Monthly Archive: November, 2019

ဇနီးဖြစ်သူ ရွှေမှုံရတီပလုတ်ပလောင်းမုန့်စားနေပုံကို ဆေးထိုးလိုက်တဲ့ ရွှေထူး

ရွှေထူးနဲ့ ရွှေမှုံတို့စုံတွဲဟာ မြင်သူတိုင်းအားကျ ချစ်ခင်ရတဲ့ လိုက်ဖက်ညီစုံတွဲလေးဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံက တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြသလို အရိပ်တကြည့်ကြည့်ချစ်ကြတဲ့ စုံတွဲလေးပါ။ အခုလည်း ရွှေထူးတစ်ယောက် သူ့ချစ်ဇနီးလေး ရွှေမှုံကို ဆေးထိုးလိုက်ပြန်ပါပြီ။ ရွှေမှုံတစ်ယောက် သူကြိုက်တဲ့မုန့်လေးတွေ အားရပါးရစားနေပုံကို ရွှေထူးက သူ့အကောင့်မှာ တင်လိုက်တာပါ။ ရွှေမှုံလေးစားနေပုံကလည်း ချစ်ဖို့အရမ်းကောင်းတော့ သူလည်း ဆေးထိုးချင်လာတာနေမယ်နော်။ ရွှေထူးရဲ့ Caption လေးကတော့ မိန်းကလေးတစ်ယောက် သူစားချင်တဲ့မုန့်ကို စားနေရတဲ့အချိန်ဟာ ချစ်ဖို့အကောင်းဆုံးပဲ လို့ ညွှန်းထားတာပါ။ ကဲ ရွှေထူးတစ်ယောက် ရွှေမှုံကို ဘယ်လောက်ချစ်လဲ ဆိုတာသာ ကြည့်ပါတော့ ၊ မုန့်စားနေတာကိုတောင် သူချစ်နေတာ။ အရမ်းလည်း လိုက်ဖက်ညီ၊ ပရိသတ်တွေကလည်း အရမ်းချစ်ကြတဲ့ သူတို့ ဇနီးမောင်နှံလေး သက်ဆုံးတိုင် အခုထက်ပိုပြီး ချစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Writer-YLLT(Cele Star)

မိုးလေဝသဦးထွန်းလွင်၏ ရုပ်အလောင်းအိမ်တွင်ထားရှိနိုင်ရန် နာရေးကူညီမှုအသင်းမှ Cold Box ဖြင့်ကူညီပေးထား

မိုးလေဝသပညာရှင် ဆရာကြီးဒေါက်တာ ဦးထွန်းလွင်ရဲ့ ရုပ်အလောင်းကို ဆေးရုံကနေ အိမ်ပြန်သယ်ဖို့ နာရေးကူညီမှုအသင်းရန်ကုန်က ပါဝင်ကုသိုလ်ယူခဲ့ပြီး နေအိမ်မှာ ထားရှိနိုင်ဖို့အတွက် Cold Box နဲ့ ထားရှိပေးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ဆရာကြီးဟာ နိုဝင်ဘာ ၄ရက်နေ့ ညနေ ၆ နာရီ ၅၇ မိနစ်မှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့တာဖြစ်ပြီး ဆရာကြီးရဲ့ ရုပ်အလောင်းကို ဆေးရုံကနေ အိမ်ကို ပြန်သယ်ခဲ့ကြတာဖြစ်ပါတယ်။ နာရေးကူညီမှုအသင်းရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ” ၂၀၁၉၊ နိုဝင်ဘာ (၅)ရက် ၊ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာဦးထွန်းလွင်သည် (၄.၁၁.၂၀၁၉) ညနေ (၆:၅၇)နာရီ၌ ဂရန်း(ဒ်)ဟံသာဆေးရုံတွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။ ဆရာကြီးသည် ကွယ်လွန်ချိန်တွင် အသက်(၇၁)နှစ် ရှိပြီဖြစ်ပါသည်။ ကျန်ရစ်သော ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု – ဥက္ကဌ ဆရာမဒေါ်သန်းမြင့်အောင် နှင့် အသင်းသားများသည် ဆေးရုံမှ သုဝဏ္ဏရှိ နေအိမ်သို့...

