Monthly Archive: January, 2020

ပန်းရောင်ခြယ်ကို ချစ်တယ်ပြောပြီး မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဆုပန်ထွာရဲ့သားလေး Roar Roar

ဆုပန်ထွာရဲ့ သားလေး Roar Roar ကျော်က သူ့ရဲ့ Crush ဟာ အဆိုတော် ပန်းရောင်ခြယ်ဖြစ်ကြောင်း အကျယ်တဝင့် ပြောပြတတ်သူလေးပါ။ ဥက္ကာကျော်နဲ့ ဇနီးဆုပန်ထွာတို့ရဲ့ သားဦးလေးဖြစ်တဲ့ Roar Roar ကျော်က စကားတွေကို စီကာပတ်ကုံးပြောတတ်တဲ့ အရွယ်ကိုရောက်လာပါပြီ။ ဖေဖေ၊ မေမေတို့ရဲ့ အသည်းကျော်လေးဖြစ်နေတဲ့ Roar Roar က မိခင်ကိုလည်း အချွဲပိုပြီး အချစ်ပိုစေသူလေးပါ။ အနုပညာမျိုးရိုးရှိသူလေးဖြစ်တာကြောင့်လည်း ကြီးလာတဲ့အခါ မေမေ့လို အနုပညာအလုပ်တွေနဲ့ပဲ ရပ်တည်သွားမလားဆိုတာကတော့စိတ်ဝင်စားစရာပါ။ အနုပညာလောကထဲမှာတော့ Roar Roar ကျော်တစ်ယောက် အသည်းအသန်အားပေးပြီး Crush နေရတဲ့ အဆိုတော်မလေးတစ်ဦးရှိနေပြန်ပါတယ်။ သူမကတော့ ပန်းရောင်ခြယ်ပါ။ ပန်းရောင်ခြယ်ဟာ သူ့ရဲ့ Crush လေးဖြစ်ကြောင်း ဘယ်လို ချစ်ကြောင်း ကလေးပီပီ ပြောပြတတ်တဲ့ ဗီဒီယိုလေးတွေကို မေမေဆုပန်ထွာက သူမရဲ့ လူမှုကွန်ယက်ကနေ မကြာခဏ တင်တတ်ပါသေးတယ်။ ဇန်နဝါရီ...

သမီးလေးရွှန်းရွှန်းနဲ့အတူ ကျောင်းလိုက်တက်ခဲ့တဲ့ မေမေခိုင်နှင်းဝေ

သရုပ်ဆောင်ခိုင်နှင်းဝေကတော့ ဒီကနေ့မှာ သမီးလေးရွှန်းရွှန်းနဲ့အတူ ကျောင်းလိုက်တက်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ သမီးလေးရွှန်းရွှန်းရဲ့ ပထမဆုံးကျောင်းတက်တဲ့နေ့မှာ ခိုင်နှင်းဝေက ကျောင်းလိုက်တက်ခဲ့တာဖြစ်ပြီး ဒီလိုတက်ရတဲ့အတွက် သူမကိုယ်သူမ ကျောင်းသူလေးတစ်ယောက်လို ပြန်ဖြစ်သွားတယ်လို့ ခံစားရကြောင်း သူမရဲ့ အကောင့်ကနေ ရေးသားခဲ့တာဖြစ်ပါတယ်။ သမီးလေး ရွှန်းရွှန်းဟာ ခိုင်နှင်းဝေရဲ့ မွေးစားသမီးလေးတစ်ယောက်ဖြစ်ပေမယ့် သမီးအရင်းလေးတစ်ယောက်လို မိခင်မေတ္တာတွေကို အပြည့်အဝရရှိနေတာဖြစ်ပါတယ်။ သမီးလေး ရွှန်းရွှန်းတင်မကဘဲ သူမရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာမှာ သားသမီးပေါင်းမြောက်မြားစွာကို ပြုစုပြိုးထောင်ပြီး စောင့်ရှောက်ထားတာဖြစ်ပါတယ်။ သူမနဲ့ရုပ်ချင်းဆင်တူတဲ့ သမီးလေး ရွှန်းရွှန်းကိုမွေးစားပြီးနောက်မှာတော့ စွန့်ပစ်ခံ ကလေးငယ်ပေါင်းများစွာရဲ့ ဘဝကို ကူညီစောင့်ရှောက်ဖို့ ရွေးချယ်ခဲ့တာပါ။ ဒီနေ့လေးကတော့ သမီးလေးရွှန်းရွှန်း ပထမဆုံးကျောင်းစတက်ရမယ့် နေ့လည်းဖြစ်တာကြောင့် မိခင်ဖြစ်သူ ခိုင်နှင်းဝေက ကိုယ်တိုင် ကျောင်းသူအဖြစ် လိုက်တက်ပေးခဲ့တာ တွေ့ရပါတယ်။ ဝမ်းနဲ့လွယ်မွေးခဲ့တာမဟုတ်ပေမယ့် သားသမီးအပေါ်ထားရှိတဲ့ ခိုင်နှင်းဝေရဲ့ မိခင်မေတ္တာတရားဘယ်လောက်ကြီးမားလိုက်သလဲဆိုတာ ပရိသတ်ကြီးက တွေ့မြင်ခံစားမိကြမယ်လို့ထင်ပါတယ်နော်။ Writer-YS(Cele Star)

