Monthly Archive: February, 2020

ချစ်သူများနေ့မှာ ပရိသတ်တွေကို Surprise လုပ်ပြီး ချစ်သူနဲ့ပုံတွေ ချပြလိုက်တဲ့ မထက်

မထက် လို့ နာမည်ကြားလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း Makeup Artist တစ်ဦးဆိုတာ တော်တော်များများ သိကြမှာပါ။ မထက်ဟာ လိင်ပြောင်းထားတဲ့ LGBT တစ်ဦးဖြစ်ပြီးတော့ မိတ်ကပ် Artist တစ်ဦးအဖြစ် သူမရဲ့ အသက်မွေးဝမ်းကျောင်းဖြင့် ရပ်တည်နေတာဖြစ်ပါတယ်။ နာမည်ကြီးမင်းသမီးတွေ အတော်များများဟာ မထက်ရဲ့ အလှအပ ပြင်ဆင်မှုအောက်မှာ ခြယ်သခံကြပြီး သတို့သမီးလောင်းအတော်များများရဲ့ စိတ်ကူးထဲက မိတ်ကပ်ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ မထက်ဟာ မိတ်ကပ်ဖန်တီးသူတစ်ဦးဖြစ်ရုံမက ရုပ်ရှင်ကားတွေလည်း ရိုက်ကူးတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ မိတ်ကပ် လင်းလင်း၊ ညီညီမောင်စမ်းချောင်းတို့နဲ့အတူ ရုပ်ရှင်တစ်ကားရိုက်ကူးထားပြီးပါပြီ။ မထက်ဟာ လိင်ပြောင်းထားသူတစ်ဦးဖြစ်နေပေမယ့် သူမရဲ့ လှပပြေပြစ်မှုတွေက မိန်းကလေးအစစ်တစ်ဦးကဲ့သို့  ပိုင်ဆိုင်ထားရှိခြင်းပဲဖြစ်ပါတယ်။ ဆံနွယ်ရှည်တွေနဲ့အတူ မြင့်မားတဲ့အရပ် ဖြူဖွေးနေတဲ့အသားအရည်လေးတွေဟာ သူမကိုယ် ပိုပြီးလှပစေပါတယ်။ အချစ်ရေးနဲ့ပတ်သက်လာရင် အသည်းကွဲနေတဲ့ အနစ်နာခံဖြစ်တဲ့အကြောင်းတွေသာ အမြဲပြောလေ့ရှိတဲ့ မထက်က သူမရဲ့ ချစ်သူနဲ့ပုံတွေကို ချစ်သူများနေ့မှာ Surprise လုပ်ပြီး ချပြလိုက်တာဖြစ်ပါတယ်။...

မြေးလေးပေးတဲ့ လေ့ကျင့်ခန်းတွေကို မမောနိုင် မပန်းနိုင်လုပ်ပြီး ပျော်ရွှင်နေတဲ့ ဘိုးဘိုးလွင်မိုး

