Category: အနုပညာ

ဖေဖေဂျူမုံ သံတမန်ခန့်အပ်ခံရတဲ့ပွဲကို စမတ်ကျကျဝတ်စုံတွေနဲ့ လာအားပေးကြတဲ့ အမွှာလေး ၃ယောက်

မြန်မာပရိသတ်တွေက ဂျူမုံလို့ လူသိများကြတဲ့ ကိုရီးယားသရုပ်ဆောင် ဆောင်အီကွတ်ကို ChildFund Korea ရဲ့ သံတမန်အဖြစ်ခန့်အပ်တဲ့ပွဲမှာ သူ့ရဲ့ အမွှာသားလေး ၃ယောက်ဖြစ်တဲ့ ဒယ်ဟန်၊ မင်ဂု နဲ့ မန်ဆယ် တို့ကို စမတ်ကျကျ အနောက်တိုင်းဝတ်စုံလေးတွေနဲ့ တွေ့မြင်ကြရပါတယ်။ ကလေးသရုပ်ဆောင်တွေအဖြစ် ဖခင်ဖြစ်သူနဲ့အတူ စီးရီးတွေမှာ သရုပ်ဆောင်ခဲ့ကြတဲ့ သူတို့လေးတွေက အခုဆိုရင် တကယ့်ကို ရုပ်ပြောင်းပြီး လူကြီးရုပ်လေးတွေ ဖြစ်နေကြတာကိုလည်း တွေ့ရမှာပါ။ သူတို့အမွှာလေးသုံးယောက် ဖခင်နဲ့အတူ ပွဲတက်လာပုံကို  C-JeS Entertainment ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပြီး ဆောင်အီကွတ်လို လူမျိုး ကလေးငယ်တွေအတွက် ရန်ပုံငွေရှာဖွေရေး သံတမန်ဖြစ်လာတာဟာ အရမ်းကို သင့်တော်တဲ့ ဖြစ်စဉ်တစ်ခုပါ ဆိုတဲ့ Caption နဲ့ တင်ပေးခဲ့တာပါ။ အောက်တိုဘာ ၂၄ ရက်က ကျင်းပခဲ့တဲ့ အဆိုပါ သံတမန် ခန့်အပ်ပွဲကို ဖခင်နဲ့အတူ တက်ရောက်လာတဲ့...

ဟိန်းမင်းသူရဲ့ မွေးနေ့မှာ ရွှေတိဂုံဘုရားအတူသွားပြီး ကုသိုလ်အတူပြုပေးခဲ့တဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ မောင်လေး ဟိန်းမင်းသူရဲ့ မွေးနေ့မှာ အတူတကွ ဘုရားအတူတက် ကုသိုလ်ကောင်းမှုတွေ အတူပြုလုပ်ပေးခဲ့ပါတယ်။ ဟိန်းမင်းသူရဲ့ မွေးနံဒေါင့်မှာ အတူ ဘုရားဝတ်ပြုခဲ့ကြသလို သင်ဇာရဲ့ မွေးနံဒေါင့်ဖြစ်တဲ့ သောကြာဒေါင့်မှာလည်း အတူတကွ ဘုရားဖူးကုသိုလ်ယူခဲ့ကြသေးတာပါ။ သင်ဇာဝင့်ကျော်ရဲ့ Story မှာ video လေး တင်ခဲ့တာဖြစ်ပြီး သင်ဇာက ဟယ်လို Birthday boy လေးပါလို့ဆိုပြီး ဟိန်းမင်းသူနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်၊ ပြီးတော့ သူမကိုယ်တိုင် မောင်လေးအတွက် ဟက်ပီးဘတ်ဒေးပါလို့လည်း ဆုတောင်းပေးခဲ့သေးတာပါ။ သင်ဇာဝင့်ကျော်နဲ့ ဟိန်းမင်းသူတို့ဟာ မကြာခဏ ပုံတွေတွဲရိုက်လေ့ရှိပြီး MTV လေးတစ်ခုကိုလည်း အတူတကွ တွဲဖက်သရုပ်ဆောင်ခဲ့ကြပါသေးတယ်။ သင်ဇာက မြန်မာဆန်ဆန် အနီပွင့် ဝမ်းဆက်လေးနဲ့ လှနေခဲ့တာဖြစ်ပြီး မောင်လေးဟိန်းမင်းသူကလည်း စတစ်ကော်လံ ပုဆိုးတိုတိုနဲ့ ဘုရားမှာ အတူတွေ့မြင်ကြရတာပဲ ဖြစ်ပါတယ်။ ကဲ မတ်မတ်သင်ဇာနဲ့ မောင်လေး ဟိန်းမင်းသူတို့က ပရိသတ်ကို...

