မကွယ်လွန်ခင်အချိန်လေး မိုးလေဝသသတင်းတွေကို ယောင်နေတဲ့ ဦးထွန်းလွင်ရဲ့ ဗီဒီယိုဖိုင်လေးတွေ

Last modified date

မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်တစ်ယောက် ဒီနေ့ညနေ ၆ နာရီ ၅၇ မိနစ်မှာ ကွယ်လွန်သွားခဲ့ပြီလို့ မိသားစုဝင်တွေက အတည်ပြုပြောကြားလိုက်ပြီဖြစ်ပါတယ်။ Image may contain: 2 people, people smiling, people standing ဆရာကြီး မကွယ်လွန်ခင်အချိန်လေးမှာ မိုးလေဝသသတင်းတွေကို ယောင်ပြီး ရွတ်ဆိုနေခဲ့တာကို ဗီဒီယိုလေး ၃ခုမှာ တွေ့ရပါတယ်။ ဆရာကြီးရဲ့ ဆုံးပါးမှုဟာ မိသားစုဝင်တွေအတွက်သာမက မြန်မာပြည်သူတွေအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုလို့လည်း ဆိုရမှာပါ။ Image may contain: 1 person Image may contain: 3 people, people smiling, outdoor ဆရာကြီးရဲ့ ဗီဒီယိုလေးကို တွေ့မြင်ရသူတိုင်း မျက်ရည်လည်မိကြပြီး ဆရာကြီးတစ်ယောက် ကောင်းရာမွန်ရာရောက်ဖို့ ဝိုင်းဝန်းဆုတောင်းပေးနေကြပါတယ်။ Image may contain: 1 person, sleeping, sitting and closeup Image may contain: 3 people, people sitting, table and child ဆယ်လီစတား ပရိသတ်ကြီးလည်း မြန်မာနိုင်ငံရဲ့ မိုးလေဝသနဲ့ ရာသီဥတုသတင်းတွေကို အချိန်နဲ့တပြေးညီ အမှန်ကန်ဆုံး ပြောကြားပေးနိုင်ခဲ့တဲ့ ဆရာကြီးကို ဆုတောင်းပေးလိုက်ကြရအောင်ပါနော်။ ဆရာကြီးရဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ Video Credit Aung Thit Lwin Writer – YLLT ( Cele Star )