ပရိသတ်တွေအားကျရလောက်တဲ့ Pre Wedding ဗီဒီယိုလေးကို ထုတ်ပြလိုက်တဲ့ အိမ့်ချစ်တို့ဇနီးမောင်နှံ

အဆိုတော်အိမ့်ချစ်က သူချစ်ရတဲ့သူနဲ့ သိပ်မကြာသေးခင်အချိန်ကပဲ ရွှေလက်တွဲခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကာလကြောင့် မင်္ဂလာလက်မှတ်ရေးထိုးခြင်းနဲ့ မင်္ဂလာဦးဆွမ်းကျွေးခြင်းတို့ကိုသာ ပြုလုပ်ထားတာဖြစ်ပါတယ်။

Image may contain: 2 people, people standing and wedding

အိမ့်ချစ်ကတော့ အီဖယ်လ်တာဝါကြီးရှေ့မှာ ခင်ပွန်းဖြစ်သူ အဲရစ်ရဲ့ လက်ထပ်ခွင့်တောင်းခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။ အချစ်ရေးကိုလျို့ဝှက်ထားတတ်သူဖြစ်တာကြောင့် အိမ့်ချစ်ရဲ့ Propose လုပ်ခံရတဲ့ သတင်းလေးက သူမရဲ့ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

Image may contain: 2 people, people standing

ခုချိန်မှာတော့ ရွှေလက်တွဲခဲ့ကြပြီဖြစ်တဲ့ အိမ့်ချစ်တို့စုံတွဲက သူတို့ရိုက်ကူးထားတဲ့ Pre Wedding ဓာတ်ပုံလေးတွေကိုလည်း ပရိသတ်တွေဆီ ချပြခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေအားကျသွားစေရလောက်မယ့် Pre Wedding ဗီဒီယိုလေးကိုလည်း ချပြပေးခဲ့တာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Cele Star – YS

Don`t copy text!