Category: အနုပညာ

မြန်မာ့ရိုးရာ ထမနဲထိုးပွဲမှာ ကိုယ်တိုင်ဝင်ရောက် ထမနဲထိုးခဲ့တဲ့ ခင်ဝင့်ဝါ

ပရိသတ်တွေ သိပ်ချစ်တဲ့ ခေးလေး ခင်ဝင့်ဝါက ထမနဲထိုးပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် ထိုးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေးလေးခေးလေး လို့ ခေါ်တဲ့ ခင်ဝင့်ဝါဟာ အလှမယ်လောကကနေ သရုပ်ဆောင်ဘက်ကို ခြေချလာခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ခေးလေး ခင်ဝင့်ဝါရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေမြင်တွေ့ကြရမှာပါ။ ခင်ဝင့်ဝါက တပို့တွဲလမှာကျင်းပပြုလုပ်လေ့ရှိတဲ့ မြန်မာ့ရိုးရာထမနဲထိုးပွဲကြီးကို ပါဝင်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ ဒီထမနဲထိုးပွဲမှာ ခေးလေးတစ်ယောက် မီးမွှေးပြီး ကိုယ်တိုင် ထမနဲမွှေခဲ့တယ်လို့ဆိုပါတယ်။ “ထမနဲထိုး ပွဲ မှာ ခေးက မီးမွှေးတယ် မွှေတယ် ဆရာလုပ်တယ် နှမ်းဖြူးတယ် မေးသမျှ ဖြေပြီး အိမ်အတွက် ပါဆယ် ထုတ်တယ် 😝” လို့ ချစ်စရာကောင်းတဲ့အရေးအသားလေးနဲ့ ရေးသားထားတာဖြစ်ပါတယ်။ မြန်မာတို့ရဲ့ချစ်စရာဓလေ့ရိုးရာလေးကို ခေးလေး ခင်ဝင့်ဝါတစ်ယောက် ဘယ်လိုဆင်နွှဲနေလဲဆိုတာ ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။ Writer-YS,Cele Star

ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲတက်ရင်း ကျက်သရေရှိရှိလှပနေကြတဲ့ အာဘွိုင်းတို့ဇနီးမောင်နှံ

အာဘွိုင်းတို့ ဇနီးမောင်နှံ (၂) ဦးကို ကနေ့မှာတော့ ကျက်သရေရှိရှိ လှပစွာနဲ့ မြန်မာဆန်ဆန်လေး ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေး Scarlett လေးကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့အပြင် သမီးလေး (၃) ယောက်ရဲ့ ဖခင်ဖြစ်နေပြီဖြစ်တဲ့ အာဘွိုင်းဟာ မြတ်ရတနာကျော်နဲ့အတူ သာယာဖို့ကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ အာဘွိုင်းဟာ တချိန်က ဂီတလောမှာ R & B သီချင်းချိုချိုလေးတွေနဲ့ ပရိသတ်တွေ လက်ခံခဲ့တဲ့ အဆိုရှင်တစ်ဦးပါ။ လက်ရှိမှာတော့ မိသားစုအတွက် စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေတာဖြစ်ပါတယ်။ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံက ဖေဖော်ဝါရီ ၉ ရက်နေ့က LOTTE Hotel မှာ ပြုလုပ်ကျင်းပတဲ့ ပြည့်ဖြိုးတေဇနဲ့ သက်နှင်းလှိုင်တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ အာဘွိုင်းတို့ဇနီးမောင်နှံဟာ မေမြို့ ကန်တော်ကြီးဥယျာဉ်ထဲမှာ ကျင်းပပြုလုပ်တဲ့ ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာဧည့်ခံပွဲ မင်္ဂလာညစာစားပွဲတို့ကိုလည်း တက်ရောက်ခဲ့ပါတယ်။...