ဘိုးဘိုးလွင်မိုးကတော့ မြေးဦးလေး လီယျံရဲ့ မပီကလာစကားတွေကြားမှာ နစ်မြောစီးဝင်လို့ အချစ်တွေတိုးပွားနေပါပြီ။ နှစ်ဖက်မိဘတွေရဲ့ ပထမဆုံးမြေးဦးလေးဖြစ်တာကြောင့် အဘိုးအဘွားတွေရဲ့ သည်းသည်းလှုပ်ချစ်ခြင်းကို ခံရတဲ့ လီယျံလေးဟာ ယွန်းဝတီလွင်မိုးရဲ့တစ်ဦးတည်းသော သားလေးပဲဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံက ကျောင်းတက်နေဆဲဖြစ်တာကြောင့် မွေးပြီးတည်းက အဘိုးအဘွားတွေရဲ့ လက်ထဲမှာပဲ ကြီးပြင်းလာခဲ့ရသူလေးပါ။ ယွန်းဝတီလွင်မိုး သြစတြေးလျ ကျောင်းပြန်သွားတက်တဲ့အချိန်မှာလည်း လီယျံလေးက အဘိုးဖြစ်သူ လွင်မိုး ဘွားဘွားမေသူတို့နဲ့အတူ မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ တဖြေးဖြေးနဲ့ အရွယ်ရောက်ပြီးကြီးလာခဲ့ပြီဖြစ်တဲ့ လီယျံဟာ စကားတတ်စပြုလာခဲ့ပြီး မေမေဆိုတဲ့စကားလုံးကိုလည်း သုံးစွဲနေတတ်ပြီဖြစ်ပါတယ်။ ထို့အတူ အဘိုးရဲ့ အသည်းကျော်ကြီးလို့ ပြောရလောက်အောင် အဘိုးဖြစ်သူကိုလည်း လေ့ကျင့်ခန်းတွေ စပေးနေပြီဖြစ်ပါတယ်။ ဘိုးဘိုးလွင်မိုးကတော့ မြေးလေးပေးတဲ့ လေ့ကျင့်ခန်းတွေကို မမောနိုင်မပန်းနိုင်လုပ်ရင်း ပျော်ရွှင်နေတဲ့ ပုံလေးတွေကို မျှဝေထားတာဖြစ်ပါတယ်။ ဘိုးဘိုး…ကောက်ကောက် ဆိုပြီး စကားပြောတတ်စ လီယျံလေးရဲ့ လေ့ကျင့်ခန်းတွေကြားမှာ ဦးလွင်မိုးတစ်ယောက် ဘောလုံးကောက်ရင်း ပျော်ရွှင်နေတာပါ။ သားသမီးအချစ် မြေးအနှစ်လို့ဆိုရလောက်အောင် လီယျံလေးကို...

ကျိုက်ထီးရိုးရင်ပြင်မှာ လူပေါင်း (၁၅၀၀) ကြိတ်ကြိတ်တိုးစည်ကားအောင် ပါရမီဖြည့်ပေးနိုင်ခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ရဲ့ ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်လေးကတော့ အောင်မြင်စွာပြီးစီးသွားခဲ့ပါပြီ။ မကြာခင်မှာကျရောက်လာတော့မယ့် ချစ်သူများနေ့မှာ စုံတွဲတွေကိုယ်စီ ရိုဆန်ဆန် Surprise တွေနဲ့ ဖြတ်သန်းကြဖို့ စီစဉ်နေချိန်မှာ သရုပ်ဆောင် စမိုင်းလ်က သူမရဲ့ ခင်ပွန်းဖြစ်သူဆီကနေ ဘာ Surprise မှမတောင်းဆိုဘဲ လူပေါင်း (၁၅၀၀) ကို ရွှေတိဂုံ-ကျိုက်ထီးရိုး အဓိဌာန်ပို့ပေးဖို့သာ ဆုတောင်းခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် စမိုင်းလ်က သူမကိုယ်တိုင်လည်း ဘာသာတရားတွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်ရုံမက သူမနဲ့ပတ်သက်သူ၊ အားပေးနေတဲ့ ပရိသတ်တွေကိုပါ သူမကဲ့သို့ ဘာသာတရားကိုအချိန်ပေး လုပ်ကိုင်နိုင်အောင် စီစဉ်ပြီး ပါရမီဖြည့်ပေးနေတာဖြစ်ပါတယ်။ ရှေးအပိုင်းတွေမှာလည်း ကျိုက်ငါးကျိုက်၊ ညောင်ဆယ်ပင်အဓိဌာန်တွေကို လူပေါင်းထောင်ချီအတွက် စီစဉ်ပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးတစ်ခေါက်ဖြစ်တဲ့ ရွှေတိဂုံ-ကျိုက်ထီးရိုး အဓိဌာန်လေးကတော့ ခင်ပွန်းဖြစ်သူဆီက တောင်းဆိုထားတဲ့ အဓိဌာန်လေးဖြစ်ပါတယ်။ ဒီအဓိဌာန်လေးကို ကျိုက်ထီးရိုးရင်ပြင်တော်မှာ လူအပြည့်ကြိတ်ကြိတ်တိုးစည်ကားပြီးတော့ အဓိဌာန်ဝင်နိုင်အောင် ပါရမီဖြည့်ပေးနိုင်ခဲ့တာပါ။ သူမရဲ့ ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်ကို သစ်တံခါးဆရာတော်ကြီးကိုယ်တိုင်ကြွရောက် တရားပေးခဲ့ပြီးတော့...

