မွေးနေ့လက်ဆောင် စိန်တစ်ဆင်စာနဲ့အတူ ငွေသားတွေနဲ့ ချစ်သူကို တင်တောင်းခဲ့တဲ့ နိုင်းဝမ်း

အဆိုတော်နိုင်းဝမ်းက သူ့ရဲ့ချစ်ရသူလေးကို မနေ့ကပဲ သွားရောက်တင်တောင်းခဲ့တာပါ။ လက်ထပ်ဖို့ကိုတော့ ကိုဗစ်ပြီးတဲ့အခါကျမှ စီစဉ်ထားကြောင်း သူကပြောပါတယ်။

မြတ်မြတ်နိုးနိုးချစ်ရသူကိုတော့ မိသားဖသားပီပီ သွားရောက်တင်တောင်းခဲ့တဲ့ နိုင်းဝမ်းက ဒီဇင်ဘာလအတွင်းမှာတော့ လက်မှတ်ရေးထိုးသွားမယ်လို့ ဆိုပါတယ်။

မိဘတွေဆီက ခွင့်ပြုချက်ရရှိခဲ့ပြီးတဲ့အပြင် ယခုလိုသွားရောက်တင်တောင်းတာတွေကိုလည်း သူကိုယ်ပိုင်ရှာထားတဲ့ ငွေကြေးတွေနဲ့သာ တင်တောင်းခဲ့ကြောင်း ယခုလိုပဲပြောထားတာဖြစ်ပါတယ်။

“ဒီနေ့က ကျွန်တော့ဘဝအတွက် အပျော်ဆုံးနေ့တွေထဲက နေ့တစ်နေ့ဖြစ်ပါတယ်..လက်ထပ်ဖို့အထိရည်ရွယ်ပြီးအရမ်းချစ်ခဲ့ရတဲ့မိန်းကလေးကိုပိုင်ဆိုင်နိုင်ဖို့ မိဘရဲ့အထောက်အပံ့မယူပဲ ကိုယ့်အားကိုယ်ကိုးပြီး ရှာဖွေစုဆောင်းထားတဲ့ငွေလေးတွေနဲ့တင်တောင်းနိုင်ခဲ့လို့ပါ💪🏻💪🏻💪🏻ကျွန်တော်တို့စုံတွဲရဲ့နှစ်ပတ်လည်နေ့နဲ့ ချစ်သူရဲ့မွေးနေ့လေးဖြစ်တဲ့ဒီရက်လေးမှာ မှတ်မှတ်ရရဖြစ်သွားအောင် မြန်မာ့ထုံးတမ်းအစဉ်အလာအတိုင်း မိသားဖသားပီပီတောင်းရမ်းခဲ့ပြီးပြီဖြစ်လို့ ဒီနှစ်ဝါကျွတ်ရင် လက်ထပ်နိုင်ဖို့ ချစ်သူရဲ့မိဘတွေထံမှ ခွင့်ပြုချက်လဲရခဲ့ပါပြီဗျ😇😇😇ဒီဇင်ဘာလ ၉ရက်နေ့မှာ တရားဝင်လက်မှတ်ရေးထိုးကြမှာဖြစ်ပြီး၊ မင်္ဂလာဧည့်ခံပွဲကိုတော့ ကိုဗစ်ကာလပြီးတာနဲ့ကျင်းပကြမှာဖြစ်ပါတယ်😍😍😍(ဒီထက်အကြီးကြီးတွေရည်ရွယ်ထားခဲ့ပေမဲ့ ကိုဗစ်ပေးတဲ့ဒုက္ခကြောင့် နဲနဲသေးသွားတဲ့ မွေးနေ့လက်ဆောင်စိန်တစ်ဆင်စာလေးအတွက်တော့ နားလည်ပေးပါသဲသဲလေးရေ😂😂😂)Happy Anniversary & Happy Birthday baby.. i love u so mwahhhh😘😘😘😘”

နိုင်းဝမ်းက ချစ်သူကို ငွေသားတွေနဲ့ တင်တောင်းခဲ့တဲ့အပြင် ချစ်သူရဲ့မွေးနေ့အတွက်ပါ စိန်တစ်ဆင်စာကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တာပါ။

အင်မတန်ကိုကံကောင်းလွန်းတဲ့ ချစ်သူလေးနဲ့အတူ နိုင်းဝမ်းတစ်ယောက် သက်ထက်ဆုံးပျော်ရွှင်ပေါင်းသင်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Cele Star – YS

Don`t copy text!