မကွယ်လွန်ခင်အချိန်လေး မိုးလေဝသသတင်းတွေကို ယောင်နေတဲ့ ဦးထွန်းလွင်ရဲ့ ဗီဒီယိုဖိုင်လေးတွေ

မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်တစ်ယောက် ဒီနေ့ညနေ ၆ နာရီ ၅၇ မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ မိသားစုဝင်တွေက အတည်ပြုပြောကြားလိုက်ပြီဖြစ်ပါတယ်။ ဆရာကြီး မကွယ်လွန်ခင်အချိန်လေးမှာ မိုးလေဝသသတင်းတွေကို ယောင်ပြီး ရွတ်ဆိုနေခဲ့တာကို ဗီဒီယိုလေး ၃ခုမှာ တွေ့ရပါတယ်။ ဆရာကြီးရဲ့ ဆုံးပါးမှုဟာ မိသားစုဝင်တွေအတွက်သာမက မြန်မာပြည်သူတွေအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုလို့လည်း ဆိုရမှာပါ။ ဆရာကြီးရဲ့ ဗီဒီယိုလေးကို တွေ့မြင်ရသူတိုင်း မျက်ရည်လည်မိကြပြီး ဆရာကြီးတစ်ယောက် ကောင်းရာမွန်ရာရောက်ဖို့ ဝိုင်းဝန်းဆုတောင်းပေးနေကြပါတယ်။ ဆယ်လီစတား ပရိသတ်ကြီးလည်း မြန်မာနိုင်ငံရဲ့ မိုးလေဝသနဲ့ ရာသီဥတုသတင်းတွေကို အချိန်နဲ့တပြေးညီ အမှန်ကန်ဆုံး ပြောကြားပေးနိုင်ခဲ့တဲ့ ဆရာကြီးကို ဆုတောင်းပေးလိုက်ကြရအောင်ပါနော်။ ဆရာကြီးရဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ Video Credit Aung Thit Lwin Writer – YLLT ( Cele Star )

မိုးလေဝသ ဒေါက်တာဦးထွန်းလွင် ယနေ့ညနေ ၆နာရီ ၅၇ မိနစ်တွင်ကွယ်လွန်ပြီ

မိုးလေဝသပညာရှင် ဆရာကြီးဒေါက်တာ ဦးထွန်းလွင်တစ်ယောက် ဒီနေ့ညနေ ၆ နာရီ ၅၇ မိနစ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေက ကြေငြာလိုက်ပါတယ်။ မိသားစုဝင်များအနေဖြင့် လတ်တလောစကားလက်ခံမပြောနိုင်သေးသည်ကို နားလည်ပေးကြပါရန်လည်း မေတ္တာရပ်ခံထားတာကို တွေ့ရပါတယ်။ ဆရာကြီး သဂြိုလ်မယ့်အစီအစဉ်နဲ့ အသေးစိတ်အစီအစဉ်တွေကိုတော့ မကြာခင်မှာ ထပ်မံကြေငြာပေးမယ်လို့လည်း ဆိုထားပါတယ်။ ဆရာကြီးဟာ နှလုံးရောဂါကြောင့် ဂရန်းဟံသာဆေးရုံကြီးမှာ တက်ရောက်ဆေးကုသနေတာဖြစ်ပြီး မကြာသေးခင်ကလည်း ဆရာကြီးဆုံးပြီဆိုတဲ့ သတင်းတစ်ချို့တက်လာတာကြောင့် ဆရာကြီး မသေသေးကြောင်း ပြန်လည်ရှင်းလင်းခဲ့ရသေးတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆရာကြီးတကယ်မသေးသေးဘူးဆိုတဲ့ သတင်းကြောင့် ဆရာကြီးကို ချစ်ခင်ကြသူတွေနဲ့ ဆရာကြီးရဲ့ တပည့်တွေက စိတ်ချမ်းသာခဲ့ကြရတာပါ။ ဒါပေမယ့် အခုတော့ ဆရာကြီး တကယ်ပဲ ဆုံးပါးသွားခဲ့ပြီလို့ ကျန်ရစ်သူ မိသားစုက ကြေငြာလိုက်တာပါ။ မြန်မာပြည်ရာသီဥတု နဲ့ မိုးလေဝသအတွက် ကျေးဇူးကြီးမားတဲ့ ဆရာကြီးကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ Writer – YLLT ( Cele...

