မိခင်နဲ့ဖခင်ဖြစ်သူရဲ့ မွေးနေ့နဲ့ မင်္ဂလာနှစ်ပတ်လည်ကို ပေါင်းပြီး surprise လုပ်ပေးခဲ့တဲ့ ပန်းရောင်ခြယ်တို့ ညီအစ်မ

Last modified date

ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ညီအစ်မနှစ်ဦးကတော့ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ မိခင်ဖြစ်သူတို့ရဲ့ မွေးနေ့ရယ်၊ မင်္ဂလာနှစ်ပတ်လည်နေ့ရယ်ကိုပေါင်းပြီး surprise လေးတစ်ခု ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ Image may contain: 2 people, people smiling, people standing and indoor Image may contain: 2 people, people smiling, closeup Image may contain: 4 people, people smiling, people standing and shoes Image may contain: 6 people, people smiling, people standing ဖခင်ဖြစ်သူရဲ့ မွေးနေ့က နိုဝင်ဘာ ၂၂ ရက်၊ မိခင်ဖြစ်သူရဲ့ မွေးနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့ဖြစ်ပြီး မိခင်နဲ့ ဖခင်ဖြစ်သူရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးကတော့ နိုဝင်ဘာ ၁၄ ရက်နေ့ဖြစ်တာကြောင့်၊ နိုဝင်ဘာလထဲမှာ ကျင်းပပေးစရာ ပွဲလေး ၃ပွဲရှိနေကြောင်း၊ အဲဒါတွေအကုန်ပေါင်းစုပြီး တစ်ရက်ထဲမှာ ဖခင်ဖြစ်သူရဲ့ အဆိုတော်သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပန်းရောင်တို့ညီအစ်မနှစ်ဦးက အံ့သြဝမ်းသာသွားအောင် ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ Image may contain: 4 people, people smiling, people standing Image may contain: 2 people, people standing Image may contain: 6 people, people smiling, people standing ဒီပွဲလေးကို အဆိုတော်အောင်ထက်၊ စည်သူလွင်၊ ဇော်ပိုင်၊ တူးတူး၊ ဘိုဖြူ တို့က အတူတကွ ပူးပေါင်းပါဝင်ကျင်းပပေးခဲ့ကြတာ တွေ့ရပြီး စောခူဆဲက စန္ဒရားတီးပေးခဲ့တာတွေ့ရပါတယ်။ ပြီးတော့ ယနေ့မှစနှစ်တစ်ရာတိုင်ဆိုတဲ့ ဂရေဟမ်ရဲ့ သီချင်းလေးကို သံပြိုင်ရွတ်ဆိုပေးခဲ့ကြပြီး ဟက်ပီးဘတ်ဒေးသီချင်းလေးကိုလည်း ပျော်ရွှင်စွာသီဆိုပေးခဲ့ကြသေးတာပါ။ Image may contain: 2 people, people smiling, people standing Image may contain: 4 people, people smiling, people standing Image may contain: 4 people, people smiling, people standing, wedding and indoor ဒီပွဲလေးမှာ ပန်းရောင်ခြယ်လေးကတော့ ကင်မရာလေးလွယ်ပြီး အဖေနဲ့အမေအတွက် ကင်မရာ girl လေး ဖြစ်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။ ချစ်ဖို့ကောင်းတဲ့ သမီးလေး ၂ယောက်ဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ဘယ်လိုတွေ surprise လုပ်ပေးခဲ့တယ်ဆိုတာ ဒီ ဗီဒီယိုလေးထဲမှာ ကြည့်ကြည့်လိုက်ပါဦးနော်။ Writer – YLLT(Cele Star)