Volunteer အင်အားမမျှဘဲ အခက်အခဲတွေဖြစ်နေကြတဲ့ Quarantine Center တွေအတွက် တထောင့်တနေရာကနေ ပံ့ပိုးကူညီမယ့် မေလသံစဉ်

Last modified date

အဆိုတော်မလေး မေလသံစဉ် ကတော့ မြန်မာနိုင်ငံမှာ လက်တလောကပ်ရောဂါဖြစ်ပွားနေတဲ့ ကိုဗစ်ကာလမှာ လုပ်အားပေးတွေနဲ့ Q ဝင်သူအရေအတွက် မမျှတတာတွေဖြစ်နေကြတဲ့အပေါ် တတ်နိုင်တဲ့အင်အားနဲ့ ပံ့ပိုးကူညီသွားမယ့်အကြောင်း သူမရဲ့ ဖေ့ဘုတ်ပေ့ခ်ျကနေ ရေးသားဖော်ပြလာခဲ့ပါတယ်။

Image may contain: 1 person, standing, child and outdoor

အရေးကြီးရင်သွေးစည်းတတ်ကြတဲ့ မြန်မာလူမျိုးတွေဟာ ယခုကိုဗစ်ရောဂါရဲ့ ဒုတိယလှိုင်းမှာလည်း ဝိုင်းဝန်းကူညီပါဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်။ ငွေကြေးချမ်းသာသူများက ငွေကြေးအလျှောက် ၊ ကာယစွမ်းအားတတ်နိုင်သူတွေက ကာယစွမ်းအားအလျှောက် လူတန်းစားအစုံ အနုပညာရှင်တွေကပါ ဝိုင်းဝန်းကူညီနေကြတာကို တွေ့ရမှာပါ။

Image may contain: 1 person, standing, outdoor and closeup

ရောဂါပိုးကူးစက်ခံရသူအရေအတွက် များပြားလာတာနဲ့ အမျှ လုပ်အားပေး ကူညီပေးသူအရေအတွက်တွေနဲ့ မမျှမတဖြစ်လာခဲ့ပြီး လိုအပ်ချက်တွေ၊ လစ်ဟာမှုတွေဟာ ရှိလာတတ်ကြပါတယ်။ ဒီလို Volunteer အင်အားနဲ့ Q ဝင်သူအရေအတွက်ကြားမှာ ကွာဟမှုကြီးကြီးမားမားတွေရှိလာပြီး အခက်အခဲတွေဖြစ်နေကြတာကြောင့် အဆိုတော်မေလသံစဉ်ကလည်း သူမကူညီနိုင်တဲ့ တစ်ထောင့်တစ်နေရာကနေပြီး ကူညီပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

Image may contain: 1 person, standing, child and outdoor

“Quarantine Center တွေမှာ Q အရေအတွက်နဲ့ Volunteer အင်အားမမျှတာအခက်အခဲတွေဖြစ်နေကြတာ သတင်းတွေတက်လာတော့ မေလ တထောင့်တနေရာက ဘယ်လိုကူညီပံ့ပိုးပေးနိုင်မလဲ အမြဲစဉ်းစားနေမိတယ်😢 ရန်ကုန်တစ်မြို့တည်းမှာ Q camp ၂၀ ကျော်ရှိပါတယ်😷ရိုးမစင်တာလိုနေရာမျိုး Q ၁၄၀၀နီးပါးကို Volunteer ၃၀ကျော်နဲ့ လုပ်နေရတော့ အရမ်းလဲ လူရော စိတ်ပါ ပင်ပန်းနေကြပါပီ 🤕 ဒါကြောင့် အင်အားလေးတစ်ခုအနေနဲ့ မေလ တတ်နိုင်တာလေးပါဝင်ချင်ပါတယ် 👋💪 💥 ဒီ Covid ကာလမှာ ဘာအလုပ်မှ မလုပ်တော့ဖို့ စိတ်ကူးပီးသားပါ 😷”

Image may contain: 1 person, standing, child and outdoor

မေလသံစဉ်က သူမကို Live လွင့်ပြီး ဈေးရောင်းပေးဖို့တောင်းဆိုသူတွေကို မငြင်းတော့ဘဲ ရောင်းချပေးသွားမှာဖြစ်ပြီး ရရှိလာတဲ့ အနုပညာကြေးတွေကို Q စင်တာအသီးသီးကိုကူညီသွားမယ်လို့ဆိုပါတယ်။

Image may contain: 1 person, standing, tree, sky, outdoor and nature

“ဒါပေမယ့် အန္တရာယ်ကင်းကင်း Live လွှင့်ပြီး ဈေးရောင်းပေးဖို့ အလုပ်အပ်သူတွေကိုတော့ အရင်ကလိုမငြင်းတော့ပဲ Live လွှင့်​ဈေး​ရောင်းလို့ ရသမျှ အနုပညာကြေး အားလုံးကို💯 Q Center အသီးသီးမှ စေတနာ့ဝန်ထမ်း Volunteerများ အတွက် ကူညီပံ့ပိုးပေးသွားမယ်လို့ ဆုံးဖြတ်မိပါတယ် ☺️☺️ ချစ်သံမဏိတို့ရော သဘောတူကြတယ်မို့လား ရှင်”

Image may contain: 1 person, sitting

မေလသံစဉ်ရဲ့ ဒီလိုပံ့ပိုးကူညီမှုလေးတွေကိုလည်း ပရိသတ်တွေက အသိအမှတ်ပြုပြီး သူမရဲ့ အနုပညာတွေ ဒီထက်မကအောင်မြင်နိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့ကြဦးနော်။

Cele Star- YS

Don`t copy text!