သိန်း ၂၀ ဝန်းကျင်ရှိတဲ့ ခါးပတ်နဲ့ ဖခင်ကို မွေးနေ့ surprise လုပ်လိုက်တဲ့ ဖွေးစိန်

ပြည်သူ့အချစ်တော်ဖွေးစိန်လေးကတော့ ဒီနေ့မှာ မနက်အစောကြီး ဖခင်မနိုးခင် ကျပ်သိန်း ၂၀ ဝန်းကျင် တန်ဖိုးရှိတဲ့ Hermes ခါးပတ်လေးနဲ့ မွေးနေ့ surprise လုပ်လိုက်လို့ သူမရဲ့ ဖခင်ဖြစ်သူ ဦးကျော်ကျော်ဝင်းတစ်ယောက် အိပ်ယာလည်း နိုးရော တအံ့တသြဝမ်းသာနေပါတယ်တဲ့လေ။ ဖွေးစိန်လေးရဲ့ဖေဖေ ဦးကျော်ကျော်ဝင်းက အိပ်ယာနိုးနိုးချင်း ဒန်တန်တန် ကျေးဇူးပါသမီး ဆိုပြီး ဖွေးစိန်လေးပေးတဲ့ Hermes ခါးပတ်လေးရဲ့ ပုံလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ တင်ထားတာဖြစ်ပါတယ်။ ဖွေးစိန်လေးက သူမဖေဖေကို Happy Belated Birthday ဖေဖေ၊ မွေးနေ့ကစပြီး ပိုပျော်၊ ပိုကျန်းမာ၊ ပိုချမ်းသာ လာပါစေလို့ ဆုတောင်းပေးထားတာဖြစ်ပါတယ်။ ဖွေးစိန်ဖခင်ရဲ့ မွေးနေ့က ပြီးသွားပြီဖြစ်ပေမယ့် နောက်ကျ မွေးနေ့လက်ဆောင်လေးနဲ့ ဖခင်ကို ပျော်စေခဲ့တဲ့ ဖွေးစိန်လေးပါပဲ။ ဖွေးစိန်လေးရဲ့ ဖေဖေက လက်ရှိမှာ Daddy’s Kitchen ဆိုတဲ့ အွန်လိုင်း Food...

အားလုံးဖြစ်စေချင်တဲ့အတိုင်း Winner တကယ်ဖြစ်ခဲ့ရင် ပရဟိတတွေ အများကြီးလုပ်ချင်ပါတယ်ဆိုတဲ့ Myanmar Idol ပြိုင်ပွဲဝင် အေးမြဖြူ

လက်ရှိ Myanmar Idol Season 4 ပြိုင်ပွဲမှာ ဝင်ပြိုင်နေတဲ့ အေးမြဖြူဆိုတာကတော့ တစ်ချိန်က မြန်မာသံစဉ်လေးတွေနဲ့ ကလေးသီချင်းဆိုပြိုင်ပွဲတွေမှာ အမြဲလို ဆုရရှိခဲ့သူဖြစ်ပြီး ရုပ်ရှင်ဇာတ်လမ်းတွေမှာလည်း ကလေးသရုပ်ဆောင်အနေနဲ့ နာမည်ကြီးခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူမက လက်ရှိမှာ ၁၀ တန်းကလေးတွေကို စာသင်ပေးရတဲ့ ဆရာမအလုပ်လုပ်ကိုင်နေသူဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ဘာသာနဲ့အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ ငယ်စဉ်ကတည်းက ဝါသနာကြီးခဲ့တဲ့ အဆိုကို ပြန်လည်အသက်သွင်းတဲ့အနေနဲ့  MMID season 4 မှာ ပါဝင်ယှဉ်ပြိုင်လာခဲ့တာပါ။ Myanmar Idol ပြိုင်ပွဲစဉ်အတွင်း တောက်လျှောက်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး အသံချိုချိုအေးအေးလေးနဲ့ အသံကောင်းလွန်းသူရယ်လို့ ပရိသတ်က သတ်မှတ်ခံရသူလည်း ဖြစ်ပါတယ်။ မကြာခင်က သီချင်းတစ်ပုဒ်ထဲကို အုပ်စုလိုက် သီဆိုရတဲ့ Round မှာလည်း ချမ်းချမ်းရဲ့ မင်းရဲ့အရိပ်ကလေးသီချင်းကို အတူသီဆိုသူ လေးဦးလုံးနဲ့ အပေးအယူညီညီမျှမျှ သီဆိုနိုင်ခဲ့ပြီး လေးဦးလုံး နောက်တဆင့်...