ဗယ်လင်တိုင်းအကြိုတွေ့ခဲ့ကြတဲ့ နန်းမြတ်ဖြိုးသင်း သားလေး ဂျက်ဂျက်နဲ့ စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure လွင်

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ တစ်ဦးတည်းသော သားလေး ဂျက်ဂျက်နဲ့ စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာလွင်တို့က ချစ်သူများနေ့ အကြို တွေ့ခဲ့ကြတယ်လို့ မေမေ စန္ဒီမြင့်လွင်က ရွှတ်နောက်နောက်ရေးသားထားပါတယ်။ ဂျက်ဂျက်နဲ့ ထရက်ရှာလွင်တို့ နှစ်ဦးလုံးဟာ တစ်ချိန်မှာ အနုပညာမျိုးဆက်သစ်လေးတွေဖြစ်လာမယ့် သူတွေဖြစ်ကြပါတယ်။ မိခင်ဖြစ်သူတွေဟာ အနုပညာလောကနဲ့ ဂီတလောကမှာ အောင်မြင်ကျော်ကြားသူတွေဖြစ်ကြတာကြောင့် သားသမီးတွေဟာလည်း အနုပညာသွေးအပြည့်ပါလာမယ်ဆိုတာတော့ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ တစ်ဦးတည်းသော သားသား၊ မီးမီးလေးတွေကို ပိုင်ဆိုင်ထားကြတဲ့ နန်းမြတ်ဖြိုးသင်းနဲ့ စန္ဒီမြင့်လွင်တို့ဟာ မိခင်မေတ္တာအပြည့်အဝနဲ့ သည်းသည်းလှုပ်ချစ်မြတ်နိုးနေကြတာပါ။ သူတို့လေးတွေဟာ ငယ်ရွယ်ပေမယ့် ချစ်စရာကောင်းလွန်းတာကြောင့် ငယ်စဉ်တည်းကပင် ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိနေကြတာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က မကြာခင်မှာကျရောက်လာတော့မယ့် ချစ်သူများနေ့ မတိုင်ခင်မှာ သားလေး ဂျက်ဂျက်နဲ့အတူ သမီးလေး ထရက်ရှာလွင်ကို ပေးတွေ့ခဲ့တယ်လို့ စနောက်ပြီး ချစ်စဖွယ်လေးရေးသားထားတာပါ။ ချစ်စရာကောင်းတဲ့ ကလေးလေး နှစ်ယောက်ရဲ့ တွေ့ဆုံမှုလေးကိုလည်း ပရိသတ်ကြီးအတွက် မျှဝေပေးထားတာကြောင့်...

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကို နေ့ဆွမ်းနဲ့ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့တဲ့ စံရတီမိုးမြင့်

သရုပ်ဆောင် စံရတီမိုးမြင့်က ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခွင့်ရရှိခဲ့ပါတယ်။ စိတ်ထားလေးနူးညံ့ပြီး ကိုယ်ချင်းစာတရားအပြည့်ရှိတဲ့ မင်းသမီးလေးလို့ ပရိသတ်တွေက သတ်မှတ်ထားတဲ့ စံရတီမိုးမြင့်ဟာ တိရိစ္ဆာန်လေးတွေအပေါ်မှာလည်း အကြင်နာတရားရှိသူပါ။ သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် သူချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ပြီး ရပ်တည်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ စံရတီမိုးမြင့်ဟာ မကြာခဏပြုလုပ်တဲ့ တရားပွဲတွေမှာလည်း လာရောက်တရားနာယူတာတွေ့ရပါတယ်။ ဘာသာတရားနဲ့ပတ်သက်လာရင် ကိုင်းရှိုင်းရိုသေတတ်တဲ့ စံရတီမိုးမြင့်က ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကို နေ့ဆွမ်းနဲ့ လှူဖွယ်ဝတ္ထုတွေဆပ်ကပ်ခွင့်ရခဲ့လို့ ပီတိတွေဖြစ်နေခဲ့တာပါ။ “ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးအား နေ့ဆွမ်းနဲ့ လှုဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်. မြင်သောသူ ကြားသောသူများအားလုံးကုသိုလ်ထပ်တူထပ်မျှရကြပါစေ… ဤကောင်းမှုသည် နိဗ္ဗာန်ချမ်းသာရောက်ရာရောက်ကြောင်းအတွက် အထောက်အပံ့ဖြစ်ပါစေ🙏🙏🙏” လို့ သူမရဲ့ ကုသိုလ်ကိုလည်း အားလုံးရရှိအောင် မျှဝေပေးထားပါတယ်။ ဒီကနေ့ ပြုခဲ့တဲ့ ကုသိုလ်အစုစုကြောင့် သူမလျှောက်လှမ်းနေတဲ့ အနုပညာလမ်းတစ်လျှောက်မှာ အောင်မြင်မှုအပေါင်းသရဖူဆောင်းနိုင်ပြီးတော့ နောက်နောင်တွေမှာလည်း ဒီထက်ပိုမိုလှူဒါန်းခွင့်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ Writer-YS,Cele Star

