Monthly Archive: November, 2019

အခုခေတ်လူငယ်တစ်ချို့ ဘာမှမလုပ်တတ်မကိုင်တတ် ဖေ့ဘုတ်တနေကုန်ပွတ်နေလို့ ကြည့်ရတာထောင့်မကျိုးဘူးလို့ ပြောလိုက်တဲ့ ပိုပို

အဆိုတော်ပိုပိုက အခုခေတ်လူငယ်တစ်ချို့က ပေါ့ပေါ့နေပေါ့ပေါ့စား ဘာမှမလုပ်တတ်၊ မကိုင်တတ်၊ ဖေ့ဘုတ်ပဲ တနေကုန်ပွတ်နေလို့ ကြည့်ရတာ ထောင့်မကျိုးဘူးလို့ ပြောလိုက်ပါတယ်။ ပိုပိုက ဒီလိုကြည့်မရဖြစ်နေတာဟာ သူမပဲ အဘွားကြီးဖြစ်သွားလို့လား မသိဘူးလို့လည်း ပြောထားပါသေးတယ်။ ပိုပိုက သူမရဲ့ ဖေ့ဘုတ်မှာ ” အခု ခေတ်လူငယ် တစ်ချို့ဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စား တော်တော်များသလို မိဘတွေကလဲ မသင်ပေးဘူး ဘာမှ မလုပ်တတ်မကိုင်တတ် fb တစ်နေကုန်ပွတ် ကြည့်ရတာ ထောင့်ကို မကျိုးဘူး ကြီးပွားဦးမဲ့ သူလေးတွေ  ဟွင်းဟွင်း ငါပဲ အဘွားကြီး ဖြစ်နေတာ နေမှာပါ ” လို့ ရေးသားခဲ့တာပါ။ ပြီးတော့ ပိုပိုက ” ကျမ က မိဘမဲ့ပါ ဘယ်မိဘ ကမှ ဘာမှ မသင်ပေးပါ ဒါပေမဲ့ ကျမ ဟင်းချက်တတ်တယ် (ချက်ကျွေးမဲ့သူမရှိလို့) သန့်ရှင်းရေး...

အိမ်ထောင်သက် ၁၄ နှစ်ပြည့်မှာ ခင်ပွန်းဖြစ်သူဆီက တန်ဖိုးမဖြတ်နိုင်တဲ့လက်ဆောင် ရလိုက်တယ်ဆိုတဲ့ ရတနာခင်

သရုပ်ဆောင် ရတနာခင်တစ်ယောက် အိမ်ထောင်သက် ၁၄ နှစ်ပြည့်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခု ရရှိလိုက်တာဖြစ်လို့ ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်နေတယ်လို့ သိရပါတယ်။ ရတနာခင်က သူမရဲ့ ဖေ့ဘုတ်မှာ ” အိမ်ထောင်သက် ၁၄ နှစ်မှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ချိုတလှည့်ခါးတလှည့် ဖြတ်သန်း ခဲ့ရပေမယ့် မိန်းမအပေါ်မှာ ယနေ့အထိ သစ္စာရှိတဲ့ခင်ပွန်းတယောက်အဖြစ် နေပေးခဲ့တာ ကျေးဇူးပါယောက်ျားရေ၊ တခြား တန်ဖိုးကြီးတဲ့ Anniversary လက်ဆောင်တွေထက် တန်ဖိုး မဖြတ်နိုင်တဲ့သစ္စာတရား ကို ပေးခဲ့တဲ့အတွက် လည်း ဘယ်အရာဝတ္ထု ကိုမှ မမက်မောတော့ပါဘူး” လို့ ရေးထားတာပါ။ ရတနာခင်တို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက် ၁၄ နှစ်အတွင်း သားလေး ၃ ယောက် ထွန်းကားထားပြီး သားချောလေးတွေဖြစ်လို့ ပရိသတ်က ချစ်ခင်အားကျရတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။ သူမနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ရွှေအာဟာရဆိုတဲ့ တန်ဖိုးသင့်ဆိုင်လေးတွေကိုလည်း...

