Monthly Archive: November, 2019

ဒီနေ့မှာ ဘွဲ့ရသွားပြီဖြစ်တဲ့ တူချောလေးနဲ့ တူမချောလေးကို ပွဲထုတ်မိတ်ဆက်လိုက်တဲ့ ထက်ထက်မိုးဦး

သရုပ်ဆောင်ထက်ထက်မိုးဦးက ဒီနေ့မှာ ဘွဲ့ရသွားပြီဖြစ်တဲ့ တူချောလေးနဲ့ တူမချောလေးကို ပွဲထုတ်မိတ်ဆက်ပြလိုက်ပါတယ်။ တူလေးက ဒီနေ့ဘွဲ့ယုတဲ့နေ့ဖြစ်ပြီး တူမလေးကတော့ အတူလိုက်ပါလာတာပဲ ဖြစ်ပါတယ်။ သူမအစ်ကိုရဲ့ ရင်သွေးလေးတွေဖြစ်ပြီး သူမရဲ့ တူနဲ့ တူမတော်တဲ့သူတွေကို ထက်ထက်က ဘွဲ့ယူရာမှာ အတူလိုက်ပါပေးခဲ့ရင်း ယောင်းမ၊ တူ၊ တူမတွေနဲ့အတူတူ ပျော်ရွှင်စွာ live လွှင့်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ဗီဒီယိုလေးထဲမှာ ထက်ထက်တစ်ယောက် အရမ်းပျော်နေတာကို တွေ့ရပြီး ထက်ထက်က သူမကိုယ်တိုင် ပညာရေးအားနည်းခဲ့လို့ တစ်ခြားသူတွေအတွက် ပညာရေးကိုအလေးပေး ကူညီလေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ထက်ထက်မိုးဦးဟာ လက်ရှိအချိန်မှာ အိမ်ထောင်ရေးကံမကောင်းခဲ့သလို သမီးလေးဖြစ်သူနဲ့လည်း အဆက်အသွယ် မရဘူးလို့ အင်တာဗျူးတစ်ချို့မှာ ဖြေထားတာ တွေ့ရပါတယ်။ သူမကတော့ သူမရဲ့ သမီးလေးကို အသက်လောက်ချစ်တယ်လို့လည်း ထက်ထက်က ဆိုထားတာပါ။ ထက်ထက်မိုးဦးအနေနဲ့ သာသနာ့ဘောင်ဝင်ရာကနေ ထွက်လာပြီးချိန်ကစပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လို လုပ်ကိုင်နေတာတွေ့ရပြီး ဆိုရှယ်မီဒီယာကိုရော Tik...

နောက်ကွယ်ကပြောဆိုနေကြသလိုမဟုတ်ဘဲ သူမလိပ်ပြာသန့်ကြောင်း ချက်ကျလက်ကျ ပြန်ပြောလိုက်တဲ့ ခေးဆက်သွင်

