Monthly Archive: January, 2020

ပရိသတ်တွေ အားကျနေကြတဲ့ မိန်းမအပေါ် ဂရုစိုက်လွန်းတဲ့ လွင်မိုးရဲ့ ချစ်ခြင်းမေတ္တာလေးတစ်ခု

နှစ်ပေါင်းများစွာ လက်တွဲလာကြပေမယ့် ယနေ့တိုင် အချစ်တွေ၊ ဂရုစိုက်မှုတွေ၊ ကြင်နာမှုတွေ မလျော့ပါးသွားဘူးဆိုတာ လွင်မိုးတို့ ဇနီးမောင်နှံရဲ့ အပြုအမူလေးတစ်ခုက သက်သေပြနေတာပါ။ လွင်မိုးတို့ ဇနီးမောင်နှံ ၂ ယောက်က ပြင်ဦးလွင်၊ ကန်တော်ကြီးဥယျာဉ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ခမ်းနားသိုက်မြိုက်လွန်းလှတဲ့ ပြည့်ဖြိုးတေဇတို့ မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတာပါ။ ပြည့်ဖြိုးတေဇတို့ မင်္ဂလာပွဲ နဲ့ပတ်သက်ပြီးတော့လည်း ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲဖြစ်ကြောင်း၊ မိန်းကလေးတစ်ယောက်ကို တန်ဖိုးထားမြတ်နိုးလွန်းတဲ့သူဖြစ်ကြောင်း စတဲ့အကြောင်းအရာတွေကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ရေပန်းစား လူပြောများနေခဲ့ကြတာဖြစ်ပါတယ်။ မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက တစ်ခုဖြစ်တဲ့ မင်္ဂလာပွဲကြီးက သိပ်ကိုခမ်းနားလွန်းခဲ့တဲ့အချိန်မှာ မိန်းကလေးတွေရဲ့ အားကျနှစ်ခြိုက်ရခြင်းတွေကိုပါ ရရှိခဲ့ပါတယ်။ ဒီမင်္ဂလာပွဲကြီးပြီးဆုံးသွားပေမယ့်လည်း သူတို့ ဇနီးမောင်နှံရဲ့တန်ဖိုးထား မြတ်နိုးပုံတွေ၊ ရိုဆန်လွန်းလှပုံတွေကို စာစီဖွဲ့ပြီးရေးသားမှုတွေက ရှိနေဆဲပါပဲ။ ဒီလို ရိုဆန်မှုများစွာနဲ့ပြည့်နှက်နေတဲ့ ဒီပွဲကြီးထဲမှာတော့ လွင်မိုးရဲ့ ချစ်ခြင်းမေတ္တာလုပ်ရပ်လေးတစ်ခုကလည်း ပြောစမှတ်တွင်စရာဖြစ်နေခဲ့ပါတယ်။ ဇနီးဖြစ်သူ မေသူ ဆံပင်စည်းလာခဲ့တဲ့ မိန်းကလေး ခေါင်းစည်းကြိုးလေးကို လွင်မိုးက...

အဘရဲ့ သမီးလေးကို သွားကြည့်ရင်း မျက်ရည်တွေ မထိန်းနိုင်အောင် ကျခဲ့ရတဲ့ ရွှေပိုးအိမ်