သားကို ဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်တဲ့ မိန်းကလေးကို ရွေးချယ်ဖို့တစ်ခုပဲ တောင်းဆိုထားတဲ့ ထွန်းအိန္ဒြာဗိုလ်

သရုပ်ဆောင်နှင့် အဆိုတော် ထွန်းအိန္ဒြာဗိုလ်က သူမရဲ့ တစ်ဦးတည်းသော သားလေးကို သူ့စိတ်ကြိုက် ဘဝကိုအကောင်အထည်ဖော်ခွင့်ပေးထားပြီးတော့ သူမကတော့ တောင်းဆိုမှုတစ်ခုပဲ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ တစ်ဦးတည်းသော သားလေးကိုပိုင်ဆိုင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်က သူမလိုပဲ ဂီတဘက်မှာ ဝါသနာပါတတ်တဲ့သားအကြောင်းလေးတွေကိုလည်း ပြောပြပါတယ်။ သားဖြစ်သူဟာ ဖခင်ရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အတတ်ပညာတွေကို သင်ကြားလာရင်းနဲ့ Piano နဲ့ ဂေါက်ရိုက်အတတ်ပညာတွေကို တတ်မြောက်နေပြီဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်က သူမရဲ့ သားလေးကို သူဖြစ်ချင်တဲ့ ဘဝအတိုင်းအကောင်အထည်ဖော်ခွင့်ပြုထားပြီးတော့ အိမ်ထောင်ပြုတဲ့အချိန်မှာတော့ ကတိတစ်ခုကိုပဲတောင်းဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။ ထွန်းအိန္ဒြာဗိုလ်ဟာ သူမရဲ့သားလေးကို အိမ်ထောင်ပြုတဲ့အခါမှာ ထေရဝါဒဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်တဲ့ မိန်းကလေးကိုသာ ရွေးချယ်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။ သူမအတွက်တော့ သူမ သားဟာ ဘာသာမတူတဲ့ သူကို အိမ်ထောင်ပြုလိုက်တဲ့အခါ စိတ်ဆင်းရဲမှုဒဏ်ကိုခံစားရမယ်လို့ သားဖြစ်သူကို တောင်းဆိုထားတာဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်တို့ ဇနီးမောင်နှံဟာ သားဖြစ်သူကို ငယ်စဉ်တည်းက ဘာသာတရားနဲ့ပတ်သက်ပြီး ကိုင်းရှိုင်းလေ့လာတတ်အောင် သင်ကြားလေ့ကျင့်ပေးထားတာတွေ့ရပါတယ်။ Writer-YS,Cele Star

ခေတ်နဲ့သစ်ရဲ့ အင်္ဂလိပ်စကား ကျွမ်းကျင်မှုကြီးကို ပြလိုက်တဲ့ မေမေချစ်သုဝေ

သရုပ်ဆောင် ချစ်သုဝေက သူမရဲ့ သမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်ရဲ့ အင်္ဂလိပ်စကားကျွမ်းကျင်မှုကြီးကို ပြသလိုက်ပါတယ်။ ချစ်သုဝေက သူမနဲ့တူတဲ့သမီးလေးတွေကို ပိုင်ဆိုင်ထားပြီး သူမလိုပဲ အမြွှာသမီးလေးတွေ ဖြစ်တာကြောင့် ညီအစ်မနှစ်ယောက် အမြဲအဖော်ရနေတာတွေ့ရပါတယ်။ ငယ်စဉ်တည်းက ပရိသတ်တွေအချစ်ပိုခဲ့ရတဲ့ ခေတ်နဲ့သစ်ဟာ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာခဲ့ပါပြီ။ ချစ်သုဝေက သူမသမီးလေး နှစ်ယောက်ရဲ့ အိမ်မှာဆော့ကစားနေရင်းပြောကြတဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်ကို ပရိသတ်တွေပါကြည့်ရှုခံစားနိုင်အောင် ဖော်ပြပေးလိုက်တာတွေ့ရပါတယ်။ ညီအစ်မနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ထိုင်ခုံလုနေရင်းပြောနေကြတဲ့ အင်္ဂလိပ်စကားတွေက ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေပါတယ်။ Ur ထိုင်ခုံ is အပေါ်ထပ်မှာ ဆိုတဲ့ စကားလေးကြောင့် ပရိသတ်တွေ သဘောကျခဲ့ရပြီး သူတို့ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို ပရိသတ်တွေက လိုက်တောင် မမှီနိုင်ဘူးလို့ မှတ်ချက်ပေးပြောဆိုနေကြတာဖြစ်ပါတယ်။ ကဲ…ပရိသတ်ကြီးရေ ဒီလောက်ဆိုရင်တော့ ခေတ်နဲ့သစ်ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို ကြည့်ရှုချင်နေလောက်ပြီထင်တယ်နော်။ Writer-YS,Cele Star

