Category: အနုပညာ

ပရိသတ်မကြိုက်တဲ့ လောကထဲကို ဘယ်တော့မှပြန်မသွားတော့ဘူးဆိုတဲ့ ရဲတိုက်

ရဲတိုက် ပါဝင်တဲ့ ဗီဒီယိုဇာတ်ကားတွေကို ကြည့်ဖူးသူတိုင်း သူ့ရဲ့ ပိရိသေသပ်တဲ့ သရုပ်ဆောင်ချက်တွေမှာ မျှော်လွင့်သွားကြမယ်ဆိုတာ သေချာပါတယ်။ ဇာတ်ကွက်တစ်ခုတစ်ခုတိုင်းမှာ ပရိသတ်ရင်ထဲကိုရောက်အောင် သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့်လည်း တခဏအတွင်း ပရိသတ်တွေ အခိုင်အမာနဲ့ မင်းသားနေရာကို ရရှိလာခဲ့တာပါ။ ကျန်နေခဲ့တဲ့ ဗီဒီယိုဇာတ်ကားခေတ်တွေမှာတော့ မင်းသား ရဲတိုက်ဟာ ဗီဒီယိုလောကရဲ့ ဘုရင်တစ်ဆူအဖြစ်လည်း နေရာယူထားနိုင်ခဲ့ပါတယ်။ စကားပြောတတ်တဲ့ မျက်ဝန်းတစ်စုံကလည်း သရုပ်ဆောင် ရဲတိုက်ရဲ့ ထူးခြားချက်တစ်ခုပါ။ အနုပညာလောကထဲမှာ ကျင်လည်ရင်း လမ်းကြောင်းအမှားတစ်ခုပေါ်ရောက်ရှိခဲ့ပေမယ့် ပရိသတ်တွေရှေ့ နောက်တစ်ဖန်ပြန်လည်ရောက်ရှိနိုင်ဖို့ ကြိုးစားခဲ့သူပါ။ ရဲတိုက်ဟာ မှားယွင်းခဲ့တဲ့ အတိတ်တစ်ခုအတွက် ပေးဆပ်ပြီးနောက် ဒဏ္ဏာရီမိုးဆိုတဲ့ ပရိသတ်တွေရင်ထဲ ထိစေနိုင်မယ့် ရုပ်ရှင်ကားတစ်ကားကို ရွှေထူး၊ ဝတ်မှုန်ရွှေရည်တို့နဲ့အတူ တွဲဖက်ရိုက်ကူးခဲ့ပြန်ပါတယ်။ နှစ်တွေဘယ်လောက်ပင်ကြာသွားခဲ့ပေမယ့် ရဲတိုက်ဟာ သူ့ရဲ့ အနုပညာအရည်အသွေးတွေ မပြောင်းမလဲရှိနေကြောင်းကို ထိုဇာတ်ကားနဲ့ပဲ ပြသနိုင်ခဲ့ပါတယ်။ သရုပ်ဆောင်ရဲတိုက်က ယနေ့မှာတော့ ပရိသတ်တွေ မကြိုက်တဲ့ လောကကြီးထဲကို ဘယ်တော့မှပြန်မသွားတော့မယ့်အကြောင်း ယခုလိုပဲ...

ခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်း ဓမ္မမိတ်ဆွေအဖြစ်ရှိနေတယ်ဆိုတဲ့ ချမ်းမီမီကို

သရုပ်ဆောင် ချမ်းမီမီကို ဆိုရင် ပရိသတ်တွေက မှတ်မိကြမယ်လို့ထင်ပါတယ်နော်။ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေမှာ သူမရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေကြည့်ရှုဖူးခဲ့ကြမှာပါ။ ချမ်းမီမီကိုဟာ ခင်ပွန်းဖြစ်သူ ဦးစိုးထွန်းရှိန်နဲ့ ချစ်သူသက်တမ်း ၃ နှစ်ကျော်အကြာမှာ ထိမ်းမြားလက်ထပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ မင်္ဂလာပွဲကိုကျင်းပခဲ့ကြပြီးတော့ သူမတို့ ဇနီးမောင်နှံကို အမှတ်ရစေခဲ့တာက လကမ္ဘာကို ပျားရည်ဆမ်းခရီးထွက်မယ်ဆိုတဲ့ စနောက်ပြီးပြောဆိုတဲ့စကားနဲ့ အမှတ်ရခဲ့ကြပါသေးတယ်။ ယခုအချိန်မှာတော့ ချမ်းမီမီကိုဟာ အသက် (၅) နှစ်အရွယ်သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီးတော့ အနုပညာလောကထဲကို တစ်ကျော့ပြန် ပြန်လည်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်တော့မှာဖြစ်တဲ့အတွက် သူမကိုအားပေးတဲ့ အမာခံပရိသတ်တွေကလည်း ပျော်ရွှင်နေကြတာပါ။ သူမရဲ့ အိမ်ထောင်ရေးကတော့ လက်ရှိမှာ ခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်း၊ ဓမ္မမိတ်ဆွေတွေအဖြစ်သာ ရှိနေတဲ့အကြောင်းကို သူမရဲ့ ဖေ့ဘုတ်အကောင့်ကနေ အသိပေးပြောပြလာခဲ့တာပါ။ “ရန်ကိုရန်ခြင်းမတုန့်နှင်းနဲ့တဲ့ သည်းခံခြင်းဟာ အောင်မြင်ခြင်းမည်၏ တဲ့ အမျိုးသားဟာ သူဘာသူအဆင်ပြေပါတယ်ယခုထိလှူနေတန်းနေဆဲပါပဲ သူနဲ့ကိုယ်နဲ့က သူငယ်ချင်းဓမ္မမိတ်ဆွေတွေပါ 🙏🙏🙏ညီမငယ်လေးတွေအလုပ်ရအောင်...