သရုပ်ဆောင် ရွှေပိုးအိမ်က အသီးသည် အဘရဲ့ သမီးလေးဆီကို သွားရောက်တဲ့အချိန်မှာ သူမရဲ့ မျက်ရည်တွေ ဖြည်မဆည်နိုင်အောင် ကျခဲ့ရပါတယ်။ စည်ပင်ဝန်ထမ်းအချို့ရဲ့ လုပ်ရပ်ကြောင့် နစ်နာမှုရှိခဲ့တဲ့ အဘကို ဝိုင်းဝန်းကူညီသူတွေ ရှိနေကြပြီဖြစ်ပါတယ်။ မသန်စွမ်းသမီးလေးနဲ့မိသားစု စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့အတွက် ရုန်းကန်နေရတဲ့ အဘရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ကြိုးစားနေသူတွေထဲမှာ ရွှေပိုးအိမ်တစ်ယောက်လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ရွှေပိုးအိမ်က အကူညီလိုအပ်နေတဲ့ အဘဆီကို ယနေ့ မှာ အရောက်သွားခဲ့တာတွေ့ရပါတယ်။ အဘရဲ့ သမီးလေးဆီကိုလည်းသွားရောက်ကြည့်ရှုမယ့်အကြောင်းကို သူမရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသားထားခဲ့တာဖြစ်ပါတယ်။ တကယ့်လက်တွေ့ အဘရဲ့ သမီးလေးဆီရောက်ရှိတဲ့အချိန်မှာတော့ ရွှေပိုးအိမ်တစ်ယောက် မျက်ရည်တွေ မထိန်းနိုင်အောင် ကျခဲ့ရပါတယ်။ ဘဝပေးအခြေအနေတစ်ခုကြောင့် မသက်သာပဲ ဈေးရောင်းနေရတဲ့ အဘတို့မိသားစုလေးအတွက် ရွှေပိုးအိမ်က အလှူငွေ (၅)သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ထပ်မံလှူဒါန်းချင်သူတွေအတွက်လည်း အဘရဲ့ လိပ်စာလေးနဲ့ ဖုန်းနံပါတ်လေးကိုပါမျှဝေထားတာဖြစ်ပါတယ်။ ရွှေပိုးအိမ်ရဲ့ မွန်မြတ်လှတဲ့ လုပ်ရပ်လေးကို ပရိသတ်တွေကလည်း...

စည်ပင်က ဖျက်စီးတာခံလိုက်ရတဲ့ အသီးသည်အဘဆီ အရောက်သွား လှူခဲ့တဲ့ ရွှေပိုးအိမ်

တနေ့က လူမှုကွန်ယက်ပေါ်မှာ ဟိုးလေးတကြော်ကြော်ဖြစ်သွားတဲ့ လိမ္မော်သီးသည် အဘဆီကို ရွှေပိုးအိမ်က အရောက်သွားခဲ့ပါတယ်။ သရုပ်ဆောင် ရွှေပိုးအိမ်လို့ လူသိများလာရတဲ့အကြောင်းအရင်းမှာ သူမရဲ့ စန်းတစ်ခုလည်းပါဝင်သလို လိုအပ်နေတဲ့သူတွေကို ကူညီဖေးမတတ်တဲ့ သူမရဲ့ စိတ်ကောင်းစေတနာလေးကြောင့်လည်းဖြစ်ပါတယ်။ ရွှေပိုးအိမ်က သူမကိုအားပေးတဲ့ အမာခံဖန်အများအပြားကိုလည်း ပိုင်ဆိုင်ထားသူပါ။ ဒီရက်ပိုင်း လူမှုကွန်ယက်ပေါ်မှာ ဗိုလ်ချုပ်ဈေးထဲက အသီးရောင်းတဲ့ အဘကို ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး အရင်းအနှီးတွေ ဖျက်စီးခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ဝေဖန်မှုအမျိုးမျိုးခံနေရတာဖြစ်ပါတယ်။ အသီးသည်အဘဟာ လှိုင်သာယာကနေပြီး ဗိုလ်ချုပ်ဈေးထဲကို အသီးလာရောင်းရတာဖြစ်ပြီး မသန်စွမ်းသမီးလေးအပါအဝင် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။ အဘရဲ့အရင်းအနှီးတွေကို ဖျက်စီးလိုက်တာကြောင့် လူမှုကွန်ယက်သုံးစွဲသူတွေက အဘကို သွားရောက်လှူဒါန်းဖို့ နဲ့ အဘကို နေရာအတည်တကျ ဈေးရောင်းချနိုင်အောင် ကူညီပေးဖို့ အမျိုးမျိုးကြိုးစားနေကြတာကိုလည်းတွေ့ရပါတယ်။ ရွှေပိုးအိမ်ကတော့ ဒီအဘဆီကို အရောက်သွားခဲ့ပြီး အဘရဲ့ သမီးလေးအတွက် အလှူငွေသွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အဘအိမ်ထိကိုလည်း လိုက်သွားပြီး အဘရဲ့သမီးကို သွားရောက်ကြည့်ရှုဦးမှာဖြစ်တယ်လို့ သူမရဲ့...

