Category: အနုပညာ

ခေတ်နဲ့သစ်ကိုတွေ့ပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်သွားတဲ့ နေခြည်ဦး

ချီချီကတော့ သရုပ်ဆောင် ချစ်သုဝေရဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်ကိုတွေ့ပြီး သူမရဲ့ ကိုယ်ပိုင် မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်သွားပြီလို့ဆိုပါတယ်။ အပျိုကြီးဘဝနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ ချီချီလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်နေကြတဲ့ နေခြည်ဦးက သူမရဲ့ အမာခံပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ပိုင်ဆိုင်ရရှိထားတာပါ။ Beauty Blogger အဖြစ် ကနေ အနုပညာလောကထဲကိုဝင်ရောက်လာတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုတွေက ပိုမိုများပြားလာခဲ့ပါတယ်။ ပွင့်လင်းရိုးသားတဲ့ သူမရဲ့ နေထိုင်မှုဘဝစတိုင်ကလည်း သူမရဲ့ Fan တွေကို ပိုမိုနှစ်သက်စေတာပါ။ နေခြည်ဦးဟာ Beauty Blogger မှ ကြော်ငြာများကိုရိုက်ကူးလာရပြီး ထိုမှတဆင့် ရုပ်ရှင်လောကထဲကိုပါ ခြေဆန့်လာခဲ့သူပါ။ ယခုဆိုရင်တော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားအချို့ကို ပရိသတ်တွေ ကြည့်ဖူးလောက်ကြပြီလို့ထင်ပါတယ်။ အချစ်ရေးနဲ့ပတ်သက်လာရင်လည်း ပွင့်လင်းမြင်သာစွာချပြတတ်တဲ့ ချီချီဟာ လက်တလောမှာ  Single အဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ နှစ်ပတ်လည်ပွဲမှာနေခြည်ဦးက သူမ Fan တွေနဲ့အတူ ဖောင်ဒေးရှင်းကို...

အရမ်းရိုလွန်းတဲ့ ခင်ပွန်းဖြစ်သူကြောင့် ချစ်သူများနေ့လေးမှာ ပျော်ရွှင်ခဲ့ရတဲ့ ရွှေမှုံရတီ

သရုပ်ဆောင် ရွှေမှုံရတီက ခင်ပွန်းဖြစ်သူ ရွှေထူးတစ်ယောက် ဒီတစ်နှစ် ချစ်သူများနေ့မှာ ပိုပြီး ရိုလွန်းတယ်လို့ ဆိုလာပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်ကျော်သွားပြီဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ အတိုက်အခိုက်တွေကြားထဲက ဘဝ နှစ်ခုကို ပေါင်းစပ်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်အချို့ရဲ့ ဝေဖန်ပြောဆိုမှုအောက်မှာ ကြံ့ကြံ့ခံ လက်တွဲလာနိုင်ခဲ့တဲ့ အလျှောက် အချစ်တွေလည်း တစ်စက်လေးမှ မလျော့သွားအောင် ချစ်နိုင်ခဲ့ကြသူတွေပါ။ တစ်ဦးနဲ့တစ်ဦး အချစ်တွေ တိုးပွားလာအောင် Surprise တွေလုပ်ခဲ့ကြပြီး နွေးထွေးတဲ့ မေတ္တာတရားတွေလည်း ပေးခဲ့ကြပါတယ်။ လူငယ်တွေ အားကျရလောက်အောင် ချစ်ပြနိုင်သူတွေထဲမှာလည်း ရွှေဇနီးမောင်နှံ ပါတယ်လို့ ဆိုရမှာပါ။ ရွှေထူးဟာ ဒီတစ်နှစ် Valentine Day ကို နေပြည်တော်မှာ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ နေပြည်တော်က ဟိုတယ်တစ်ခုမှာ ဇနီးဖြစ်သူ ရွှေမှုံအတွက် Surprise လုပ်ပေးခဲ့ပြီး သူမအကြိုက်ဆုံး အသုံးအဆောင်လေးဖြစ်တဲ့ ပိုက်ဆံအိတ်ကိုပါ လက်ဆောင်ပေးခဲ့သေးတာဖြစ်ပါတယ်။ ရေကူးကန်ရဲ့ နံဘေးမှာ...