ဖုန်းဘေလ်ငါးသောင်းပေါက်တယ်ဆိုပြီး ဖုန်းထဲကလက်ကျန်ငွေကို လိမ်ယူခံလိုက်ရတဲ့ စန္ဒီမြင့်လွင်

ဒီဒီးလို့ လူသိများတဲ့ သရုပ်ဆောင်နဲ့ အဆိုတော်စန္ဒီမြင့်လွင်တစ်ယောက် သူမဆီ  ဖုန်းဘေလ်ငါးသောင်း ပေါက်တယ်ဆိုပြီး ဖုန်းဝင်လာလို့ ပျော်နေတုန်း ဖုန်းထဲက လက်ကျန်ငွေလေးကိုပါ လိမ်ယူခံလိုက်ရလို့ စိတ်တိုဒေါသထွက်နေရတယ်လို့ သိရပါတယ်။ စန္ဒီမြင့်လွင်က သူမရဲ့ ဖေ့ဘုတ်မှာ “ဖုန်းဝင်လာတယ် ဒီနေ့ ငါးသောင်း ဖုန်းဘေလ်ပေါက်တယ်ဆိုတော့ ဟယ်ပျော်စရာကြီးပေါ့ ၊ အဲဒါနဲ့ ကုတ်နံပါတ်ဝင်လား ဝင်တဲ့နံပါတ်ပြောပါဆိုလို့ ပြောလိုက်မိပါတယ်၊ ခနနေကြည့်လိုက်တော့ဖုန်းထဲရှိတဲ့ ၇ထောင်ပါသွားပါပီနော် အားလုံးလဲသတိထားလို့ ရအောင်ပါ တယ်လီနောကပါ ၊ တယ်လီနောကနေပဲမက်ဆေ့ပို့တာပါ ရှဲပေးကြပါ တယ်လီနောကလဲ ဒီပို့ စ်ကိုတွေ့ စေချင်ပါတယ် ” လို့ ပြောထားတာပါ။ သူမက သူမဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်တွေကို အကုန်ပြောပြထားသလို သူမကိုလိမ်တဲ့ ဖုန်းနံပါတ်တွေ၊ screen shot တွေကိုလည်း ပြသလိုက်ပါတယ်။ စန္ဒီမြင့်လွင်က တယ်လီနောဖုန်းသုံးတာဖြစ်ပါတယ်။ သူမက တစ်ခြားသူတွေ သူမလိုမဖြစ်စေချင်လို့ သတိထားဖို့ အခုလိုတင်ပေးလိုက်ရတာလို့ ဆိုထားပါတယ်။...

၂၀၂၀ ချစ်သူများနေ့မှာ သူရိယနဲ့ မင်္ဂလာဆောင်ဖို့ စီစဉ်ထားခဲ့ပေမယ့် လမ်းခွဲခံလိုက်ရတဲ့အကြောင်း ပြောလာတဲ့ ဆုအိမ့်စံ

မကြာသေးခင်က သူရိယနဲ့ လမ်းခွဲလိုက်တယ်လို့ သတင်းထွက်လာပြီး အခုလို သူရိယဘက်က တဖက်သတ်လမ်းခွဲခံရတဲ့အပေါ် တရားဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ သရုပ်ဆောင်ဆုအိမ့်စံက ဒီကိစ္စမှာ သူမအနေနဲ့ လာမယ့် ၂၀၂၀ ချစ်သူများနေ့မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ပြီးမှ လမ်းခွဲခံလိုက်ရတာဖြစ်ကြောင်း MC မီဒီယာမှတဆင့် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆုအိမ့်စံနဲ့ သူရိယတို့ဟာ ဖေဖော်ဝါရီ ၁၄ ၂၀၁၉ ချစ်သူများနေ့မှာပဲ စေ့စပ်ခဲ့ကြတာဖြစ်ပြီး စေ့စပ်ပြီးနောက်ပိုင်း ဆုအိမ့်စံမိဘတွေရှိတဲ့ ပဲခူးကို ဆွေပြမျိုးပြ သွားခဲ့သေးကြောင်း၊ အဲဒီနောက်ပိုင်းမှာ သူရိယက ပုံမှန်မဟုတ်တော့ပဲ အဆက်အသွယ် သိပ်မလုပ်တော့ကြောင်း၊ ဆုအိမ့်စံဘက်ကတော့ ပုံမှန်အတိုင်းပဲ ဆက်ခေါ်ခဲ့ကြောင်း၊ ၂၀၂၀ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ မင်္ဂလာဆောင်ဖို့လည်း Booking ယူထားပြီးပြီဖြစ်ကြောင်း ဆုအိမ့်စံဘက်က ဖြေကြားခဲ့တာပါ။ သူမဘက်က မင်္ဂလာဆောင်ဖြစ်မယ် အေးအေးချမ်းချမ်းဘဝလေးရမယ်လို့ပဲ မျှော်လင့်ထားခဲ့ကြောင်း၊ အခုလို သူမတို့လမ်းခွဲကြတဲ့ ကိစ္စကြောင့် သူမ မိဘတွေက...