အင်္ဂလိပ်သီချင်းကို ဌာန်ကရိုဏ်းကျကျ ဆိုနိုင်တဲ့ သမီးလေးအတွက် ဂုဏ်ယူနေတဲ့ ကျော်ကျော်ဗိုလ်

သရုပ်ဆောင် ကျော်ကျော်ဗိုလ်ရဲ့ သမီးလေး ပြိုင်သူခကတော့ အင်္ဂလိပ်သီချင်းကို ဌာန်ကရိုဏ်းကျကျ သီဆိုနိုင်ခဲ့တဲ့အတွက် လူအများရဲ့ ချီးကျူးခြင်း ခံနေရပြီး အဖေဖြစ်တဲ့ ကျော်ကျော်ဗိုလ်တစ်ယောက်ကတော့ ဂုဏ်ယူနေပါတယ်တဲ့။ ကျော်ကျော်ဗိုလ်ရဲ့ သမီးလေးက အခုဆိုရင် လေးတန်းတက်နေပြီဖြစ်ပြီး အဆိုတော်လုပ်ဖို့ ဝါသနာပါတယ်လို့ ပြောပါတယ်။ ပြိုင်သူခ ခေါ် Ike လေးက HideAway ဆိုတဲ့ သီချင်းလေးကို မူရင်းအဆိုတော် Daya ရဲ့ ဆိုပုံအတိုင်းမှီအောင် အပြိုင်ဆိုပြလိုက်တာပါ။ သူမသီဆိုပုံကို အားလုံးက သဘောကျနေကြပြီး ဒီအရွယ်လေးနဲ့ အဖေထက် အသံကောင်းတယ်ရယ်လို့လည်း ပရိသတ်က အားပေးနေကြတာဖြစ်ပါတယ်။ အဖေဖြစ်သူ ကျော်ကျော်ဗိုလ်ကလည်း သမီးလေး သီဆိုထားတဲ့ Smule video လေးကို ဂုဏ်ယူဝင့်ကြွားစွာ ရှဲထားတာတွေ့ရပြီး မန့်တွေမှာ မင်းမော်ကွန်း၊ မအေးသောင်း တို့ကလည်း ike လေးကို ချစ်ခင်စွာ ချီးကျူးထားတာ တွေ့ရပါတယ်။ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ရဲ့...

ရိုးမပေါ်ကျတဲ့မျက်ရည်ဇာတ်ကားကြီးမှာ ကိုတိုးဇာတ်ရုပ်ပီပြင်အောင် ပြင်ဆင်ခဲ့ပုံတွေထုတ်ပြလိုက်တဲ့ အူဝဲ