အနယ်နယ်အရပ်ရပ်က လာရောက်တဲ့ အဘရဲ့သားသမီးတွေကို ရွှေတောင်ခေါက်ဆွဲနဲ့ အာဟာရဒါနပြုခဲ့တဲ့ လင်းဇာနည်ဇော်တို့ မိသားစု

သရုပ်ဆောင် လင်းဇာနည်ဇော်တို့သားအမိ နဲ့ အစ်မဖြစ်သူ ချစ်ချစ်ဇော်တို့ မိသားစုကတော့ အနယ်နယ်အရပ်ရပ်က လာရောက်ပြီး ရှိခိုးကြတဲ့ အဘရဲ့သားသမီးတွေကို ရွှေတောင်ခေါက်ဆွဲနဲ့ အာဟာရဒါနပြုခဲ့ပါတယ်။ တစ်မိသားစုလုံး အနုပညာမျိုးရိုးတွေဖြစ်တဲ့အလျှောက် သမီးဖြစ်သူ မြူလင်းကိုကိုကလည်း အနုပညာအလုပ်တွေလုပ်ကိုင်ဖို့အတွက် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ လင်းဇာနည်ဇော်ဟာ သြစတြေးလျနိုင်ငံကိုသွားရောက်ပညာသင်ကြားနေတဲ့ သမီးဖြစ်သူကို မြန်မာနိုင်ငံကနေ ရက်တွေတွက်ပြီး လွမ်းဆွတ်နေရတဲ့ မိခင်တစ်ယောက်ပါ။ အမေတစ်ခု သမီးတစ်ခုဖြစ်နေတဲ့ဘဝမှာ သမီးလေးတစ်ယောက်တည်းကိုပဲ အဖော်လုပ်ပြီး နေနေရတဲ့ လင်းဇာနည်ဇော်ကို သမီးဖြစ်သူ မြူလင်းကိုကိုကလည်း အသက်တမျှ ချစ်မြတ်နိုးရိုသေတာတွေ့ရပါတယ်။ ယနေ့ နံနက်ပိုင်းက ဝေဇယန္တာလမ်းမကြီးပေါ်မှာရှိတဲ့ အဘအောင်မင်းခေါင်ရဲ့ အောင်ဓာတ်ခန်းကြီးမှာ ယောက်ကော်ဆရာလေးဦးဆောင်ပြီး ပြုလုပ်တဲ့ အနယ်နယ်အရပ်ရပ်မှ သားတပည့်များက အတူတကွ ဘုရားရှိခိုး၊ မေတ္တာပို့ အမျှဝေခြင်းတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ လင်းဇာနည်ဇော်တို့မိသားစုက အနယ်နယ်အရပ်ရပ်က လာရောက်ကြတဲ့ အဘရဲ့သားသမီးတွေအတွက် ရွှေတောင်ခေါက်ဆွဲနဲ့ နံနက်စာ အာဟာရဒါနပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ သမီးလေးနဲ့အတူ အလှူအတန်းတွေပြုလုပ်နေကြတဲ့ ပုံရိပ်လေးတွေကိုလည်း လင်းဇာနည်ဇော်က...

