မေမေချစ်သုဝေရဲ့MTV လေးကိုကြည့်ပြီး အားရပါးရငိုနေတဲ့ သစ်လေး

Last modified date

မေမေချစ်သုဝေက သူမရဲ့ အသစ်ထွက် “ဝေး” သီချင်း MTV လေးကို ပရိသတ်ဆီ ပို့ဆောင်လိုက်ပါတယ်။ ဒီသီချင်း MTV လေးက လွမ်းဆွေးဖွယ် ရိုက်ကူးထားတာဖြစ်ပြီး ဒီ MTV ကို သစ်လေးနဲ့ ခေတ်လေးတို့ကို ပြလိုက်တဲ့အခါမှာတော့ သစ်လေးက သီချင်းထဲမှာ ခံစားစီးမျောပြီး သူမမေမေအတွက် စိတ်မကောင်းကြီးစွာ အားရပါးရရှိုက်ငိုလိုက်တာပဲ ဖြစ်ပါတယ်။ Image may contain: 2 people, baby သစ်သစ်ကို မေမေချစ်သုဝေက သမီးရယ်မငိုပါနဲ့ အဲဒါမေမေသရုပ်ဆောင်နေတာပါ၊ မေမေက တကယ်ထွက်မသွားပါဘူးပြောလည်း သစ်သစ်လေးကတော့ ဆက်ငိုနေတာကိုလည်း တွေ့ရပါတယ်။ မေမေချစ်သုဘယ်လိုချော့ချော့သစ်ကတော့ ဝမ်းနည်းသွားတာပါတဲ့နော်။ Image may contain: 2 people, people sitting, table and indoor ချစ်သုဝေက သူမရဲ့ ဖေ့ဘုတ်မှာ ” ခု အသက် ၃နှစ်မပြည့်သေးတဲ့ သမီးလေး”သစ်”က Fg entertainment မှာတင်ထားတဲ့ “ဝေး” music video လေးကိုကြည့်ပြီး ကြည့်ရင်း တစ်ရှုံ့ရှုံ့သံကြားလို့ ကြည့်လိုက်မှ မျက်ရည်တွေစီးကျပြီးခံစားနေတာ၊ အမှန်ဆို “ဝေး” က တိုက်ရိုက်တွေငိုစရာမရှိပေမယ့် နက်နက်လေးတွေးမှသာ ဝမ်းနည်းစေတာမို့ သမီးလေး ခံစားရတာ ဝမ်းနည်းမိပေမယ့် သူ့အတွင်းဓါတ်ခံအနုပညာ ပါရမီလေး ပါလာတာခံစားမိလို့ ဒီအမေ အတော် ကျေနပ်မိပါရော” ဆိုပြီး သမီးလေးရဲ့ အနုပညာဓါတ်ခံပါရမီအပေါ် ဂုဏ်ယူစွာ တင်ထားတာကို တွေ့ရပါတယ်။ Image may contain: 3 people ကဲ သစ်လေးတောင်ငိုသွားရတဲ့ ချစ်သုရဲ့ အသစ်ထွက် “ဝေး” ဆိုတဲ့ MTV လေးကို ပရိသတ်ကြီးလည်း ခံစားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်တော်တော်များများကတော့ သစ်သစ်တစ်ယောက်ကတော့ အနုပညာသွေးအပြည့်အဝပါတယ်ရယ်လို့ မှတ်ချက်ပေးနေကြပါတယ်နော်။ Writer-YLLT(Cele Star)

x