Monthly Archive: November, 2019

အသက် ၁၉ နှစ်ပြည့်သွားတဲ့ Benjamin Sum ကို ဟာသဆန်ဆန် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ အေးမြဖြူ

Myanmar Idol ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ အေးမြဖြူနဲ့ ဘင်ဂျမင်ဆုမ်းတို့ဟာ တကယ့်မောင်နှမအရင်းတွေလို ချစ်ခင်ကြသူတွေဖြစ်ပြီး ပရိသတ်က သူတို့နှစ်ဦးကို အတွဲတွေအဖြစ် ထင်မြင်ခဲ့ကြလို့ ပြန်လည်ဖြေရှင်းခဲ့ကြသေးတာပါ။ ပရိသတ်က သူတို့နှစ်ဦးကို တွဲနေတာလားလို့ မေးချိန်မှာ အေးမြဖြူက အရွှန်းဖောက်ပြီး မဟုတ်ပါဘူး ညီအစ်မလို ခင်တာပါ ဆိုပြီး စနောက်ခဲ့သေးတာဖြစ်ပါတယ်။ နှစ်ဦးစလုံးက သူတို့နှစ်ဦးဟာ ပရိသတ်ထင်နေသလိုမဟုတ်ပဲ ဝါသနာတူ မောင်နှမတွေမို့ ရင်းရင်းနှီးနှီးနေဖြစ်ကြတာလို့ ပြန်ဖြေခဲ့ကြပါတယ်။ အခုလည်း ဘင်ဂျမင်ဆုမ်းရဲ့ ၁၉ နှစ်ပြည့်မွေးနေ့လေးမှာ အေးမြဖြူလေးက ဟာသဆန်ဆန်လေး မွေးနေ့ဆုတောင်းပေးလိုက်ပြန်ပါတယ်။ အဲဒီဆုတောင်းလေးကတော့ ” Happy birthday brooooo စိတ်ရှည်သည်းခံလမ်းကြောင်းမှန်တဲ့  ညီလေးကိုစိတ်ရှည်စွာထိန်းနိုင်ပါစေ” ဆိုပြီး ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ အေးမြဖြူနဲ့ ဘင်ဂျမင်တို့နှစ်ဦးဟာ ပရိသတ်တွေ ချစ်ခင်အားပေးမှု အများဆုံးရရှိသူစာရင်းထဲမှာ ပါဝင်ကြပြီး သူတို့နှစ်ဦးနဲ့ အက်စတာတို့ထဲက တစ်ဦးဦး Winner ဖြစ်မယ်ရယ်လို့လည်း ပရိသတ်တချို့က ခန့်မှန်းထားကြပါတယ်။...

ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးနဲ့ မတွေ့ခင်ကတည်းက သူမအရမ်းချစ်ခဲ့ရသူတစ်ဦးကို ထုတ်ပြလိုက်တဲ့ ပိုင်ဖြိုးသု

သရုပ်ဆောင်ပိုင်ဖြိုးသုက ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ မတွေ့ဆုံခင် သူမဆေးကျောင်းတက်ခဲ့တဲ့တလျှောက် တွဲဖော်တွဲဖက်လည်းဖြစ် သူမအသည်းနှလုံးသဖွယ်ချစ်ခင်ရသူလည်းဖြစ်တဲ့ သူတစ်ဦးကို ထုတ်ပြလိုက်ပါတယ်။ ပိုင်ဖြိုးသုက သူမရဲ့ ခင်ပွန်းဖြစ်သူဏကြီး မတိုင်ခင်တည်းက ချစ်ခဲ့ရတဲ့ သူငယ်ချင်းဖြူစင်ကို အသဲနှလုံး ပူစီဖောင်းကြီးလို့လည်း တင်စားလိုက်ပါသေးတယ်။ ပိုင်ဖြိုးသုက သူမရဲ့ ဖေ့ဘုတ်မှာ ” ဒေါ်သုရဲ့ အသဲနှလုံးပူစီဖောင်းကြီး၊ ဆေးကျောင်းတလျှောက် ပုလုံးပုလုံးဒေါ်သုနဲ့ ပိန်ရှည်ပိန်ရှည် ဒေါ်ဖြူစင်(သူ့အရပ်ကြီးမှအားမနာ ဒေါက်ဖိနပ်လည်း စိတ်ကူးပေါက်ရင်ပေါက်သလို ကောက်ကက်စီးသေးတာ) ကျောင်း‌ပြေးလည်းအတူတူ စာမေးပွဲနီးရင်လည်း အိမ်မှာစာအတူတူကျက်ရတာကို ဒုက္ခသည်စခန်းမှာခိုလှုံတယ်ပြောပြီး ရှုံ့မဲ့ညည်းတွားအော်ဟစ်ငိုယိုပြီး စာတွေကျက်ကြတာလည်းအတူတူ ခုတော့သူက‌ တောင်ကြီးဆေးကျောင်းကဆရာမ၊ ဘယ်လောက်မျက်ခွက်ပြောင်လည်းသိနေတော့လည်း ဆရာမအဖြစ်မြင်လို့ကိုမရ ၊ သိပ်မကြာခင်သူက အရိုးအထူးကုဆရာဝန်မကြီးဖြစ်သွားတော့မှာ (အရိုးအထူးကုမလုပ်ပဲ အရူးအထူးကုဆိုလည်း ညည်းငါ့ကိုကုပေးလို့ရတာကို ခုတော့ငါက ခဏခဏ ချော်လဲပေးရမှာကျနေတာပဲ) ကိုယ်ကတော့ သရုပ်ဆောင်ရူး သရုပ်ဆောင်နှမ်း ဂျပလုံးဘဝမှာရုန်းကန်ဆဲပါ” ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာရော ပိုင်ဖြိုးသုလိုပဲ ချစ်သူရည်းစား...