၃၈၅ သိန်းတန် Lexus ကားကြီးနဲ့ တန်ခွန်ကျော်ကို Surprise လုပ်ခဲ့ကြတဲ့ ပရိသတ်များ

တန်ခွန်ကျော်က အင်မတန်ကံကောင်းတဲ့ အဆိုတော်တစ်ဦးလို့ပြောရမှာပါ။ သူ့ကို အမာခံအားပေးတဲ့ ချစ်တဲ့ ပရိသတ်တွေရရှိထားတာပါ။ ယခုနောက်ဆုံးကျင်းပသွားတဲ့ မြန်မာအိုင်ဒေါ Season-4 ရဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ တန်ခွန်ကျော်ဟာ ပရိသတ်အားပေးသူ အရေအတွက် ဘယ်လောက်တောင်များလဲဆိုရင် Wild Card နဲ့ပြန်ခေါ်တဲ့အချိန်မှာတောင် Wild Card Winner အဖြစ် ပြိုင်ပွဲကို ပြန်လည်ရောက်ရှိလာရတဲ့ သူတစ်ဦးပါ။ နာဂတိုင်းရင်းသားလေးတစ်ဦးဖြစ်တဲ့ တန်ခွန်ကျော်ဟာ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကတဆင့် ဂီတလောကထဲကို အခြေချဖို့ ဝင်ရောက်လာခဲ့တာပါ။ ပရိသတ်တွေက တန်ခွန်ကျော်ကို ဘယ်လောက်တောင် ချစ်ကြသလဲဆိုရင် Fan Meeting မှာ တန်ခွန်ကျော် အတွက် မြန်မာငွေကျပ် ၃၈၅ သိန်းတန်ဖိုးရှိတဲ့ Lexus မော်တော်ကားကြီးကို တန်ခွန်ကျော်အတွက် ဝယ်ပေးခဲ့ကြတာပါ။ တန်ခွန်ကျော်က သူ့ပရိသတ်တွေရဲ့ အားပေးကြမ်းချက်ကြောင့် ဒီထက်ပိုပြီးအများကြီးကြိုးစားသွားမယ်လို့လည်း ပြောထားပါတယ်။ တန်ခွန်ကျော်တစ်ယောက် သူလျှောက်လှမ်းရမယ့် အနုပညာလမ်းပေါ်မှာ ချောမွေ့အဆင်ပြေစွာနဲ့ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ Writer-YS,Cele...

မြန်မာ့ရိုးရာဓလေ့ ထမနဲထိုးပွဲကို အားမာန်အပြည့်နဲ့ ပါဝင်ဆင်နွှဲခဲ့တဲ့ Sinon

ဖိလစ်ပိုင် Catwalk မော်ဒယ် Sinon က မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းစဉ်လာဖြစ်တဲ့ ထမနဲထိုးပွဲကို အပြိုင်ဆင်နွှဲခဲ့ပါတယ်။ မြန်မာနိုင်ငံက သဘာဝအလှတွေကို ထုတ်ဖော်ပေးတတ်လေ့ရှိပြီး မြန်မာနိုင်ငံကိုလည်းချစ်မြတ်နိုးတဲ့ Sinon က မြန်မာနိုင်ငံမှာ Fan ပေါင်းမြောက်မြားစွာကို ရရှိထားသူပါ။ မြန်မာနိုင်ငံရဲ့ သဘာဝလှပမှုတရားတွေကို သူ့ထဲမှာရှိတဲ့ နိုင်ငံတကာက ပရိသတ်တွေသိအောင် မိတ်ဆက်ပြောပြပေးတတ်တာကြောင့် မြန်မာပရိသတ်တွေက Sinon ကိုပါ တန်ဖိုးထားကြတာပါ။ Sinon ဟာ မြန်မာ့ပတ်ဝန်းကျင်လှပမှုအတွက်လည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ သူကိုယ်တိုင်လှုံ့ဆော်တဲ့သူအဖြစ် ရပ်တည်နေထိုင်ပါတယ်။ ငယ်စဉ်တည်းက မိဘမဲ့တစ်ယောက်အဖြစ် ခက်ခဲစွာကြီးပြင်းရှင်သန်လာရသူဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေတဲ့ ချို့တဲ့နေသူတွေကို တွေ့ရှိရင်လည်း အမြဲကူညီပေးဖို့ ကြိုးစားတဲ့ Sinon ရဲ့စိတ်ဓာတ်လေးကြောင့် Sinon ကို ကလေးကအစ လူကြီးအထိ ချစ်ခင်အားပေးကြတာပါ။ တပို့တွဲလရဲ့ ထမနဲထိုးပြိုင်ပွဲဟာ မြန်မာတွေရဲ့ချစ်စရာကောင်းတဲ့ ဓလေ့ထုံးတမ်းစဉ်လာလေးတစ်ခုဖြစ်ပါတယ်။ ဒီလလေးမှာ အနယ်နယ်အရပ်ရပ်ကရှိကြတဲ့ ကျောင်း၊ ဌာနဆိုင်ရာ လူမှုအဖွဲ့အစည်းတော်တော်များများက...