ခမ်းနားကြီးကျယ်လွန်းလှတဲ့ မင်္ဂလာပွဲမှာ ငေးယူရလောက်အောင် လှနေခဲ့ကြတဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံ

အဆိုတော် Ah Boy နဲ့ သရုပ်ဆောင် မြတ်ရတနာကျော်တို့က ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ်ထဲမှာ ကျင်းပတဲ့ ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါတယ်။ Ah Boy နဲ့ မြတ်ရတနာကျော်ဟာ လက်ရှိအချိန်မှာ Scarlett Phyo Tun လို့ အမည်ပေးထားတဲ့ ချစ်စရာသိပ်ကောင်းလွန်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေခဲ့ပေမယ့် သူတို့ ဝါသနာပါရာ ခရီးသွား Vlog တွေကို ဖန်တီးပြီး ရိုက်ကူးနေကြတာလည်းဖြစ်ပါတယ်။ သမီးလေးနဲ့အတူ မိသားစု ခရီးတွေကိုလည်း မကြာခဏ ထွက်တာတွေ့ရသလို နှစ်ကိုယ်တူ ခရီးလေးတွေကိုလည်း ဖန်တီးပြီး ထွက်လေ့ရှိတာတွေ့ရပါတယ်။ အာဘွိုင်းတို့ ဇနီးမောင်နှံက ပြင်ဦးလွင်မြို့မှာ ခမ်းနားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ပြည့်ဖြိုးတေဇနဲ့ မသက်နှင်းလှိုင်တို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မှာ ကျင်းပခဲ့တဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုလည်း အာဘွိုင်းတို့ ဇနီးမောင်နှံက တက်ရောက်ခဲ့ပါသေးတယ်။...

သမ္မတအိမ်တော်မှာ ဝါရင့်အဆိုတော်ကြီးတွေနဲ့ တွဲဖက်သီဆိုခွင့်ရခဲ့တဲ့ အေးမြဖြူ

ဂီတတံခါးလေးဖွင့်ပါဦး အစီအစဉ်က ဝါသနာရှင် ကလေးအဆိုတော်လေး၊ မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင် အေးမြဖြူလေးက အနုပညာလောကထဲကို တစ်လှမ်းပြီးတစ်လှမ်းဝင်ရောက်လာခဲ့ပါတယ်။ ယခုလည်း သမ္မတအိမ်တော်မှာ ဝါရင့်အဆိုတော်ကြီးတွေနဲ့ တွဲဖက်ပြီး သီချင်းသီဆိုခွင့်ရခဲ့ကြောင်းကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာထက်ကနေ ဂုဏ်ယူစွာ ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ သမ္မတအိမ်တော်က ဖျော်ဖြေပွဲမှာ မြန်မာဝတ်စုံလေးနဲ့ မဟာဆန်ဆန် တက်ရောက်ဖျော်ဖြေခဲ့တဲ့ အေးမြဖြူရဲ့ ပုံရိပ်တွေကို ဖော်ပြပေးချင်ပါတယ်။ သူမကို ငယ်စဉ်တည်းက မြန်မာသံစဉ်တွေ သင်ပေးခဲ့တဲ့ အဘွားဒေါ်တင်တင်မြနဲ့လည်း တွဲဖက်ပြီး ဓာတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။ အဆိုရော၊ သရုပ်ဆောင်ပိုင်းမှာပါ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ တစ်ချိန်က အန်တီချိုပြုံးကလည်း သူမကို ချစ်ပါသတဲ့နော်။ ဒါ့အပြင် အနုပညာလောကထဲက ဝါရင့် သရုပ်ဆောင်ကြီးတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါသေးတယ်။ အေးမြဖြူဟာ သိပ်မကြာခင်အချိန်မှာပဲ ဒါရိုက်တာဏကြီး ရိုက်ကူးပြီး အကယ်ဒမီ ပိုင်ဖြိုးသုအပြင် အခြားသော အနုပညာရှင်တွေပါဝင်တဲ့ ချစ်ခင်စမှော်ရုံ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်တည်းကလည်း...