ခေတ်နဲ့သစ်ရဲ့ အသံလေးနဲ့ လုပ်ထားတဲ့ ချစ်စဖွယ် Ringtone သံလေးကို ကြွားလိုက်တဲ့ မေမေချစ်သုဝေ

မေမေချစ်သုဝေကတော့ စံပါပဲနော်၊ ခေတ်လေးနဲ့ သစ်လေးတို့ ပြောထားတဲ့ အသံလေးကို သူမရဲ့ ဖုန်းမြည်သံ ဖုန်း Ring Tone လေး လုပ်ထားပြန်ပါပြီ။ မေမေ ဖုန်းလာနေတယ်ဆိုတဲ့ မပီကလာ ပီကလာ ခေတ်သစ်တို့ရဲ့ အသံလေးကလည်း အရမ်းကို ချစ်ဖို့ကောင်းနေတာပါ။ ချစ်သုဝေတင်မကဘူး ပရိသတ်တွေကပါ ခေတ်သစ်လေးတို့ရဲ့ အသံလေးကို အရမ်းချစ်ဖို့ကောင်းတယ်လို့ ဝိုင်းပြောနေကြပါတယ်။ ချစ်သုဝေက ဖုန်းခေါ်သံလေးမြည်တဲ့အထိ ပရိသတ်ကို ရင်တမမဖြစ်အောင် သူမပြစရာရှိတယ်ဆိုပြီး Live လွှင့်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ Live ဆုံးခါနီးလေးမှာတော့ ပရိသတ်တွေက သူမပြချင်တာကို သိရှိသွားတာဖြစ်ပြီး ဖုန်းလာချိန်မှာ ” မေမေဖုန်းလာနေတယ်” ဆိုပြီး အသံလေးထွက်လာတာဖြစ်ပါတယ်။ ချစ်သုဝေ နဲ့ လင်းလင်းတို့ဟာ သူတို့ရဲ့ အမွှာသမီးလေးတွေရဲ့ ချစ်စဖွယ် ဗီဒီယိုလေးတွေကို မကြာခဏတင်လေ့ရှိသူဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့လေးတွေရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကို စောင့်မျှော်နေလေ့ရှိကြပါတယ်။ Writer-YLLT(Cele Star)

သူ့ကိုဘစိုင်းလို့ နှိမ်ပြီးခေါ်တဲ့သူတွေကို သတိပေးလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်

သရုပ်ဆောင်နဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်ပြီး ကိုယ်တိုင်လည်း SAI Cosmetic အတွက် နှုတ်ခမ်းနီထုတ်သူတစ်ဦးဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က သူ့ကို စိုင်းစိုင်း၊ ကိုစိုင်း၊ ဦးစိုင်း စသဖြင့် အခေါ်အဝေါ်မျိုးစုံခေါ်ကြတဲ့အထဲမှာ ဘစိုင်းလို့ ခေါ်ကြသူတွေကို အဓိကထားပြောလိုက်တာပဲ ဖြစ်ပါတယ်။ စိုင်းစိုင်းက သူ့ရဲ့ ဖေ့ဘုတ်မှာ ” Ko SAI လို့ခေါ်တာထက် Ko SAISAI လို့ခေါ်တာ ပိုပြီးမိုက်တယ် Ko SAI တွေက အများကြီးပဲ Ko SAISAI က unique ပိုဖြစ်တယ် SAI လို့ တစ်လုံးထဲ ခေါ်တဲ့သူတွေလည်း အများကြီးပဲ ငယ်သူငယ်ချင်းတွေကတော့ စိုင်း ငစိုင်း စိုင်းစိုင်း မောင်စိုင်း Frenzo က ညီအစ်ကိုတွေအားလုံးကတော့ SAI ပဲခေါ်တယ် ဦး SAI ဆိုတာလည်း Cute...