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ ရိုးမပေါ်ကျတဲ့မျက်ရည်ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းထဲမှာ ယောက်ကျားလေးလို နေထိုင်တဲ့ ကိုတိုးကြီးအဖြစ် ပါဝင်ထားတာပါ။ အခုလည်း ဒီဇာတ်ကားကြီး ရုံမတင်ခင် သူမအနေနဲ့ ဒီဇာတ်ကားထဲမှာ ကိုတိုးကြီးအဖြစ် ဘယ်လိုတွေ ပီပြင်အောင် သရုပ်ဆောင်ခဲ့တယ်၊ ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရတယ်ဆိုတာကို ထုတ်ပြလိုက်ပြန်ပါတယ်။ ဒီဇာတ်ကားထဲမှာ အူဝဲနဲ့အတူ ခိုင်သင်းကြည်၊ မြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ မေမြင့်မိုရ် ၊ ခင်လှိုင် အစရှိတဲ့ သရုပ်ဆောင်တွေကလည်း အပြိုင်ကြဲထားကြသေးတာပါ။ သူမရဲ့ ပရိသတ်တွေကတော့ သူမရဲ့ ပုံတွေကို ကြည့်ပြီး အံ့အားသင့်နေကြပါတယ်တဲ့၊ အူဝဲတစ်ယောက် ဒီဇာတ်ကားအတွက် ပြင်ဆင်မှုတွေက အံ့မခန်းဖြစ်ပြီး သွားတွေကအစ ကွမ်းစားထားသူတစ်ဦး ပုံပေါက်အောင် ပြင်ဆင်ထားတာတွေ့ရပြီး နေပုံထိုင်ပုံကအစ ကြမ်းတမ်းပြီး ဖြစ်သလိုနေတတ်သူတစ်ယောက် အဖြစ်ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်အနေနဲ့ ဒီနှစ်ထဲမှာ သူမရဲ့ ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရုံတင်နေတာဖြစ်ပြီး အခုလည်း သူမရဲ့ ဇာတ်ကား...

ပိုင်ရှင်ရှိတဲ့ ယောက်ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ချစ်မိသွားတာ အပြစ်မဟုတ်ဘူးလို့ ပြောလိုက်လို့ ဝေဖန်ခံနေရပြန်တဲ့ မလှနုထွန်း

Miss တွေကိုမွေးထုတ်ပေးနေတဲ့ မိခင်ကြီးအဖြစ် အသိအမှတ်ပြုခံထားရတဲ့ မလှနုထွန်းကတော့ ပိုင်ရှင်ရှိတဲ့ယောက်ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ချစ်မိသွားတာဟာ အပြစ်မဟုတ်ပါဘူးလို့ ဆိုလိုက်တဲ့အတွက် သူမကို ဝေဖန်မှုတွေ ထွက်ပေါ်လာပြန်ပါတယ်။ သူမက ” ပိုင်ရှင်ရှိတဲ့ ယောက်ျား တစ်ယောက်နဲ့ မိန်းမတစ်ယောက် သူတို့ ဆန္နနဲ့  သူတို့ ချစ်မိကြတာ အပြစ်အဟုတ်ပါဘူး ၊ တယောက်နဲ့ တယောက် မလိမ်မညာထားသ၍ ဘေးလူတွေနဲ မဆိုင်ပါ။ သူများပိုက်ဆံယူပြီး ပြန်မပေးတာ မဟုတ်တဲ့အတွက် သူများ ဘဝမပျက်ပါဘူး၊ လူပျိုဆိုပြီး လိမ်ညာတာမဟုတ်တဲ့အတွက် ၊ သူများ ဘဝမနာပါဘူး၊ ဒါပေမယ့် လူသိအောင်မလုပ်ပါနဲ့တိတ်တဆိတ်လုပ်ဆောင်ပါ။ တခြားအိမ်ထောင်သည် မိတ်ဆွေတွေကို အသိမပေးပါနဲ့ ၊ လက်အောက်ငယ်သားတွေ မသိပါစေနဲ့ ၊ သူဟာ virus လို ဆွဲကပ်တတ်ပါတယ်။ မိမိကိုယ်ကို မိမိပိုင်ပါတယ် ဒါပေမယ့် ဘေးက လူတွေကို virus...