စိတ်မကောင်းဖြစ်ရတာ၊ စိတ်ညစ်ရတာတွေ အရမ်းများလို့ အချစ်ရေးအကြောင်း မမေးကြပါနဲ့လို့ ပြောလိုက်တဲ့ G-fatt

အဆိုတော် G-Fatt တစ်ယောက်ကတော့ သရုပ်ဆောင်နန်းဆုရတီစိုးနဲ့ အချစ်ရေးပြဿနာတွေ သို့လော သို့လော ဖြစ်နေခဲ့တာကြာပြီဖြစ်ပြီး ပြတ်သွားပြီလို့ သတင်းထွက်နေတာကြောင့် နှစ်ဖက်ပရိသတ်တွေက စိတ်ပူနေကြတာလည်း ဖြစ်ပါတယ်။ သူက သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဝိုင်းမေးကြသူတွေရှိရင် စိတ်မကောင်းဖြစ်ရတာတွေ ၊ စိတ်ညစ်ရတာတွေ အများကြီးဖြစ်ရသလို ဘာဖြေရမှန်းတောင် မသိဖြစ်ရတယ်လို့ ဆိုပါတယ်။ အချစ်ရေးကိစ္စနဲ့ ပတ်သက်ရင်တော့ သူ fan meeting မှာဖြေခဲ့တဲ့ ပုံပြင်လေးကိုပဲ ပြန်ပြီး အမှတ်ရပေးပါ၊ တစ်ခြားတော့ မပြောချင်ဘူးလို့ ပြောလိုက်တာပါ။ ဒီပုံပြင်လေးအရသာဆိုရင်တော့ သူနဲ့ နန်းဆုတို့ဟာ တကယ့်ဖူးစာအစစ်မဖြစ်ခဲ့ဘူးလို့ ဆိုလိုချင်တာလို့ပဲ ယူဆရပါတယ်။ G-Fatt အနေနဲ့ လက်ရှိမှာ တစ်ကိုယ်တော်ရှိုးပွဲကိုပဲ အာရုံစိုက်နေတာဖြစ်ပြီး အလုပ်တွေကိုပဲ အာရုံစိုက် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ G-Fatt ရဲ့ တစ်ကိုယ်တော်ရှိုးပွဲကို လာမယ့် December ၁ ရက်နေ့ မန္တလာသီရိ...

သူမ သမီးလေးရဲ့ ပထမဆုံးအချစ်ဦးကို ထုတ်ဖော်ပြောပြလိုက်တဲ့ စန္ဒီမြင့်လွင်

အဆိုတော် စန္ဒီမြင့်လွင်တစ်ယောက်ကတော့ သူမ သမီးလေး Treasure Lwin ရဲ့ ပထမဆုံးအချစ်ဦးကို ထုတ်ဖော်ပြောပြလိုက်ပြီဖြစ်ပါတယ်။ သမီးလေးရဲ့ ပထမဆုံးအချစ်ဦး အမျိုးသားကတော့ သမီးလေးရဲ့ ဖေဖေပါပဲတဲ့။ စန္ဒီမြင့်လွင်က သူမရဲ့ ဖေ့ဘုတ်မှာ ” ဖေဖေ ဆိုတာ သမီးမိန်းကလေးတွေရဲ့ ပထမဆုံးအချစ်၊ အချစ်ဦးတဲ့ မေမေကို ကြင်နာတတ်ပြီး သမီးကို ယုယတတ်တဲ့သူ။ ဒါ့ကြောင့် မေတ္တာတုတွေ၊ ဟန်ဆောင်ချစ်တွေ၊ အတ္တတွေ အပြည့်နဲ့ လောကကြီးမှာ ဖေဖေ့ ချစ်ခြင်းမေတ္တာတွေကို စံထားပြီး လူကောင်းကို ရွေးချယ်တတ်ပါစေ သမီးရေ” ဆိုပြီး မိခင်မေတ္တာအပြည့်နဲ့ ပြောပြခဲ့တာပါ။ စန္ဒီမြင့်လွင်ရဲ့ သမီးလေး treasure lwin ဟာ မကြာသေးခင်ကမှ အသက် ၄လပြည့်ခဲ့တာဖြစ်ပြီး သူလေးက အခုဆို အရမ်းကို တတ်နေပါပြီနော်။ သူမကို မြင်တွေ့ရတဲ့သူတိုင်းလိုလိုက ချစ်ခင်နေကြတာဖြစ်ပြီး အနုပညာရှင်တွေကလည်း Treasure လေးကို...