နှင်းဆီဇာတ်ကားနဲ့ မေမေနှင်းဆီရယ်လို့ လူသိများနေတဲ့ ခေးဆက်သွင်က သူမအပေါ် နောက်ကွယ်ကနေ ပြောဆိုနေကြသူတွေရဲ့ ရမ်းပြီးပြောဆိုနေမှုတွေက မမှန်ကန်ပဲ သူမဘက်က လိပ်ပြာသန့်ကြောင်းကို ချက်ကျလက်ကျ ပြန်ပြီး ထောက်ပြပြောဆိုလိုက်ပါတယ်။ သူမအနေနဲ့ အခုနောက်ကွယ်မှာသူမကိုပြောနေကြသလို မဟုတ်ကြောင်း၊ နိုင်ငံခြားတွေ ခဏခဏသွား၊ တိုက်ကြီးတွေဆောက်၊ အိတ်အကောင်းစားတွေထည်လဲကိုင်နိုင်နေတာ မရှိကြောင်း သူမဘက်က ဖြူစင်တာကို ပြောပြသွားခဲ့တာပါ။ ခေးဆက်သွင်က သူမရဲ့ ဖေ့ဘုတ်မှာ “နောက်ကွယ်မှာပဲပြောပြော၊ ရှေ့မှာပဲပြောပြော ဘယ်သူနဲ့မှ ဘယ်လိုမှ ပတ်သက်ခြင်းမရှိတဲ့အတွက် လိပ်ပြာသန့်ပါတယ်။ ကိုယ့်မှာ ရန်သူမရှိတဲ့အတွက် လူတိုင်းက ကိုယ့်အတွက်မိတ်ဆွေ ဖြစ်နိုင်ပါတယ် ၊ လူမြင်ကွင်းမှာပဲ သွားလာပါတယ် ။ သူငယ်ချင်းတွေကလည်း မှဲ့တစ်ပေါက်မစွန်းအောင် စောင့်ရှောက်နေပါတယ်..ဘယ်နိုင်ငံခြားမှလည်း မထွက်နိုင်သလို ၊ ဘယ် ၃ထပ်တိုက်ကြီးမှလည်း ၊ ဝုန်းကနဲ အမွေရသလို မဆောက်နိုင်သေးပါဘူး။ ဘရန်းဒတ် စလင်းဘတ်တွေလည်း အလုံး ၄၀လောက် မကိုင်နိုင်သေးပါဘူးအိမ်က ကားတစ်စီးတောင်...

ဒီနေ့ညမှာ ကျင်းပခဲ့တဲ့ သရုပ်ဆောင်ချစ်စနိုးဦးနဲ့ အဆိုတော်ဖိုးသားတို့ရဲ့ ညစာစားပွဲပုံရိပ်အချို့

သရုပ်ဆောင် ချစ်စနိုးဦးနဲ့ အဆိုတော်ဖိုးသားတို့ရဲ့ ဒီနေ့ညမှာ ကျင်းပတဲ့ မင်္ဂလာညစာစားပွဲလေးကို တက်ရောက်ခဲ့ကြတဲ့ အနုပညာရှင်တွေက သူတို့ရဲ့ ဖေ့ဘုတ်မှာ အသီးသီးတင်ခဲ့ကြတာ တွေ့ရပါတယ်။ The One Entertainment Park မှာ ကျင်းပခဲ့တာဖြစ်ပြီး အနုပညာရှင်ညီအစ်ကို မောင်နှမတွေ အဆိုတော်တွေ အစုံအလင် တက်ရောက်အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဆိုတော်တွေဖြစ်တဲ့ အာဇာနည်၊ ဖိုးကာ၊ ဇော်ပိုင်၊ Too big အဖွဲ့က ညီအစ်ကို နှစ်ယောက်၊ သရုပ်ဆောင် ခန့်စည်သူ၊ ဇေယျ ၊ ခင်လေးနွယ် တို့ကလည်း တက်ရောက်ပေးခဲ့ကြပြီး ဓါတ်ပုံအေးဇော်မိုး စက်မှုကလည်း အလှပဆုံးဖြစ်အောင် ရိုက်ကူးပေးထားသေးတာ တွေ့ရပါတယ်။ ဒီညပွဲလေးမှာ ချစ်စနိုးဦးက အဖြူလွလွ ဝတ်စုံလေးနဲ့ အလှဆုံး သတို့သမီးလေးဖြစ်နေခဲ့တာ တွေ့ရပြီး အနုပညာရှင် မောင်နှမတွေ စုံလင်စွာနဲ့ ရိုးရှင်းပျော်ရွှင်ဖွယ် ပွဲလေးဖြစ်ခဲ့တာပါ။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ...

ကနေဒါနိုင်ငံမှာ ဖျော်ဖြေပေးဖို့ ကမ်းလှမ်းခံလိုက်ရတဲ့ လက်ရှိ Myanmar Idol Finalist ၃ဦး