သေဆုံးသွားတဲ့အခါ အသုံးမဝင်တော့တဲ့ သူမရဲ့ ခန္ဓာကိုယ်ကို သွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေက သေဆုံးသွားတဲ့အခါ ဘယ်နေရာမှာမှ အသုံးမဝင်တော့တဲ့ ခန္ဓာကိုယ်ကို အသုံးချလို့ရတဲ့နေရာမှာ လှူဒါန်းခဲ့ပါတယ်။ ချစ်သူများနေ့လေးမှာ တကယ်ကိုမွန်မြတ်လှတဲ့အလှူအတန်းလေးပြုလုပ်ခဲ့တာပါ။ ဒါတွေကိုလည်း သူမရဲ့ ချစ်ရသူက တိုက်တွန်းပေးခဲ့တာလို့ ဆိုပါတယ်။ ခိုင်နှင်းဝေဟာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်လာခဲ့ပြီး ချို့တဲ့နေတဲ့ မိသားစုဘဝလေးတွေကိုလည်း တစ်ဖက်တစ်လှမ်းကနေ အထောက်အပံ့တွေပေးနေတာဖြစ်ပါတယ်။ ယခုဆိုရင် ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို တည်ထောင်ထားပြီး စွန့်ပစ်ကလေးငယ် မိဘမဲ့ကလေးငယ်တွေကို မိဘအရင်းသဖွယ် ရင်နှင့်အမျှ မေတ္တာတွေအပြည့်အဝပေးနေတာဖြစ်ပါတယ်။ အနုပညာရှင်တွေနဲ့ ပရိသတ်တွေကလည်း သူမရဲ့ ဂေဟာကြီးဆက်လက်တည်မြဲနေစေဖို့အတွက် လှူဒါန်းမှုတွေပြုလုပ်ကြပါတယ်။ ခိုင်နှင်းဝေက ဒီနေ့လို ချစ်သူများနေ့မှာ သေဆုံးသွားတဲ့အခါ အသုံးမဝင်တော့တဲ့ သူမရဲ့ ခန္ဓာကိုယ်ကို အသုံးဝင်တဲ့နေရာမှာအသုံးချစေဖို့အတွက် ဆေးတက္ကသိုလ်မှာသွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ချစ်သူများနေ့ဖြစ်တဲ့အတွက် ကလေးအယောက် ၁၉၈ ယောက်ကိုလည်း ချောကလက်လေးတွေ ကျွေးပြီးအလှူလုပ်ခဲ့သေးတဲ့အကြောင်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ယခုလိုပဲ မျှဝေလာပါတယ်။ “၁၄,၂,၂၀၂၀ မှာ ပထမဦးစွာ ကျမရဲ့...

ချစ်သူများနေ့မှာ စုံတွဲလိုက် Surprise တိုက်ခံလိုက်ရတဲ့ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်

သရုပ်ဆောင် ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်ဆိုရင် တစ်နိုင်ငံလုံးက ပရိသတ်တွေက အားပေးချစ်ခင်ကြရတဲ့ လိုက်ဖက်လွန်းလှတဲ့ အနုပညာစုံတွဲလေးပါ။ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင် ဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာတွဲဖက်ရိုက်ကူးခွင့်ရရှိခဲ့ကြပါတယ်။ သူတို့ နှစ်ဦးရဲ့ ပရိသတ်တွေကလည်း မြန်မာတစ်နိုင်ငံလုံးမှာ အခိုင်အမာ ရှိနေခဲ့ပါပြီ။ သူတို့ရဲ့ Fan တွေကိုလည်း ချစ်ခင်တန်ဖိုးထားတတ်လွန်းတဲ့ ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်ကို သူတို့ရဲ့ ပရိသတ်တွေကလည်း အမှတ်တရနေ့တွေမှာ ပြန်ပြီး Surprise လုပ်ပေးလေ့ရှိတာကိုတွေ့ရပါတယ်။ သရုပ်ဆောင် ဟိန်းဝေယံကတော့ Valentine နေ့ မရောက်ခင်တစ်ရက်အလိုတည်းက Fan တွေရဲ့ Surprise တွေကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။ ထူးထူးခြားခြား Surprise လေးကတော့ ဒီနှစ်မှာ သရုပ်ဆောင် ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်တို့ကို သူတို့ နှစ်ဦးရဲ့ Fan တွေဖြစ်တဲ့ Ngal Zin Fan လေးတွေက စုံတွဲလိုက် Surprise လုပ်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ဟိန်းဝေယံကတော့ အတွဲလိုက်...

