ပိုင်ရှင်ရှိတဲ့ ယောက်ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ချစ်မိသွားတာ အပြစ်မဟုတ်ဘူးလို့ ပြောလိုက်လို့ ဝေဖန်ခံနေရပြန်တဲ့ မလှနုထွန်း

Last modified date

Miss တွေကိုမွေးထုတ်ပေးနေတဲ့ မိခင်ကြီးအဖြစ် အသိအမှတ်ပြုခံထားရတဲ့ မလှနုထွန်းကတော့ ပိုင်ရှင်ရှိတဲ့ယောက်ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ချစ်မိသွားတာဟာ အပြစ်မဟုတ်ပါဘူးလို့ ဆိုလိုက်တဲ့အတွက် သူမကို ဝေဖန်မှုတွေ ထွက်ပေါ်လာပြန်ပါတယ်။ Image may contain: 5 people, people smiling, people standing Image may contain: 1 person, smiling, standing, outdoor and closeup Image may contain: 1 person, smiling, standing သူမက ” ပိုင်ရှင်ရှိတဲ့ ယောက်ျား တစ်ယောက်နဲ့ မိန်းမတစ်ယောက် သူတို့ ဆန္နနဲ့  သူတို့ ချစ်မိကြတာ အပြစ်အဟုတ်ပါဘူး ၊ တယောက်နဲ့ တယောက် မလိမ်မညာထားသ၍ ဘေးလူတွေနဲ မဆိုင်ပါ။ သူများပိုက်ဆံယူပြီး ပြန်မပေးတာ မဟုတ်တဲ့အတွက် သူများ ဘဝမပျက်ပါဘူး၊ လူပျိုဆိုပြီး လိမ်ညာတာမဟုတ်တဲ့အတွက် ၊ သူများ ဘဝမနာပါဘူး၊ ဒါပေမယ့် လူသိအောင်မလုပ်ပါနဲ့တိတ်တဆိတ်လုပ်ဆောင်ပါ။ တခြားအိမ်ထောင်သည် မိတ်ဆွေတွေကို အသိမပေးပါနဲ့ ၊
လက်အောက်ငယ်သားတွေ မသိပါစေနဲ့ ၊ သူဟာ virus လို ဆွဲကပ်တတ်ပါတယ်။ မိမိကိုယ်ကို မိမိပိုင်ပါတယ်
ဒါပေမယ့် ဘေးက လူတွေကို virus မကူးမိပါစေနဲ့နော် ချစ်တဲ့ လှနု” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ Image may contain: 1 person, closeup Image may contain: 11 people, people smiling, people standing and indoor
သူမပို့စ် အောက်ကကွန်မန့်တွေမှာတော့ သူမအမြင်ကို သဘောမတူသူတွေများပြားနေပြီး အများစုကတော့ ဒီအယူအဆဟာ မြန်မာနိုင်ငံနဲ့ မသင့်တော်တဲ့အယူအဆအဖြစ် မန့်ထားကြတာတွေ့ရပါတယ်။ သူမကိုလည်း ဝေဖန်မှုတွေ ပွက်လောညံနေပြီး သူမကတော့ ဒါဟာ သူမအနေနဲ့ ဖြစ်တတ်တဲ့သဘောသဘာဝ ဖြစ်သင့်တဲ့ သဘောသဘာဝကို ပြောထားတာလို့ပဲ ပြန်တုန့်ပြန်ထားတာ တွေ့ရပါတယ်။ Image may contain: 1 person, smiling, indoor Image may contain: 1 person, smiling ကဲ ပရိသတ်ကြီးရော မလှနုထွန်းရဲ့ အခုပြောထားတဲ့ အကြံပြုချက်ကို ဘယ်လိုမြင်တယ်ဆိုတာ ပြောပြသွားပေးပါဦး။ Writer – YLLT ( Cele Star )

x