မျက်လုံးနဲ့ပတ်သက်ပြီး ခွဲစိတ်မှုပြုလုပ်လိုက်ရတဲ့ မိုးယုစံ

Last modified date

သရုပ်ဆောင်မိုးယုစံတစ်ယောက်ကတော့ မျက်လုံးနဲ့ ပတ်သက်ပြီးခွဲစိတ်မှုပြုလုပ်လိုက်ရတယ်လို့ သိရပါတယ်။ သူမက ကြောက်ပါတယ်ဆိုမှ ဖြစ်လာတော့လည်း လုပ်ရတာပဲ ဆိုပြီး မျက်လုံးခွဲစိတ်ထားတဲ့ပုံလေးကို တင်လိုက်တာပါ။ Image may contain: 1 person, closeup Image may contain: 1 person, smiling သူမကိုချစ်တဲ့ ပရိသတ်တွေက စိုးရိမ်နေကြပြီး သူမကို ဘာဖြစ်တာလဲ၊ ဘာကြောင့်များ ခွဲစိတ်ရတာလဲဆိုပြီး မေးခွန်းတွေ မေးနေကြတာဖြစ်ပါတယ်။ Image may contain: 1 person, smiling Image may contain: 1 person, smiling, standing မိုးယုစံက သူမပရိသတ်တွေရဲ့ မေးခွန်းကို “မျက်ခမ်းစပ်နား အဖုဖြစ်တာ ပေါက်ပီးပီ အဖုက‌ပျောက်မသွားလို့ ခြစ်ထုတ်ရတာ” လို့ ပြန်လည်ဖြေဆိုထားတာတွေ့ရပါတယ်။ ပြီးတော့ အဖုကြီးဖြစ်နေတာက ပေါက်တုန်းက ပြည်ထွက်တယ်၊ အဲဒီထဲက အဖုက သေးပဲသေးသွားတာ ကျန်သေးတာ eyeliner ဆွဲရင် ဒုက္ခရောက်တာလို့ လည်း ပြောထားပါသေးတယ်။ Image may contain: 1 person, smiling, sitting and closeup Image may contain: 1 person, standing ဖြစ်မှဖြစ်ရလေ မိုးယုရယ် မျက်လုံးမှာမှ ဖြစ်ရတယ်လို့ ဒီလိုအပူနာတွေက မကြာခဏဖြစ်တတ်ပေမယ့် ဖြစ်ပြီး မကြာခင် အဖုက ပျောက်သွားတတ်တာ ထုံးစံပါပဲ ။ အခုမိုးယုစံကတော့ အဲဒီအဖုက မပျောက်သွားတဲ့အတွက်ခြစ်ထုတ်ပစ်ရတာလို့ သိရပါတယ်။ မိုးယုစံတစ်ယောက် မျက်လုံးအမြန်ဆုံးပြန်လည်ကောင်းမွန်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ Image may contain: 1 person, smiling, standing Image may contain: 1 person, smiling, standing Writer – YLLT(Cele Star)