ဟာသသရုပ်ဆောင် ကစ်ကစ် မသေဆုံးခင် ပြောခဲ့တဲ့ စကားနဲ့ အပြုအမူကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ခင်သဇင်

သရုပ်ဆောင် ခင်သဇင်ဟာဆိုရင် ဟာသသရုပ်ဆောင် မကစ်အတွက် ရောဂါကုဖို့ကိစ္စရပ်တွေ၊ လိုအပ်တဲ့ ငွေကြေးအလှူခံတဲ့ ကိစ္စရပ်တွေကိုကူညီလုပ်ဆောင်ပေးနေသူတစ်ဦးဖြစ်ပါတယ်။ အခုလည်း ခင်သဇင်တစ်ယောက် ဟာသသရုပ်ဆောင် မကစ်မသေဆုံးမှီမနက်ပိုင်းလေးမှာ ပြောခဲ့တဲ့ စကားလေးတွေ၊ အပြုအမူလေးတွေကို ပြန်လည်မြင်ယောင်ရင်း စိတ်မကောင်းဖြစ်နေရပါတယ်။ ခင်သဇင်က သူမရဲ့ ဖေ့ဘုတ်မှာ ” မထင်မှတ်ထားပဲ ထွက်သွားတာပါ သူကိုယ်တိုင်လည်း ထင်မှတ်မထားသေးဘူး ဒီမနက် မနွယ်ကို ရယ်ပြတယ် စကားတွေ ပြောနေသေးတယ် အလှူရှင်တွေ ထပ်ရလို့ ဝမ်းသာနေတယ် မနေ့ကရော ဒီနေ့ရော အစားတွေ အများကြီး စားတယ်တဲ့ နေကောင်းရင် ဘုရားဖူးတွေ သွားဖို့ ပြောခဲ့သေးတယ်တဲ့ ဘာမှ ပူစရာ မလိုတော့လို့ သူဝမ်းသာနေခဲ့တာ အလှူရှင်တွေကိုလည်း ကျေးဇူးတွေ တင်နေခဲ့တာ ဘာလို့ ထပ်ပြီးတောင် မစောင့်ရတာလဲ အမရယ် မ ရဲ့ မေမေ ညီမလေး စီစဉ်နေတာ အားလုံး ပြည့်စုံနေပါပြီ...

ကျောက်ကပ်ဝေဒနာနှစ်ရှည်ခံစားနေရသော ဟာသသရုပ်ဆောင်ကစ်ကစ်ကွယ်လွန်ပြီ

ဟာသသရုပ်ဆောင်ကစ်ကစ်ဟာ ကျောက်ကပ်ဝေဒနာကို နှစ်ရှည်လများခံစားနေရသူတစ်ယောက် ဖြစ်ပါတယ်။ ဒီနေ့မနက် ၁၀ နာရီ ၄၀ မိနစ်မှာတော့ ကစ်ကစ်တစ်ယောက် သူခံစားနေရတဲ့ ဝေဒနာတွေကို ကျော်လွန်ပြီး ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ သရုပ်ဆောင် ခင်သဇင်က သူမရဲ့ ဖေ့ဘုတ်မှာ ” ဒီမနက် ၁၀ နာရီ ၄၀ မိနစ်မှာ မကစ် ဘဝတပါးသို့ ကူးပြောင်းသွားပါပြီဆိုပြီး တင်ခဲ့တာပါ။ ခင်သဇင်ဟာ မကစ်ကို အလှူငွေများရရှိအောင် ကူညီပေးနေသူတစ်ဦးဖြစ်ပြီး သူမကိုယ်တိုင်လည်း ကျပ် ၁သိန်း လစဉ်ထောက်ပံ့ပေးနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါခံစားနေရတဲ့ မကစ်ဟာဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆေးလိုအပ်မှု အနေအထား၊ ငွေကြေးမလုံလောက်မှုအနေအထားတွေဖြစ်ခဲ့တာကြောင့် ခင်သဇင်ကပဲ ထပ်မံအလှူခံပေးနေခဲ့ရသေးတာပါ။ လက်ရှိအချိန်မှာတော့ ဒီအခက်အခဲတွေအားလုံးကို ကျော်လွန်ပြီး သူမကွယ်လွန်သွားခဲ့ပါပြီ၊ မကစ်တစ်ယောက် ကောင်းရာမွန်ရာရောက်ရှိပါစေ၊ ဘဝဆက်တိုင်း ဒီလိုရောဂါဆိုးမျိုး မကြုံတွေ့ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ရပါတယ်။ Writer – YLLT(Cele...

