Monthly Archive: October, 2019

ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်မင်း ရဲ့ သားလေး ကွယ်လွန်

ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်မင်းရဲ့ သားကြီးက အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်တွေ ရယ်မောအောင် အမြဲတမ်း သရုပ်ဆောင်နေရတဲ့ ဇာတ်ပို့တစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာတော့ သားတစ်ယောက် သမီးတစ်ယောက် ရှိနေပြီး သားဖြစ်သူက ပိုလီယိုဘဝနဲ့ ရှင်သန်နေရသူဖြစ်ပါတယ်။ သားလေးက စကားလည်း မပြောနိုင်ဘူးလို့ သိရပါတယ်။ အောင်ဇော်မင်းရဲ့ သားလေးက ထိုင်တောင်မထိုင်နိုင်ပဲ ပက်လက်နေရတာများတဲ့ မွေးရာပါ ရောဂါသည်တစ်ဦးလည်း ဖြစ်ပါတယ်။                အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်မင်းရဲ့ သားလေးက ဘဝတစ်ပါးသို့ကူးပြောင်း ကွယ်လွန်သွားခဲ့တာပါ။ တောင်ဥက္ကလာ ၁၂ ရပ်ကွက်မှာ နေထိုင်တဲ့ အောင်ဇော်မင်းတစ်ယောက် သားလေးကို ဒီနေ့နေ့လည် ၃နာရီက ရေဝေးသုသာန်မှာ သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ မောင်ကောင်းကောင်း သို့ မောင်ကြယ်စင်သန့်လေး...

“ရွှေမှုံရတီလို body မျိုးမှ ဒို့ကလုံးဝကြိုက်” ဆိုပြီး သီချင်းသစ်ထဲထည့်ဆိုလိုက်တဲ့ ရွှေထူး

ရွှေထူးနဲ့ ရွှေမှုံရတီက အရမ်းကိုချစ်ကြတဲ့ လင်မယားဆိုပြီး နာမည်ကြီးကြပါတယ်နော်။ အခုလည်း ရွှေထူးက သူ့ရဲ့ သီချင်းသစ်လေးထဲမှာ ဇနီးဖြစ်သူ ရွှေမှုံကိုထည့်သွင်းပြီး ဂုဏ်ပြုစပ်ဆိုထားတာ တွေ့ရပါတယ်။    သီချင်းသစ်ရဲ့ နာမည်က Rich Kid လို့အမည်ရပြီး ” ရွှေမှုံရတီလို Body မျိုးမှ ဒို့ကလုံးဝကြိုက် ” ဆိုပြီး သီချင်းထဲ ထည့်ဆိုလိုက်တာပါ။                          ရွှေထူးနဲ့ ရွှေမှုံတို့ဟာ လူတကာအားကျလောက်အောင် အချင်းချင်း ချစ်ခင်ကြတဲ့ Idol စုံတွဲလေးဖြစ်ပြီး အိမ်ထောင်ကျပြီး ပိုချစ်လာကြတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။                           ရွှေထူးနဲ့ အိမ်ထောင်ပြုပြီးနောက်မှာ ရွှေမှုံရတီကလည်း သီချင်းတွေ...

