မိုးလေဝသ ဒေါက်တာဦးထွန်းလွင် ယနေ့ညနေ ၆နာရီ ၅၇ မိနစ်တွင်ကွယ်လွန်ပြီ

Last modified date

မိုးလေဝသပညာရှင် ဆရာကြီးဒေါက်တာ ဦးထွန်းလွင်တစ်ယောက် ဒီနေ့ညနေ ၆ နာရီ ၅၇ မိနစ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မိသားစုဝင်တွေက ကြေငြာလိုက်ပါတယ်။ Image may contain: text Image may contain: 1 person, sleeping and sitting Image may contain: 2 people, people smiling, people standing မိသားစုဝင်များအနေဖြင့် လတ်တလောစကားလက်ခံမပြောနိုင်သေးသည်ကို နားလည်ပေးကြပါရန်လည်း မေတ္တာရပ်ခံထားတာကို တွေ့ရပါတယ်။ ဆရာကြီး သဂြိုလ်မယ့်အစီအစဉ်နဲ့ အသေးစိတ်အစီအစဉ်တွေကိုတော့ မကြာခင်မှာ ထပ်မံကြေငြာပေးမယ်လို့လည်း ဆိုထားပါတယ်။ Image may contain: 2 people Image may contain: 5 people, people smiling, people sitting, table and indoor ဆရာကြီးဟာ နှလုံးရောဂါကြောင့် ဂရန်းဟံသာဆေးရုံကြီးမှာ တက်ရောက်ဆေးကုသနေတာဖြစ်ပြီး မကြာသေးခင်ကလည်း ဆရာကြီးဆုံးပြီဆိုတဲ့ သတင်းတစ်ချို့တက်လာတာကြောင့် ဆရာကြီး မသေသေးကြောင်း ပြန်လည်ရှင်းလင်းခဲ့ရသေးတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆရာကြီးတကယ်မသေးသေးဘူးဆိုတဲ့ သတင်းကြောင့် ဆရာကြီးကို ချစ်ခင်ကြသူတွေနဲ့ ဆရာကြီးရဲ့ တပည့်တွေက စိတ်ချမ်းသာခဲ့ကြရတာပါ။ Image may contain: 2 people, people sitting and indoor Image may contain: 4 people, people sitting and indoor ဒါပေမယ့် အခုတော့ ဆရာကြီး တကယ်ပဲ ဆုံးပါးသွားခဲ့ပြီလို့ ကျန်ရစ်သူ မိသားစုက ကြေငြာလိုက်တာပါ။ မြန်မာပြည်ရာသီဥတု နဲ့ မိုးလေဝသအတွက် ကျေးဇူးကြီးမားတဲ့ ဆရာကြီးကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။ Image may contain: 2 people, people smiling, people sitting and indoor Image may contain: 1 person, sitting Writer – YLLT ( Cele Star )

x