အိမ်ကိုလာမေးတဲ့ မီဒီယာအင်တာဗျူးကို ဒိုင်ခံဖြေပေးလိုက်တဲ့ သားလေး roar ကျော်ကြောင့် အံ့သြနေတဲ့ ဆုပန်ထွာ

သရုပ်ဆောင်ဆုပန်ထွာရဲ့ သားလေး Roar Kyaw ကတော့ သူတို့အိမ်ကို မီဒီယာတစ်ခုက မိသားစုအင်တာဗျူးလေးလာမေးတာကို မေမေဖေဖေတွေ အဝတ်လဲနေတုန်း သူချည်း ဒိုင်ခံဖြေပေးလိုက်လို့ အမေဖြစ်သူ ဆုပန်ထွာတစ်ယောက် အံ့သြနေရပါတယ်တဲ့။ ဆုပန်ထွာက သူမရဲ့ ဖေ့ဘုတ်မှာ ” Family Interview လေးမနေ့ကအိမ်မှာရိုက်ဖြစ်ပါတယ်။ Interview ကို ကိုယ်တွေတောင်သိပ်‌ဖြေစရာမလိုပဲ (Roar Roar Kyaw) သူပဲဖြေပေးသွားပါတယ်။ ကိုယ်တောင်အံ့ဩသွားတယ်။သူတစ်ယောက်ထဲ တစ်အိမ်လုံးတစ်ခြံလုံး ရှိသမျှအကောင်ဘလောင် သူပဲရှင်းပြ ပြောပြထားတာတွေရိုက်ပြီးတာမို့ ကိုယ်မိတ်ကပ်လိမ်းပြီးဆင်းလာတော့ သူအားလုံးရိုက်ပြီးသွားပြီတဲ့။ အော်…. အေးအေး …အဲ့ဆိုမပန်တို့လင်မယားဘာပြောရမလဲ ဆိုတော့ ? ရတယ် မမ နဲနဲပဲဖြေပေး… သားသား အကုန်ရိုက်ပေး ဖြေပေးပြီးသားတဲ့။ ကဲ…..အေးတာပဲ” လို့ တင်ထားတာဖြစ်ပါတယ်။ ဆုပန်ထွာဟာ မကြာသေးခင်ကမှ အမေရိကားကနေ ပြန်လာတာဖြစ်ပြီး မမျှော်လင့်ပဲ အမေရိကားမှာ ၂လနီးပါး ကြာသွားရလို့ သားလေးကို အရမ်းလွမ်းနေခဲ့ပြီး...

သူမကိုကုတင်ပေါ်က မဆင်းဘူးလို့ပြောနေကြသူတွေကို ချုံပုတ်ဘေးမှာတင် ပြီးနေကြတဲ့သူတွေလို့ တုန့်ပြန်လိုက်တဲ့ လှနုထွန်း

မစ်မြန်မာလေးတွေ မွေးထုတ်ပေးနေသူတစ်ဦးဖြစ်သလို အင်္ဂလိပ်စာဆရာမ ၊ သင်တန်းဆရာမတစ်ဦးလည်း ဖြစ်တဲ့ မလှနုထွန်းဟာ သူမရေးသားတဲ့ အိမ်ထောင်ရေး အသိပညာပေးစာ တချို့နဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာ ခံနေရသူတစ်ဦးလည်းဖြစ်ပါတယ်။ အခုလည်း သူမရေးသားတဲ့ စာသားတွေအရ သူမကို ကုတင်ပေါ်ကမဆင်းဘူးလို့ ဝေဖန်လိုက်ကြသူတွေကို ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြန်တုန့်ပြန်လိုက်လို့ လူတွေက ထပ်ပြီး ဝေဖန်တုန့်ပြန်မှုတွေ ခံနေရပြန်ပြီပဲ ဖြစ်ပါတယ်။ လှနုထွန်းက သူမရဲ့ ဖေ့ဘုတ်မှာ ” ပြောပါဦး ကျမကို ကုတင်ပေါ်က မဆင်းဘူးပြောနေကြတာ အမတို့ လည်း ကုတင်မ၀ယ်နိုင်ရင်အောင် ဖျာနဲ့တော့ အိပ်မပေါ့၊ တချို့ ဆို ခြုံပုတ်ဘေးမှာတင် ပြီးနေကျတာလေ၊ တချို့ ကတော့ တလင်းပြင်ပေါ် ကောက်ရိုးပုံဘေးပေါ့။ ဆယ်ကျော်သက်တွေ ဖတ်ရင် ရှက်စရာတွေ လို့ ပြောနေရအောင် အပျိုဖြစ်ကတည်းက ဒါတွေ သင်မပေးထားရင် ရည်းစားက နှိုက်မြည်းပြီး ထားခဲ့တာမျိုး...