ချစ်သူလေယာဉ်မယ်လေးနဲ့အတူ Live လွှင့်လိုက်တဲ့ ထွန်းထွန်း

သရုပ်ဆောင်ထွန်းထွန်းရဲ့ ချစ်သူကတော့ အရုပ်မလေးလို ချစ်ဖို့ကောင်းတဲ့ လေယာဉ်မယ်လေးတစ်ယောက်ပါပဲ။ ထွန်းထွန်းက သူ့ရဲ့ ချစ်သူလေးတွေတိုင်းကို အမြဲလို Romantic ဆန်ဆန် လုပ်ဆောင်ပေးလေ့ရှိသလို အခုလက်ရှိတွဲနေတဲ့ ချစ်သူလေးကိုလည်း အရမ်းတွေ ဂရုစိုက်ပြနေပြန်ပါတယ်နော်။ ထွန်းထွန်းက အရင်ချစ်သူဟောင်းနဲ့တုန်းကလည်း ပန်းစည်းတွေလက်ဆောင်တွေနဲ့ Ro ပြခဲ့ဖူးပြီး အရင်ချစ်သူဟောင်းလေးနဲ့ကတော့ မထင်မှတ်ပဲ ပြတ်သွားကြတာဖြစ်ပါတယ်။ ချစ်သူလေးက ပြန်တောင်းပန်တာကိုတောင် ထွန်းထွန်းက လက်မခံတော့တာလို့လည်း သိရပါတယ်။ အခုချစ်သူလေးကတော့ ထွန်းထွန်းကလည်း အရမ်းချစ်၊ သူလေးကလည်း ထွန်းထွန်းကို အရမ်းချစ်တာ သူတို့ရဲ့ live လေးမှာ တွေ့မြင်ကြရမှာပါ။ ချစ်သူမကြာခဏအပြောင်းအလဲ ရှိတတ်တယ်လို့ နာမည်ကြီးနေတဲ့ သရုပ်ဆောင် ထွန်းထွန်းတစ်ယောက် ဒီတစ်ကြိမ်မှာရော လေယာဉ်မယ်ချစ်သူလေးနဲ့ တကယ်ပဲ လက်တွဲကြတော့မလားဆိုတာကို စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။ Writer – YLLT ( Cele Star )

ဒါရိုက်တာမောင်မျိုးမင်းကိုသွားကန်တော့ရင်း မထင်မှတ်ပဲ နာမည်ကြီးမင်းသား ၅ယောက်ဆီက မုန့်ဖိုးရလိုက်တဲ့ မိုးယုစံ

သရုပ်ဆောင်မိုးယုစံကတော့ သရုပ်ဆောင်နေတိုးအပါအဝင် နာမည်ကြီးမင်းသား ၅ ယောက်ဆီက သီတင်းကျွတ်မုန့်ဖိုးရလိုက်လို့ ထီထိုးရမယ်ဆိုပြီး ပျော်ရွှင်နေတာပါ။   မိုးယုစံက ဒါရိုက်တာမောင်မျိုးမင်းကို သီတင်းကျွတ်မှာ သွားရောက်ကန်တော့ရင်း နာမည်ကြီးမင်းသားတွေဖြစ်တဲ့ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗိုနဲ့ တစ်ခြား နှင်းဆီအဖွဲ့သားမင်းသားတွေဆီကနေ မုန့်ဖိုးတွေ ရလိုက်တာဖြစ်ပါတယ်။ မိုးယုစံ၊ ဖူးစုံ၊ မေကဗျာ တို့ဟာ နှင်းဆီအငြိမ့်ရဲ့ မင်းသမီးလေးတွေဖြစ်ကြပြီး သူတို့ရဲ့ ဆရာဖြစ်သူ ဒါရိုက်တာမောင်မျိုးမင်း ရင်တွင်းဖြစ်ကို သွားရောက်ကန်တော့ကြရင်း အတူပါဝင် ကန်တော့ကြသူတွေဖြစ်တဲ့ သရုပ်ဆောင် နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို ၊ ထွန်းထွန်း နဲ့ ရဲလေးတို့ဆီကနေ သီတင်းကျွတ်မုန့်ဖိုး ရရှိလိုက်တာပဲ ဖြစ်ပါတယ်။ ကိုနေတိုးကြီးကတော့ ညီမလေးတွေကိုရော ညီလေးတွေကိုပါ မုန့်ဖိုးပေးရသူကြီးပေါ့နော်။ သူတို့ရဲ့ အပျော်ပုံရိပ်လေးတွေကို ပရိသတ်ကြီးဆီပါ ကူးစက်နိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်နော်။ မုန့်ဖိုးအတင်းတောင်းနေကြတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ကြည့်လိုက်ပါဦး ကလေးလေးတွေကျနေတာပဲ ။ Writer...

