မင်္ဂလာခန်းမနဲ့ မင်္ဂလာကားတွေ အဆင်သင့်ဖြစ်ပေမယ့် သတို့သမီးမလာလို့ စောင့်မျှော်နေခဲ့ရတဲ့ ကျော်ထက်အောင်

Last modified date

မင်္ဂလာပွဲတွေမှာ အမြဲလို အခမ်းအနားမှူးအဖြစ် ပြုလုပ်ပေးနေပြီး ပွဲတွေမှာလည်း အစီအစဉ်တင်ဆက်သူအဖြစ် လူသိများ ထင်ရှားတဲ့ သရုပ်ဆောင် ကျော်ထက်အောင်တစ်ယောက် သူ့ဘက်က မင်္ဂလာခန်းမ၊ မင်္ဂလာကားတွေ အဆင်သင့်ဖြစ်နေခဲ့ပေမယ့် သတို့သမီးမလာသေးလို့ စောင့်မျှော်နေရတယ်လို့ ဆိုပါတယ်။ Image may contain: 1 person, standing ကျော်ထက်အောင်က သူ့ရဲ့ ဖေ့ဘုတ်မှာ ” ယူတို့အကိုကြီး သတို့သမီးမျှော်နေပုံ….. မင်္ဂလာခန်းမ ready မင်္ဂလာပရိသတ် ready ၊ မင်္ဂလာကား ready ၊ မင်္ဂလာဝတ်စုံ ready ၊ မင်္ဂလာ တီးဝိုင်း ready ၊ မင်္ဂလာစားသောက်ဖွယ်ရာ ready ၊ မင်္ဂလာအခမ်းနားမှုး ready ၊ လိုနေတာ “သတို့သမီး” ၊ လာမယ်ဆို အဝါလေးဝတ်ခဲ့နော်” ဆိုပြီး ပြောလိုက်တာပါ။ Image may contain: 1 person, smiling, standing, car and outdoor Image may contain: 1 person, smiling, standing, sitting and outdoor ကျော်ထက်အောင်ရဲ့ သတို့သမီးလေးရေ သူကတော့ အဆင်သင့်ပြင်ပြီးစောင့်မျှော်နေပါပြီတဲ့။ ပွဲကို လာမယ်ဆိုရင်တော့ ကိုကြီးနဲ့လိုက်ဖက်အောင် အဝါရောင်လေးတော့ ဝတ်ခဲ့ဖို့ လိုမယ်နော်။ Image may contain: 1 person, standing, car and outdoor Image may contain: 1 person, outdoor and closeup ကျော်ထက်အောင်ဟာ လက်ရှိမှာ Myanmar Idol ရဲ့ နာမည်ကြီး အစီအစဉ်တင်ဆက်သူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ မီးလေးခဏလောက်မှိတ်ပါရစေ ဆိုတဲ့ စကားက အားလုံးပါးစပ်ဖျားမှာ ရေပန်းစားတဲ့အထိ အောင်မြင်ခဲ့သူ တစ်ယောက်ပါပဲ။ Image may contain: 1 person, smiling, sitting Writer-YLLT(Cele Star)

x