အမိုက်စား ဖက်ရှင်နဲ့ ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုခဲ့တဲ့ မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံ

ဂီတလောကမှာ လူမှန်ကြီးလို့ တင်စားရလောက်တဲ့ မြန်မာပြည်သိန်းတန်ကလည်း ပြင်ဦးလွင်မှာ ပြုလုပ်တဲ့ ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲကိုတက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။ မြန်မာပြည်သိန်းတန်ဟာ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ တေးသီချင်းတွေကို သီဆိုခဲ့ပြီး ယနေ့ခေတ်မှာလည်း သူ့ရဲ့ နာမည်တစ်လုံးကို ဖက်ရှင်နဲ့ ထိန်းထားနိုင်သူပါ။ မြန်မာအိုင်ဒေါ Season-3 အထိ ဒိုင် ၃ ယောက်ထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး သူ့ရဲ့ ဖက်ရှင်ဆန်းသစ်မှုတွေကို အပတ်တိုင်းစောင့်ကြည့်ရလောက်အောင်ထိ ပြောင်မြောက်စွာ ဝတ်ဆင်ခဲ့သူပါ။ မြန်မာအိုင်ဒေါမှာ ဒိုင်အဖြစ် ဆောင်ရွက်စဉ်ချိန်မှာလည်း အမုန်းခံပြီး အမှန်တွေကို ပြောတတ်တဲ့ ဂီတဆရာတစ်ဦးလို့ ပရိသတ်တွေက သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာပြည်သိန်းတန်ရဲ့ ဖက်ရှင်တွေကိုတော့ ဇနီးဖြစ်သူ ဒေါက်တာ နုနန္ဒာသန်းက စီစဉ်ဆောင်ရွက်ပေးတာဖြစ်ပြီး ဇနီးမောင်နှံ (၂) ဦးလုံးက အမြဲလိုလို နုပျိုလန်းဆန်းပြီး ဖက်ရှင်အပြည့်နဲ့ စတိုင်ကျနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပြင်ဦးလွင်က ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲမှာလည်း မြန်မာပြည်သိန်းတန်တို့ ဇနီးမောင်နှံ...

