အင်္ဂလိပ်သီချင်းကို ဌာန်ကရိုဏ်းကျကျ ဆိုနိုင်တဲ့ သမီးလေးအတွက် ဂုဏ်ယူနေတဲ့ ကျော်ကျော်ဗိုလ်

Last modified date

သရုပ်ဆောင် ကျော်ကျော်ဗိုလ်ရဲ့ သမီးလေး ပြိုင်သူခကတော့ အင်္ဂလိပ်သီချင်းကို ဌာန်ကရိုဏ်းကျကျ သီဆိုနိုင်ခဲ့တဲ့အတွက် လူအများရဲ့ ချီးကျူးခြင်း ခံနေရပြီး အဖေဖြစ်တဲ့ ကျော်ကျော်ဗိုလ်တစ်ယောက်ကတော့ ဂုဏ်ယူနေပါတယ်တဲ့။ Image may contain: 2 people, people smiling, selfie, child and closeup Image may contain: 3 people, people smiling, drink and indoor ကျော်ကျော်ဗိုလ်ရဲ့ သမီးလေးက အခုဆိုရင် လေးတန်းတက်နေပြီဖြစ်ပြီး အဆိုတော်လုပ်ဖို့ ဝါသနာပါတယ်လို့ ပြောပါတယ်။ ပြိုင်သူခ ခေါ် Ike လေးက HideAway ဆိုတဲ့ သီချင်းလေးကို မူရင်းအဆိုတော် Daya ရဲ့ ဆိုပုံအတိုင်းမှီအောင် အပြိုင်ဆိုပြလိုက်တာပါ။ သူမသီဆိုပုံကို အားလုံးက သဘောကျနေကြပြီး ဒီအရွယ်လေးနဲ့ အဖေထက် အသံကောင်းတယ်ရယ်လို့လည်း ပရိသတ်က အားပေးနေကြတာဖြစ်ပါတယ်။ Image may contain: 2 people, people smiling, selfie, indoor and closeup အဖေဖြစ်သူ ကျော်ကျော်ဗိုလ်ကလည်း သမီးလေး သီဆိုထားတဲ့ Smule video လေးကို ဂုဏ်ယူဝင့်ကြွားစွာ ရှဲထားတာတွေ့ရပြီး မန့်တွေမှာ မင်းမော်ကွန်း၊ မအေးသောင်း တို့ကလည်း ike လေးကို ချစ်ခင်စွာ ချီးကျူးထားတာ တွေ့ရပါတယ်။ Image may contain: 11 people, people smiling, selfie, hat and closeup Image may contain: 1 person, smiling Image may contain: 2 people, people smiling, closeup သရုပ်ဆောင် ကျော်ကျော်ဗိုလ်ရဲ့ အဆိုဝါသနာပါတဲ့ သမီးငယ်လေး ike တစ်ယောက် အဆိုတော်မကြီး တကယ်ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပါ။ သမီးလေး သီဆိုထားတဲ့ အသံလေး ဘယ်လောက်ကောင်းလဲသိရအောင် ဗီဒီယိုဖိုင်လေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။ Writer – YLLT ( Cele Star )

x