Valentine’s Day မရောက်ခင်မှာပဲ နှင်းဆီပန်းတွေ လက်ဆောင်ရခဲ့တဲ့ နေခြည်ဦး

Beauty Blogger အဖြစ်ကနေ သရုပ်ဆောင် အဖြစ် ခြေလှမ်းသွက်သွက်တွေနဲ့ လှမ်းလာနိုင်ခဲ့တဲ့ နေခြည်ဦးက သူမရဲ့ Lifestyle တွေကို ပွင့်လင်းမြင်သာစွာ ချပြတတ်သူတစ်ဦးပါ။ မကြာသေးခင်ကမှ သူမရင်သားခွဲစိတ်မှုမှတ်တမ်းအခြေအနေကိုလည်း ပရိသတ်တွေ သိရှိနိုင်အောင် Vlog လေးတစ်ခုနဲ့ မျှဝေပေးထားတာတွေ့ရပါတယ်။ နေခြည်ဦးရဲ့ ထူးခြားချက်က သူမကိုယ်သူမ တစ်နှစ်နဲ့တစ်နှစ်မတူအောင် ခန္ဓာကိုယ်အရရော စိတ်အရပါ ပြောင်းလဲမှုတွေတစ်ခုပြီးတစ်ခု ပြုလုပ်နေလေ့ရှိတာပါ။ သူမရဲ့ပြောင်းလဲမှုတိုင်းကိုလည်း ပရိသတ်တွေကို အသိပေးရုံသာမက သူမလိုပဲ ပြောင်းလဲချင်သူတွေအတွက် တစ်ဖက်တစ်လှမ်းကနေ အထောက်အကူဖြစ်အောင် အတွေ့အကြုံတွေကို Sharing လုပ်လေ့ရှိပါတယ်။ နေခြည်ဦးဟာ မြန်မာနိုင်ငံက မိန်းကလေးပရိသတ်အတော်များများရဲ့ အမာခံအားပေးမှုကို ပိုင်ဆိုင်ထားရုံသာမက သူမရဲ့ Fan တွေအပေါ်မှာလည်း တလေးတစားနဲ့ အလေးထားဆက်ဆံတတ်သူဖြစ်ပါတယ်။ မကြာခင်မှာ ကျရောက်လာတော့မှာ ချစ်သူများနေ့အတွက် နေခြည်ဦးက ကြိုပြီး နှင်းဆီပန်းတွေလက်ဆောင်ရခဲ့ပါတယ်။ ဒီနှင်းဆီပန်းတွေကိုတော့ သူမဟာ ယောက်ကျားလေးတစ်ယောက်ဆီက ရတာမဟုတ်ဘဲ မိန်းကလေးတစ်ယောက်ဆီက လက်ဆောင်ရခဲ့တာဖြစ်တယ်လို့သိရပါတယ်။...

