ရိုးမပေါ်ကျတဲ့မျက်ရည်ဇာတ်ကားကြီးမှာ ကိုတိုးဇာတ်ရုပ်ပီပြင်အောင် ပြင်ဆင်ခဲ့ပုံတွေထုတ်ပြလိုက်တဲ့ အူဝဲ

Last modified date

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ ရိုးမပေါ်ကျတဲ့မျက်ရည်ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းထဲမှာ ယောက်ကျားလေးလို နေထိုင်တဲ့ ကိုတိုးကြီးအဖြစ် ပါဝင်ထားတာပါ။ အခုလည်း ဒီဇာတ်ကားကြီး ရုံမတင်ခင် သူမအနေနဲ့ ဒီဇာတ်ကားထဲမှာ ကိုတိုးကြီးအဖြစ် ဘယ်လိုတွေ ပီပြင်အောင် သရုပ်ဆောင်ခဲ့တယ်၊ ဘယ်လိုပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရတယ်ဆိုတာကို ထုတ်ပြလိုက်ပြန်ပါတယ်။ ဒီဇာတ်ကားထဲမှာ အူဝဲနဲ့အတူ ခိုင်သင်းကြည်၊ မြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ မေမြင့်မိုရ် ၊ ခင်လှိုင် အစရှိတဲ့ သရုပ်ဆောင်တွေကလည်း အပြိုင်ကြဲထားကြသေးတာပါ။ Image may contain: 1 person, standing and text Image may contain: 4 people, people smiling, people standing and outdoor Image may contain: 8 people, people smiling, people standing Image may contain: one or more people and people sitting Image may contain: 1 person, sitting, shoes and outdoor သူမရဲ့ ပရိသတ်တွေကတော့ သူမရဲ့ ပုံတွေကို ကြည့်ပြီး အံ့အားသင့်နေကြပါတယ်တဲ့၊ အူဝဲတစ်ယောက် ဒီဇာတ်ကားအတွက် ပြင်ဆင်မှုတွေက အံ့မခန်းဖြစ်ပြီး သွားတွေကအစ ကွမ်းစားထားသူတစ်ဦး ပုံပေါက်အောင် ပြင်ဆင်ထားတာတွေ့ရပြီး နေပုံထိုင်ပုံကအစ ကြမ်းတမ်းပြီး ဖြစ်သလိုနေတတ်သူတစ်ယောက် အဖြစ်ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ Image may contain: 2 people, people sitting Image may contain: 1 person, sitting, shoes and outdoor Image may contain: one or more people and closeup Image may contain: 7 people, people smiling, people sitting, child and outdoor အိန္ဒြာကျော်ဇင်အနေနဲ့ ဒီနှစ်ထဲမှာ သူမရဲ့ ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရုံတင်နေတာဖြစ်ပြီး အခုလည်း သူမရဲ့ ဇာတ်ကား ၂ခု တိုက်နေပြန်ပါတယ်။ အဲဒီ နှစ်ကားကတော့ သူမပါဝင်ထားတဲ့ လူကုန်ကူးမှု ပညာပေး Box No. 88 ဆိုတဲ့ ဇာတ်ကားနဲ့ အခု ရုံတင်မယ့် ရိုးမပေါ်ကျတဲ့မျက်ရည် ဇာတ်ကားတို့ပဲ ဖြစ်ပါတယ်။ Image may contain: 2 people, people sitting Image may contain: 9 people, people smiling ကဲ ဒါဆိုရင် ဆယ်လီစတား ပရိသတ်ကြီးအတွက် ရိုးမပေါ်ကျတဲ့မျက်ရည် ဇာတ်ကားကြီးမှာ အူဝဲတစ်ယောက် ကိုတိုးကြီး ဇာတ်ရုပ်ပီပြင်ဖို့ ဘယ်လိုတွေ ကြိုးစားထားတယ်ဆိုတာကို ပုံလေးတွေကတဆင့် ကြည့်ကြည့်လိုက်ပါဦးနော်။ Image may contain: 1 person, sitting Image may contain: 4 people, indoor Image may contain: 1 person, sitting Image may contain: 11 people, people smiling, people sitting and outdoor Writer – YLLT ( Cele Star )