ချစ်သူများနေ့မှာ ပရိသတ်တွေကို Surprise လုပ်ပြီး ချစ်သူနဲ့ပုံတွေ ချပြလိုက်တဲ့ မထက်

မထက် လို့ နာမည်ကြားလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း Makeup Artist တစ်ဦးဆိုတာ တော်တော်များများ သိကြမှာပါ။ မထက်ဟာ လိင်ပြောင်းထားတဲ့ LGBT တစ်ဦးဖြစ်ပြီးတော့ မိတ်ကပ် Artist တစ်ဦးအဖြစ် သူမရဲ့ အသက်မွေးဝမ်းကျောင်းဖြင့် ရပ်တည်နေတာဖြစ်ပါတယ်။ နာမည်ကြီးမင်းသမီးတွေ အတော်များများဟာ မထက်ရဲ့ အလှအပ ပြင်ဆင်မှုအောက်မှာ ခြယ်သခံကြပြီး သတို့သမီးလောင်းအတော်များများရဲ့ စိတ်ကူးထဲက မိတ်ကပ်ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ မထက်ဟာ မိတ်ကပ်ဖန်တီးသူတစ်ဦးဖြစ်ရုံမက ရုပ်ရှင်ကားတွေလည်း ရိုက်ကူးတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ မိတ်ကပ် လင်းလင်း၊ ညီညီမောင်စမ်းချောင်းတို့နဲ့အတူ ရုပ်ရှင်တစ်ကားရိုက်ကူးထားပြီးပါပြီ။ မထက်ဟာ လိင်ပြောင်းထားသူတစ်ဦးဖြစ်နေပေမယ့် သူမရဲ့ လှပပြေပြစ်မှုတွေက မိန်းကလေးအစစ်တစ်ဦးကဲ့သို့  ပိုင်ဆိုင်ထားရှိခြင်းပဲဖြစ်ပါတယ်။ ဆံနွယ်ရှည်တွေနဲ့အတူ မြင့်မားတဲ့အရပ် ဖြူဖွေးနေတဲ့အသားအရည်လေးတွေဟာ သူမကိုယ် ပိုပြီးလှပစေပါတယ်။ အချစ်ရေးနဲ့ပတ်သက်လာရင် အသည်းကွဲနေတဲ့ အနစ်နာခံဖြစ်တဲ့အကြောင်းတွေသာ အမြဲပြောလေ့ရှိတဲ့ မထက်က သူမရဲ့ ချစ်သူနဲ့ပုံတွေကို ချစ်သူများနေ့မှာ Surprise လုပ်ပြီး ချပြလိုက်တာဖြစ်ပါတယ်။...

မြေးလေးပေးတဲ့ လေ့ကျင့်ခန်းတွေကို မမောနိုင် မပန်းနိုင်လုပ်ပြီး ပျော်ရွှင်နေတဲ့ ဘိုးဘိုးလွင်မိုး