ဂေဟာက ကလေးတွေနဲ့ ရွှန်းရတီခိုင်လေးတို့ သွေးမကွဲ တစ်စိတ်တစ်ဝမ်းတည်းဖြစ်နေအောင် သင်ကြားပေးမယ်ဆိုတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင်ခိုင်နှင်းဝေဟာဆိုရင် ပရဟိတတွေအမြဲလို ပြုလုပ်လေ့ရှိတဲ့ မင်းသမီး တစ်ဦးဖြစ်ပြီး ပရဟိတနဲ့ ပတ်သက်တဲ့ ဆုတွေလည်း ရရှိထားသူတစ်ဦးပါ။ ခိုင်နှ်င်းဝေပရဟိတလူငယ်များအသင်းတည်ထောင်သူတစ်ဦးလည်းဖြစ်ပြီး အခုဆိုရင် အဖေမပေါ်တဲ့ကလေးလေးတွေ မိဘမဲ့ရင်သွေးလေးတွေကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကိုလည်း တည်ထောင်ထားပါသေးတယ်။ သူမက ခိုင်နှင်းဝေရင်သွေးလေးများဂေဟာလေးကိုလည်း တည်ထောင်ထားပြီး အဖေမပေါ်တဲ့ ကလေးတွေ၊ မိဘမဲ့ရင်သွေးလေးတွေအတွက် နားခိုစရာနေရာလေးအဖြစ် ဖန်တီးပေးထားသေးတာပါ။ ခိုင်နှင်းဝေ ပရဟိတဂေဟာလေးဖြစ်တည်လာမှုကတော့ သူမလက်ရှိမွေးစားထားတဲ့ သမီးလေးရွှန်းရတီခိုင်ကနေစတယ်လို့ ပြောရမှာပါ။ ဒီသမီးလေးအဖေမရှိပဲ မိခင်ဖြစ်သူက ကျွေးမွေးနိုင်ခြင်းမရှိတော့တဲ့အတွက် သူမက မွေးစားလိုက်ရတာပါ။ ဒီသမီးလေး သူမဆီစရောက်လာတဲ့အချိန်ကစပြီး တစ်ခြားသူမသမီးလေးနဲ့ ပုံစံတူ ဘဝတူ အခြေအနေကလေးငယ်တွေတွေ့ရင် ခိုင်နှင်းဝေတစ်ယောက် မကယ်ပဲ မနေနိုင်တော့တာပါ။ ဒါနဲ့ပဲ အခု ကယ်တင်ထားတဲ့ကလေး စုစုပေါင်း ၂၆ ယောက်ရှိနေပြီလို့ သိရပါတယ်။ တစ်ချို့တွေက ရွှန်းရွှန်းလေးကိုပဲ ခိုင်နှင်းဝေက ပွဲတက်ခေါ်တယ်၊ ကျန်တဲ့ကလေးတွေကို ပွဲမထုတ်ဘူးလို့ ပြောဆိုဝေဖန်မှုတွေ ရှိလာကြတဲ့အပေါ် ခိုင်နှင်းဝေက သူမ...