ဇနီးမောင်နှံ နှစ်ယောက်လုံး မျက်လုံးတွေတူနေရတဲ့အကြောင်းရင်းကို ပြောပြလာတဲ့ ရွှေထူး

ဂီတလောကက အဆိုရှင်နဲ့ အနုပညာနယ်ပယ်က သရုပ်ဆောင် မင်းသမီးလေးတို့ ပေါင်းဖက်ကြတဲ့ အချစ်ဇာတ်လမ်းတွေထဲမှာ ရွှေထူးနဲ့ ရွှေမှုံရတီတို့လည်း အပါအဝင်ပါ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ အသက်အရွယ်အရ အလွန်ငယ်ရွယ်သေးပေမယ့် အနုပညာလောကထဲမှာတော့ လျှမ်းလျှမ်းတောက် အောင်မြင်နေကြပြီဖြစ်တဲ့ အနုပညာရှင်တွေဖြစ်ပါတယ်။ နှစ်ဦးလုံးဟာ အဆိုနဲ့ သရုပ်ဆောင်ပိုင်းကိုပါ ကျွမ်းကျင်ကြသူတွေဖြစ်တာတွေ့ရပါတယ်။ ရွှေထူးရဲ့ ဒုတိယဇာတ်ကားဖြစ်တဲ့ ဧည့်သည်ဇာတ်ကားမှာ ရွှေမှုံရတီနဲ့ ပထမဆုံး ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ ရွှေထူးရေးပေးထားတဲ့ သီချင်းနဲ့ ရွှေမှုံရတီက ဂီတလောကမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြန်ပါတယ်။ ရိုလို့ ချစ်ကြတာမဟုတ်ဘဲ ချစ်လွန်းလို့ ရိုကြသူတွေထဲမှာ ရွှေနှစ်ရွှေဇနီးမောင်နှံလည်း ပါဝင်ခဲ့ပါတယ် ချစ်သူ ရည်းစားတွေ သို့မဟုတ် ဇနီးမောင်နှံတွေဟာ တွဲလာတဲ့အချိန်ကြာလာတာနဲ့အမျှ ရုပ်ရည်ချင်းဆင်တူလာတတ်ကြပါတယ်။ ရွှေမှုံရတီတို့ ဇနီးမောင်နှံကလည်း သူတို့ မျက်လုံးလေးတွေ ဆင်တူလာကြောင်းကို ပုံတင်ပြီးတော့ သက်သေပြခဲ့ပါတယ်။ ရွှေထူးက ဘာကြောင့်မို့ သူတို့နှစ်ယောက် မျက်လုံးချင်းဆင်တူနေရတာလဲဆိုတဲ့အကြောင်းပြချက်ကို ပြောပြခဲ့ပါတယ်။ ရွှေထူးပြောလိုက်တဲ့စကားလေးကတော့...

