မွေးနေ့မှာ ကားသစ်ကြီးတစ်စီး လက်ဆောင်ရလိုက်တဲ့ နေတိုး

ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့ကတော့ သရုပ်ဆောင် နေတိုးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်မင်းသားနေရာကို ရရှိထားသူပါ။

Image may contain: 1 person, sitting, car and outdoor

Image may contain: one or more people, people sitting, child, tree and outdoor, text that says 'HAPPY'

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့ဆိုရလောက်အောင် မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းခံနေရဆဲဖြစ်ပြီး ယနေ့အချိန်ထိလည်း လူပျိုကြီးဘဝနဲ့ ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေဆဲပဲဖြစ်ပါတယ်။ သရုပ်ဆောင် နေတိုးက ဒီကနေ့မှာကျရောက်တဲ့ သူ့ရဲ့ မွေးနေ့လေးမှာ ကားသစ်ကြီးတစ်စီးကို လက်ဆောင်ရရှိခဲ့တာဖြစ်ပါတယ်။

Image may contain: 1 person, outdoor, text that says 'MGHS'

Image may contain: 1 person, outdoor

Surprise အဖြစ်လက်ဆောင်ပေးခဲ့တဲ့ ကုမ္ပဏီကတော့ သူကိုယ်တိုင် Brand Ambassador ဖြစ်နေတဲ့ ကားကုမ္ပဏီကပဲဖြစ်ပါတယ်။ ဒီကနေ့လေးမှာ ကျရောက်တဲ့ သူ့မွေးနေ့အတွက် ကုမ္ပဏီက ကားသစ်တစီးကို လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။

Image may contain: 1 person, standing and car

Image may contain: 5 people, people standing, shoes and outdoor

နေတိုးရဲ့ ပရိသတ်တွေကလည်း ကားသစ်တစ်စီးလက်ဆောင်ရခဲ့တဲ့အတွက် ထပ်တူကိုယ်စားပျော်ရွှင်ပေးနေကြတာပဲဖြစ်ပါတယ်။

Image may contain: 1 person, standing and outdoor

Image may contain: 1 person, standing and outdoor, text that says 'MG'

Image may contain: 1 person, outdoor

Cele Star-YS

Photos-Wai Min Maung

Don`t copy text!