မြန်မာ့ရိုးရာ ထမနဲထိုးပွဲမှာ ကိုယ်တိုင်ဝင်ရောက် ထမနဲထိုးခဲ့တဲ့ ခင်ဝင့်ဝါ

ပရိသတ်တွေ သိပ်ချစ်တဲ့ ခေးလေး ခင်ဝင့်ဝါက ထမနဲထိုးပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် ထိုးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေးလေးခေးလေး လို့ ခေါ်တဲ့ ခင်ဝင့်ဝါဟာ အလှမယ်လောကကနေ သရုပ်ဆောင်ဘက်ကို ခြေချလာခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ခေးလေး ခင်ဝင့်ဝါရဲ့ အမိုက်စား သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေမြင်တွေ့ကြရမှာပါ။ ခင်ဝင့်ဝါက တပို့တွဲလမှာကျင်းပပြုလုပ်လေ့ရှိတဲ့ မြန်မာ့ရိုးရာထမနဲထိုးပွဲကြီးကို ပါဝင်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ ဒီထမနဲထိုးပွဲမှာ ခေးလေးတစ်ယောက် မီးမွှေးပြီး ကိုယ်တိုင် ထမနဲမွှေခဲ့တယ်လို့ဆိုပါတယ်။ “ထမနဲထိုး ပွဲ မှာ ခေးက မီးမွှေးတယ် မွှေတယ် ဆရာလုပ်တယ် နှမ်းဖြူးတယ် မေးသမျှ ဖြေပြီး အိမ်အတွက် ပါဆယ် ထုတ်တယ် 😝” လို့ ချစ်စရာကောင်းတဲ့အရေးအသားလေးနဲ့ ရေးသားထားတာဖြစ်ပါတယ်။ မြန်မာတို့ရဲ့ချစ်စရာဓလေ့ရိုးရာလေးကို ခေးလေး ခင်ဝင့်ဝါတစ်ယောက် ဘယ်လိုဆင်နွှဲနေလဲဆိုတာ ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။ Writer-YS,Cele Star

ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲတက်ရင်း ကျက်သရေရှိရှိလှပနေကြတဲ့ အာဘွိုင်းတို့ဇနီးမောင်နှံ

အာဘွိုင်းတို့ ဇနီးမောင်နှံ (၂) ဦးကို ကနေ့မှာတော့ ကျက်သရေရှိရှိ လှပစွာနဲ့ မြန်မာဆန်ဆန်လေး ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေး Scarlett လေးကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့အပြင် သမီးလေး (၃) ယောက်ရဲ့ ဖခင်ဖြစ်နေပြီဖြစ်တဲ့ အာဘွိုင်းဟာ မြတ်ရတနာကျော်နဲ့အတူ သာယာဖို့ကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ အာဘွိုင်းဟာ တချိန်က ဂီတလောမှာ R & B သီချင်းချိုချိုလေးတွေနဲ့ ပရိသတ်တွေ လက်ခံခဲ့တဲ့ အဆိုရှင်တစ်ဦးပါ။ လက်ရှိမှာတော့ မိသားစုအတွက် စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေတာဖြစ်ပါတယ်။ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံက ဖေဖော်ဝါရီ ၉ ရက်နေ့က LOTTE Hotel မှာ ပြုလုပ်ကျင်းပတဲ့ ပြည့်ဖြိုးတေဇနဲ့ သက်နှင်းလှိုင်တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ အာဘွိုင်းတို့ဇနီးမောင်နှံဟာ မေမြို့ ကန်တော်ကြီးဥယျာဉ်ထဲမှာ ကျင်းပပြုလုပ်တဲ့ ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာဧည့်ခံပွဲ မင်္ဂလာညစာစားပွဲတို့ကိုလည်း တက်ရောက်ခဲ့ပါတယ်။...

သားကို ဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်တဲ့ မိန်းကလေးကို ရွေးချယ်ဖို့တစ်ခုပဲ တောင်းဆိုထားတဲ့ ထွန်းအိန္ဒြာဗိုလ်