လည်ပင်းအကျိတ်ခွဲတာမကြာသေးပဲ အကျိတ်တွေ ထပ်ထွက်လာပြန်တဲ့ ထက်ထက်မိုးဦး

သရုပ်ဆောင်ထက်ထက်မိုးဦးတစ်ယောက် လည်ပင်းမှာ အကျိတ်တွေ တွေ့လို့ ဘန်ကောက်သွားပြီး ခွဲစိတ်ခဲ့တာဟာဆိုရင် မကြာသေးပါဘူး။ အခုလည်း တစ်ခါထပ်ပြီး ခွဲပြီးတာမှမကြာခင် လည်ပင်းဘယ်ဘက်ခြမ်းမှာ အကျိတ်တွေ ထပ်ပြီးတွေ့ရပြန်ပါပြီတဲ့။ ဒီတစ်ခါတော့ သူမက မခွဲစိတ်ရပဲ ပျောက်သွားရင်ကောင်းမယ်လို့ ခဏခဏ ဆုတောင်းနေမိပါတယ်ဆိုပြီး ပြောထားပါတယ်။ ထက်ထက်မိုးဦးဟာ မကြာခဏ ခွဲစိတ်ကုသမှု ခံယူရလေ့ရှိသူတစ်ဦးဖြစ်ပြီး ကျန်းမာရေးအနည်းငယ်ချူချာသူလည်း ဖြစ်ပါတယ်။ သူမအနေနဲ့ နှလုံးလည်း ခွဲထားပြီး ခွဲစိတ်မှုအကြိမ်ရေလည်း တော်တော်လေးများနေပြီဖြစ်ပါတယ်။ ထက်ထက်က သူမရဲ့ ဖေ့ဘုတ်မှာ “ဘန်ကောက်မှာ လည်ပင်းခွဲထားတာခု ဘယ်ဘက်မှာ အကြိတ်ထပ်တွေ့တော့မခွဲစိပ်ရပဲပျောက်ရင်ကောင်းမှာ ဆုတောင်းမိပါတယ်ခဏခဏ ခွဲစိပ်ခန်းထဲဝင်ပီးနှလုံးခွဲလိုက် လည်ပင်းခွဲလိုက် ဗိုက်ကခဏခဏခွဲလိုက်နဲ့ ဘာမှမလုပ်ချင်အောင်စိတ်ညစ်မိပါတယ်။ ဒီတခါတော့မခွဲစိပ်ချင်တော့တာအမှန်ပါ ဆေးသောက်ပီးပျောက်ရပါစေ ဆုတောင်းနေမယ်” လို့ ရေးသားထားပါတယ်။ ထက်ထက်မိုးဦးဟာ ရုပ်ရှင်နဲ့ ကြော်ငြာတွေပြန်လည်ရိုက်ကူးနိုင်ဖို့အတွက် ပိုမိုလှပစေရန် threads-lifting-procedure ကိုလည်း ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ထက်ထက်တစ်ယောက် အနုပညာတွေပြန်စလုပ်မယ်မှမကြံသေး ဒီလိုခွဲစိတ်မှုတွေထပ်ပြီး လုပ်ရမယ်ဆိုရင် သူ့အနေနဲ့...

၅ကြိမ်ထက်မနည်း လစဉ်တိုင်းလို ထီဆုတွေ ဆက်တိုက်ပေါက်ခဲ့တဲ့ ရတနာမိုင်

အဆိုတော်သရုပ်ဆောင် ရတနာမိုင်လေးကတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာလလောက်ကနေစပြီး ယခုလထိ လစဉ်တိုင်းလို ထီ ၁သိန်းဆု ၅သောင်းဆုတွေ ဆက်တိုက်ပေါက်ခဲ့ပါတယ်တဲ့။ သူမအနေနဲ့ ထီထိုးထားတဲ့အထဲက လစဉ်တိုင်းလို ၁သိန်းဆု ၅သောင်းဆုတွေပဲ အမြဲလိုပေါက်နေလို့ တစ်ချို့လတွေမှာ သူမဖေ့ဘုတ်မှာတောင် မတင်ဘဲ တစ်ချို့လတွေမှာသာ တင်ခဲ့တာပါလို့ သူမကဆိုထားပါတယ်။ သူမရဲ့ ဖေ့ဘုတ်မှာတော့ ၂၀၁၈ သြဂုတ်လအတွက် ထီဆု ၊ ၂၀၁၉ ဧပြီလအတွက် ထီဆု ၊ ၂၀၁၉ ဇူလိုင်လအတွက်ထီဆု ၊ ၂၀၁၉ စက်တင်ဘာလအတွက် ထီဆု ၊ ၂၀၁၉ အောက်တိုဘာလအတွက် ထီဆုတွေ ပေါက်ခဲ့တယ်လို့ တင်ထားခဲ့တာ ဖြစ်ပါတယ်။ ရတနာမိုင်ဟာ ၂၀၁၈ သြဂုတ်လမှာ ကျပ်ငါးသောင်းဆု ၁ဆု ပေါက်ခဲ့တယ်လို့ တင်ထားပြီး၊ ၂၀၁၉ ဧပြီလအတွက်ကိုတော့ ကျပ်ငါးသောင်းဆု ၂ ဆုပေါက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ဇူလိုင်လအတွက်ကိုတော့...

x