လက်ရှိ Myanmar Idol Finalist ၁၀ ဦး ထဲက ၃ဦးကို ကနေဒါနိုင်ငံမှာ လာရောက်ဖျော်ဖြေပေးဖို့ ကမ်းလှမ်းခြင်း ခံလိုက်ရတယ်လို့ သိရပါတယ်။ Myanmar Idol Finalist ထဲ အရွေးခံထားရတဲ့ ချင်းလူမျိုးအဆိုတော် ၃ဦးကို လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်မယ့် ချင်းအမျိုးသားနေ့မှာ လာရောက်ဖျော်ဖြေပေးဖို့ ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။ ကမ်းလှမ်းခံရသူ ၃ဦးကတော့ အက်စတာဒေါ့ချင်းဆုန်၊ Benjamin Sum နဲ့ ယောကီး တို့ပဲ ဖြစ်ကြပါတယ်။ ပြိုင်ပွဲဆက်ဝင်နေဆဲမှာ ကမ်းလှမ်းခံရတာဆိုတော့ ဂုဏ်ယူစရာကိစ္စပါပဲနော်။ အက်စတာ ၊ Benjamin နဲ့ ယောကီးတို့ကို ချင်းလူမျိုးအနုပညာရှင်အချင်းချင်း အားပေးကြသူတွေ များပြားပြီး သက်မွန်မြင့်ကိုယ်တိုင်ကလည်း ယခုတစ်ခေါက် ပြိုင်ပွဲဝင်တွေကို အားပေးထားတာ တွေ့ရပါတယ်။ အက်စတာဒေါ့ချင်းဆုန်ကို ဆုန်ဆုန်လေးလို့ ချစ်စနိုးခေါ်ကြပြီး သူလေးက ဒုတိယ ဆုန်သင်းပါရ် ဖြစ်လာမယ့်သူရယ်လို့လည်း...

သူမက ပရိသတ်တွေကိုချေလို့ ပြိုင်ပွဲမှာ Vote မရဘဲ ပြုတ်သွားရတာဆိုပြီး ဝေဖန်နေသူတွေကို တုန့်ပြန်လိုက်တဲ့ ခြူးစစ်ဟန်

Myanmar Idol Season 4 ရဲ့ Top 11 ကနေ ပထမဆုံး Vote အနည်းဆုံးရလို့ ပြိုင်ပွဲကထွက်ခဲ့ရသူ ခြူးစစ်ဟန်ကို သူမရဲ့ ပရိသတ်တစ်ချို့က ချေလို့ မျက်နှာမာလို့ ပြိုင်ပွဲမှာ Vote မရဘဲ ပြုတ်တာလို့ ဝေဖန်မှုတွေအပေါ် သူမက ပြန်လည်တုန့်ပြန်ဖြေရှင်းလိုက်ပါတယ်။ ခြူးစစ်ဟန်က သူမရဲ့ ဖေ့ဘုတ်မှာ “ဘဝမှာ အခက်ခဲတွေအများကြီးရှိခဲ့လို့ အပျော်ဆိုတာ မရှိသလောက်ရှားခဲ့ပါတယ်။ ကိုယ့်ဘဝမှာ တစ်ယောက်ထဲ ကြိုးစားရုန်းကန်နေရတော့ ခြူးစစ် မျက်နှာမှာ အမြဲအားငယ်စိုးရိမ်မှုတွေနဲ့ပါ ။ နဂိုကလဲအပေါင်းသင်းမရှိ အနေအေးတော့ ဒါကိုမျက်နှာမာတယ် ချေတယ်လို့ မထင်လိုက်ကြပါနဲ့ဗျာ၊ ခြူးစစ် စိတ်ထားအရမ်းဖြူပါတယ် ပေါင်းတဲ့သူတိုင်းသိကြပါတယ်၊ ခြူးစစ် မရယ်လို့ပရိသတ်မချစ်ကြတာလား ဟင် ၊ ချစ်တဲ့သူ တစ်ယောက်ထဲပဲရှိနေပါစေ ဘဝမှာအကောင်းဆုံး အရိုးသားဆုံးကြိုးစားနေသူမို့ စိတ်ဓာတ်မကျပဲ အမြဲရှေ့ဆက်နေပါ့မယ်ဗျာ ချစ်ခင်အားပေးကြတဲ့သူ တစ်ယောက်ချင်းစီကို အရမ်းကျေးဇူးတင်ပါတယ်” လို့...