လူတကာ မျက်စိကျိန်းပြီး ပါးစပ်အဟောင်းသားဖြစ်စေလောက်တဲ့ အပြင်အဆင်နဲ့ CHAUMET ပွဲကို တက်ရောက်လာတဲ့ အွန်စော

သရုပ်ဆောင် ဆောင်းဟေကျို – အွန်စော ဟာဆိုရင် မကြာသေးခင် လပိုင်းတွေက ခင်ပွန်းဟောင်းဖြစ်သူ ဆောင်းဂျွန်ကီ နဲ့ ကွာရှင်းထားပြီး မီဒီယာတွေကိုရော ပွဲတွေကိုပါ ရှောင်နေသူလည်း ဖြစ်ပါတယ်။ အွန်စောတစ်ယောက်  ပြည်တွင်းပွဲတွေကို ရှောင်ပေမယ့် ပြည်ပပွဲတွေကိုတော့ ဆက်တိုက်ဆိုသလို လက်ခံ တက်ရောက်ပေးနေတာကိုလည်း တွေ့ရပါတယ်။ အခုတစ်ခါမှာတော့ သူမကိုယ်တိုင် brand ambassrador အဖြစ် လက်ခံထားတဲ့ CHAUMET Brand ရဲ့ပွဲကို အနက်ရောင်ဝတ်စုံလေးနဲ့ ကျော့ကျော့မော့မော့ ပွဲတက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဆောင်းဟေကျို – အွန်စော ရဲ့ Hair stylist တစ်ဦးဖြစ်သူ Lee Hye Young က အဆိုပါပုံတွေကို တင်ခဲ့တာဖြစ်ပြီး “Chaumet kyo, elegant kyo” လို့ Caption ရေးသားခဲ့တာဖြစ်ပါတယ်။ တကယ်ဆိုရင်တော့ သူပြောတဲ့ Caption ထက်တောင်...

သူတို့ကို မွေးပေးခဲ့တဲ့ ဒေါက်တာမမဆီသွားရောက်ဂါရဝပြုခဲ့ကြတဲ့ ခေတ်နဲ့သစ်လေး

သရုပ်ဆောင်ချစ်သုဝေရဲ့ သမီးချော အမွှာလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးက သူတို့ကို မွေးပေးခဲ့တဲ့ ဒေါက်တာမမ မေသူမျိုးညွန့်ဆီသွားရောက် ဂါရဝပြု ကန်တော့ခဲ့ကြပါတယ်တဲ့။ ဒေါက်တာမမကျွေးတဲ့ ကိတ် နဲ့ ကွတ်ကီးလေးတွေကိုလည်း သူတို့က အရမ်းကြိုက်ပြီး Good ဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ လက်မလေးတွေတောင် ထောင်ပြလိုက်သေးတာပါ။ မေမေချစ်သုဝေနဲ့ ခေတ်သစ်လေးတို့ရဲ့ အဘွားတို့ကတော့ ခေတ်လေးနဲ့ သစ်လေးက အိမ်မှာ ကွတ်ကီးမကျွေးဘူးဆိုတော့ အခုမှ ကွတ်ကီးကောင်းလေး စားနေရတာဆိုပြီး ဟာသနှောပြောထားသေးတာပါ။ ချစ်သုဝေက သူမရဲ့ ဖေ့ဘုတ်မှာ “သမီးလေးတွေကိုယ်ဝန်နဲ့တစ်လျောက် ကိုယ့်ကိုအရမ်းဂရုစိုက်ပြီး သမီးလေးတွေချောချောမောမောမွေးဖို့ အကောင်းဆုံးလုပ်ပေးခဲ့တဲ့ ချစ်တဲ့မမမေသူ❤️မတွေ့တာကြာတော့ စကားတွေကပြောမဝ.. မယ်ခေတ်နဲ့မယ်သစ်ကတော့ cookieတွေ cake တွေကြားအပျော်ကြီးပျော်နေလေရဲ့❤️” ဆိုပြီး သမီးလေးတွေရဲ့ ချစ်စဖွယ်ပုံလေးတွေနဲ့ တွဲတင်ထားခဲ့တာပါ။ သူတို့ဟာ မနေ့ကဆန်းဒေးမှာ ဘုရားကျောင်းကအပြန် ဝင်ပြီး ကန်တော့ခဲ့ကြတာဖြစ်ပြီး မြန်မာ့ရိုးရာထုံးစံအတိုင်း မေမေချစ်သုကပါ ဝင်ကန်တော့ခဲ့တာဖြစ်လို့ ဒီသားအမိလေးကိုကြည့်ပြီး အရမ်းကို...