မယားငယ်စိတ်ဓာတ်နဲ့ ဘောင်ကျော်လာသူကို တန်းလာမညှိဖို့ ထိထိမိမိပြောလိုက်တဲ့ လှနုထွန်း

မလှနုထွန်းဟာ အိမ်ထောင်ရေးပညာပေးစာတွေရေးပြီး ပရိသတ်ကြားမှာ ပွဲဆူစေတဲ့သူတစ်ဦးဖြစ်ပါတယ်။ အခုလည်း သိပ်မကြာခင်က အိမ်ထောင်ရေးပညာပေးစာ ရေးတာမှာ စကားလုံးတွေကြမ်းတမ်းခဲ့တယ်ဆိုပြီး ပရိသတ်က ကုတင်ပေါ်က မဆင်းဘူးဆိုတဲ့ ဝေဖန်ပြောဆိုသံတွေကို တော်တော်လေး ခံခဲ့ရသေးတာပါ။ အခုလည်း ဒီဖြစ်စဉ်အပေါ်မှာ ဝေဖန်လာသူတစ်ဦးကို မလှနုထွန်းက ထိထိမိမိ ပြန်လည်တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။ မလှနုထွန်းက သူမဖေ့ဘုတ်ကနေ ” မယားငယ်စိတ်ဓာတ် သူများယောက်ျားကို ယူမှ မယားငယ်လို့ခေါ်တာမဟုတ်ဖူး ကိုယ်ပိုင်အိုင်ဒီယာ မရှိပဲ သူများရဲ့အိုင်ဒီယာနဲ့ ရေးထားတဲ့ စာကို အခြေခံ ဆန့်ကျင်ဘက်ရေး လူတွေ attention ယူတာလည်း မယားငယ်စိတ်ဓာတ်ပဲ သူရေးသမျှကို ဒီpage က ကွန်မန့်မှာ လာ copy paste လုပ်နေတဲ့ သူတွေကလည်း မယားငယ်ရှာတာ မှီခိုစားနေတဲ့ အမျိုးတွေ စိတ်ဓာတ်ပဲ ရှင်းတယ်နော် ကိုယ်ပိုင် အရည်အချင်းရှိမှ ဝေဖန်လိုက်ပါ နို့မို့ရင် မယားငယ်လို့ပဲ သဘောထားတယ်နော်...

သမီးလေးရဲ့ ၁၇ နှစ်ပြည့်မွေးနေ့မှာ အဓိပ္ပာယ်ပြည့်ဝတဲ့ မွေးနေ့ဆုတောင်းလေး တောင်းပေးလိုက်တဲ့ မေမေခိုင်သင်းကြည်

သရုပ်ဆောင်ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကတော့ ဒီနေ့မှာ အသက် ၁၇ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ သူလေးရဲ့ မွေးနေ့မှာ မေမေခိုင်သင်းကြည်က ရိုးရှင်းပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ မွေးနေ့ဆုတောင်းလေး တောင်းပေးလိုက်သလို သူမသမီးလေး နှစ်သက်ရတဲ့ ဒိုရေမွန် ကာတွန်းကိတ်လေးနဲ့ ချစ်စဖွယ် မွေးနေ့ပွဲလေး ကျင်းပပေးခဲ့တာပါ။ ခိုင်သင်းကြည်က သူမရဲ့ ဖေ့ဘုတ်မှာ ” Happy Birthday မေမေ့အချစ်ဆုံးလေး ၁၇နှစ်ပြည့်မွေးနေ့မှာ ပျော်ရွှင်ပါစေ, ကျန်းမာပါစေ, ချစ်တဲ့မေမေဖေဖေတို့နဲ့ ဘဝတလျှောက်လုံး အတူထာဝရနေနိုင်ပါစေ, မိဘအားကိုးရတဲ့သမီးလေး, အကျင့်သီလနဲ့ပြည့်စုံပြီး လိမ်မာရေးခြားရှိတဲ့သမီးလေးဖြစ်ပါစေ” လို့ ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးက နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေပြီး သမီးလေးကျောင်းသွားတက်ဖြစ်ရင် သမီးလေးရှိရာနိုင်ငံကို မေမေခိုင်သင်းကြည်ကပါ အတူလိုက်သွားပေးမယ်လို့ သိရပါတယ်။ ထိပ်ထိပ်လေးရဲ့ ၁၇ နှစ်ပြည့်မွေးနေ့လေးမှသည် မိသားစုနဲ့ သက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ Writer –...

