Monthly Archive: October, 2019

မြန်မာအိုင်ဒေါ Season-4 မှာ သူမ ရပ်တည်အားပေးသွားမယ့်ပြိုင်ပွဲဝင်ကို ပြောပြလိုက်တဲ့ နီလန်း

နီလန်း။ သူမက မြန်မာအိုင်ဒေါ Season-3 က Top Finalist တစ်ယောက်ဖြစ်ခဲ့သူပါ။ မြန်မာအိုင်ဒေါပြိုင်ပွဲဟာ ယခုနောက်ပိုင်း ထွက်ပေါ်လာတဲ့ အဆိုပြိုင်ပွဲတွေထဲမှာ ပရိသတ်အကြည့်အများဆုံး ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ Voting စနစ်နဲ့ ပြိုင်ပွဲကို ဖန်တီးထားတာဖြစ်ပြီး Vote များများရရှိသူက ဝင်းနားဖြစ်လာမယ့်သူပဲဖြစ်ပါတယ်။ ဝေဖန်မှု၊ အားပေးမှုတွေ ညံနေတဲ့ မြန်မာအိုင်ဒေါကနေပြီး အောင်မြင်သွားကြတဲ့ အဆိုရှင်တွေလည်း ပရိသတ်တွေ မျက်မြင်ကိုယ်တွေ့ဖြစ်မှာပါ။ ယခုဆိုရင်လည်း Season-4 အတွက် Top Finalist ၁၁ ယောက်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ သိပ်မစိမ်းလှတဲ့ သူ (၂) ဦးလည်း Finalist ထဲကိုပါလာတာ တွေ့ရပါတယ်။ သူတို့ကတော့ အေးမြဖြူနဲ့ သရုပ်ဆောင် ခြူးစစ်ဟန်တို့ပဲဖြစ်ပါတယ်။ သူမတို့ နှစ်ဦးအပါအဝင် စနေလင်းကျော်၊ အက်စတာဒေါ့သ်ချင်းဆုန်၊ ဘန်ဂျမင်း၊ စောခရစ်မူးလာ၊ ထက်အဉ္ဇလီ၊ နှင်းအိအိဝင်း၊ ယာကီး၊ တန်ခွန်ကျော် နဲ့ နော်စေးစေးထူးတို့ကလည်း မြန်မာအိုင်ဒေါရဲ့ Finalist တွေဖြစ်ခဲ့ပါတယ်။ အမာခံဖန်တွေကို ပိုင်ဆိုင်ထားကြပြီဖြစ်တဲ့ သူတို့ (၁၁) ယောက်ရဲ့ အားပြိုင်မှုတွေကို...

သူမသားသမီးတွေကို ချစ်ပေးကြတဲ့ အနုပညာမောင်နှမတွေကြောင့် စကားလုံးရှာမရအောင် ပီတိတွေဖြစ်နေတဲ့ မေမေခိုင်နှင်းဝေ

ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့သားသမီးတွေမှမဟုတ်ပါဘူး ချစ်တတ်တဲ့ နှလုံးသားသာ ပိုင်ဆိုင်ထားရင် ရင်နှင့်အမျှလည်း တန်ဖိုးထား ချစ်ခင်မိတယ်ဆိုတာ သရုပ်ဆောင် ခိုင်နှင်းဝေက သက်သေတစ်ခုပါပဲ။ တစ်ကိုယ်တည်း လျှောက်လှမ်းလာတဲ့ သူမရဲ့ဘဝမှာ ပရဟိတအလုပ်တွေကိုသာ အဖော်အဖြစ် ရှင်သန်လာခဲ့တာပါ။ ချို့တဲ့မိသားစုတွေအတွက် ခိုင်နှင်းဝေပရဟိတအဖွဲ့က တစ်နိုင်တစ်ပိုင် လုပ်ငန်းလေးတွေ မတည်ပေးရုံသာမက စွန့်ပစ်ကလေးငယ်တွေကိုလည်း သူမရဲ့ ဂေဟာကနေပြီး မွေးစားပြုစုစောင့်ရှောက်ပေးနေတာပါ။ တစ်နည်းအားဖြင့် ကလေးတွေရဲ့ မိခင်အဖြစ် မိခင်မေတ္တာငတ်မွတ်နေတဲ့ ကလေးငယ်တွေကို မေတ္တာတွေအပြည့်အဝပေးနေခဲ့တာဖြစ်ပါတယ်။ သူမရဲ့ သားသမီးတွေကလည်း ပရိသတ်တွေနဲ့ မစိမ်းလှပါဘူး။ Box No 88 ဇာတ်ကားရဲ့ VIP Show ပွဲကြီးကို ခိုင်နှင်းဝေက သူမရဲ့ သားသမီးတွေနဲ့အတူ တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ အနုပညာရှင်အတော်များများလာရောက်ကြတဲ့ ဒီ VIP Show လေးမှာ ခိုင်နှင်းဝေရဲ့ သားသမီးတွေဟာ အနုပညာရှင်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုပါ ရရှိခဲ့ပါတယ်။ ဒီလို ချစ်ခြင်းမေတ္တာတွေပေးနေတဲ့ မြင်ကွင်းက...

