မွေးနေ့မှာ ဘာသာပေါင်းစုံကို တတ်နိုင်သလောက် လှူဒါန်းခဲ့တဲ့ ယုန်လေး
အဆိုတော်၊ သရုပ်ဆောင်နှင့် ဒါရိုက်တာ ယုန်လေးက ဒီကနေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့ကို ဘာသာပေါင်းစုံအတွက် တတ်နိုင်သလောက် လှူဒါန်းခဲ့ပါတယ်။
အဆိုတော်တစ်ဦးအဖြစ် ပရိသတ်တွေ အသိအမှတ်ပြုလက်ခံရာမှတဆင့် အနုပညာလောကထဲကိုဝင်ရောက်လာသူ ယုန်လေးဟာ သရုပ်ဆောင်နှင့် ဒါရိုက်တာတစ်ဦးအဖြစ်ပါ ကူးပြောင်းလာခဲ့သူဖြစ်ပါတယ်။ တမူထူးခြားတဲ့ ဂိုဏ်းစတား ရုပ်ရှင်ဇာတ်ကားတွေနဲ့ အတူ နာမည်ကျော်ရုပ်ရှင်မင်းသားတွေနဲ့ တွဲဖက်ရိုက်ကူးခဲ့ပါတယ်။
ယုန်လေးဟာ အနုပညာအလုပ်တွေမှာ ကြိုးစားနေသူဖြစ်တဲ့အပြင် လူမှုဘဝပတ်ဝန်းကျင်မှာလည်း ချို့တဲ့လိုအပ်နေသူတွေကို ကူညီပေးနေသူတစ်ယောက်လို့ ပရိသတ်တွေက လက်ခံထားကြပါတယ်။
ဒီနေ့မှာကျရောက်တဲ့ သူ့ရဲ့ မွေးနေ့လေးကိုတော့ ယုန်လေးက သူစီစဉ်ထားတဲ့အတိုင်း ဘာသာပေါင်းစုံအတွက် တတ်နိုင်သလောက် သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဒီလိုလှူဒါန်းခဲ့ပုံလေးကိုလည်း သူ့ရဲ့ ဖေ့ဘုတ်အကောင့်ကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။
“အစဉ်လာ မပြတ် မွေးနေ့ကို ဘုန်းကြီးကျောင်း Church ဟိန္ဒူ ဘုရားကျောင်း ဗလီ တို့ကို တက်နိုင်သလောက်လှူ အပြီး စာကလေးလွတ် . ငါးစာ . ခိုစာကြွေး ကြည်နူး ပီတိဖြစ် မိပါသည် Covid ကြီးကိုအမြန်ကျော်လွှာနိုင်ပြီး ကျွန်တော်တို့ အားလုံး ပုံမှန်လည် ပတ်နိုင်ပါစေ 🙏 🙏 🙏 🙏 🙏”
ပရိသတ်တွေကလည်း အဆိုတော်ယုန်လေးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။
Cele Star – YS