Monthly Archive: November, 2019

ချစ်သက်တမ်း ၁လပြည့်သွားပြီဆိုတဲ့ အဆိုတော်ပိုပိုနဲ့ ချယ်ရီသင်း

အဆိုတော်မလေး ချယ်ရီသင်းနဲ့ အဆိုတော်ပိုပိုတို့ ၂ဦးကတော့ သူမတို့ရဲ့ ချစ်သက်တမ်း ၁လပြည့်သွားပါပြီလို့ ဗီဒီယိုအင်တာဗျူးတစ်ခုမှာ ဖြေဆိုလိုက်ပါတယ်။ ချယ်ရီသင်းဆိုတာကတော့ အချစ်ဟာလိုက်လို့ပြေးတာလား၊ ပြေးလို့လိုက်တာလား ဆိုတဲ့ သီချင်းလေးနဲ့ လူသိများ ထင်ရှားလာသူဖြစ်ပြီး အဆိုတော်ပိုပိုကို သူမက အရင်တည်းက ကြိုက်ခဲ့ကြောင်း၊ စံထားခဲ့ရတာဖြစ်ကြောင်း၊ ပိုပိုနဲ့ တစ်အိမ်တည်းမှာ အတူအိပ်ရမယ်ဆိုတော့ သူမရဲ့ အိပ်မက်တွေတကယ်ဖြစ်သွားပြီဆိုပြီး အရမ်းဝမ်းသာခဲ့ကြောင်း၊ သူမတို့နှစ်ဦး တစ်အိမ်တည်း အတူအိပ်ခဲ့ကြကြောင်းတို့ကို ဖြေကြားပေးခဲ့တာပါ။ အဆိုတော်ပိုပိုနဲ့ အဆိုတော်ချယ်ရီသင်းတို့ဟာ အသက် ငါးနှစ်ကွာခြားပြီး ပိုပိုက ငါးနှစ်ကြီးတယ်လို့ သိရပါတယ်။ သူမတို့နှစ်ဦးဟာ မကြာသေးမှီရက်ပိုင်းအတွင်း အဆိုတော်ပိုပိုရဲ့ made in heart အခွေထွက်ရှိခြင်း အမှတ်တရအနေနဲ့ ဒလမြို့နယ်အတွင်း အလှူလေးတစ်ခု အတူတကွ ပြုလုပ်ခဲ့ကြသေးတာဖြစ်ပါတယ်။ အခုသတင်းနဲ့ ပတ်သက်တဲ့ ဗီဒီိယိုလေးကို ရှဲပြီး ချယ်ရီသင်းတို့ရဲ့ ဖေ့ဘုတ်မှာ စနောက်နေတာပါလို့ ပြောဆိုထားပြီး အဆိုတော်ပိုပိုကလည်း သူမက...

သစ်တံခါးဆရာတော်ကြီးရဲ့ လက်ငင်းဖူး ချက်ချင်းထူး အဓိဌာန်ကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်တဲ့ စမိုင်းလ်