ဘိုးဘိုးလွင်မိုးကတော့ မြေးဦးလေး လီယျံရဲ့ မပီကလာစကားတွေကြားမှာ နစ်မြောစီးဝင်လို့ အချစ်တွေတိုးပွားနေပါပြီ။ နှစ်ဖက်မိဘတွေရဲ့ ပထမဆုံးမြေးဦးလေးဖြစ်တာကြောင့် အဘိုးအဘွားတွေရဲ့ သည်းသည်းလှုပ်ချစ်ခြင်းကို ခံရတဲ့ လီယျံလေးဟာ ယွန်းဝတီလွင်မိုးရဲ့တစ်ဦးတည်းသော သားလေးပဲဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံက ကျောင်းတက်နေဆဲဖြစ်တာကြောင့် မွေးပြီးတည်းက အဘိုးအဘွားတွေရဲ့ လက်ထဲမှာပဲ ကြီးပြင်းလာခဲ့ရသူလေးပါ။ ယွန်းဝတီလွင်မိုး သြစတြေးလျ ကျောင်းပြန်သွားတက်တဲ့အချိန်မှာလည်း လီယျံလေးက အဘိုးဖြစ်သူ လွင်မိုး ဘွားဘွားမေသူတို့နဲ့အတူ မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။ တဖြေးဖြေးနဲ့ အရွယ်ရောက်ပြီးကြီးလာခဲ့ပြီဖြစ်တဲ့ လီယျံဟာ စကားတတ်စပြုလာခဲ့ပြီး မေမေဆိုတဲ့စကားလုံးကိုလည်း သုံးစွဲနေတတ်ပြီဖြစ်ပါတယ်။ ထို့အတူ အဘိုးရဲ့ အသည်းကျော်ကြီးလို့ ပြောရလောက်အောင် အဘိုးဖြစ်သူကိုလည်း လေ့ကျင့်ခန်းတွေ စပေးနေပြီဖြစ်ပါတယ်။ ဘိုးဘိုးလွင်မိုးကတော့ မြေးလေးပေးတဲ့ လေ့ကျင့်ခန်းတွေကို မမောနိုင်မပန်းနိုင်လုပ်ရင်း ပျော်ရွှင်နေတဲ့ ပုံလေးတွေကို မျှဝေထားတာဖြစ်ပါတယ်။ ဘိုးဘိုး…ကောက်ကောက် ဆိုပြီး စကားပြောတတ်စ လီယျံလေးရဲ့ လေ့ကျင့်ခန်းတွေကြားမှာ ဦးလွင်မိုးတစ်ယောက် ဘောလုံးကောက်ရင်း ပျော်ရွှင်နေတာပါ။ သားသမီးအချစ် မြေးအနှစ်လို့ဆိုရလောက်အောင် လီယျံလေးကို...

ကျိုက်ထီးရိုးရင်ပြင်မှာ လူပေါင်း (၁၅၀၀) ကြိတ်ကြိတ်တိုးစည်ကားအောင် ပါရမီဖြည့်ပေးနိုင်ခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ရဲ့ ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်လေးကတော့ အောင်မြင်စွာပြီးစီးသွားခဲ့ပါပြီ။ မကြာခင်မှာကျရောက်လာတော့မယ့် ချစ်သူများနေ့မှာ စုံတွဲတွေကိုယ်စီ ရိုဆန်ဆန် Surprise တွေနဲ့ ဖြတ်သန်းကြဖို့ စီစဉ်နေချိန်မှာ သရုပ်ဆောင် စမိုင်းလ်က သူမရဲ့ ခင်ပွန်းဖြစ်သူဆီကနေ ဘာ Surprise မှမတောင်းဆိုဘဲ လူပေါင်း (၁၅၀၀) ကို ရွှေတိဂုံ-ကျိုက်ထီးရိုး အဓိဌာန်ပို့ပေးဖို့သာ ဆုတောင်းခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် စမိုင်းလ်က သူမကိုယ်တိုင်လည်း ဘာသာတရားတွေကို တစိုက်မတ်မတ်လုပ်ကိုင်နေသူဖြစ်ရုံမက သူမနဲ့ပတ်သက်သူ၊ အားပေးနေတဲ့ ပရိသတ်တွေကိုပါ သူမကဲ့သို့ ဘာသာတရားကိုအချိန်ပေး လုပ်ကိုင်နိုင်အောင် စီစဉ်ပြီး ပါရမီဖြည့်ပေးနေတာဖြစ်ပါတယ်။ ရှေးအပိုင်းတွေမှာလည်း ကျိုက်ငါးကျိုက်၊ ညောင်ဆယ်ပင်အဓိဌာန်တွေကို လူပေါင်းထောင်ချီအတွက် စီစဉ်ပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးတစ်ခေါက်ဖြစ်တဲ့ ရွှေတိဂုံ-ကျိုက်ထီးရိုး အဓိဌာန်လေးကတော့ ခင်ပွန်းဖြစ်သူဆီက တောင်းဆိုထားတဲ့ အဓိဌာန်လေးဖြစ်ပါတယ်။ ဒီအဓိဌာန်လေးကို ကျိုက်ထီးရိုးရင်ပြင်တော်မှာ လူအပြည့်ကြိတ်ကြိတ်တိုးစည်ကားပြီးတော့ အဓိဌာန်ဝင်နိုင်အောင် ပါရမီဖြည့်ပေးနိုင်ခဲ့တာပါ။ သူမရဲ့ ရွှေတိဂုံ-ကျိုက်ထီးရိုး ကက်ကင်းအဓိဌာန်ကို သစ်တံခါးဆရာတော်ကြီးကိုယ်တိုင်ကြွရောက် တရားပေးခဲ့ပြီးတော့...