အကြမ်းစားပုံတွေဆက်တိုက်တင်ပြီးနောက် ဖေ့ဘုတ်အကောင့်ပိတ်ခံလိုက်ရတဲ့ သင်ဇာဝင့်ကျော်

ဆွဲဆောင်မှုအားကောင်းလှတဲ့ ပုံတွေ၊ ဝတ်စားဆင်ယင်မှုတွေနဲ့ ပရိသတ်ကို ဖမ်းစားလေ့ရှိတဲ့ သင်ဇာဝင့်ကျော်ကတော့ အကြမ်းစားပုံတွေ ဆက်တိုက်လို တင်ပြီးနောက်မှာ ဖေ့ဘုတ်အကောင့်ပိတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ သူမဟာ အဝတ်မပါတဲ့ ပုံတွေကို မကြာခဏတင်ပြီး သူမရဲ့ ကိုယ်လုံးအလှကို ပြသလေ့ရှိသလို ပွဲတွေမှာဆိုရင်လည်း အဝတ်အစားကြောင့် ပရိသတ်က ဟာကနဲ ဟင်ကနဲ ဖြစ်ရသူပါပဲ။ သူမကို ပွဲတက်တွေ ငှားဖို့အတွက် အဝတ်အစားပိုင်းကို သီးသန့်ငှားရတယ်လို့ သိရပြီး အဝတ်အစားဝတ်ဆင်ပေးရတဲ့ပေါ် မူတည်ပြီး ဈေးသတ်မှတ်လေ့ရှိတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ အဝတ်အစားက ပိုမိုပေါ်လွင်အောင် ဝတ်ဆင်ပေးရတဲ့ပွဲဆိုရင် အနုပညာကြေးပိုများတယ်လို့ ပွဲငှားရမ်းသူတစ်ချို့က ပြောပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်း သူမရဲ့ ဖေ့ဘုတ်နဲ့ အင်စတာဂရမ်အကောင့်မှာ အဝတ်မပါတဲ့ အပေါ်ပိုင်း ဗလာကျင်းပုံတွေ၊ အောက်ပိုင်း ဗလာကျင်းပုံတွေတော်တော်များများကို တင်ခဲ့တာ တွေ့ရပြီး  ဖေ့ဘုတ်အကောင့် အပိတ်မခံရခင်မှာ “အဝတ်မပါပဲ အိပ်ရတာ ကောင်းတယ် အဝတ်မပါပဲ မင်းနဲ့အတူအိပ်ရတာ...

တီတီချစ်သုဝေနဲ့ ဆုံရလို့ ပျော်နေတဲ့ ထိပ်ထားသခင်လေး

ထိပ်ထားသခင်လေးက ပွဲတစ်ခုမှာ တီတီချစ်သုဝေ၊ ခေတ်ခေတ်၊ ဈေးသည်ကြီး ကိကိ တို့နဲ့ ဆုံရလို့ အရမ်းပျော်နေပါတာပါ။ ထိပ်ထားသခင်လေးက ဒီနေ့ အထက ၄ အလုံမှာ ကျင်းပတဲ့  ကမ္ဘာ့လက်ဆေးရေးနေ့ Global Hand Washing Day 2019  ကို တက်ရောက်ခဲ့တာလို့ သိရပါတယ်။ ကျောင်းမှာရှိတဲ့ ကျောင်းသားတွေနဲ့အတူ ထိပ်ထားသခင်လေးရော၊ တီတီချစ်သုဝေ၊ ဆရာဝန်မော်ဒယ်လ်နဲ့ Miss တစ်ဦးဖြစ်တဲ့ မမအေးချမ်းမိုး၊ ခေတ်ခေတ်၊ ကိကိ တို့အားလုံးက လက်ဆေးခဲ့ကြတာပါတဲ့။ ထိပ်ထားတို့လိုပဲ ကျန်းမာဖို့ အားလုံးလက်ဆေးကြဖို့ မမေ့ပါနဲ့လို့လည်း ထိပ်ထားလေးက သတိပေးလိုက်ပါသေးတယ်။ ဒီပွဲလေးကို Lifebuoy ဆပ်ပြာကနေ ဦးစီးကျင်းပတာဖြစ်ပြီး ကမ္ဘာ့လက်ဆေးရေးနေ့ အထိမ်းအမှတ်အနေနဲ့ ထုတ်ထားတဲ့ Lifebuoy လက်ဆေးဆပ်ပြာနဲ့ ရေချိုးဆပ်ပြာဘူးလေးတွေဝယ်လိုက်တိုင်း ငွေကျပ် ၂၀၀ ကို စာသင်ကျောင်းတွေမှာ လက်ဆေးကျန်းမာရေး အသိပညာပေးရေးလုပ်ငန်းတွေအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။...