ယွန်းယွန်းရဲ့ အသက် (၂၀) ပြည့်မွေးနေ့ပါတီပွဲကို တက်ရောက်ခဲ့တဲ့ ထိပ်ထားသခင်

ပရိသတ်တွေရဲ့ အချစ်တော် အသည်းတုံးလေး ထိပ်ထားသခင်က ယွန်းယွန်းရဲ့ မွေးနေ့ပါတီပွဲကို တက်ရောက်ခဲ့ပါတယ်။ စကားတတ်လွန်းတဲ့ ဗီဒီယိုလေးကြောင့် အွန်လိုင်းအသုံးပြုသူတွေကြား ခဏအတွင်း နာမည်ကြီးခဲ့တဲ့ ထိပ်ထားသခင်က အနုပညာလောကထဲကိုပါ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေတင်မကဘဲ အနုပညာရှင်တွေရဲ့ အချစ်တွေ အားပေးကူညီမှုတွေကိုပါ ရရှိခဲ့တဲ့ ထိပ်ထားသခင်ဟာ နီနီခင်ဇော်နဲ့အတူ ကြော်ငြာရိုက်ကူးပြီး ပထမဆုံး သူမရဲ့ အနုပညာလှုပ်ရှားမှုကို စတင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ထိုမှတဆင့် ဖွေးဖွေး၊ ဇဏ်ခီ တို့နဲ့တင်မက အခြားသော အနုပညာရှင်တွေနဲ့လည်း ကြေငြာတွေရိုက်ကူးခဲ့ရပါတယ်။ ထိပ်ထားသခင်ဟာ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည်နဲ့ နေခြည်ဦးတို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ကလေးသရုပ်ဆောင် အဖြစ် ပထမဆုံး ရိုက်ကူးခွင့်ရရှိခဲ့ပါတယ်။ ခုဆိုရင်တော့ ပရိသတ်တွေရဲ့ အားပေးမှုအတော်များများကို ရရှိနေပြီဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ပညာရေးကို မလစ်ဟင်းအောင် ကြိုးစားနေတဲ့ ကလေးသရုပ်ဆောင်တစ်ဦးဖြစ်နေပါတယ်။ ထိပ်ထားသခင်က သူမလိုပဲ ကလေးသရုပ်ဆောင်တစ်ဦးဖြစ်ခဲ့တဲ့ မမယွန်းယွန်းရဲ့ မွေးနေ့ပါတီပွဲလေးကို သွားရောက်ခဲ့တာဖြစ်ပါတယ်။...

ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲကို တက်ရောက်ဂုဏ်ပြုပေးခဲ့တဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်း

အဆိုတော် အောင်လနဲ့ သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်းတို့ ချစ်သူ ၂ ဦးကတော့ ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်မှာ ပြုလုပ်တဲ့ ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာပွဲကိုတက်ရောက်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြည့်ဖြိုးတေဇရဲ့မင်္ဂလာပွဲဟာ ခမ်းနားကြီးကျယ်လှပလွန်းခဲ့ပါတယ်။ ထိုင်းကပညာရှင်တွေရဲ့ ပြင်ဆင်မှုနဲ့အတူ ပန်းပြင်ဆင်မှု ကျပ်သိန်းပေါင်း ၅၀၀၀ ခန့်ကုန်ကျခဲ့တယ်လို့ လူမှုကွန်ယက်အသိုင်းအဝိုင်းတွေမှာ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။ ပန်းမြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်မှာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ ပြည့်ဖြိုးတေဇရဲ့ မင်္ဂလာဧည့်ခံပွဲကို အဆိုတော် အောင်လတို့ ချစ်သူ နှစ်ဦးကလည်း တက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။ အောင်လကတော့ သိပ်မကြာခင် ဘေဘီလေးတွေကို တွေ့ရဖို့ပါ ဆုတောင်းပေးလိုက်တာဖြစ်ပါတယ်။ “Finally ကိုယ့်လူ စွံသွားခဲ့ လေပြီ ….congratulations both of you guys….have babies 👶 Soon…” ဒီလို ခမ်းနားလွန်းလှတဲ့...