သမီးလေးတွေမပါဘဲ နှစ်ဦးတည်းထွက်မယ့် သီးသန့်ခရီးလေးကို ချစ်သုဝေအတွက် ဖန်တီးပေးခဲ့တဲ့ လင်းလင်း

သရုပ်ဆောင်ချစ်သုဝေတစ်ယောက် ခင်ပွန်းဖြစ်သူလင်းလင်းရဲ့ သမိုင်းတွင်မယ့်ပုံလေးတစ်ပုံကြောင့် ကြည်နူးနေတယ်လို့ သိရပါတယ်။ အမြွှာသမီးလေးတွေကို မွေးဖွားထားတာကြောင့် မိခင်တစ်ယောက်ရဲ့ တာဝန်ကို အခြားသော မိခင်တွေထက် ပိုပြီး လုပ်ဆောင်နေရတာလည်းဖြစ်ပါတယ်။ သားသမီးတစ်ယောက် မွေးဖွားလာချိန်မှစတင်ပြီး ကြီးပြင်းလာတဲ့အထိ ထိန်းကျောင်းပြုပြင်စောင့်ရှောက်ပေးရတာ လွယ်ကူတဲ့ အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ချစ်သုဝေကတော့ သမီးလေး (၂) ယောက်အတွက် သူမရဲ့ ပိုင်ဆိုင်ထားသမျှ အချိန်တွေကို ပုံပေးပြီး ပြုစုပျိုးထောင်နေတာလည်းဖြစ်ပါတယ်။ သမီးလေးတွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ချစ်ဇနီးလေး ချစ်သုဝေတစ်ယောက် ပင်ပန်းနေတာကို ခင်ပွန်းဖြစ်သူ လင်းလင်းက နှစ်ဦးတည်း ခရီးထွက်နိုင်တဲ့ သီးသန့် Trip လေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်။ လင်းလင်းက သူမကို ကလေးတွေမပါဘဲ သူတို့နှစ်ဦးထဲ သီးသန့် trip လေး ဖန်တီးပေးခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်း လေယာဉ်ပေါ်မှာ လင်းလင်းက ချစ်သုရဲ့ နဖူးကိုအနမ်းလေးပေးရင်း ဆယ်လ်ဖီဆွဲခဲ့တာဖြစ်လို့ ဒါဟာ ရှားပါးပြီးသမိုင်းဝင်တဲ့ပုံရယ်လို့ ချစ်သုဝေက တင်စားလိုက်တာပါ။...