ရွှေထူးက Sugar Mommy လို့ ခေါ်ရလောက်အောင် တန်ဖိုးကြီး Piano တစ်လုံးနဲ့ Surprise လုပ်ခဲ့တဲ့ ရွှေမှုန်ရတီ

ရွှေထူးကတော့ သူ့ရဲ့ မဟေသီလေးကို Sugar Mommy (သကြားမေမေ) လို့ တင်စားခေါ်ဝေါ်လိုက်ပါပြီ။ ဘာကြောင့် သကြားမေမေလို့ တင်စားခေါ်ဝေါ်လိုက်တာလဲဆိုတာ ပရိသတ်တွေ သိချင်နေကြမှာပဲနော်။ ဇနီးဖြစ်သူ ရွှေမှုန်ရတီက ခင်ပွန်းအတွက် တန်ဖိုးကြီး Piano တစ်လုံးကို လက်ဆောင်ဝယ်ပေးခဲ့တာဖြစ်ပါတယ်။ Digital Piano တစ်လုံးဖြစ်ပြီး တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ ၈ သိန်းကျော်တန်ဖိုးရှိတာဖြစ်ပါတယ်။ Accessories ပစ္စည်းတန်ဖိုးတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ စုစုပေါင်း ငွေကျပ် ၁၁ သိန်းကျော်ကျသင့်ခဲ့တဲ့ Piano နဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေထူးကတော့ ဒီ Piano လေးကို လက်ဆောင်ရလိုက်လို့ ဇနီးသည်ကို သကြားမေမေလို့ တင်စားလိုက်တာပါ။ ဒီ Piano လေးနဲ့ ကောင်းကောင်းသင်ယူမယ့်အကြောင်းကိုလည်း ဇနီးဖြစ်သူကို ကတိပေးလိုက်ပါသေးတယ်။ Surprise တွေလုပ်ပြီး အချစ်တွေကို ပိုမိုတိုးပွားစေသလို ပကာသနမရှိတဲ့ ချစ်ခြင်းတွေကို သက်သေပြတတ်တဲ့...

မိဘ နှစ်ပါးအား အမှူးထားပြီး ပထမဆုံးအကြိမ် အစ်မတော် မြနန်းနွယ်ကို ဝတ်စုံပြည့်ဆပ်ကပ်လှူဒါန်းခဲ့တဲ့ မိုးဟေကို