ဗယ်လင်တိုင်းအကြိုတွေ့ခဲ့ကြတဲ့ နန်းမြတ်ဖြိုးသင်း သားလေး ဂျက်ဂျက်နဲ့ စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure လွင်

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ တစ်ဦးတည်းသော သားလေး ဂျက်ဂျက်နဲ့ စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာလွင်တို့က ချစ်သူများနေ့ အကြို တွေ့ခဲ့ကြတယ်လို့ မေမေ စန္ဒီမြင့်လွင်က ရွှတ်နောက်နောက်ရေးသားထားပါတယ်။ ဂျက်ဂျက်နဲ့ ထရက်ရှာလွင်တို့ နှစ်ဦးလုံးဟာ တစ်ချိန်မှာ အနုပညာမျိုးဆက်သစ်လေးတွေဖြစ်လာမယ့် သူတွေဖြစ်ကြပါတယ်။ မိခင်ဖြစ်သူတွေဟာ အနုပညာလောကနဲ့ ဂီတလောကမှာ အောင်မြင်ကျော်ကြားသူတွေဖြစ်ကြတာကြောင့် သားသမီးတွေဟာလည်း အနုပညာသွေးအပြည့်ပါလာမယ်ဆိုတာတော့ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ တစ်ဦးတည်းသော သားသား၊ မီးမီးလေးတွေကို ပိုင်ဆိုင်ထားကြတဲ့ နန်းမြတ်ဖြိုးသင်းနဲ့ စန္ဒီမြင့်လွင်တို့ဟာ မိခင်မေတ္တာအပြည့်အဝနဲ့ သည်းသည်းလှုပ်ချစ်မြတ်နိုးနေကြတာပါ။ သူတို့လေးတွေဟာ ငယ်ရွယ်ပေမယ့် ချစ်စရာကောင်းလွန်းတာကြောင့် ငယ်စဉ်တည်းကပင် ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိနေကြတာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က မကြာခင်မှာကျရောက်လာတော့မယ့် ချစ်သူများနေ့ မတိုင်ခင်မှာ သားလေး ဂျက်ဂျက်နဲ့အတူ သမီးလေး ထရက်ရှာလွင်ကို ပေးတွေ့ခဲ့တယ်လို့ စနောက်ပြီး ချစ်စဖွယ်လေးရေးသားထားတာပါ။ ချစ်စရာကောင်းတဲ့ ကလေးလေး နှစ်ယောက်ရဲ့ တွေ့ဆုံမှုလေးကိုလည်း ပရိသတ်ကြီးအတွက် မျှဝေပေးထားတာကြောင့်...

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကို နေ့ဆွမ်းနဲ့ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့တဲ့ စံရတီမိုးမြင့်