ကွယ်လွန်သွားတဲ့ ချစ်သူကို အိပ်မက်ထဲမှာ ဆက်တိုက် တွေ့ခွင့်ရနေတယ်ဆိုတဲ့ နီလန်း

မြန်မာအိုင်ဒေါ ရဲ့ ပြိုင်ပွဲဝင် နီလန်းလေးကို အားပေးကြတဲ့ ပရိသတ်ကြီးရေ။ နီလန်းလေးက အခုဆိုရင် ပရိသတ်တွေရဲ့ အချစ်၊ အားပေးမှုတွေနဲ့အတူ အနုပညာလမ်းပေါ်ကို လျှောက်လှမ်းနေနိုင်ပါပြီ။ ပြိုင်ပွဲဝင်စဉ်ကာလအတွင်းမှာလည်း သူမဘဝရဲ့ အခက်အခဲဆုံးအချိန်တွေကို အားတင်းကျော်ဖြတ်ခဲ့တာ ပရိသတ်ကြီးအသိဆုံးပါပဲနော်။ နီလန်းဟာ သူမဘဝမှာအမြတ်နိုးရဆုံး ချစ်သူတစ်ဦးကို ဆုံးရှုံးခဲ့ရတာပါ။ ယနေ့တိုင်ထိ သတိရလွမ်းဆွတ်နေခဲ့တဲ့ နီလန်းက သူမချစ်သူလေးကို အိပ်မက်ထဲမှာ ဆက်တိုက်တွေ့နေရတယ်လို့ ဆိုပါတယ်။ “ခုတလော အိပ်မက်ထဲမှာ ဆက်တိုက်လိုလိုတွေ့နေရတယ်… အရမ်းပျော်တာပေါ့… အိပ်မက်ထဲမှာတော့ သူအသက်ရှင်နေတာလေ… 🥺 အိပ်မက်ကို တကယ်ဖြစ်လာဖို့ ဖမ်းဆုတ်ထားချင်ပေမယ့်… ရမှမရတာ… ပြန်မနိုးချင်လည်း မရပြန်ဘူး… Nilen လွမ်းသလို သူလည်း လွမ်းမယ်ထင်ပါရဲ့… သူမရှိတော့တဲ့နောက်ပိုင်း မျက်ရည်နဲ့ နိုးထရတဲ့မနက်တွေလည်း မနည်းတော့ဘူး… ဒါပေမယ့်… အိပ်မက်ထဲကနေ တွေ့ခွင့်ရလို့ ပျော်ပါတယ်… အရမ်းလွမ်းတယ်ဆိုတဲ့စကားကို အခါတစ်သန်းပြောချင်တယ်…” နီလန်းရေးသားထားတဲ့ စာလေးကိုဖတ်ပြီး သူမရဲ့ ခံစားချက်ကို...

Quarantine ဝင်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ကလေးမွေးပေးနိုင်ခဲ့တဲ့ ဝေဠုကျော်

အမှတ်တရတွေ ပြောပြလာပါတယ်။ ဝေဠုကျော်ကတော့ တောင်ဒဂုံမှာ Quarantine ဝင်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ကလေးမွေးပေးနိုင်ခဲ့တဲ့ အကြောင်းပြောပြလာပါတယ်။ ဝေဠုကျော်ကတော့ Covid ကာလမှာ ဝေဠုကျော်ဖောင်ဒေးရှင်း အဖွဲ့သားတွေနဲ့ အတူ Quarantine နေတဲ့သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ သူ့အနေနဲ့ Quarantine ဝင်နေရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို အကူအညီပေးခဲ့ရတဲ့ အမှတ်တရတွေကို  အခုလို ပြောပြလာပါတယ်။ “တောင်ဒဂုံ Q Center က အမျိုးသမီးတစ်ယောက် ကလေးမွေးဖို့အတွက် ရေမြွှာပေါက်ပြီဆိုပြီးတော့ အဲဒီမှာ တာဝန်ကျတဲ့ ကိုအောင်ကျော်ဆန်းက ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ အဲဒီကို ကားလွှတ်ပေးခါနီးမှာ သူ့ကို ထပ်မေးတယ် ကလေးမွေးပြီလား၊ ကလေး မွေးတတ်တဲ့လူ ရှိလားမေးတယ်။ အဲဒီမှာ ကျွန်တော် ကြက်ခြေနီသင်တန်းတက်ထားတုန်းက အရေးပေါ် ကလေးမွေးနည်းပညာရပ်ကိုလည်း သင်ထားရတဲ့ အတွက် ကျွန်တော်ကိုယ်တိုင် PPE ဝတ်စုံဝတ်ပြီးလိုက်သွားခဲ့တယ်”...

Don`t copy text!