သရုပ်ဆောင် မိုးဟေကိုက မိဘနှစ်ပါးကို ရိုသေမြတ်နိုးပြီး ပြုစုစောင့်ရှောက်တဲ့နေရာမှာတော့ ပရိသတ်တွေ လေးစားအားကျရသူတစ်ဦးပါ။ သူမ ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုဖြစ်တဲ့ အနုပညာလုပ်ငန်းကိုတောင်မှ မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းတာကြောင့် ရပ်နားခဲ့တာလည်းဖြစ်ပါတယ်။ မိခင်ဖြစ်သူရဲ့ အနားမှာ ပြုစုစောင့်ရှောက်လျက်ရှိပြီး မိဘတွေရဲ့ ကျေးဇူးကို ဆပ်နေသူတစ်ဦးပါ။ မိခင်ကျန်းမာရေးနဲ့ပတ်သက်လာရင် အနုပညာအလုပ်တွေကိုပါ ရွှေ့ဆိုင်းပစ်ဖို့ ဝန်မလေးတတ်တဲ့ သမီးအလိမ္မာလေးတစ်ဦးလည်းဖြစ်ပါတယ်။ မိုးဟေကိုက သူမရဲ့ မိဘ နှစ်ပါးကို အမှူးထားပြီးတော့ အစ်မတော်မြနန်းနွယ်ကို ဝတ်စုံပြည့်ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သူမရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်စာမျက်နှာထက်ကနေ ရေးသားဖော်ပြလာပါတယ်။ “မိဘနှစ်ပါးအားအမှုးထား၍ပထမဦးဆုံးအကြိမ်အဖြစ် အစ်မတော် မြနန်းနွယ်ကို ဝတ်စုံပြည့်ဆပ်ကပ်လှူဒါန်းခဲ့ပါတယ် အစ်မတော်ရဲ့ဝတ်စုံကို မိုးစိတ်တိုင်းကျဖြစ်အောင် ချုပ်လုပ်ပေးတဲ့ ဒီဇိုင်နာ ကိုမင်းသက်စံ ကိုလည်း ကျေးဇူးတင်ပါတယ် ၇ရက်သားသမီးအပေါင်း သာဓု ခေါ်ဆိုနိုင်ကြပါစေသော်🙏” လို့ ၇ ရက်သားသမီး သူမရဲ့ ပရိသတ်တွေကိုပါ သာဓုခေါ်ဆိုစေခဲ့တာဖြစ်ပါတယ်။ အစ်မတော်ရဲ့ ဝတ်စုံကိုတော့ ဒီဇိုင်နာ မင်းသက်စံက သူမစိတ်တိုင်းကျဖြစ်အောင်...

ညာဘက်လက် ၃ ချောင်းဖြတ်လိုက်ရပေမယ့် မိသားစုကို ရှာကျွေးနေတဲ့ ကလေးလုပ်သားလေးရဲ့ ဘဝကို ထောက်ပံ့ကူညီပေးသွားမယ့် ဂျွန်လွင်

Star & Models Int’l Yangon ရဲ့ ဖောင်ဒါတစ်ဦးဖြစ်သူ ဂျွန်လွင်က ညာဘက်လက် ၃ ချောင်းဖြတ်ခဲ့ရပေမယ့် မိသားစုအတွက် တစ်နေ့ ၅၀၀၀ ပုံမှန်ရှာပေးနေတဲ့ ကလေးလုပ်သားလေးရဲ့ ဘဝကို ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ချစ်မင်းထက်လို့ အမည်ရတဲ့ ကလေးလေးဟာ အသက် (၁၂) နှစ်တည်းက အလုပ်လုပ်ခဲ့ရတဲ့ ကလေးလုပ်သားလေးတစ်ယောက်ဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ အကြောင်းမလှခဲ့တဲ့ ချစ်မင်းထက်က လုပ်ငန်းခွင်ထဲမှာ ထိခိုက်ဒဏ်ရာရပြီး လူတစ်ယောက်ရဲ့အဓိကအလုပ်လုပ်ကိုင်နေရတဲ့ ညာဘက်လက် ၃ ချောင်း ဆုံးရှုံးခဲ့ရပါတယ်။ ဒီလို ညာဘက်လက် ၃ ချောင်းဆုံးရှုံးခဲ့ပေမယ့်လည်း သူ့ရဲ့မိသားစုအတွက် တစ်နေ့ကို ပုံမှန် ငွေ ၅၀၀၀ ရအောင် ချစ်မင်းထက်တစ်ယောက် ကြိုးစားရှာဖွေခဲ့တာဖြစ်ပါတယ်။ ချစ်မင်းထက်ရဲ့ အင်တာဗျူးဗီဒီယိုကိုကြည့်ပြီး စိတ်မကောင်းခြင်းများစွာဖြစ်ခဲ့တဲ့ ဂျွန်လွင်က ချစ်မင်းထက်ကို ကူညီနိုင်ဖို့အတွက် လိုက်လံရှာဖွေခဲ့ပါတယ်။ ချစ်မင်းထက်နဲ့ အဆက်အသွယ်ရရှိခဲ့တဲ့နောက်မှာတော့ ဂျွန်လွင်တစ်ယောက် သူ့ရဲ့...