ကလောက စိုက်ပျိုးမွေးမြူရေးခြံတွေထဲ ကွင်းဆင်းလေ့လာရေး လိုက်လုပ်နေတဲ့ Liam

မေမေယွန်းဝတီလွင်မိုးရဲ့ ချစ်စရာကောင်းတဲ့ သားလေး လီယံပါ။ အဘိုး၊အဘွားတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေနဲ့အတူ ကြီးပြင်းလာတာ လီယံတစ်ယောက် တစ်နှစ်ကျော်ကြာခဲ့ပါပြီ။ သြစတြေးလျနိုင်ငံမှာ မေမေယွန်းဝတီလွင်မိုးက မွေးဖွားပေးခဲ့ပြီးတော့ မွေးဖွားချိန်မှစတင်ပြီး ယနေ့အထိတိုင်အောင် ချစ်စရာကောင်းတဲ့ လီယံမျက်နှာလေးက ဘိုးဘိုး၊ ဘွားဘွားတို့နဲ့အတူ ပရိသတ်တွေကို အချစ်ပိုစေခဲ့တာပါ။ နှစ်ဖက်မိဘတွေကလည်း တစ်ဦးတည်းသောဖြစ်လာတဲ့ မြေးလေး လီယံကို ပိုးမွေးသလို ဂရုတစိုက်နဲ့ ချစ်ကြပြန်ပါသေးတယ်။ ကထိန်ရာသီဖြစ်တဲ့အလျှောက် စုပေါင်းဘုံကထိန်ကို အဘိုး၊ အဘွားတွေနဲ့အတူ ညောင်ရွှေဘက်မှာ သွားရောက်ပြုလုပ်နေတာလည်း တွေ့ရပါတယ်။ ကလောကိုရောက်ခိုက် စိုက်ပျိုးရေး၊ မွေးမြူရေးတွေနဲ့ တောထဲ လည်ပတ်လေ့လာရေးပြုလုပ်လို့ရတဲ့  ကလောက ဟိုတယ်တစ်ခုမှာ ဘိုးဘိုး၊ ဘွားဘွားတွေနဲ့အတူ ကွင်းဆင်းလေ့လာနေတဲ့ လီယံရဲ့ ကလောခရီးစဉ်ပုံရိပ်ကို ဘိုးဘိုးလွင်မိုးက ချစ်စဖွယ်တင်ထားတာလည်းဖြစ်ပါတယ်။ လီယံရဲ့ အမာခံပရိသတ်ကြီးအတွက် လီယံလှုပ်ရှားမှုလေးတွေကို ဖော်ပြပေးချင်ပါတယ်။ Writer-YLLT(Cele Star)

ချစ်သူဟောင်း သူရိယကလမ်းခွဲသွားခြင်း ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးနောက်ပိုင်းမမေးကြဖို့ မေတ္တာရပ်ခံလိုက်တဲ့ ဆုအိမ့်စံ

သရုပ်ဆောင် ဆုအိမ့်စံက သူမကို သူမရဲ့ ချစ်သူဟောင်း သူရိယက အကြောင်းပြချက်မရှိ တဖက်သတ်လမ်းခွဲသွားခြင်း ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ မမေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ သူမရဲ့ ဖေ့ဘုတ်မှာ  “မီဒီယာ အကို အမများရှင့် … ဖြစ်ခဲ့သော အကြောင်းအရာများနှင့် ပတ်သတ်ပြီး မီဒီယာများမှ တဆင့် ပရိတ်သတ်များပါ သိရှိအောင် ဖြေရှင်းခဲ့ပြီးပါပြီ။ ဆုဆုကို နားလည်စာနာသောအားဖြင့် နောက်ပိုင်းတွင် လမ်းခွဲခံရခြင်းနဲ့ ပတ်သက်သော မေးခွန်းများကို မမေးဖို့ မေတ္တာရပ်ခံပါရစေ။ ဆုဆုနဲ့ ဆုဆု မိဘဂုဏ်သိက္ခာ အတွ​က် လိုအပ်လို့သာ အားတင်းပြီး ပြောခဲ့ရတာပါ။ ဆုဆုကို အားလုံး နားလည်​ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်” ဆိုပြီး ပြောထားတာပါ။ ဆုအိမ့်စံအနေဖြင့် မကြာသေးခင်ရက်ပိုင်းအတွင်းက သူရိယက သူမကို လမ်းခွဲသွားခြင်း ခံရတဲ့ အကြောင်းရင်းအမှန်ကို ပရိသတ်နဲ့ မီဒီယာထံ ချပြခဲ့သူဖြစ်ပြီး...