ဆောက်လုပ်နေဆဲဖြစ်တဲ့ သူမရဲ့ သုံးထပ်တိုက် အိမ်အမိုက်စားကြီးကို ပြသခဲ့တဲ့ ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင်က သူမရဲ့ အိပ်မက်တွေအကောင်အထည်ဖော်နေတဲ့ မြောက်ဒဂုံမှာရှိတဲ့ သုံးထပ်တိုက် အိမ်လေးကို ပရိသတ်တွေနဲ့ မိတ်ဆက်ပြသပေးခဲ့ပါတယ်။ ဘေဘီမောင်ဟာ အမိုက်စားခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး အမြဲ ဆက်စီကျကျ နေတတ်တဲ့ သူတစ်ဦးပါ။ ခေတ်ဆန်ဆန်ဝတ်စားဆင်ယဉ်တတ်သလို မြန်မာဝတ်စုံလေးတွေနဲ့လည်း ကျက်သရေရှိအောင် လိုက်ဖက်လှပလွန်းလှပါတယ်။ သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း လျို့ဝှက်မထားတတ်သူပီပီ အဆိုတော် သားဂန်းနဲ့ ချစ်သူတွေဖြစ်နေတဲ့အကြောင်းကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း အသိပေးပြောပြထားခဲ့တာဖြစ်ပါတယ်။ ဘေဘီမောင်အပြင် ညီမဖြစ်သူ သံစဉ်မောင်ကလည်း အနုပညာလောကထဲမှာ လျှောက်လှမ်းဖို့ ကြိုးစားနေကြသူတွေပဲဖြစ်ပါတယ်။ ဘေဘီမောင်က ဒီရက်ပိုင်းထဲမှာပဲ သူမရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်တည်ဆောက်နေတဲ့အကြောင်းကို ပရိသတ်ကြီးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီအိပ်မက်ကတော့ သူမ တည်ဆောက်နေတဲ့ အိမ် ပဲဖြစ်ပါတယ်။ ဘေဘီမောင်က သူမတို့ မိသားစု နေထိုင်ဖို့ အတွက် ၃ ထပ်တိုက် တစ်လုံးကိုတည်ဆောက်နေတာဖြစ်ပါတယ်။ မြောက်ဒဂုံမြို့နယ် ၊ ဒဂုံတက္ကသိုလ် တည်ရှိရာနားမှာ သူမ စုဆောင်းထားတဲ့...

အသက်သိပ်မကွာလှတဲ့ အမွှာလေးနှစ်ယောက်ရဲ့ ပုံတွေကို ချပြလိုက်တဲ့ စန္ဒီမြင့်လွင်

လူငယ်အဆိုတော် တစ်ဦးအဖြစ် အချိန်ကြာမြင့်စွာရပ်တည်ခဲ့တဲ့ စန္ဒီမြင့်လွင်က ခုဆိုရင်တော့ ကလေးတစ်ယောက် မိခင်အဖြစ်ရောက်ရှိနေပါပြီ။ နာမည်ကျော် Rap သီချင်းပေါင်းများစွာကို ဖန်တီးခဲ့ပြီး လူငယ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ စန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ရှင်မ ကောင်းတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။ 2018 ခုနှစ်အတွင်း မတ်လ ၁၂ ရက်နေ့မှာ LOTTE ဟိုတယ်မှာ ထိမ်းမြားလက်ထပ်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။ သူမနဲ့ တစ်ထပ်တည်းဆင်တူတဲ့ သမီးလေး Treasure Lwin ကိုတော့ ဇူလိုင်လ ၁၄ ရက်နေ့မှာ မွေးဖွားသန့်စင်နိုင်ခဲ့တာပါ။ ချစ်စရာကောင်းတဲ့ သမီးလေး Treasure Lwin က ငယ်ရွယ်ပေမယ့် အပြုံးချိုချိုလေးတွေ ပေးတတ်တာကြောင့် ခုတည်းက ပရိသတ်တွေ ရရှိနေတာဖြစ်ပါတယ်။ သမီးလေးရဲ့ မေမေဖြစ်သွားတဲ့ စန္ဒီမြင့်လွင်က ဆင်တူဝတ်စုံလေးတွေနဲ့လည်း တခါတရံ လှပနေတတ်တာတွေ့ရပါတယ်။ ကမ်းခြေသို့အလည်အပတ်ရောက်ရှိနေချိန်မှာလည်း ကမ်းခြေဝတ်စုံဆင်တူလေးနဲ့စန္ဒီမြင့်လွင်တို့သားအမိကို တွေ့ရပါသေးတယ်။ ယနေ့မှာတော့ သူမက အသက်သိပ်မကွာလှတဲ့ အမွှာလေးနှစ်ယောက်ပုံကို ချပြလာတာဖြစ်ပါတယ်။...

x