တစ်ကိုယ်တော်ဖျော်ဖြေပွဲက ရတဲ့ငွေတွေကို ကင်ဆာဖောင်ဒေးရှင်းထံ လှူဒါန်းသွားမယ့် မီးမီးခဲ

မီးမီးခဲဟာ ရင်သားကင်ဆာ ရောဂါဝေဒနာကို ခံစားနေခဲ့ရတာဖြစ်ပါတယ်။ ဒီလိုရောဂါဆိုးကြီးကို ကြံ့ကြံ့ခံတွန်းလှန်ရင်ဆိုင်နိုင်ဖို့ ခွန်အားများစွာကိုလည်း မွေးမြူခဲ့ရပါတယ်။ သြစတြေးလျနိုင်ငံမှာ မိသားစုနဲ့အတူ နေထိုင်နေတဲ့ မီးမီးခဲဟာ ဒီရောဂါဆိုးကြီးဖြစ်ပွားနေချိန်မှာ အသက်ရှင်ဖို့ ရာခိုင်နှုန်းအတော်နည်းပါးခဲ့တာဖြစ်ပါတယ်။ ၆ လပဲနေခွင့်ရတော့မယ်ဆိုတဲ့ ဆရာဝန်ရဲ့ ဖြေကြားချက်နောက်မှာ စိတ်ဓာတ်တွေ ကျဆင်းခဲ့ပေမယ့် ဒီလိုအခြေအနေတစ်ခုကို သူမကိုချစ်မြတ်နိုးတဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ မီးမီးခဲက ဒီရောဂါဝေဒနာကိုခံစားရပြီးနောက်ပိုင်းမှာ သူမဖြစ်ချင်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်းဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒါကတော့ မြန်မာနိုင်ငံကိုပြန်လာပြီး တစ်ကိုယ်တော်ရှိုးပွဲပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ ဒီရှိုးပွဲက သူမအတွက် ပထမဆုံးနဲ့ နောက်ဆုံးလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ စိတ်မကောင်းစွာ ပြောခဲ့ပါသေးတယ်။ ဇန်နဝါရီလ ၁၁ ရက်မှာတော့ သူမပြုလုပ်ချင်တဲ့တစ်ကိုယ်တော်ရှိုးပွဲကြီးကို ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရှိုးပွဲမှာ ကင်ဆာဝေဒနာရှင်တွေအတွက် ခွန်အားဖြစ်စေမယ့် ဗီဒီယိုကလစ်လေးကိုလည်း ထည့်သွင်းဖော်ပြခဲ့တာတွေ့ရပါတယ်။ မီးမီးခဲကတော့ ဒီရှိုးပွဲကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကိုတော့ ကင်ဆာဖောင်ဒေးရှင်းထံသို့ လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စိတ်ကောင်းစေတနာတွေပြည့်ဝလွန်းတဲ့ မီးမီးခဲတစ်ယောက် ချစ်တဲ့ခင်တဲ့မိသားစုတွေနဲ့ သက်ထက်ဆုံးတိုင် ပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ Writer-YS (Cele Star)

မြန်မာပြည်မှာ ပထမဆုံး လူပေါင်း ၁၂၀၀ ကျော်နဲ့ လူအများဆုံး အဓိဌာန်ကို ဦးဆောင်နိုင်ခဲ့တဲ့ စမိုင်းလ်