ဖေဖေလင်းလင်း နားမလည်တဲ့ ဂြိုလ်သားစကားတွေအပြန်အလှန် ပြောနေကြတဲ့ ခေတ်နဲ့သစ်

သရုပ်ဆောင်နဲ့အဆိုတော် ချစ်သုဝေနဲ့ အဆိုတော်လင်းလင်းတို့ရဲ့ မျိုးဆက်သစ်လေး နှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကတော့ ဖေဖေလင်း နားမလည်တဲ့ ဂြိုလ်သားစကားလေးတွေ ပြောရင်း အချင်းချင်း အဆင်ပြေနေကြတာတွေ့ရပါတယ်။ လင်းလင်းက ခေတ်နဲ့သစ်တို့ အပြန်အလှန် ပြောနေတဲ့ ဗီဒီယိုလေးကို တင်လိုက်ပြီး ” ဒင်းလေးတို့နှစ်ယောက် မေမေ့ဗိုက်ထဲကတည်းက အတူတူနေလာလို့ အဖော်ရနေတာတော့ လက်ခံပါတယ်၊ အေး အသက်ကြီးလာလို့ အဖေနဲ့အမေ နားမလည်တဲ့ဂြိုလ်သားစကားတွေပြောပြီး ကျုပ်တို့နှစ်ယောက်ကို စကားဝိုင်းထဲမသွင်းရင် တွေ့မယ် ဟွန်း” လို့ ဆိုလိုက်တာပါ။ ခေတ်လေးနဲ့ သစ်လေးတို့ဟာ အင်္ဂလိပ်စကားလို့လည်း ပြောလို့မရ မြန်မာစကားလည်း မဟုတ်တဲ့ ဘာသာစကားတစ်မျိုးကို နှစ်ဦးသား အတိုင်အဖောက်ညီညီ အချီအချပြောဆိုနေကြတာ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်တို့ဟာ ဒီလိုစကားပြောပုံမျိုးကို မကြာခဏပြောဆိုလေ့ရှိကြပြီး တစ်ခါတစ်ရံ ဒါဟာ ကိုရီးယားစကားလို့ သူတို့ကပြောတတ်သေးတာပါ။ ဖေဖေလင်းလင်းနဲ့ မေမေချစ်သုတို့ကတော့ ဒီစကားတွေကိုနားမလည်ကြတဲ့အတွက် ဘေးကနေ ဗီဒီယိုရိုက်တင်ပေးပြီး ပရိသတ်တွေကို ပြသလေ့ရှိကြတာဖြစ်ပါတယ်။ ပရိသတ်ကြီးရော...

Fan Meeting မှာ ပရိသတ်တွေ အချစ်ပိုလောက်အောင် လှလွန်းသွားတဲ့ ဝတ်မှုန်ရွှေရည်

ကစ်ကစ်ရဲ့ Fan Meeting လေးကို Junction Square Outdoor ဧရိယာမှာ နိုဝင်ဘာလ ၂၁ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။ ပန်းကလေးတစ်ပွင့်လို တင်စားရလောက်အောင် လှပလွန်းတဲ့ ကစ်ကစ်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်လက်အပါအဝင်ဖြစ်ပါတယ်။ ကစ်ကစ်ဟာ အနုပညာလောကထဲကို မဂ္ဂဇင်းကာဗာဖိုတိုတွေမှတဆင့် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် နေရာရထားတဲ့အပြင် Fan တွေအများအပြားလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ဟာ ချစ်လှစွာသောအမုန်းရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိထားတဲ့ မင်းသမီးဖြစ်ပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ဝတ်မှုန်ရွှေရည်ရဲ့ Fan Meeting လေးမှာသူမကြိုက်နှစ်သက်တဲ့ ပစ္စည်းလေးတွေကို လေလံတင်ရောင်းချခဲ့ပါတယ်။ ရရှိလာတဲ့ ငွေကျပ်သိန်း (၅၀)ကိုလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူဒါန်းခဲ့ပြန်ပါတယ်။ သူမကိုချစ်တဲ့ ပရိသတ်တွေ သူမချစ်တဲ့ ပရိသတ်တွေကြားက ပျော်ရွှင်မှုတွေဖြစ်ပေါ်စေတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ Writer-YS(Cele Star) Photo-Yangon...

x