မွေးနေ့မှာ ချစ်သူကောင်မလေးနဲ့အတူ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် နက္ခတ်   

သရုပ်ဆောင်နက္ခတ် ကတော့ ယနေ့ သူ့ရဲ့ မွေးနေ့မှာ ချစ်သူကောင်မလေးနဲ့အတူ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့ပြီး သူတက်ခဲ့တဲ့ ကျောင်းက ကလေးငယ်တွေကိုလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်တဲ့။ သရုပ်ဆောင်နက္ခတ် ဟာ MRTV 4 ဇာတ်လမ်းတွဲတွေဖြစ်တဲ့ အရိပ်၊ ဝင်္ကပါရှင်းတမ်း၊ ချစ်ရပါသောနွေ အစရှိတဲ့ ဇာတ်ကားတွေနဲ့ လူကြိုက်များခဲ့သူလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့ချစ်သူ ကောင်မလေးတို့ကို အမြဲလိုချစ်ခင်စွာ မြင်တွေ့ရလေ့ရှိပြီး တစ်ချို့သောမင်းသားတွေလို ချစ်သူရှိတာကို ဖုံးကွယ်မထားတတ်တဲ့ မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ချစ်သူ ၂ဦးက အရမ်းတွေ Ro ပြတတ်တဲ့သူတွေလည်း မဟုတ်ပြန်ပါဘူး။ အခုလို လှူဒါန်းမှုတွေ ရှိလာရင် ဘုရားသွားကျောင်းတက်ရှိလာရင်သာ အတူတူတွဲပြီး ကုသိုလ်ယူလေ့ရှိတာကို တွေ့ရပါတယ်။ သူ့ရဲ့ ချစ်သူကောင်မလေးကို လုပ်ဖော်ကိုင်ဖက်တွေကလည်း ချစ်ခင်ကြတယ်လို့ သိရပါတယ်။ မျက်နှာချိုချို အပြုံးချိုချိုလေးနဲ့ သရုပ်ဆောင် နက္ခတ်ရဲ့ မွေးနေ့မှာ သူ့ကို...

ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်မင်း ရဲ့ သားလေး ကွယ်လွန်

ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်မင်းရဲ့ သားကြီးက အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်တွေ ရယ်မောအောင် အမြဲတမ်း သရုပ်ဆောင်နေရတဲ့ ဇာတ်ပို့တစ်ယောက်ရဲ့ ဘဝနောက်ကွယ်မှာတော့ သားတစ်ယောက် သမီးတစ်ယောက် ရှိနေပြီး သားဖြစ်သူက ပိုလီယိုဘဝနဲ့ ရှင်သန်နေရသူဖြစ်ပါတယ်။ သားလေးက စကားလည်း မပြောနိုင်ဘူးလို့ သိရပါတယ်။ အောင်ဇော်မင်းရဲ့ သားလေးက ထိုင်တောင်မထိုင်နိုင်ပဲ ပက်လက်နေရတာများတဲ့ မွေးရာပါ ရောဂါသည်တစ်ဦးလည်း ဖြစ်ပါတယ်။                အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ ဇာတ်ပို့သရုပ်ဆောင် အောင်ဇော်မင်းရဲ့ သားလေးက ဘဝတစ်ပါးသို့ကူးပြောင်း ကွယ်လွန်သွားခဲ့တာပါ။ တောင်ဥက္ကလာ ၁၂ ရပ်ကွက်မှာ နေထိုင်တဲ့ အောင်ဇော်မင်းတစ်ယောက် သားလေးကို ဒီနေ့နေ့လည် ၃နာရီက ရေဝေးသုသာန်မှာ သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ မောင်ကောင်းကောင်း သို့ မောင်ကြယ်စင်သန့်လေး...

x