သရုပ်ဆောင် ဦးဝင်းနိုင်(အနုပညာ) ကိုအနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာသို့ ပို့ဆောင်

Last modified date

ကျန်းမာရေးမကောင်းတော့လို့ ဘိုးဘွားရိပ်သာသွားနေတာပါဆိုတဲ့ ဦးဝင်းနိုင်အနုပညာ Image result for ဝင်းနိုင် (အနုပညာ) Image result for ဝင်းနိုင် (အနုပညာ) ဦးဝင်းနိုင်အနုပညာ တစ်ယောက်ဟာဆိုရင် ကိုယ်တစ်ခြမ်းလေဖြတ်ထားသူတစ်ဦးဖြစ်ပြီး လက်ရှိအနေအထားမှာ ကျန်းမာရေးအခြေအနေကလည်း သိပ်မကောင်းတော့တာကြောင့် အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ သွားနေဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။ ဦးဝင်းနိုင်အနုပညာဟာ လက်ရှိမှာ သားသမီးတွေနဲ့ မွေးချင်းတွေက ကြည့်ရှုထောက်ပံ့မှုနဲ့နေထိုင်နေတာ ဖြစ်ပြီး ဘိုးဘွားရိပ်သာကို ပြောင်းရွှေ့နေထိုင်ရတာဟာ သူ့ရဲ့ ကျန်းမာရေးကြောင့်လို့ ဆိုထားပါတယ်။ Image result for ဦးဝင်းနိုင် Image result for ဝင်းနိုင် (အနုပညာ) ဦးဝင်းနိုင်အခုလို ဘိုးဘွားရိပ်သာသွားရတဲ့အပေါ် တစ်ချို့ ပရိသတ်တွေက သားသမီးတွေ ဘယ်ရောက်နေလို့လဲဆိုတဲ့ မေးခွန်းမျိုး သားသမီးတွေက ဂရုမစိုက်လို့လားအစရှိတာတွေ မေးကြတာ တွေ့ရပါတယ်။ အနုပညာဆည်းဆာရိပ်မှာ ကူညီပေးနေတဲ့ သရုပ်ဆောင်ချစ်ချစ်ဇော်က “သားသမီးတွေလည်း ဂရုစိုက်ကြပါတယ်ရှင် ဒါပေမယ့်အဖိုးကိုယ်တိုင်က လေကောင်းလေသန့်လည်းရ၊ အပေါင်းအသင်းတွေနဲ့လည်း အတူနေရ၊ လေ့ကျင့်ခန်းလည်း ကျယ်ကျယ်ဝန်းဝန်းမှာ လုပ်နိုင်လို့ ရိပ်သာမှာနေဖို့ဆုံးဖြတ်တာပါ” ဆိုပြီး ပြန်လည်ဖြေကြားခဲ့တာ တွေ့ရပါတယ်။ Image result for ဦးဝင်းနိုင် အနုပညာဆည်းဆာရိပ်ရဲ့ အမှုဆောင်အဖွဲ့ဝင်တစ်ဦးကလည်း ” အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ နေချင်တယ် တဲ့။ သူ့ကို လာခေါ်ပါ ဆိုတဲ့ ပြည်သူချစ်တဲ့ အနုပညာရှင် ဦးဝင်းနိုင်(အနုပညာ)။ ဒီနေ့တော့ ဖီးတို့အမှုဆောင်တွေ စုပြီး လေးလေး ဦးဝင်းနိုင် ဆီ သွားတွေ့ကြပါတယ်။ အမယ် သူက တခါတည်း လိုက်မလို့ အဆင်သင့်စောင့်နေတာ။ ချစ်စရာကောင်းသေးတော့။ လေးလေးအတွက် လိုအပ်တာတွေစီစဉ်ရမှာမို့ တစ်ပတ်လောက် အချိန်ပေးပါဆိုပြီး ချော့ခဲ့ကြရတယ်။ လေးလေး ကျန်းမာရေးက လေထိထားတာမို့ လူတွဲလိုပါတယ်။ ဒါကြောင့် Nurse လည်း စီစဉ်ပေးရမှာပါ။ မိသားစုကလည်း ကျေးဇူးတင်ကြပါတယ်။ လေးလေးဦးဝင်းနိုင်က သူ့စိတ်ဆန္ဒကိုက ရိပ်သာမှာ နေချင်နေတာရယ်။ ဟိုမှာက သူ့မိတ်ဆွေ အဘိုးဦးစိတ္တတို့ အဘိုးဦးတင်ထွန်းတို့ ရှိတာမို့ သူ့အတွက် စကားပြောဖော် တိုင်ပင်ဖော် ရယ်မောဖော်တွေ ရှိတယ်တဲ့။ စိတ်ချပါနော်။ သမီးတို့ ခေါ်လည်း ခေါ်မယ်။ စိတ်လည်းချမ်းသာစေရမယ်။ နောက်ပြီး လှူတန်းထားတဲ့ အလှူရှင်တွေရဲ့ စေတနာလည်း ပိုပြီး အဓိပ္ပာယ်ရှိစေရပါမယ်” လို့ သူမရဲ့ ဖေ့ဘုတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ ဘဘဦးဝင်းနိုင်တစ်ယောက် အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာနေထိုင်ပြီး လေ့ကျင့်ခန်းတွေ ကောင်းကောင်းလုပ်နိုင်၊ သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင် ဘာသာရေးပေါင်းစုလုပ်နိုင်၊ လေဖြတ်ဝေဒနာလည်း အမြန်ဆုံးပြန်လည်သက်သာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ Writer-YLLT(Cele Star) Source-Phe Phe

x