သရုပ်ဆောင်နဲ့ အဆိုတော်စမိုင်းလ်ဟာသစ်တံခါး ဆရာတော်ကြီးကို ယုံကြည်သက်ဝင် ကိုးကွယ်သူတစ်ဦးဖြစ်သလို ဆရာတော်ဘုရားကြီးရဲ့ အဆိုအမိန့်အတိုင်း အဓိဌာန်တွေလည်း အမြဲမပြတ် ဝင်လေ့ရှိသူတစ်ဦးဖြစ်ပါတယ်။  အခုလည်း စမိုင်းလ်က ဆရာတော်ကြီးမိန့်ကြားတဲ့ လက်ငင်းဖူးချက်ချင်းထူး အဓိဌာန်ကို ဝင်ရင်း သူမ ပရိသတ်တွေလည်း ကုသိုလ်ယူနိုင်အောင် မျှဝေပေးခဲ့တာဖြစ်ပါတယ်။ စမိုင်းလ်ပြုလုပ်နေတဲ့ လက်ငင်းဖူး ချက်ချင်းထူး အဓိဌာန်ကတော့ သစ်တံခါးဆရာတော်ရဲ့ အဓိဌာန်ကျင့်နေစဉ်မက်ခဲ့သော အိမ်မက်အရ မြို့ဟောင်း ၅မြို့ရဲ့ ဘုရားများကို သွားရောက်ဖူးမျှော် ဗောဓိဓါတ်ယူတာဖြစ်တယ်လို့ သိရပါတယ်။  အဲဒီဘုရားတွေကတော့ ညောင်ရမ်း- ရွှေကူကြီးဘုရား ၊ ပင်း – ရှင်အရဟံမဟာဗောဓိပင်ဘုရား၊ ညောင်ဦး – ရွှေစည်းခုံဘုရား၊ ရတနာပုံ – မဟာမြတ်မုနိဘုရား၊ အင်းဝ – မဟာဗောဓိဘုရား တို့ပဲ ဖြစ်ကြပါတယ်လို့ စမိုင်းလ်က ဝေမျှပေးထားတာပါ။  စမိုင်းလ်ဟာ ဆရာတော်ဘုရားကြီးရဲ့ မဟောဗောဓိညောင်ဆယ်ပင် အဓိဌာန်ကို မကြာခဏ ဝင်လေ့ရှိသူတစ်ဦးဖြစ်ပြီး သူမလိုပဲ...

Pre Wedding ပုံတွေ ရိုက်နေပြီဖြစ်တဲ့ နှင်းဆီလေး ခေးဆက်သွင်

နှင်းဆီဇာတ်လမ်းတွဲနဲ့ လူသိပိုများလာတဲ့ ခေးဆက်သွင်ကတော့ ပရီဝက်ဒင်းပုံလှလှလေးတွေ စရိုက်နေပါပြီတဲ့နော်။ ခေးလေးတစ်ယောက် ဘယ်သူနဲ့များပါလိမ့်နော်၊ ပရီဝက်ဒင်းပုံလေးတွေကတော့ အရမ်းကို လှနေတာပါ။ ပုံထဲမှာတော့ ခေးဆက်သွင်လေးတစ်ယောက်ထဲကိုပဲ တွေ့ရပြီး အတူတွဲဖက်ရိုက်ကူးထားသူကိုတော့ ခေးက ထုတ်ပြခြင်း မရှိသေးပါဘူး။ ခေးဆက်သွင်က သူမရဲ့ ဖေ့ဘုတ်မှာ ” သူများတွေ ကလေးတောင် မူကြိုတက်နေပြီ၊ ငါဖြင့် Pre wedding ပုံတွေတောင် ၊ ခရူတီဘူတီပင်ကီဘေဘီဘူး အဖြစ်နဲ့ ၊ ၁ယောက်ထဲ ရိုက်နေရတုန်း” လို့ တင်ထားပါတယ်။ အော်တော်ပါသေးရဲ့ ခေးက ပရီဝက်ဒင်းပုံတွေကို တစ်ယောက်တည်း သူ့ဘာသာသူ ရိုက်တာပါတဲ့နော်၊ ပရိသတ်ကြီး စိတ်မပူကြပါနဲ့တော့ ခေးက ခုထိ တစ်ကိုယ်တည်း အပျိုကြီးပါပဲတဲ့။ Writer-YLLT(Cele Star)

မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ချောင်းသာကမ်းခြေက ဈေးသည်လေးတွေကို အလှူပြုလုပ်ခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်မြောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်တဲ့အထိမ်းအမှတ်အလှူလေးကိုတော့ သူတို့ဇနီးမောင်နှံလတ်တလော ရောက်ရှိနေတဲ့ ချောင်းသာကမ်းခြေက ဈေးသည်လေးတွေကို ထမင်း၊ ဟင်း၊ အချိုပွဲအစုံအလင်နဲ့ အလှူပြုလုပ်ပေးခဲ့တာပါ။ သူမရဲ့ ပျော်ရွှင်ဖွယ်အလှူပွဲလေးမှာ လူကြီး၊ ကလေးမကျန် အလုအယက် လာရောက်တန်းစီ ရယူခဲ့ကြတာကို တွေ့မြင်ရပြီး နန်းမြတ်ဖြိုးသင်းတစ်ယောက် သူမရဲ့အလှူလေးအတွက် ကြည်နူးမဆုံးဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ သူမလှူနေတဲ့အချိန်အတွင်း ဈေးသည်လေးတွေက ဂုံးအတင်းလာရောင်းနေလို့ နန်းမြတ်ဖြိုးသင်းတစ်ယောက် သဘောကျမဆုံးဖြစ်နေခဲ့သေးတာပါ။ သူမက ဂုံးတွေကိုလည်း ဝယ်ယူလွှတ်ပေးခဲ့ပြီး မင်္ဂလာအလှူပြုလုပ်ခဲ့ပါတယ်။ နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံဟာ သားလေး ဂျက်ဂျက်နဲ့အတူ ချောင်းသာကမ်းခြေကို မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး သားသားလေးက သူမကို “မေ” လို့ စခေါ်တတ်သွားလို့ အမှတ်တရအတိုင်းမသိ ဝမ်းသာနေတာဖြစ်ပါတယ်။ နန်းမြတ်တို့ မင်္ဂလာနှစ်ပတ်လည် ၂နှစ်ပြည့်လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။...

တေးရေးဆရာနောက်တစ်ဦးကို ထပ်မံတောင်းပန်လိုက်ရပြန်တဲ့ တန်ခွန်ကျော်

မြန်မာအိုင်ဒေါလ်ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ အိမ်ပြန်ခဲ့ရပြီဖြစ်တဲ့ တန်ခွန်ကျော်ဟာဆိုရင် ပြီးခဲ့တဲ့ အပတ်ထွက်ခဲ့ရတဲ့ ပြိုင်ပွဲအတွင်း သို့သက်ငယ်မုဒိန်းကောင်များ ဆိုတဲ့ သီချင်းကို သူကိုယ်တိုင်ရေးခဲ့တယ်လို့ ပြောမိလို့ မူရင်းတေးရေးဖြစ်သူ ချမ်းဗိုလ် နဲ့ မူရင်းသီဆိုသူ စောလားထော်ဝါးတို့ကို တောင်းပန်ခဲ့ရသေးတာပါ။ အခုလည်း တေးသီချင်းတစ်ပုဒ်ကို သူ့အဖိုးရေးထားတယ်လို့ မှားပြောမိပြန်တာကြောင့် မူရင်းတေးရေးဆရာဖြစ်သူ သောမတ်စ်ကို ထပ်ပြီးတောင်းပန်လိုက်ရပြန်ပါတယ်။ တန်ခွန်ကျော်က သူ့ရဲ့ ဖေ့ဘုတ်မှာ ” အမျိုးတွေအားလုံးပဲ မင်္ဂလာပါဗျ “သို့…. သက်ငယ်မုဒိန်းကောင်များ ”သီချင်းနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်က ကျွန်တော်ရှင်းလင်းထားတဲ့ စာမူထဲမှာ ပါလာတဲ့ ”နောင်တမျက်ရည်” သီချင်းသည် #တေးရေးသောမတ်စ် က 1979 ခုနှစ်မှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်ဗျ။ ကျွန်တော့အဖိုး #ဂင်ထွမ် ရေးထားတဲ့ သီချင်းမဟုတ်ပါဘူးဗျ။ ဦးဂင်ထွမ် ဟာ 1980 ဝန်းကျင်က ဓမ္မတေးရေးဆရာတစ်ယောက် ဖြစ်ပါတယ် သူရေးတဲ့ သီချင်းမှန်သမျှ သမီးဖြစ်သူကို သင်ပေးပြီး...