ညီအစ်မသုံးဖော်လို သမီးလေး နှစ်ယောက်နဲ့ အပြိုင်ကစားခဲ့တဲ့ ချစ်သုဝေ

မေမေချစ်သုဝေက သမီးလေး နှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ် တို့နဲ့အတူ ညီအစ်မတွေလို ကစားကွင်းထဲမှာ ဆော့ကစားခဲ့တာပါ။ သူမနဲ့တူတဲ့ သမီးလေးတွေရထားတာကြောင့် ချစ်သုဝေတစ်ယောက် ဘုရားကပေးတဲ့အကောင်းဆုံး ဆုလာဘ်တွေထဲက တစ်ခုကို ရရှိထားတာဆိုရင်လည်း မမှားပါဘူး။ သမီးလေးတွေကို ကိုယ်တိုင်ပြုစုစောင့်ရှောက်ပြီး သူမရဲ့သွန်သင်မှုတွေနဲ့အတူ ရင်အုပ်မကွာစောင့်ရှောက်နေသူပါ။ စင်ကာပူကို ကျန်းမာရေးကိစ္စနဲ့ ခရီးထွက်သွားတဲ့ ချစ်သုဝေက သမီးလေးတွေနဲ့ရက်အတော်ကြာခွဲခွာနေခဲ့ရတာကြောင့် ပြန်လည်ဆုံတွေ့ချိန်မှာ သမီးလေးတွေကို အချိန်ပေးပြီး ချစ်ပေးနေတာတွေ့ရပါတယ်။ သမီးလေးတွေနဲ့အတူ ဆံပင်ပုံစံတူ ညှပ်ခဲ့ပြီးတော့ ဖေဖေလင်းလင်းကိုလည်း အားကျမခံ ကြွားခဲ့ပါသေးတယ်။ ချစ်သုဝေက သမီးလေး နှစ်ယောက်မွေးထားတာ သူမအတွက်တော့ ညီအမတွေရလာသလိုပဲလို့ဆိုပါတယ်။ သမီးလေးတွေနဲ့အတူ ကစားကွင်းမှာ အပြိုင်ဆော့ရင်း ညီအစ်မသုံးဖော်ဖြစ်နေတဲ့ သူတို့ကို ခင်ပွန်းဖြစ်သူက ကလေးထိန်းခိုင်းရမယ်လို့ ရွှတ်နောက်နောက်ရေးသားခဲ့ပါတယ်။ ပရိသတ်တွေကတော့ သမီးလေးတွေနဲ့အပြိုင်ဆော့နေတဲ့ ချစ်သုဝေကို ကြည့်ပြီး သဘောတွေကျနေကြတာပါ။ ကဲ…ဒီညီအစ်မ သုံးဖော် ဘယ်လို ဆော့ကစားနေကြလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ Writer-YS,Cele Star

ချစ်သူရဲ့ မွေးနေ့ကို နောက်ဆုံးပေါ် အိုင်ဖုန်းနဲ့ Surprise လုပ်ပေးခဲ့တဲ့ ရဲနောင်

အဆိုတော် ရဲနောင်က သူ့ရဲ့ ချစ်သူ ဖြူဖြူဖွေးဖွေး ကောင်မလေးရဲ့ မွေးနေ့ကို Surprise လုပ်ပေးခဲ့ပါတယ်။ မြန်မာအိုင်ဒေါပြိုင်ပွဲကနေတဆင့် လူသိများလာတဲ့ ရဲနောင်ဟာ Season-2 က ပြိုင်ပွဲဝင်တစ်ဦးပါ။ ပရိသတ်အားပေးမှု ဗုတ်တင်တွေ ကြောက်ခမန်းလိလိ ရခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးလို့ပြောရင်လည်း မမှားပါဘူး။ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးပြီးဆုံးသွားတဲ့နောက် ဂီတလောကထဲကို ခြေချဝင်ရောက်လာခဲ့တဲ့ ရဲနောင်ဟာ ချာလီဆိုတဲ့ တစ်ကိုယ်တော်အခွေလည်းထွက်ရှိပြီးသွားခဲ့ပါပြီ။ အချစ်ရေးနဲ့ပတ်သက်ရင်တော့ ဆိတ်ဆိတ်နေခဲ့ပေမယ့် သူ့ရဲ့ ချစ်သူဟာ သူ့လိုမဟုတ်ဘဲ အသားအရမ်းဖြူတယ်လို့ မီဒီယာတွေအင်တာဗျူးမှာ မကြာခဏပြောပြဖူးပါတယ်။ ရဲနောင်ကတော့ ခုဆိုရင်သူ့ရဲ့ချစ်သူကောင်မလေးရဲ့ မွေးနေ့ကို နောက်ဆုံးပေါ် iPhone 11 Pro နဲ့ Surprise လုပ်ရင်း ပရိသတ်တွေကို ချပြလိုက်တာဖြစ်ပါတယ်။ ချစ်သူကောင်မလေးအတွက် မွေးနေ့ဆုတောင်းကိုလည်း ခုလိုပဲတောင်းထားပေးပါသေးတယ်။ “မွေးနေ့မှာ ပျော်ရွှင်ပါစေ ခေးလေး…🎂🎂❤️❤️အခက်အခဲတွေ စိတ်ညစ်စရာ တွေ့တိုင်းအနားမှာအမြဲရှိခဲ့ပေးလို့ ကျေးဇူးပါခေးလေး ..ကတိမတည်တဲ့ မသူတော်တွေနဲ့ဝေးပီး ကတိတည်တဲ့သူတော်ကောင်းတွေနဲ့ပဲတွေ့ဆုံပါစေ .....