သရုပ်ဆောင်နှင့် အဆိုတော် ထွန်းအိန္ဒြာဗိုလ်က သူမရဲ့ တစ်ဦးတည်းသော သားလေးကို သူ့စိတ်ကြိုက် ဘဝကိုအကောင်အထည်ဖော်ခွင့်ပေးထားပြီးတော့ သူမကတော့ တောင်းဆိုမှုတစ်ခုပဲ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ တစ်ဦးတည်းသော သားလေးကိုပိုင်ဆိုင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်က သူမလိုပဲ ဂီတဘက်မှာ ဝါသနာပါတတ်တဲ့သားအကြောင်းလေးတွေကိုလည်း ပြောပြပါတယ်။ သားဖြစ်သူဟာ ဖခင်ရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အတတ်ပညာတွေကို သင်ကြားလာရင်းနဲ့ Piano နဲ့ ဂေါက်ရိုက်အတတ်ပညာတွေကို တတ်မြောက်နေပြီဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်က သူမရဲ့ သားလေးကို သူဖြစ်ချင်တဲ့ ဘဝအတိုင်းအကောင်အထည်ဖော်ခွင့်ပြုထားပြီးတော့ အိမ်ထောင်ပြုတဲ့အချိန်မှာတော့ ကတိတစ်ခုကိုပဲတောင်းဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။ ထွန်းအိန္ဒြာဗိုလ်ဟာ သူမရဲ့သားလေးကို အိမ်ထောင်ပြုတဲ့အခါမှာ ထေရဝါဒဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်တဲ့ မိန်းကလေးကိုသာ ရွေးချယ်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။ သူမအတွက်တော့ သူမ သားဟာ ဘာသာမတူတဲ့ သူကို အိမ်ထောင်ပြုလိုက်တဲ့အခါ စိတ်ဆင်းရဲမှုဒဏ်ကိုခံစားရမယ်လို့ သားဖြစ်သူကို တောင်းဆိုထားတာဖြစ်ပါတယ်။ ထွန်းအိန္ဒြာဗိုလ်တို့ ဇနီးမောင်နှံဟာ သားဖြစ်သူကို ငယ်စဉ်တည်းက ဘာသာတရားနဲ့ပတ်သက်ပြီး ကိုင်းရှိုင်းလေ့လာတတ်အောင် သင်ကြားလေ့ကျင့်ပေးထားတာတွေ့ရပါတယ်။ Writer-YS,Cele Star

ခေတ်နဲ့သစ်ရဲ့ အင်္ဂလိပ်စကား ကျွမ်းကျင်မှုကြီးကို ပြလိုက်တဲ့ မေမေချစ်သုဝေ

သရုပ်ဆောင် ချစ်သုဝေက သူမရဲ့ သမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်ရဲ့ အင်္ဂလိပ်စကားကျွမ်းကျင်မှုကြီးကို ပြသလိုက်ပါတယ်။ ချစ်သုဝေက သူမနဲ့တူတဲ့သမီးလေးတွေကို ပိုင်ဆိုင်ထားပြီး သူမလိုပဲ အမြွှာသမီးလေးတွေ ဖြစ်တာကြောင့် ညီအစ်မနှစ်ယောက် အမြဲအဖော်ရနေတာတွေ့ရပါတယ်။ ငယ်စဉ်တည်းက ပရိသတ်တွေအချစ်ပိုခဲ့ရတဲ့ ခေတ်နဲ့သစ်ဟာ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာခဲ့ပါပြီ။ ချစ်သုဝေက သူမသမီးလေး နှစ်ယောက်ရဲ့ အိမ်မှာဆော့ကစားနေရင်းပြောကြတဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်ကို ပရိသတ်တွေပါကြည့်ရှုခံစားနိုင်အောင် ဖော်ပြပေးလိုက်တာတွေ့ရပါတယ်။ ညီအစ်မနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ထိုင်ခုံလုနေရင်းပြောနေကြတဲ့ အင်္ဂလိပ်စကားတွေက ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေပါတယ်။ Ur ထိုင်ခုံ is အပေါ်ထပ်မှာ ဆိုတဲ့ စကားလေးကြောင့် ပရိသတ်တွေ သဘောကျခဲ့ရပြီး သူတို့ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို ပရိသတ်တွေက လိုက်တောင် မမှီနိုင်ဘူးလို့ မှတ်ချက်ပေးပြောဆိုနေကြတာဖြစ်ပါတယ်။ ကဲ…ပရိသတ်ကြီးရေ ဒီလောက်ဆိုရင်တော့ ခေတ်နဲ့သစ်ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို ကြည့်ရှုချင်နေလောက်ပြီထင်တယ်နော်။ Writer-YS,Cele Star

x