သရုပ်ဆောင် စံရတီမိုးမြင့်က ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခွင့်ရရှိခဲ့ပါတယ်။ စိတ်ထားလေးနူးညံ့ပြီး ကိုယ်ချင်းစာတရားအပြည့်ရှိတဲ့ မင်းသမီးလေးလို့ ပရိသတ်တွေက သတ်မှတ်ထားတဲ့ စံရတီမိုးမြင့်ဟာ တိရိစ္ဆာန်လေးတွေအပေါ်မှာလည်း အကြင်နာတရားရှိသူပါ။ သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် သူချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ပြီး ရပ်တည်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ စံရတီမိုးမြင့်ဟာ မကြာခဏပြုလုပ်တဲ့ တရားပွဲတွေမှာလည်း လာရောက်တရားနာယူတာတွေ့ရပါတယ်။ ဘာသာတရားနဲ့ပတ်သက်လာရင် ကိုင်းရှိုင်းရိုသေတတ်တဲ့ စံရတီမိုးမြင့်က ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကို နေ့ဆွမ်းနဲ့ လှူဖွယ်ဝတ္ထုတွေဆပ်ကပ်ခွင့်ရခဲ့လို့ ပီတိတွေဖြစ်နေခဲ့တာပါ။ “ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးအား နေ့ဆွမ်းနဲ့ လှုဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်. မြင်သောသူ ကြားသောသူများအားလုံးကုသိုလ်ထပ်တူထပ်မျှရကြပါစေ… ဤကောင်းမှုသည် နိဗ္ဗာန်ချမ်းသာရောက်ရာရောက်ကြောင်းအတွက် အထောက်အပံ့ဖြစ်ပါစေ🙏🙏🙏” လို့ သူမရဲ့ ကုသိုလ်ကိုလည်း အားလုံးရရှိအောင် မျှဝေပေးထားပါတယ်။ ဒီကနေ့ ပြုခဲ့တဲ့ ကုသိုလ်အစုစုကြောင့် သူမလျှောက်လှမ်းနေတဲ့ အနုပညာလမ်းတစ်လျှောက်မှာ အောင်မြင်မှုအပေါင်းသရဖူဆောင်းနိုင်ပြီးတော့ နောက်နောင်တွေမှာလည်း ဒီထက်ပိုမိုလှူဒါန်းခွင့်ရရှိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ Writer-YS,Cele Star

Valentine’s Day မရောက်ခင်မှာပဲ နှင်းဆီပန်းတွေ လက်ဆောင်ရခဲ့တဲ့ နေခြည်ဦး

Beauty Blogger အဖြစ်ကနေ သရုပ်ဆောင် အဖြစ် ခြေလှမ်းသွက်သွက်တွေနဲ့ လှမ်းလာနိုင်ခဲ့တဲ့ နေခြည်ဦးက သူမရဲ့ Lifestyle တွေကို ပွင့်လင်းမြင်သာစွာ ချပြတတ်သူတစ်ဦးပါ။ မကြာသေးခင်ကမှ သူမရင်သားခွဲစိတ်မှုမှတ်တမ်းအခြေအနေကိုလည်း ပရိသတ်တွေ သိရှိနိုင်အောင် Vlog လေးတစ်ခုနဲ့ မျှဝေပေးထားတာတွေ့ရပါတယ်။ နေခြည်ဦးရဲ့ ထူးခြားချက်က သူမကိုယ်သူမ တစ်နှစ်နဲ့တစ်နှစ်မတူအောင် ခန္ဓာကိုယ်အရရော စိတ်အရပါ ပြောင်းလဲမှုတွေတစ်ခုပြီးတစ်ခု ပြုလုပ်နေလေ့ရှိတာပါ။ သူမရဲ့ပြောင်းလဲမှုတိုင်းကိုလည်း ပရိသတ်တွေကို အသိပေးရုံသာမက သူမလိုပဲ ပြောင်းလဲချင်သူတွေအတွက် တစ်ဖက်တစ်လှမ်းကနေ အထောက်အကူဖြစ်အောင် အတွေ့အကြုံတွေကို Sharing လုပ်လေ့ရှိပါတယ်။ နေခြည်ဦးဟာ မြန်မာနိုင်ငံက မိန်းကလေးပရိသတ်အတော်များများရဲ့ အမာခံအားပေးမှုကို ပိုင်ဆိုင်ထားရုံသာမက သူမရဲ့ Fan တွေအပေါ်မှာလည်း တလေးတစားနဲ့ အလေးထားဆက်ဆံတတ်သူဖြစ်ပါတယ်။ မကြာခင်မှာ ကျရောက်လာတော့မှာ ချစ်သူများနေ့အတွက် နေခြည်ဦးက ကြိုပြီး နှင်းဆီပန်းတွေလက်ဆောင်ရခဲ့ပါတယ်။ ဒီနှင်းဆီပန်းတွေကိုတော့ သူမဟာ ယောက်ကျားလေးတစ်ယောက်ဆီက ရတာမဟုတ်ဘဲ မိန်းကလေးတစ်ယောက်ဆီက လက်ဆောင်ရခဲ့တာဖြစ်တယ်လို့သိရပါတယ်။...