ပရိသတ်မကြိုက်တဲ့ လောကထဲကို ဘယ်တော့မှပြန်မသွားတော့ဘူးဆိုတဲ့ ရဲတိုက်
ရဲတိုက် ပါဝင်တဲ့ ဗီဒီယိုဇာတ်ကားတွေကို ကြည့်ဖူးသူတိုင်း သူ့ရဲ့ ပိရိသေသပ်တဲ့ သရုပ်ဆောင်ချက်တွေမှာ မျှော်လွင့်သွားကြမယ်ဆိုတာ သေချာပါတယ်။ ဇာတ်ကွက်တစ်ခုတစ်ခုတိုင်းမှာ ပရိသတ်ရင်ထဲကိုရောက်အောင် သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့်လည်း တခဏအတွင်း ပရိသတ်တွေ အခိုင်အမာနဲ့ မင်းသားနေရာကို ရရှိလာခဲ့တာပါ။
ကျန်နေခဲ့တဲ့ ဗီဒီယိုဇာတ်ကားခေတ်တွေမှာတော့ မင်းသား ရဲတိုက်ဟာ ဗီဒီယိုလောကရဲ့ ဘုရင်တစ်ဆူအဖြစ်လည်း နေရာယူထားနိုင်ခဲ့ပါတယ်။ စကားပြောတတ်တဲ့ မျက်ဝန်းတစ်စုံကလည်း သရုပ်ဆောင် ရဲတိုက်ရဲ့ ထူးခြားချက်တစ်ခုပါ။ အနုပညာလောကထဲမှာ ကျင်လည်ရင်း လမ်းကြောင်းအမှားတစ်ခုပေါ်ရောက်ရှိခဲ့ပေမယ့် ပရိသတ်တွေရှေ့ နောက်တစ်ဖန်ပြန်လည်ရောက်ရှိနိုင်ဖို့ ကြိုးစားခဲ့သူပါ။
ရဲတိုက်ဟာ မှားယွင်းခဲ့တဲ့ အတိတ်တစ်ခုအတွက် ပေးဆပ်ပြီးနောက် ဒဏ္ဏာရီမိုးဆိုတဲ့ ပရိသတ်တွေရင်ထဲ ထိစေနိုင်မယ့် ရုပ်ရှင်ကားတစ်ကားကို ရွှေထူး၊ ဝတ်မှုန်ရွှေရည်တို့နဲ့အတူ တွဲဖက်ရိုက်ကူးခဲ့ပြန်ပါတယ်။ နှစ်တွေဘယ်လောက်ပင်ကြာသွားခဲ့ပေမယ့် ရဲတိုက်ဟာ သူ့ရဲ့ အနုပညာအရည်အသွေးတွေ မပြောင်းမလဲရှိနေကြောင်းကို ထိုဇာတ်ကားနဲ့ပဲ ပြသနိုင်ခဲ့ပါတယ်။
သရုပ်ဆောင်ရဲတိုက်က ယနေ့မှာတော့ ပရိသတ်တွေ မကြိုက်တဲ့ လောကကြီးထဲကို ဘယ်တော့မှပြန်မသွားတော့မယ့်အကြောင်း ယခုလိုပဲ ဆိုပါတယ်။
“ဘယ်တော့မှ ပရိတ်သတ်မကြိုက်တဲ့လောကထဲကို ပြန်မသွားတော့ဘူး ဘယ်လောက်အသစ်တွေပေါ်ပေါ် ဘယ်တော့မှမလုပ်တော့ဘူး သူဟာဒါပဲဆိုတာသိသွားပြီ” လို့ ပရိသတ်တွေကို အသိပေးစကားဆိုလိုက်တာပါ။
ဒါဟာ သူကိုယ်တိုင်အတွက်ရော၊ သူချစ်တဲ့ပရိသတ်တွေအတွက်ပါ ရွေးချယ်လိုက်တဲ့ အမှန်ကန်ဆုံးလမ်းကြောင်းတစ်ခုပါပဲ။ ပရိသတ်တွေကလည်း သရုပ်ဆောင်ရဲတိုက်ကို ဆက်လက်အားပေးပြီးတော့ ချစ်ခင်ကြပါဦးလို့။
Cele Star-YS