ချစ်စနိုးဦးရဲ့ စုလျားရစ်ပတ် ထိမ်းမြားလက်ထပ်ပွဲမှာ သတို့သမီးအရန်ပြုလုပ်ခဲ့ကြတဲ့ အနုပညာရှင်များ

သရုပ်ဆောင် ချစ်စနိုးဦးနဲ့ အဆိုတော်ဖိုးသားတို့ကတော့ ဒီနေ့မှာ မင်္ဂလာပွဲလေး ကျင်းပလိုက်ကြပါပြီ။ သူတို့ရဲ့ စုလျားရစ်ပတ်အခမ်းအနားလေးမှာ မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်း၊ စံရတီမိုးမြင့်၊ နန်းခင်ဇေယျာနဲ့ ရွှေသမီး တို့က သတို့သမီးအရန်တွေအနေနဲ့ ပြုလုပ်ပေးခဲ့ကြတာပါ။ မအေးသောင်းက သူမရဲ့ ဖေ့ဘုတ်မှာ အဆိုပါ ပုံလေးတွေကို တင်လိုက်တာဖြစ်ပြီး ချစ်ရတဲ့ မောင်လေး ဖိုးသားနဲ့ ညီမလေး ချစ်စနိုးဦးတို့ရဲ့ စုလျားရစ်ပတ်အခမ်းအနားလေးမှာ သတိုးသမီး အရန်ပေါ့ရှင်၊ အားကျတယ်လို့တော့ မပြောတော့ဘူးနော် ၊ လုပ်ချင်ထလုပ်လို့ရနေပြီဆိုတော့လေ ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ မအေးသောင်းအလှည့်လည်း မကြာမှီလာမည်ဆိုတဲ့ သဘောပဲနော်။ သရုပ်ဆောင်ချစ်စနိုးဦးနဲ့ အဆိုတော်ဖိုးသားတို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ဒီနေ့မှာတော့ စုလျားရစ်ပတ် မင်္ဂလာပွဲလေး ကျင်းပလိုက်တာပဲ ဖြစ်ပါတယ်။ ချစ်စနိုးဦးနဲ့ ဖိုးသားတို့ရဲ့ မင်္ဂလာနေ့မြတ်လေးမှသည် သက်ဆုံးတိုင် သာယာပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်ပါစေလို့...

သိန်းပေါင်း ၁၅၀၀၀ ကျော်တန်ဖိုးရှိ ဓမ္မဗိမ္မာန်တော်ကြီး လှူဒါန်းလိုက်တဲ့ ရတနာခင်

သရုပ်ဆောင် ရတနာခင် တို့ မိသားစုနဲ့ မိဘ ညီအစ်ကို မောင်နှမများ စုပေါင်း လှူဒါန်းလိုက်တဲ့ သိန်းပေါင်း တစ်သောင်းခွဲကျော် တန်ဖိုးရှိ မြင့်ထွန်းဦး ကျောက်စိမ်းကျောက်မျက်ရတနာ ဓမ္မဗိမ္မာန်တော် ရဲ့ ရေစက်ချလှူဒါန်းပွဲကို အောက်တိုဘာလ (၂၆) ရက်နေ့က ယင်းတိုက်ပင် အုပ်စု၊ မှော်ဘီ အဆိုပါကျောင်းဆောင် တည်ရှိရာနေရာမှာ ကျင်းပခဲ့ကြပါတယ်။ သရုပ်ဆောင် ရတနာခင်က “ဓမ္မဗိမ္မာန်တော်ကို ဆောက်တာတော့ တစ်နှစ်ခွဲလောက်ကြာတယ်၊ လှူဖြစ်ရတာကတော့ သဲဖြူမဟာမြိုင်ဆရာတော်နဲ့ အစ်မယောက်ခမတွေက ကိုးကွယ်တယ်၊ ဆရာတော်ကြီးရဲ့ မဟာမြိုင်တောထဲကိုတောင် အစ်မတို့ရောက်တယ်။ ဒီမှော်ဘီကျောင်းနေရာက အစတည်းက တောကြီးပဲလေ၊ ဘာမှမရှိဘူး ဘုရားအထိပဲ နေရာရှိတာ ဟိုဘက်မှာကျောင်းဆောင်တွေရှိတယ်။ အဲမှာ ဆရာတော်ကြီးက ဒီမှာ သီတင်းသုံးချင်တယ်ဆိုတော့ အစ်မတို့တွေလည်းစုပြီး လှူဖြစ်သွားတာပါ။ ကျောင်းဆောင်ကြီးကတော့ အစ်မတို့ မိသားစုရယ် အမေတို့နဲ့ရယ် စုပြီး လှူဖြစ်ကြတာပေါ့၊ ကျန်တာတွေလည်း လှူထားတာတွေရှိပါတယ်” လို့...

