးနဲ့ ပတ်သက်ပြီး တမူးမြို့သွားမယ့်ဆုန်ကြီး ဟားခါးမြို့ပြန်မယ့် ဆုန်လေးတို့ ဆုံကြ ဆိုပြီး ချစ်စဖွယ်ရေးသားထားတာပါ။ အက်စတာဒေါ့သ်ချင်းဆုန်ရ်ဟာ ဒီနေ့ လွတ်လပ်ရေးနေ့မှာ သူမရဲ့ မွေးရပ်မြေကို ပြန်လည်သွားရောက်မှာဖြစ်ပြီး သူမကို ဒေသခံတွေက အထူးအစီအစဉ်တွေနဲ့ ကြိုဆိုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ Writer – YLLT(Cele Star)

သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ဒုတိယအကြိမ်ရရှိသွားတဲ့ သရုပ်ဆောင်ယမင်းကိုကို

သရုပ်ဆောင်ယမင်းကိုကိုဟာဆိုရင် အနုပညာလှုပ်ရှားမှုတွေ မရှိတော့သူတစ်ဦးဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်အဖြစ် ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ပထမဆုံးအကြိမ်ရရှိခဲ့ဖူးပြီး အခု ၂၀၂၀ ခုနှစ်မှာလည်း ဒုတိယအကြိမ်အဖြစ် သီရိသုဓမ္မသိင်္ဂီဘွဲ့ရှင်စာရင်းမှာ ပါဝင်လာပြန်တာပါ။ သူမနဲ့အတူ  သီရိသုဓမ္မသိင်္ဂီဘွဲ့ရရှိသူသရုပ်ဆောင်တစ်ဦးကတော့ နန္ဒာလှိုင်ဖြစ်ပြီး ဒီဘွဲ့ဟာ သာသနာတော်အတွက် အထောက်အပံ့လှူဒါန်းမှုများသူတွေကို ပေးတဲ့ဆုတစ်ခုဖြစ်ပြီး ယမင်းကိုကိုနဲ့ နန္ဒာလှိုင်တို့က လူပုဂ္ဂိုလ်တွေအတွက်ပေးတဲ့ဆုစာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေထဲမှာ ဒီဆုရရှိထားသူတွေ အများအပြားရှိကြပြီး နန္ဒာလှိုင်ဟာ အစိုးရက သီရိသုဓမ္မသိင်္ဂီဘွဲ့ချီးမြှင့်ခံရသူစာရင်းရဲ့ နံပါတ် ၂၉ ၊ ယမင်းကိုကိုက နံပါတ် ၃၁ အနေနဲ့ ရရှိခဲ့တာ တွေ့ရပါတယ်။ Writer – YLLT(Cele Star)

နှစ်သစ်မှာ မင်္ဂလာရှိစွာနဲ့ သီရိသုဓမ္မသိဂီင်္ဘွဲ့ရရှိသွားပြန်တဲ့ နန္ဒာလှိုင်

သရုပ်ဆောင်နန္ဒာလှိုင်ကတော့ ၂၀၂၀ နှစ်သစ်လေးမှာ မင်္ဂလာရှိစွာနဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကြီးကို ပေးအပ်ခြင်း ခံလိုက်ရပြီပဲဖြစ်ပါတယ်။ နန္ဒာလှိုင်က သူမအခုလိုဆုရရှိခဲ့တဲ့အကြောင်း ပရိသတ်ကို ဝေမျှပေးခဲ့တာဖြစ်ပြီး “သီရိသုဓမ္မသိင်္ဂီဘွဲ့ကို ချီးမြှင့်ခံရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပြီး၂၀၂၀ နှစ်သစ်မှ စ၍ မိသားစုနှင့်အတူ ဒီထက်မက သာသနာကို အထောက်အပံ့ပြု လှူဒါန်းနိုင်ခွင့် ရရပါစေ” လို့ သူမရဲ့ ဖေ့ဘုတ်မှာပြောထားတာပါ။ နန္ဒာလှိုင်ဟာ အစိုးရက သီရိသုဓမ္မသိင်္ဂီဘွဲ့ချီးမြှင့်ခံရသူစာရင်းရဲ့ နံပါတ် ၂၉ မှာ ပါဝင်ခဲ့တာဖြစ်ပြီး သူမရဲ့ ပရိသတ်တွေကတော့ သူမအတွက် ဂုဏ်ယူမဆုံးဖြစ်နေကြပါတယ်။ သရုပ်ဆောင်နန္ဒာလှိုင်ဟာ ခင်ပွန်းဖြစ်သူ ဇေသီဟနဲ့အတူ မကြာသေးခင်ကပဲ ရှင်အပါး ၅၀၀၀ လှူဒါန်းပွဲကိုလည်း ပြုလုပ်ခဲ့သူဖြစ်ပြီး ခင်ပွန်းဖြစ်သူကအဲဒီရှင်ပြုပွဲမှာ ပဉ္ဇင်းဝတ်ကုသိုလ်ယူခဲ့ပါတယ်။ သရုပ်ဆောင်နန္ဒာလှိုင်ဟာ လက်ရှိမှာ သမီးလေးသုံးယောက်ပိုင်ဆိုင်ထားပြီး သူမရဲ့ MIssha အလှကုန်ကိုလည်း ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သူတစ်ဦးလို့လည်း ဆိုရမှာပါ။ အနုပညာပိုင်းရော၊ စီးပွားရေး၊ ကုသိုလ်ရေးပိုင်းပါမကျန်...

x