မြေးလေးတွေနဲ့အတူ အဖိုးတန်အချိန်လေးတွေကို ဖြတ်သန်းနေတဲ့ ဖိုးဖိုးဇော်ဝင်းထွဋ်

Last modified date

ဖိုးဖိုးကြီး ဇော်ဝင်းထွဋ်က မြေးလေးတွေနဲ့အတူ သူ့ရဲ့ အားလပ်ရက် အဖိုးတန်အချိန်လေးတွေကို အတူဖြတ်သန်းပေးနေပါတယ်တဲ့။

အီတိုးနဲ့ ဝင်းထွဋ်တာရာ ငယ်စဉ်အချိန်က
သမီးဖြစ်သူ ဝင်းထွဋ်တာရာကမွေးထားတဲ့ မြေးလေး ကေသရာထွဋ်နဲ့အတူ အဖော်လုပ်ပေးရင်း မြေးလေးတွေနဲ့အတူ ပန်းချီကူဆွဲပေးနေခဲ့တာပါ။ ဒါကို သမီးဖြစ်သူ ဝင်းထွဋ်တာရာက ဝမ်းသာစွာနဲ့ မှတ်တမ်းတင်ပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေကလည်း Rocker ကြီးနဲ့ မြေးလေးတွေရဲ့ ချစ်စဖွယ်မြင်ကွင်းလေးကို သဘောကျနေခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့က ကလေးတွေဟာ ဖိုးဖိုးကြီးရဲ့ အသက်ရှည်ဆေးလေးတွေရယ်လို့လည်း ဆိုနေကြပါတယ်။ အဆိုတော်ကြီး ဇော်ဝင်းထွဋ်ဟာ သမီးကြီး ဝင်းထွဋ်တာရာနဲ့ သားဖြစ်သူ အီတိုး တို့ (၂) ဦး ကိုပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။သမီးကြီး ဝင်းထွဋ်တာရာက ဘုန်းမြင့်ဝင်း(ခ)သျှိုင်းနဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ လက်ထပ်ခဲ့တာလည်း ဖြစ်ပါတယ်။ သားဖြစ်သူ အီတိုးကတော့ ဖခင်လိုပဲ အဆိုတော်အဖြစ် ရပ်တည်လျက်ရှိနေပြီး လက်ရှိအချိန်မှာတော့ အိမ်ထောင်နဲ့ ကွာရှင်းထားတာဖြစ်ပါတယ်။ ကဲ ဖိုးဖိုးကြီး ဇော်ဝင်းထွဋ်နဲ့ မြေးလေးတွေရဲ့ ကြည်နူးစဖွယ်ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။ Writer-YLLT(Cele Star)

x