ဖခင်တစ်ယောက်ရဲ့ မေတ္တာကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်တဲ့ လေးဖြူတို့ သားအဖရဲ့ ဓာတ်ပုံလေးတစ်ပုံ

မြန်မာနိုင်ငံရဲ့ ရော့ခ်ကာအဆိုတော်ကြီး လေးဖြူတို့ သားအဖရဲ့ဓာတ်ပုံလေးတစ်ပုံဟာပရိသတ်တွေကို သဘောကျနှစ်ခြိုက်မှုတွေနဲ့အတူ ဖခင်တစ်ဦးရဲ့ သားသမီးအပေါ်ထားရှိတဲ့ မေတ္တာတရားတွေကို ပေါ်လွင်စေခဲ့ပါတယ်။ Iron Cross ရဲ့ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်တဲ့ လေးဖြူရဲ့ သီချင်းတွေဟာ လူငယ်၊ လူကြီးတွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး ခေတ်တစ်ခေတ်မှာ အောင်မြင်မှုရဲ့ အထွဋ်အထိပ်ထိ ရောက်ရှိခဲ့ပါတယ်။ အဆိုတော်ကြီးတွေလို့ တင်စားရလောက်အောင် ဂီတနယ်ပယ်မှာ ဝါရင့်အဆိုတော်တွေအဖြစ် အသိအမှတ်ပြုထားရတာလည်းဖြစ်ပါတယ်။ လေးဖြူဟာ ဇနီးဖြစ်သူ ဒေါ်နွယ်နွယ်သန်းနဲ့ အိမ်ထောင်ကျပြီးနောက်မှာ သမီး ဆောင်းလေးဖြူနဲ့ သား တိမ်လေးဖြူတို့ နှစ်ဦးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရွယ်ရောက်နေကြပြီဖြစ်တဲ့ လေးဖြူရဲ့ သမီးနဲ့သား  (၂) ဦးလုံးဟာ အနုပညာလောထဲဝင်ရောက်လာခြင်းမရှိပေမယ့် အနုပညာပိုးတွေတော့ ပါလာကြမှာ ကျိန်းသေပါတယ်။ သမီးဖြစ်သူ ဆောင်းလေးဖြူဟာ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်ချင်တဲ့သူဖြစ်ပေမယ့်လည်း ဖခင်ရဲ့ ခွင့်ပြုချက် မရရှိခဲ့ဘူးလို့ သိရပါတယ်။ သို့ပေမယ့် သူမသုံးစွဲနေကျ ဖေ့ဘုတ်အကောင့်မှာ တင်ဆက်ထားတဲ့ ဓာတ်ပုံတွေဟာ...

ခရီးတွေဆက်တိုက်သွားပြီး ပြည့်လာချိန်မှာ တစ်ပတ်အတွင်း ခါး (၂) လက်မကျသွားရတဲ့ လျို့ဝှက်ချက်ကိုပြောပြလိုက်တဲ့ အူဝဲ