မူရင်းတေးရေးနဲ့ အဆိုတော်စောလားထော်ဝါးကို တောင်းပန်လိုက်တဲ့ တန်ခွန်ကျော်

“သို့ သက်ငယ်မုဒိန်းကောင်များ” သီချင်းကို သူရေးတယ်မှားပြောမိလို့ မူရင်းတေးရေးနဲ့အဆိုတော်ကို တောင်းပန်လိုက်တဲ့ တန်ခွန်ကျော် မြန်မာအိုင်ဒေါလ်ကနေ ပြုတ်သွားပြီဖြစ်တဲ့ တန်ခွန်ကျော်က အဲ့ဒီနေ့မှာ နှုတ်ဆက်သီချင်း သီဆိုပေးခဲ့ရပါတယ်။ သူနှုတ်ဆက်သီချင်းအနေနဲ့ သီဆိုပေးခဲ့တဲ့ “သို့ သက်ငယ်မုဒိန်းကောင်များ” သီချင်းကို မသီဆိုခင်မှာ ဒီသီချင်းကို သူရေးတယ်ဆိုပြီး မှားပြောမိခဲ့လို့ အဲ့ဒီသီချင်းရဲ့ မူရင်းတေးရေးနဲ့ သီဆိုသူကို တောင်းပန်လိုက်တာ ဖြစ်ပါတယ်။ တန်ခွန်ကျော်က သူ့ရဲ့ဖေ့ဘုတ်မှာ ” “သို့ သက်ငယ်မုဒိန်းကောင်များ” သီချင်းကို ရေးစပ်ထားတဲ့ သူက တေးရေးဆရာချမ်းဗိုလ် ပါဗျ ဒီနေ့ goodbye song ဆိုတဲ့အချိန် ကျွန်တော် မှားပြောမိလိုက်တာက “ကျွန်တော်ရွေးထားတဲ့သီချင်း ” လို့ပြောချင်တာကို “ကျွန်တော်ရေးထားတဲ့သီချင်း”လို့ ဖြစ်သွားလို့ ပြန်လည်ရှင်းပြပေးတာပါခင်ဗျ ။ ကျွန်တော်ရေးထားတာမဟုတ်ပါဘူးဗျ။ တေးရေးဆရာချမ်းဘိုနဲ့မူရင်းအဆိုရှင် ကိုစောလားထော်ဝါး ကိုတောင်းပန်ပါတယ်” လို့ ပြောထားတာ ဖြစ်ပါတယ်။ တန်ခွန်ကျော်ဟာ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့်...

အားလုံး သူ့လိုမဖြစ်အောင် သတိထားကြဖို့ ကြောက်စရာကောင်းတဲ့ အန္တရာယ်ကို မျှဝေပေးလိုက်တဲ့ ဟန်ထူးဈာန်

အဆိုတော်ဟန်ထူးဈာန်တစ်ယောက်ကတော့ ပရိသတ်တွေသူ့လိုမဖြစ်အောင် သတိထားနိုင်ကြဖို့ သူကြုံတွေ့ခဲ့ရတဲ့ ကြောက်စရာအန္တရာယ်တစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဟန်ထူးဈာန်က သူ့ရဲ့ ဖေ့ဘုတ်မှာ ” အားလုံးပဲကျွန်တော့်လိုမဖြစ်အောင် သတိထားကြဖို့ပါ ခင်ဗျာ မော်လမြိုင် promotion အပြီးအိမ်ပြန်ရောက်တော့ live လွှင့်ပြီး မှတ်မှတ်ရရ ကြုံခဲ့ရတဲ့ သရဲ အကြောင်းတွေပြောပြတဲ့ည ကအိပ်ပြီး မနက်အိပ်ယာနိုးလာတော့ လည်ပင်းကအရမ်းစပ်ပြီးနာနေလို့ မှန်သွားကြည့်လိုက်တော့ အဲ့လို ဖြစ်နေတာပါ” လို့ပြောခဲ့တာဖြစ်ပါတယ်။ ဟန်ထူးဈာန်က” ဖုန်းကိုအားသွင်းပြီး အိပ်မိတော့ မသိတဲ့အချိန် ဖုန်းကိုဖိများအိပ်မိပြီး ကြာလို့ အပူလောင်တယ်ထင်ပြီး ဆရာခို လိမ်းလိုက်သေးတယ် ညနေလောက်ရောက်တော့ ချက်ချင်းပိုကြီးလာတယ် ဗျ ကူးဆက်ရောဂါလိုပဲ ထိုင်နေရင်းကို ပိုပိုကြီးပြီးပိုပိုစပ်နာလာတာပါ အဲ့ဒါနဲ့ဘာမှန်းမသိလို့ ဆေးခန်းသွားတော့ မီးပိုးကောင် ကိုက်တာ ဖြစ်ဖို့များတယ်တဲ့ ခင်ဗျာ အခု နယ်တွေမှာလည်း အဲ့အကောင်တွေထွက်ပြီး အကိုက်ခံနေရတယ်ဆိုလို့ သတိပေးလိုက်တာပါ အကောင်ကိုက်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တော်တော်ကို မခံနိုင်အောင်နာတာပါ အရမ်းလည်းစပ်ပါတယ်...