ငွေဆောင်မှာ ဖေဖေမေမေတို့နဲ့အတူ ပျော်ရွှင်နေတဲ့ ပိုးအိအိခန့်ရဲ့ သားလေး ကိုကိုး

သရုပ်ဆောင်ပိုးအိအိခန့်နဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားအောင်သူတို့ရဲ့ သားငယ်လေး ကိုကိုးဟာဆိုရင် မကြာသေးခင်ကမှ အသက် ၄လပြည့်သွားပြီဖြစ်ပါတယ်။ အခုသူလေးက ဖေဖေမေမေတို့နဲ့အတူ ငွေဆောင်ကို ပထမဆုံးအကြိမ်ရောက်ဖူးပြီး အရမ်းကိုပျော်ရွှင်နေပါတယ်တဲ့။ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ သားငယ်လေးကိုကိုးဟာဆိုရင် ပရိသတ်တွေ ချစ်ခင်ကြတဲ့  အနုပညာရှင်ရင်သွေးတွေထဲမှာ ပါဝင်ပြီး မကြာသေးခင်က သူလေးကို သွင်ဦးဟန်ဆိုတဲ့ နာမည်ပေးကင်ပွန်းတပ်ပွဲလေးကိုလည်း ပြုလုပ်ပေးခဲ့ကြပါသေးတယ်။ ပုံထဲမှာ ကိုကိုးလေးဟာ ငွေဆောင်မှာ အလန်းစားအိုက်တင်တွေနဲ့ ပျော်ရွှင်နေတာကို တွေ့ကြရမှာဖြစ်ပြီး အရင်ထက်လည်း ပိုပြီး အရပ်ရှည်လာတာကိုလည်း တွေ့ရပါတယ်။ ပရိသတ်ကြီးချစ်ကြတဲ့ ကိုကိုးလေးနဲ့ ဖေဖေမေမေတို့ရဲ့ ငွေဆောင်အပန်းဖြေခရီး ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။ Writer – YLLT(Cele Star)

လတ်တလောရိုက်ကူးရေးက ပုံလေးတွေနဲ့ ပရိသတ်ကို ထပ်မံအံ့သြစေခဲ့တဲ့ အွန်စော

တောင်ကိုရီးယားသရုပ်ဆောင် ဆောင်းဟေကျို song hye kyo – အွန်စောတစ်ယောက်ကတော့ ခင်ပွန်းဟောင်းဖြစ်သူ ဆောင်းဂျွန်ကီ song joong ki နဲ့ ကွာရှင်းပြီးနောက်ပိုင်းတည်းက ပြည်တွင်းပွဲတွေ သိပ်မတက်တော့သလို မီဒီယာအင်တာဗျူးတွေမှာလည်း သိပ်မတွေ့ရဖြစ်နေခဲ့တာပါ။ ဒါပေမယ့် အခုကတော့ အွန်စောပြန်လာချိန်တန်ပါပြီလို့ ပြောရမှာပါပဲ၊ သူမရဲ့ အင်စတာဂရမ်မှာ တင်လိုက်တဲ့ ဓါတ်ပုံရိုက်ကွင်းပုံလေးတွေက ပရိသတ်တွေကြားမှာ တအံ့တသြပြောဆိုရလောက်အောင် ရေပန်းစားနေပြန်ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တော်တော်များများကတော့ သူမဟာ ကွာရှင်းပြီးမှ ပိုပိုလှလာတဲ့အပြင် ဆွဲဆောင်မှုလည်း ပိုရှိလာတယ်လို့ မှတ်ချက်ပေးနေကြပါတယ်။ ပုံတွေထဲမှာ တွေ့မြင်ရတဲ့ အွန်စောဟာ သူမနဲ့ အံဝင်ဂွင်ကျမဖြစ်တဲ့ Over-sized အဝတ်အစားတွေနဲ့ ဖိနပ်အပြင်အဆင်တွေကို အံအားသင့်ဖွယ် လှလှပပလေး ဝတ်ဆင်ပြလိုက်တာပါ။ ဒီလိုဝတ်စုံနဲ့ စတိုင်မျိုးက သာမန်လူတစ်ယောက်အတွက်တော့ အဆင်မပြေဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် အွန်စောဝတ်လိုက်တဲ့ အခါမှာတော့ လုံးဝကို Boss Lady တစ်ဦးဖြစ်နေတယ်ရယ်လို့ အမွှန်းတင်ထားကြတာကိုလည်း...