ဒိုင် ၂ယောက်ဖြစ်တဲ့ ဇင်အောင် နဲ့ သန္တာလှိုင်တို့ ရန်ဖြစ်ရလောက်တဲ့အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတဲ့ The Model Academy ( Season 3 )

The Model Academy ( Season 3 ) ရဲ့ ပြိုင်ပွဲဝင် မိန်းကလေးတစ်ဦးနဲ့ ယောက်ကျားလေးတစ်ဦးကြောင့် ဒိုင်တွေဖြစ်တဲ့ ဇင်အောင်နဲ့ သန္တာလှိုင်တို့ ရန်ဖြစ်ရလောက်တဲ့အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတာပါ။ ပြိုင်ပွဲဝင် ယောက်ကျားလေးနဲ့ မိန်းကလေး တို့ရဲ့ နေထိုင်ပုံကို ဇင်အောင်က မသင့်တော်ကြောင်း ပြောဆိုခဲ့ပြီး ချစ်သူတွေလားဟု မေးကြတဲ့အခါမှာ သန္တာလှိုင်နဲ့ ဇင်အောင်တို့ ငြင်းခုန် ရန်ဖြစ်ခဲ့ကြတာပါ။ သန္တာလှိုင်က လူလွတ်တွေဖြစ်တဲ့အတွက် ချစ်သူရည်းစားဖြစ်လို့ အခုလို နေထိုင်တယ်ဆိုရင် ပြဿနာမရှိဘူးလို့ ဆိုပြီး ယောက်ကျားလေးဘက်က ရပ်တည်ပေးခဲ့ပေမယ့်၊ ကောင်လေးဘက်က ချစ်သူတွေ မဟုတ်ဘူးလို့ တောက်လျှောက်ငြင်းဆို သွားခဲ့တာပါ။ အခုလိုငြင်းဆိုမှုအပေါ် ဇင်အောင်တစ်ယောက် ပေါက်ကွဲပြီး သန္တာလှိုင်နဲ့လည်း ငြင်းခုန်ရန်ဖြစ် အဆိုပါ ကာယကံရှင် ယောက်ကျားလေးနဲ့ မိန်းကလေးတို့အပေါ်မှာလည်း အကြီးအကျယ် ဒေါသဖြစ်ပြောဆိုမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ The Model Academy...

မြန်မာဆန်ဆန်လေး အမေနဲ့အပြိုင်လှနေလို့ လူအများ စိတ်ဝင်စားခြင်း ခံနေရတဲ့ စမိုင်းလ်ရဲ့ သမီးလေး Portia

သရုပ်ဆောင်စမိုင်းလ်က သမီး ၂ယောက်မိခင်တစ်ဦးပါ။ သမီးလေးတွေက ဒီမှာမွေးခဲ့တာမဟုတ်လို့ မြန်မာစကားကို ရေရေလည်လည်သိပ်ပြီး မပြောတတ်ပေမယ့် အခုမြန်မာစကားကို ကြိုးစားပြောလို့ တော်တော်လေး ပြောတတ်လာကြပြီလို့လည်း သိရပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့ညက ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ အသက် ၃၈ နှစ်ပြည့်မွေးနေ့အကြို ရွှေတိဂုံဘုရားမှာ ဆီမီး ၁သောင်း ပူဇော်ခဲ့တာဖြစ်ပြီး ဒီပွဲလေးမှာ စမိုင်းလ်နဲ့အတူ သူမရဲ့ ခင်ပွန်း၊ သမီးကြီး Portia တို့ကို ရင်အေးဖွယ် မြန်မာဝတ်စုံလေးတွေနဲ့ တွေ့မြင်ခဲ့ကြရတာပါ။ သမီးငယ်လေး Chole ကတော့ ဝမ်းသွားနေလို့ မပါဝင်ခဲ့ပါဘူးတဲ့။ သမီးကြီး ပေါ်ရှာရဲ့ မြန်မာဆန်ပြီး ချစ်ဖို့ကောင်းတဲ့ အလှပုံလေးတွေကြောင့် အခုဆိုရင် စမိုင်းလ်ရဲ့ သမီးကြီးကို စိတ်ဝင်စားတဲ့ သူတွေအများအပြား ရှိလာပြီဖြစ်ပါတယ်။ ပေါ်ရှာက အခုဆိုရင် အသက် ၁၅ နှစ်ရှိပြီဖြစ်ပြီး ISY ကျောင်းမှာ တက်ရောက်နေတယ်လို့ သိရပါတယ်။...