ချွေးနှဲစာနဲ့ စုဆောင်းထားတဲ့ တန်ဖိုးကြီးပတ္တမြား လက်စွပ် ၆ ကွင်းကို သစ်တံခါးဆရာတော်ဘုရားကြီးထံ လှူဒါန်းသွားမယ့် ဇင်ဇင်ဇော်မြင့်

သရုပ်ဆောင်လောကမှာ သိပ်မတွေ့ရတော့ပဲ စီးပွားရေးလုပ်ငန်းဘက်မှာ ပိုမိုလုပ်ဖြစ်နေတဲ့ မင်းသမီးလေး ဇင်ဇင်ဇော်မြင့်ကတော့ သူမရဲ့ ချွေးနှဲစာလေးတွေကို တန်ဖိုးကြီး ပတ္တမြားလက်စွပ်လေးတွေအဖြစ် စုဆောင်းထားခဲ့တာပါ။ အခုသူမက ဒီစုဆောင်းထားတဲ့ ချွေးနှဲစာ လက်စွပ် ၆ ကွင်းကို သစ်တံခါးဆရာတော်ကြီးထံ လှူဒါန်းဖို့ ပြင်ဆင်နေပါပြီတဲ့။ တကယ့်ကို မွန်မြတ်တဲ့ အလှူတစ်ခုပါပဲ။ သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်ဟာဆိုရင် လက်ရှိမှာ ZZ Gems and Jewellery ဆိုတဲ့ ကျောက်မျက်ရတနာဆိုင်လေး ဖွင့်လှစ်ထားရှိပြီး အဆိုပါဆိုင်ရဲ့ လက်ရာဖြစ်တဲ့ တန်ဖိုးကြီး ပတ္တမြားလက်စွပ်တွေကို လှူဒါန်းလိုက်တာပဲ ဖြစ်ပါတယ်။ သူမရဲ့ ဖေ့ဘုတ်မှာ “ကျေးဇူးရှင် သစ်တံခါးဆရာတော်ဘုရားကြီး မနက်ဖြန် အောင်ပွဲထွက်ပွဲ မတိုင်ခင် မိမိတို့ရဲ့ ချွေးနှဲစာ နဲ့ ကုသိုလ်လေးကို သွားရောက် လှုဒါန်းပူဇော် သစ္စာပြုဆုတောင်းပါမယ်. 2014 ကကွယ်လွန်သွား တဲ့အနိုင်းမဲ့ ကျေးဇူးရှင် အဖေ ဦးဇော်မြင့်နဲ့ အမေဒေါ်ညွန့်ညွန့်သန်း တို့အတွက်...

မိသားစုနဲ့ အေးဆေးစွာအနားယူနိုင်ဖို့ အမိုက်စား ဖန်တီးထားတဲ့ Rooftop ကိုထုတ်ပြလိုက်တဲ့ စမိုင်းလ်