ဗောဓိညောင်ဆယ်ပင် အဓိဌာန်ဝင်ခဲ့လို့ အမေရိကားမှာ အမြဲတမ်းနေထိုင်ခွင့် ကဒ်ရရှိသွားတဲ့ ဆုပန်ထွာ

သရုပ်ဆောင်ဆုပန်ထွာတစ်ယောက်ကတော့ အမေရိကားမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရရှိသွားပြီပဲ ဖြစ်ပါတယ်။ အခုလိုရရှိခဲ့တာဟာ သူမအမြဲလုပ်လေ့ရှိတဲ့ ဗောဓိညောင်ဆယ်ပင် အဓိဌာန်ဝင်ခဲ့လို့ ဆိုပြီး သူမက ဆိုပါတယ်။ သူမက အခုလို Green Card ရရှိဖို့ အခက်အခဲများစွာ ကြုံခဲ့ရပြီး မူလက ၅ရက်ပဲ နေဖို့ရှိတာကနေ ၂လနီးပါးကြာသွားခဲ့ရတာလို့ သိရပါတယ်။ ဒါနဲ့ပဲ သူမက ဆန်ဖရန်စစ္စကိုမှာရှိနေတုန်းအချိန်မှာတောင် ဗောဓိညောင်ဆယ်ပင်အဓိဌာန်ကို မရရအောင် ဝင်ခဲ့ပြီး အဓိဌာန်ပြုပြီးမကြာခင်မှာပဲ Green Card ကို ရရှိလာခဲ့တယ်လို့ ဆုပန်ထွာက ဆိုပါတယ်။ အမေရိကားမှာတုန်းက ဗောဓိညောင်ဆိုတာ မရှိခဲ့လို့ ထင်းရူးပင်ကြီးတွေမှာပဲ မရရအောင်လုပ်ခဲ့တယ်လို့ ဆုပန်ထွာက ရှင်းပြပါတယ်။ဆုပန်ထွာဟာ အမေရိကားမှာ Green Card လျှောက်ဖို့ သွားရင်း အချက်အလက်ပြည့်ပြည့်စုံစုံ မပါရှိသွားတာကြောင့် ရက်ပေါင်းများစွာကြာနေခဲ့ရပြီး သားလေးနဲ့ခွဲနေရလို့ အဆင်မပြေဖြစ်ခဲ့ရတာပါ။ ဆုပန်ထွာအနေနဲ့ သစ်တံခါးဆရာတော်ကြီး လမ်းညွှန်တဲ့ ဗောဓိညောင်ဆယ်ပင်...

ခင်ပွန်းဖြစ်သူနဲ့ ဓါတ်ပုံအတူတွဲရိုက်ရင်း ကြုံတွေ့ရတဲ့ ဟာသဖြစ်ရပ်လေးကို ပြောပြလိုက်တဲ့ ပိုင်ဖြိုးသု

သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ဟာဆိုရင် အရမ်းကို လိုက်ဖက်ညီတဲ့ ဇနီးမောင်နှံစုံတွဲလေးအဖြစ် ပရိသတ်အားကျရသူတွေဖြစ်ကြပါတယ်။ အခုလည်း ပိုင်ဖြိုးသုက သူမရဲ့ ဖေ့ဘုတ်မှာ သူမခင်ပွန်း ဏကြီးနဲ့ ပတ်သက်တဲ့ ဟာသဖြစ်ရပ်လေးတစ်ခုကို ပြောပြလာပါတယ်။ အဲဒါကတော့ မိန်းကလေးပီပီ ဆယ်လ်ဖီရိုက်ဝါသနာပါတဲ့ ပိုင်ဖြိုးသုတစ်ယောက် ခင်ပွန်းဖြစ်သူနဲ့အတူ ဆယ်လ်ဖီ ရိုက်မိတာကနေ ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်လေးပါပဲ။ ပိုင်ဖြိုးသုက ဆယ်လ်ဖီရိုက်နေစဉ် ၁မိနစ်အတွင်း မျက်နှာအိုက်တင်မျိုးစုံပြောင်းလဲခဲ့ပေမယ့် ခင်ပွန်းဖြစ်တဲ့ ဒါရိုက်တာဏကြီးကတော့ ဒီပုံစံ ဒီရုပ်ကိုပဲ မပြောင်းလဲ ရှိနေလို့ ပိုင်ဖြိုးသုတစ်ယောက် သဘောကျနေခဲ့တာပါ။ ပိုင်ဖြိုးသုက သူမရဲ့ ဖေ့ဘုတ်မှာ ” ရှိတယ်…ရှိတယ်…. မိမိမှာဘေးကနေ တစ်မိနစ်အတွင်း မျက်နှာအိုက်တင်မျိုးစုံလုပ်ပြနေသော်လည်း အလွန်အင်မတန်မှ တည်မြဲသောအိ‌နြေ္ဒဖြင့် တစ်မျိုးတည်းသောအိုက်တင်ဖြင့်သာဓါတ်ပုံရိုက်ခံတဲ့စက်ရုပ်ကြီးတစ်ရုပ်ကျွန်မမှာရှိတယ်” လို့ ချစ်စနိုး စနောက်လိုက်တာ ဖြစ်ပါတယ်။ ကဲ ဒါရိုက်တာဏကြီးတစ်ယောက်ကတော့ ဦးရေခဲကနေ စက်ရုပ်ကြီးဆိုတဲ့နာမည် ထပ်ရသွားပြန်ပါပြီနော်။ ပိုင်ဖြိုးသုတစ်ယောက် ဒါရိုက်တာဏကြီးကို နောက်ထပ်...

အမရာဖုန်းနဲ့ထင်ကြေးပေးနေကြတဲ့အပေါ် ပြန်လည်ဖြေရှင်းလိုက်တဲ့ G-Fatt

အဆိုတော် G-Fatt တစ်ယောက် အဆိုတော်မလေး အမရာဖုန်းနဲ့ဆိုပြီး အသံတွေထွက်နေတယ်ဆိုတဲ့ မေးခွန်းအပေါ်ပြန်လည်ဖြေရှင်းလိုက်ပြီဖြစ်ပါတယ်။ G-Fatt က အဆိုတော်မလေး အမရာဖုန်းဟာ သူ့ရဲ့ ညီမလေးတစ်ဦးလို ခင်မင်ရသူဖြစ်ပြီး အလုပ်ကိစ္စအဆက်အဆံကလွဲရင် အခုသတင်းထွက်နေသလို မဟုတ်မှန်ကြောင်း ပြောလိုက်တာပါ။ အဆိုတော် G-Fatt ဟာ သရုပ်ဆောင်နန်းဆုရတီစိုးနဲ့ မောင်လေး မမဇာတ်လမ်းကိုတော့ ပြတ်သွားပြီ မပြတ်သေးဘူးရယ်လို့ ရှင်းရှင်းလင်းလင်းပြောကြားမှု မရှိဘဲ တစ်ယောက်တည်းပဲ အဆင်ပြေအောင် နေနေပါတယ်လို့ ဖြေကြားခဲ့တာ တွေ့ရပါတယ်။ နန်းဆုဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး G-Fatt က အကောင်းဆုံးချစ်သူဖြစ်ခဲ့ပါတယ်ဆိုတာကလွဲရင် ထပ်ပြီးတုန့်ပြန်ပြောတာမျိုး မရှိသေးပါဘူး။ G-Fatt က လောလောဆယ် မန္တလေးမှာပြုလုပ်မယ့် တစ်ကိုယ်တော်ရှိုးပွဲအတွက်ကို အာရုံစိုက် အချိန်ပေးနေရလို့ အချစ်ရေးကိစ္စတွေ ဖြေကြားတာမျိုး မလုပ်ချင်သေးကြောင်း၊ သူ့အနေနဲ့ နန်းဆုနဲ့ ပတ်သက်တဲ့ အချစ်ရေးကိစ္စအတွက် သူဖြေခဲ့ဖူးတဲ့ ပုံပြင်ထဲကအတိုင်းပါပဲလို့လည်း ပြောပါတယ်။ G-Fatt ပြောပြတဲ့...

x