မိုးလေဝသဦးထွန်းလွင်၏ ရုပ်အလောင်းအိမ်တွင်ထားရှိနိုင်ရန် နာရေးကူညီမှုအသင်းမှ Cold Box ဖြင့်ကူညီပေးထား

Last modified date

မိုးလေဝသပညာရှင် ဆရာကြီးဒေါက်တာ ဦးထွန်းလွင်ရဲ့ ရုပ်အလောင်းကို ဆေးရုံကနေ အိမ်ပြန်သယ်ဖို့ နာရေးကူညီမှုအသင်းရန်ကုန်က ပါဝင်ကုသိုလ်ယူခဲ့ပြီး နေအိမ်မှာ ထားရှိနိုင်ဖို့အတွက် Cold Box နဲ့ ထားရှိပေးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ဆရာကြီးဟာ နိုဝင်ဘာ ၄ရက်နေ့ ညနေ ၆ နာရီ ၅၇ မိနစ်မှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့တာဖြစ်ပြီး ဆရာကြီးရဲ့ ရုပ်အလောင်းကို ဆေးရုံကနေ အိမ်ကို ပြန်သယ်ခဲ့ကြတာဖြစ်ပါတယ်။ Image may contain: 1 person, sleeping, sitting and closeup နာရေးကူညီမှုအသင်းရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ” ၂၀၁၉၊ နိုဝင်ဘာ (၅)ရက် ၊ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဒေါက်တာဦးထွန်းလွင်သည် (၄.၁၁.၂၀၁၉) ညနေ (၆:၅၇)နာရီ၌ ဂရန်း(ဒ်)ဟံသာဆေးရုံတွင် ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။ ဆရာကြီးသည် ကွယ်လွန်ချိန်တွင် အသက်(၇၁)နှစ် ရှိပြီဖြစ်ပါသည်။ Image may contain: 3 people, people sitting and indoor ကျန်ရစ်သော ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု – ဥက္ကဌ ဆရာမဒေါ်သန်းမြင့်အောင် နှင့် အသင်းသားများသည် ဆေးရုံမှ သုဝဏ္ဏရှိ နေအိမ်သို့ ပြန်လည်ပို့ဆောင် ကူညီပေးခဲ့ပါသည်။ဆရာကြီး ဒေါက်တာ ထွန်းလွင်၏ ရုပ်အလောင်းအား နေအိမ်တွင် ထားရှိစေရန် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ Cold Box ဖြင့် ကူညီပေးထားပါသည်။ ဒေါက်တာထွန်းလွင်၏ ဈာပန အခမ်းအနားအား (၆.၁၁.၂၀၁၉) ညနေ (၄း၀၀)နာရီတွင် ‌ရေ‌ဝေးသုဿာန်၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်” လို့ ပြောကြားထားတာပါ။ Image may contain: 11 people, people smiling, people sitting, people standing and indoor Image may contain: 6 people, people smiling, people standing and indoor Image may contain: 10 people, people smiling, people standing ဆရာဦးထွန်းလွင်ရဲ့ ကျန်ရစ်သူမိသားစုကလည်း ” ဒေါက်တာ ထွန်းလွင် ၊ ညွှန်ကြားရေးမှုးချုပ် (ငြိမ်း)၊ မိုး၊ဇလ ညွှန်ကြားမှုဦးစီးဌာန ၊ CEO, Myanmar Climate Change Watch အသက် (၇၂)နှစ် ၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်နေ၊ (၂၄)ရပ်ကွက်၊ သုဝဏ္ဏ၊ သံသုမာလမ်း၊ တိုက်(၆)၊ အခန်း(၁)နေ (ဦးသိမ်းမောင်+ဒေါ်အေးကြီး)တို့၏သားကြီး၊ (ဦးထွန်းသန်း+ဒေါ်လှမြိုင်) တို့၏ သားသမက်၊ (ဦးလှသော်)၊ ဦးမြင့်အောင်+ဒေါ်မြင့်မြင့်ရီ(CB Bank)၊ ဦးမြင့်ထွန်း+ဒေါက်တာယဉ်ယဉ်သန်း၊ ဒေါက်တာဇော်မြင့်(ဆေးသုတေသန) + ဒေါက်တာကြူကြူသန်း(World Bank)၊ ဦးခွန်မျိုးကျော်သူ + ဒေါ်အေးအေးသန်း(Tr.Aye) ၊ ဦးထင်အောင်ကျော်+ဒေါ်ဇင်မေကျော့ရှင်းတို့၏ အကိုကြီး၊ ဒေါ်မူမူသန်း၏ ချစ်လှစွာသော ခင်ပွန်း၊ ဦးအောင်ဇော် (Faith & Love) + ဒေါက်တာမြတ်စုထွန်းလွင်(ဒါဒို့ပြည် Souvenir Shop)၊ မောင်ဇွဲမာန်ထွန်းလွင်(NCS Pte Ltd)၊ မစွမ်းရည်ထွန်းလွင်(Doh Eain)တို့၏ ချစ်လှစွာသော ဖခင်၊ မောင်ခန့်သစ်၊ မောင်ထူးခန့်၊ မစုတင့်တယ်တို့၏ ချစ်လှစွာသောအဖိုး၊ တူ၊တူမ ၁၁ယောက်တို့၏ ဦးလေးသည် ၄-၁၁-၂၀၁၉ (တနင်္လာနေ့) ညနေ ၇:၀၀နာရီတွင် ကွယ်လွန်အနိစ္စရောက်သွားပါ၍ ၆-၁၁-၂၀၁၉ (ဗုဒ္ဓဟူးနေ့) ညနေ ၅နာရီအချိန်တွင် ရေဝေးသုသာန်သို့ ပို့ဆောင်သင်္ဂြိုလ် မည်ဖြစ်ပါသဖြင့် ရပ်ဝေးရပ်နီးမှ ဆွေမျိုးမိတ်သင်္ဂဟအပေါင်း သိစေရန် ညိုးငယ်သောစိတ်ထားဖြင့် အကြောင်းကြားအပ်ပါသည်။ နေအိမ်မှကားများ မွန်းလွဲ (၂:၃၀)နာရီတွင်ထွက်ခွာပါမည်” လို့ ဆရာကြီးရဲ့ ဖေ့ဘုတ်ကနေတဆင့် သူ့ကိုချစ်သူတွေ သူ့ရဲ့ နောက်ဆုံးအချိန်မှာ လိုက်ပါပို့ဆောင်လိုပါက ပို့ဆောင်နိုင်အောင် အသိပေးထားတာ တွေ့ရပါတယ်။ Image may contain: 3 people Image may contain: 8 people ဆရာကြီးကိုချစ်သူတွေ သူ့ရဲ့ နောက်ဆုံးခရီးလေးမှာ လိုက်ပါပို့ဆောင်နိုင်အောင်လို့ အသိပေးတင်ပြပေးလိုက်ရပါတယ်။ Image may contain: 6 people, people sitting and indoor Image may contain: 4 people, people sitting and indoor Image may contain: 7 people ဓာတ်ပုံ-FFSS

x