ဟောလိုးဝင်းပွဲတော်အတွက် အံ့အားသင့်ဖွယ်မိတ်ကပ်ပြင်ဆင်မှုတွေ ဖန်တီးပြလိုက်တဲ့ နန္ဒာလှိုင်ရဲ့ သမီးလေး ၃ယောက်

Last modified date

သရုပ်ဆောင်နန္ဒာလှိုင်ရဲ့ သမီးချောလေး ၃ယောက်ကတော့ ဟောလိုးဝင်းနေ့မှာ သူတို့ဘာသာ သူတို့ပြင်ဆင်ထားတဲ့ မိတ်ကပ်အပြင်အဆင်လေးတွေနဲ့ အံအားသင့်အောင် ဖန်တီးပြလိုက်ပြန်ပါတယ်။ ဖေဖေ ဇေသီဟ နဲ့ မေမေနန္ဒာလှိုင်တို့က သူတို့ရဲ့ သမီးလေး ၃ယောက်ကို ဇေဝတီလှိုင်၊ ဇေရတီလှိုင်၊ ဇေမဒီလှိုင် အစရှိတဲ့ နာမည်ဆန်းဆန်းလှလှလေးတွေ ပေးထားတာပါ။ Image may contain: 3 people, people smiling, people standing and shoes Image may contain: 3 people, indoor အခုလည်း ဝတီ၊ ရတီနဲ့ မဒီ တို့က ဒီကနေ့ရဲ့ ဟောလိုးဝင်းပွဲတော်နေ့ကို သူတို့ဘာသာ ပြင်ထားတဲ့ မိတ်ကပ်အပြင်အဆင် အလှအပတွေနဲ့ ဆင်နွှဲနေကြတာပါ။ ဒါကို မေမေ နန္ဒာလှိုင်ကလည်း အမိအရ မှတ်တမ်းတင်ပုံ ရယူထားလိုက်သေးတာပါ။ သမီးတွေကလည်း မေမေပုံရိုက်တော့ အိုက်တင်လေးတောင်ပိုထုတ်ပြလိုက်သေးတာနော်။ Image may contain: 3 people, people smiling, people sitting, shoes and indoor Image may contain: 3 people, people smiling, people standing and shoes နန္ဒာလှိုင်ရဲ့ သမီးလေး ၃ယောက်မှာ အငယ်ဆုံးလေးဖြစ်တဲ့ ဇေမဒီလှိုင်လေးကတော့ လူတကာ ချစ်တဲ့ ကလေးလေးဖြစ်သလို သူလေးက အသွက်ဆုံးလည်း ဖြစ်ပြန်ပါတယ်။ သူ့မမတွေကလည်း ဒါလေးကိုပဲ အချစ်ပိုနေကြတာ တွေ့ရမှာပါ။ သူတို့ထဲမှာ အိုက်တင်အများဆုံး လူချစ်လူခင်အပေါဆုံးကလည်း မဒီလေးပဲပေါ့။ Image may contain: 1 person, sitting, child and indoor Image may contain: 1 person, sitting and indoor သမီး ၃ယောက်ထဲမှာ မေမေနန္ဒာလှိုင်နဲ့ ရုပ်ချင်းပိုဆင်တာကလည်း မဒီလေးပါပဲနော်။ ငယ်ငယ်က တစ်တိုင်းပြည်လုံး နန္ဒာလှိုင်မှ နန္ဒာလှိုင်တစ်ခေတ်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မေမေ ရဲ့ ခြေရာကို နင်းပြီးသရုပ်ဆောင်ဖြစ်လာမယ့် သမီးလေးက ဒီသုံးယောက်ထဲကနေ ဘယ်သူဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြရမှာပါ။ ကဲဒါဆိုရင် မဒီလေးနဲ့ သူ့မမ ၂ယောက်တို့ ဒီနေ့ဟောလိုးဝင်းကို ဘယ်လိုဖြတ်သန်းထားကြလဲ ၊ သူတို့ရဲ့ မိတ်ကပ်ပြင်ဆင်မှုက ဘယ်လိုတွေ ရှိနေကြလဲဆိုတာ ကြည့်ကြည့်လိုက်ပါဦး။ Image may contain: 1 person, sitting, indoor and closeup Image may contain: 2 people, people standing and indoor Image may contain: 2 people, people standing and shoes Image may contain: 3 people, people standing and indoor Writer – YLLT ( Cele Star )

x