Mulan ကာတွန်းကားကြည့်ပြီး ငိုနေတဲ့ နန္ဒာလှိုင်ရဲ့ သမီးငယ်လေး ဇေမဒီလှိုင်

နန္ဒာလှိုင်ရဲ့ သမီးငယ်လေး ဇေမဒီလှိုင်တစ်ယောက်ကတော့ မူလန် ကာတွန်းကားကြည့်ပြီး ငိုနေလိုက်တာနော်။ သူ့ကို မေမေ နန္ဒာလှိုင်က ဘာဖြစ်လို့ ငိုလဲ သမီးလေးလို့ မေးတော့ မူလန်လေး ကျန်ခဲ့လို့တဲ့၊ ပြီးတော့ မိန်းကလေးပြန်ဖြစ်သွားလို့တဲ့ ကဲ ကြည့်ဦး၊ အဲလိုပါဆို။                          မဒီလေးက သူ့မမ တွေနဲ့အတူ ကာတွန်းကားအတူကြည့်နေရင်း မူလန်လေး တစ်ခုခု ဖြစ်တာနဲ့ကို ငိုနေတော့တာပါနော်။ ပြီးတော့ မူလန်လေး ဘာမှမဖြစ်ပဲ ထပ်ငိုပြန်ရော ၊ မေမေနန္ဒာလှိုင်က သမီးရယ် ဘာဖြစ်လို့ ငိုပြန်ပြီလဲဆိုတော့ မူလန်ငိုလို့တဲ့လေ။ တကယ့်ကို ကာတွန်းကားထဲမှာ စိတ်နှစ်ပြီး ကြည့်တတ်တဲ့ မဒီလေးပဲနော်။ အကယ်ဒမီ မင်းသမီးကြီးရဲ့ သမီးလေးလို့ မပြောရဘူး၊ အိုက်တင်ကလည်း အမျိုးမျိုး ချစ်ဖို့ကောင်းအောင် လုပ်တတ်လိုက်တဲ့ ကလေးလေးပါပဲ။ ကြည့်နေရင်းသူကြောက်လို့တဲ့ သူ့မမက သူ့အနားသွားနေပေးရသေးတာပါ။ မဒီလေးဘယ်လိုတွေ ချစ်ဖို့ကောင်းနေလဲဆိုတာကို မေမေနန္ဒာလှိုင်က တစ်ခြားသူတွေပါ...

၃ နှစ်ပြည့်မင်္ဂလာချစ်သက်လက်ဆောင်အဖြစ် စန္ဒယားကြီး လက်ဆောင်ရလိုက်တဲ့ မိုးယုစံ

သရုပ်ဆောင်မိုးယုစံဟာဆိုရင် ခင်ပွန်းဖြစ်သူ စွမ်းသူမိုးနဲ့ မင်္ဂလာဆောင်ခဲ့တာ အခုဆိုရင် ၃ နှစ်ပြည့် နှစ်ပတ်လည်ကိုတောင် ရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။ ၃နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အချိန်မှာတော့ သားလေးတစ်ယောက်နဲ့ ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ အခုလည်း သူမရဲ့ ခင်ပွန်းက ၃ နှစ်ပြည့် မင်္ဂလာ ချစ်သက်လက်ဆောင်အနေနဲ့ စန္ဒယား လှလှလေးတစ်လုံး လက်ဆောင် ဝယ်ပေးခဲ့ပါတယ်တဲ့။ သူမက သူမရဲ့ ဖေ့ဘုတ်မှာ ချစ်ယောက်ကျားရဲ့ Anniversary Present ဆိုပြီး တင်ခဲ့တာဖြစ်ပြီး မင်္ဂလာနှစ်ပတ်လည်ညမှာလည်း သူမရဲ့ မိသားစုဝင်တွေနဲ့ပဲ ရိုးရိုးရှင်းရှင်း ညစာသွားစားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ မိုးယုရဲ့ သားရေရတု နှစ်ပတ်လည်လေးမှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလေးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Writer – YLLT ( CEle Star )

x