သရုပ်ဆောင်နဲ့ အဆိုတော်စမိုင်းလ်ဟာဆိုရင် မိသားစုကို အလေးထားသူဖြစ်ပြီး သမီးလေးတွေနဲ့ ခင်ပွန်းဖြစ်သူကို အမြဲလို surprise လေးတွေ ပြုလုပ်ပေးလေ့ရှိသူတစ်ဦးပါ။ အခုလည်း သူမရဲ့ အိမ်ခေါင်မိုးထပ်လေးမှာ အပင်လေးတွေစိမ်းစိုနေအောင် ပြုလုပ်ဖန်တီးထားပြီး မိသားစုရော အိမ်ကိုအလည်လာတဲ့ မိတ်ဆွေသူငယ်ချင်းတွေပါ စိတ်အေးချမ်းပျော်ရွှင်စွာနေနိုင်မယ့် နေရာလေးတစ်ခု ဖန်တီးလိုက်ပြန်ပါတယ်။ သူမရဲ့ အိမ်ခေါင်မိုးထပ်လေးပြင်ဆင်ထားပုံကိုကြည့်ပြီး ပရိသတ်တွေက နိုင်ငံခြားက အပန်းဖြေနေရာတစ်ခု ဒါမှမဟုတ် ပြည်တွင်းမှာ အသစ်ဖွင့်လိုက်တဲ့ အပန်းဖြေနေရာတစ်ခုလို့ ထင်မှတ်ကြပြီး ဒါဘယ်နားမှာလဲလို့ ဝိုင်းမေးကြတာပါ။ ဒါပေမယ့် ဒါဟာ သူမရဲ့ အိမ်ခေါင်မိုးထပ်လေးကို သူမဘာသာ ပြုပြင်ဖန်တီးထားတာလေးပါလို့ စမိုင်းလ်က ပြန်လည်ဖြေဆိုထားပါတယ်။ ချစ်စဖွယ် ဆိုဖာခုံတန်းလေးတွေကရော မြင်လေသမျှ ပတ်ဝန်းကျင်တစ်ခုလုံး အပင်လေးတွေမျိုးစုံနဲ့ စိမ်းစိုနေတာကရော ဒီခေါင်မိုးထပ်လေးရဲ့ အလှကို ပိုပြီးပြည့်စုံသွားစေပါသေးတယ်။ ပုံထဲမှာ မြင်ရတဲ့ ရှုခင်းကလည်း အရမ်းကို မိုက်နေတာပါနော်။ စမိုင်းလ်ရဲ့ သမီးလေးတွေက သူမအမေပြင်ဆင်ဖန်တီးပေးထားတဲ့ ဒီဥယျာဉ်လေးထဲက အရွက်ဖားဖားကြီးတွေကိုကြည့်ပြီး...

ဖေဖေလင်းလင်း မေမေချစ်သုဝေတို့နဲ့အတူ မိသားစုလိုက် အားရပါးရ ကခုန်ခဲ့ကြတဲ့ ခေတ်နဲ့သစ်

အင်မတန်ကိုမှ ကြည်နူးပျော်ရွှင်စရာအတိကောင်းလှတဲ့ မိသားစုလေးပါ။ ကြည့်ရှုသူ ပရိသတ်တွေကိုပါ ပီတိပျော်ရွှင်မှုတွေ မျှဝေခံစားပေးစွမ်းနိုင်ခဲ့ပါတယ်။ အူဝဲလေးတည်းကနေ ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ချစ်ခြင်းခံရတဲ့ ခေတ်နဲ့သစ် အမြွှာသမီးလေး (၂) ယောက်က ခုဆိုရင် ကျောင်းနေအရွယ်တောင် ရောက်ရှိလို့လာခဲ့ပါပြီ။ ကောင်းမွန်ပြည့်စုံတဲ့ မိခင်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေနဲ့အတူ ကြီးပြင်းလာခဲ့တဲ့ ခေတ်နဲ့သစ်ကလေးဟာ အစစအရာရာမှာလည်း မိခင်ရဲ့ ပဲ့ပြင်ဆုံးမမှုတွေနဲ့အတူ ရှင်သန်နိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူ အဆိုတော်နဲ့ သရုပ်ဆောင် မိခင်တို့ရဲ့ အနုပညာသွေးတွေဟာ သမီးလေ (၂) ယောက်မှာလည်း လည်ပတ်စီးဆင်းနေခဲ့ပါတယ်။ ဖခင်နဲ့အတူ သီချင်းတွေဟစ်လိုက်၊ ကလိုက် ဖြတ်သန်းနေကြတဲ့ မိသားစုဗီဒီယိုလေးတွေဟာ ပရိသတ်တွေကို ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ ဒီတခေါက်တော့ မိသားစုလိုက် Family Dancing လေးတစ်ခုကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ Julie Fowlis ရဲ့ Brave movie ဇာတ်ဝင်တေးသီချင်းနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကခုန်ထားကြတာ အင်မတန်ကို ချစ်စရာကောင်းလွန်းလှပါတယ်။ ခေတ်နဲ့သစ်တို့ရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲလိုလို နှစ်သက်တတ်ကြတဲ့ ပရိသတ်ကြီးအတွက် ဒီ Family Dancing လေးက ပျော်ရွှင်မှုကိုရရှိစေမှာပါ။ Writer-YS(Cele Star)

x