စန္ဒီမြင့်လွင်ရဲ့ သမီးလေးဆီလည်လည်သွားခဲ့တဲ့ ခိုင်သင်းကြည်ရဲ့ သမီးလေး ထိပ်ထိပ်

သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးတစ်ယောက် စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure Lwin ဆီသွားလည်ပြီး သမီးလေးကို ချစ်မဝဖြစ်နေပါတယ်တဲ့။ ခိုင်သင်းကြည်ရော သူမရဲ့ သမီးလေး ထိပ်ထိပ်ရော Treasure Lwin လေးကို ချီမဝဖြစ်နေခဲ့ကြတာဖြစ်ပြီး သူတို့သွားလည်ချိန်မှာ သမီးလေးဆီကို တီတီခင်လေးနွယ်နဲ့ တီတီယုသန္တာတင်တို့လည်း လာရောက်လည်ပတ်နေတာကို တွေ့ရပါတယ်။ စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure Lwin ဟာ အသက်လေးလပြည့်ခဲ့ပြီဖြစ်ပြီး ဝဝကစ်ကစ်လေးဖြစ်နေတဲ့ သူမကို အနုပညာရှင်တွေရော ပရိသတ်တွေကပါ ချစ်ခင်ကြတာဖြစ်ပါတယ်။ သူမအတွက်လက်ဆောင်တွေလာရောက်ပေးသူတွေ အများအပြားရှိကြပြီး ဒီထဲမှာ သရုပ်ဆောင်ဆုပန်ထွာရဲ့ သားလေးရော ခိုင်သင်းကြည်ရဲ့ သမီးလေးထိပ်ထိပ်ပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။ Writer – YLLT(Cele Star)

အစ်ကိုဖြစ်သူပျောက်နေလို့ အကူအညီတောင်းလိုက်တဲ့ သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်

သရုပ်ဆောင် ဦးခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်က သူမရဲ့ အစ်ကိုဝမ်းကွဲဖြစ်သူ ပျောက်နေလို့ အကူအညီပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။ သူမရဲ့ အစ်ကိုဝမ်းကွဲဖြစ်သူက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီကတည်းက အဆက်အသွယ်ပြတ်သွားခဲ့တာပါတဲ့။ သဇင်ထူးမြင့်က သူမရဲ့ ဖေ့ဘုတ်မှာ ” သဲရဲ့ အကိုတစ်ဝမ်းကွဲ ၂၁ရက်နေ့ ညနေ၆နာရီတည်းက ခုချိန်ထိ အဆက်သွယ် မရတော့ပဲပျောက်နေလို့ ပါ … သူကပုံမှန်ဆို လူလည်းအရမ်းကြောက်တတ်တယ်။ အိမ်ထဲကအိမ်ပြင်လည်း သိပ်မထွက်တတ်ဘူး… အပေါင်းအသင်းလည်း အရမ်းနည်းပါတယ် …. အခုတက်နေတဲ့ သတင်းတွေကြောင့်လည်း မိဘတွေအရမ်းတွေစိတ်ပူနေရပါတယ်…. တွေ့ ရှိခဲ့လျှင် ဒီဖုန်းနံပါတ်လေးကို ဆက်သွယ်ပေးပါနော် 09893999622 ” ဆိုပြီးတင်ထားတာပါ။ အဆိုပါ သတင်းနဲ့ပတ်သက်ပြီး သရုပ်ဆောင်တစ်ဦးဖြစ်သူ တက္ကသိုလ်ဂွမ်းပုံက သက်ဆိုင်ရာကို အကြောင်းကြားသင့်တယ်လို့ အကြံပေးထားပြီး သဇင်ထူးမြင့်က အကြောင်းကြားထားကြောင်း အခုချိန်ထိဆို ရက်ကြာလာပြီဖြစ်ပေမယ့်...

x