ကုသိုလ်ရေးမှာ လက်မနှေးတဲ့ စမိုင်းလ်တို့မိသားစုရဲ့ လှူဒါန်းမှု သဒ္ဒါတရားတွေကိုတော့ ပြောပြစရာမလိုအောင် ပရိသတ်တွေ သိပြီးလောက်မှာပါ။ စမိုင်းလ်တို့ မိသားစုဟာ အလုပ်တွေအောင်မြင်သလောက် အလှူအတန်းတွေကိုလည်း လက်နဲ့မပြတ်အောင် လှူဒါန်းနေကြသူတွေပါ။ ဘုရားတရားလည်း ရိုသေကိုင်းရှိုင်း ဆည်းပူးသူတစ်ယောက်ဖြစ်တာလည်း ပရိသတ်တွေ မြင်တွေ့ကြမှာပါနော်။ စမိုင်းလ်က သူမကိုယ်တိုင်ဦးဆောင်ပြီးတော့ လူပေါင်း ၁၂၀၀ ကျော်ကို ကျိုက်ငါးကျိုက်အဓိဌာန်ဝင်နိုင်အောင် စီစဉ်ပေးနိုင်ခဲ့ပါတယ်။ သူမပရိသတ်တွေကို ဖိတ်ခေါ်ပြီးတော့ စိတ်ဝင်စားသူတွေအနေနဲ့ ကျိုက်ငါးကျိုက်အဓိဌာန်ကို ဝင်ကြဖို့ သူမ သုံးစွဲတဲ့ လူမှုကွန်ယက်စာမျက်နှာထက်ကနေ ဖိတ်ခေါ်ခဲ့ပါတယ်။ ဘာသာရေးမှာလည်း ပါရမီဖြည့်နိုင်ဖို့အတွက် စမိုင်းလ်တစ်ယောက် ကြိုးစားခဲ့တာပါ။ သူမရဲ့ ကြိုးစားမှုတွေက အရာထင်လာခဲ့တယ်လို့ဆိုရမှာပါ။ သူမရဲ့ ဦးဆောင်မှုနဲ့ လူပေါင်း ၁၂၀၀ ကျော်ကို ၁၂.၁.၂၀၂၀ (တနင်္ဂနွေနေ့)မှာပဲ အကောင်အထည်ဖော်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒီ လူပေါင်း ၁၂၀၀ ကျော်အတွက် စမိုင်းလ်က မော်တော်ယာဉ် ၂၅ စီးကိုလည်း စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီအဓိဌာန်ကြီးအောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့တဲ့...

ခိုင်နှင်းဝေဂေဟာက ကလေးတွေဆီကို သနားကြင်နာစိတ်အပြည့်နဲ့ သွားရောက်လှူဒါန်းခဲ့တဲ့ အဆိုတော်ရဲလေး

အဆိုတော်ရဲလေးက မွေးနေ့အလှူအဖြစ် ခိုင်နှင်းဝေဂေဟာက ကလေးတွေဆီကို သွားရောက်လှူဒါန်းခဲ့တာတွေ့ရပါတယ်။ ဒီကနေ့ကတော့ လူငယ်အကြိုက် တေးသီချင်းပေါင်းများစွာကို ဖန်တီးသီဆိုနိုင်ခဲ့တဲ့ အဆိုတော်ရဲလေးရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ ရဲလေးက ၁၁.၁.၂၀၂၀ ပြည့်နှစ် ဒီကနေ့မှာကျရောက်တဲ့ သူ့ရဲ့ မွေးနေ့အလှူအဖြစ် ခိုင်နှင်းဝေ ဂေဟာက ကလေးတွေဆီကို သွားရောက်လှူဒါန်းရုံတင်မကဘဲ ဂေဟာက ဝန်ထမ်းများနှင့် သူနာပြုဆရာမလေးတွေအတွက်ပါ ကြက်ဆီထမင်းတွေ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သူမဂေဟာဆီသို့ မွေးနေ့အလှူလာလုပ်သွားတဲ့ အဆိုတော်ရဲလေးကို ယခုလိုပဲ ဆုမွန်ကောင်းတွေ တောင်းပေးထားတာတွေ့ရပါတယ်။ “၁၁.၁.၂၀၂၀ မှာကျရောက်တဲ့ သရုပ်ဆောင် အဆိုတော် ရဲလေး ရဲ့ မွေးနေ့မှာ ကျမရဲ့ ကလေးတွေဆီ ကို သနားကြင်နာစာနာစိတ် အပြည့်နဲ့ ဂေဟာသို့ လာရောက်ပြီး အလှူငွေ ၅ သိန်း နှင့်အတူ ဝန်ထမ်းများနှင့် သူနာပြုဆရာမလေးများ စားဖို့အတွက် ကြက်ဆီထမင်း များလာရောက်လှူတန်းပေးတဲ့အတွက် ကလေးတွေကိုယ်စား ကျေးဇူးတင်ပါတယ်. ဝမ်းမြောက်စွာ သာဓု ခေါ်ပါတယ်ရှင်.....