ပြီးခဲ့တဲ့ သီတင်းကျွတ်ပိတ်ရက်တွေမှာ ခရီးတွေဆက်တိုက်သွားခဲ့တဲ့ မတ်မတ်အူဝဲ တစ်ယောက်ကတော့ ကိုယ်လုံးလေးအနည်းငယ်ပြည့်လာလို့ စိတ်ညစ်နေခဲ့တာပါတဲ့။ ဒါပေမယ့် အဲဒီအချိန်မှာပဲ အသိတစ်ယောက်က ဗိုက်ချပ်ခါးစည်းလေး လက်ဆောင်လေး လာပို့ထားတာ သတိရသွားပြီး ဝတ်ကြည့်တာ ဝတ်ပြီး တပတ်အတွင်း ခါး ၂လက်မနီးပါးကျသွားပြီး အရင်ကိုယ်လုံးလေးပြန်ဖြစ်သွားလို့ အရမ်းတွေသဘောကျပြီး အချိန်မပေးနိုင်တဲ့ သူတွေအတွက် သူ့ရဲ့ လျှို့ဝှက်ချက်လေးကို ဝေမျှပေးလိုက်တာဖြစ်ပါတယ်။ အဆိုပါ ခါးစည်းလေးရဲ့ အားသာချက်က အသားအိအိလေးနဲ့ ဝတ်ထားလို့ ဝတ်ထားမှန်းမသိ အဆင်ပြေတာပဲ ဖြစ်ပါတယ်တဲ့၊ ပထမဆုံး စဝတ်တဲ့တစ်ရက်ကလွဲပြီး နောက်နေ့တွေမှာ ဝတ်ထားမှန်းတောင် ကိုယ့်ဘာသာမေ့ပြီး အဆင်ပြေနေတာပါတဲ့ တစ်ချို့တွေကတော့ ခါးစည်းရော အစားလျော့တာပါ လုပ်ကြတာပေမယ့် အူဝဲကတော့ အစားလည်း မလျော့ အားကစားလည်း သိပ်မလုပ်ဖြစ် အဲဒီခါးစည်း တစ်နေ့ ၈ နာရီ ဝတ်တာ သက်သက်နဲ့တင် နဂိုကိုယ်လုံးလေး ပြန်ရခဲ့လို့ ပျော်နေပါတယ်တဲ့နော်။ အူဝဲလိုပဲ လှချင်တဲ့သူတွေအနေနဲ့...

လာအိုနိုင်ငံသားတွေရဲ့ ချီးကျူးတာကို ခံခဲ့ရပြီး မြန်မာနိုင်ငံကို မျက်နှာရစေခဲ့တဲ့ အဲလစ်အုန်

ချစ်စရာမျက်နှာပေးလေးနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ အဲလစ်အုန်ကို ပရိသတ်တွေ သတိထားမိကြမယ်ထင်ပါတယ်နော်။ အပြစ်ကင်းတဲ့သူမရဲ့အပြုံးလေးတွေက အဲလစ်အုန်ဆိုတဲ့ နာမည်ကို ပိုမိုမြင့်တက်စေခဲ့တာပါ။ ကြော်ငြာတွေနဲ့ ပွဲတက်တွေမှာ အဲလစ်အုန်ရဲ့ လှပမှုတွေကို ပရိသတ်ကြီးမြင်တွေ့ကြရမှာပါ။ သွယ်လျတဲ့ခန္ဓာကိုယ်လေးနဲ့ ဖြူဝင်းတဲ့ အသားရေအလှတွေက အဲလစ်အုန်အတွက်တော့ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါပဲ။ အားပေးသူပရိသတ်တွေ အမာခံရရှိထားပြီဖြစ်တဲ့ အဲလစ်အုန်ဟာ လာအိုနိုင်ငံကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီးတော့ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ချီးကျူးမှုခံလိုက်ရတဲ့ အကြောင်းကို ဂုဏ်ယူစွာပြောပြလာခဲ့ပါတယ်။ သူမကတော့ မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်သွားသွား လှလှပပပြင်ဆင်သွားသင့်တဲ့အကြောင်းကို သူမကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်နဲ့ယှဉ်ပြီးပြောပြလာတာပါ။ “A: Where are you from? 😶 Me: Myanmar 🥰 A: Oh! Myanmar girls are beautiful na 😍😁ထို့ကြောင့် အမျိုးသမီးများ အလှပြင်တာ သပ်သပ်ရပ်ရပ် ပြင်ပြင်ဆင်ဆင်နေတာကိုစိတ်ရှည်ပေးကြပါ အပြင်သွားရင်လည်း သင့်ကိုမျက်နှာရစေသလို ခရီးထွက်ရင် လည်း နိုင်ငံတော် ကိုပါမျက်နှာရစေပါတယ်နော် 😉”...

x