နတ်မောက်မြို့က ဗိုလ်ချုပ်အိမ်ကို အရောက်သွားခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေက နတ်မောက်မြို့ကိုရောက်တုန်းရောက်ခိုက် ဗိုလ်ချုပ်အောင်ဆန်းအိမ်ကို အရောက်သွားခဲ့ပါတယ်။ ပရဟိတလုပ်ငန်းတွေကိုလုပ်ကိုင်ရင်းကနေ ယခုဆိုရင် ခိုင်နှင်းဝေ ဖောင်ဒေးရှင်းကိုပါ တည်ထောင်ထားပြီး လိုအပ်လျက်ရှိနေတဲ့ လူတွေကို ကူညီနေတာဖြစ်ပါတယ်။ မိဘမဲ့ကလေးငယ်တွေအတွက် ခိုင်နှင်းဝေဂေဟာလေးကိုလည်း ထူထောင်ထားပြီး ကလေးငယ်တွေလိုအပ်လျက်ရှိနေတဲ့ မိခင်မေတ္တာတွေကိုပါ မျှဝေပေးနေတဲ့ မိခင်တစ်ယောက်ဖြစ်ပြန်ပါတယ်။ ခိုင်နှင်းဝေက မကွေးတိုင်း နတ်မောက်မြို့နယ် ကျောက်ပုံကျေးရွာကိုဟောပြောပွဲနဲ့ သောက်ရေကန်တည်ဆောက်ဖို့အတွက် အလှူငွေကျပ် ၁၀ သိန်း သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ နတ်မောက်မြို့ကိုရောက်နေခိုက်မှာ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်ကိုအရောက်သွားခဲ့တယ်လို့ ခိုင်နှင်းဝေကဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်ကိုသွားေ၇ာက်လေ့လာခဲ့တဲ့ ဂုဏ်ယူစရာပုံရိပ်များကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ Writer-YS(Cele Star)  

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကနေ နှစ်သစ်ကူးလက်ဆောင် ရရှိခဲ့တဲ့ နှင်းဆီရင်ခွင်အဖွဲ့သားများ

အငြိမ့်ပွဲတွေနဲ့ ရန်ပုံငွေပွဲတွေပြုလုပ်ပြီး အကူအညီလိုအပ်လျက်ရှိနေတဲ့ နေရာတွေကို သွားရောက်လှူဒါန်းနေတဲ့ နှင်းဆီရင်ခွင်အဖွဲ့သားတွေဟာ ပရိသတ်တွေရဲ့ လေးစားမှုတွေရရှိနေသူပါ။ ဝါရင့်အနုပညာရှင်တွေစုပေါင်းပြီး ဖွဲ့စည်းထားတဲ့ နှင်းဆီရင်ခွင်အဖွဲ့ဟာ ပရဟိတ လူမှုကူညီရေးလုပ်ငန်းတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီနေကြတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီနေတိုး၊ အကယ်ဒမီ ကျော်ကျော်ဗိုလ်၊ အကယ်ဒမီ ထွန်းထွန်း နဲ့ အဆိုတော်ရဲလေးတို့က ပါဝင်ထားပြီး အငြိမ့်မင်းသမီးအဖြစ် နာမည်ကြီး မင်းသမီးတွေ ပါဝင်ကပြဖျော်ဖြေနေတဲ့ အဖွဲ့တစ်ခုပါ။ ရန်ပုံငွေ ရှာဖွေဖို့ ပရိသတ်တွေကိုပျော်ရွှင်မှုတွေပေးနိုင်မယ့် ဟာသတွေကို စုပေါင်း တီထွင်ဖန်တီးနေကြသူတွေလည်းဖြစ်ပါတယ်။ နိုင်ငံမှာ အခက်အခဲတွေနဲ့ လိုအပ်လျက်ရှိနေတဲ့ လူတွေအတွက် ကူညီပေးနိုင်ဖို့ နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်းကိုပါ တည်ထောင်ထားတာဖြစ်ပါတယ်။ ဒီလို ပရဟိတ ဖောင်ဒေးရှင်းတွေကို ထူထောင်ထားတဲ့ နှင်းဆီရင်ခွင်အဖွဲ့သားတွေအတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ဆုတောင်းနဲ့ လက်ဆောင်လေး ပေးပို့ခဲ့တာဖြစ်ပါတယ်။ လေးစားတန်ဖိုးထားရတဲ့ အမေစုဆီက ဒီလိုနှစ်သစ်လက်ဆောင်လေးရရှိခဲ့လို့ နှင်းဆီအဖွဲ့သားတွေက...

x