ကြောက်စရာမကောင်းပဲ ချစ်စရာကောင်းတဲ့ သရဲမလေး ဖြစ်နေတဲ့ ထိပ်ထားသခင်လေးရဲ့ ဟောလိုးဝင်းဝတ်စုံ

Last modified date

ထိပ်ထားသခင်လေးက သူမလက်ရှိတက်ရောက်နေတဲ့ Pingu’s English ကျောင်းလေးရဲ့ Halloween Party လေးမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်။ သူမကတော့ သူမကိုယ်သူမ တကယ့်ကို ကြောက်စရာ သရဲမလေးပုံစံဖမ်းပြီး ဝတ်ဆင်ခဲ့တာပါ၊ ဒါပေမယ့် တကယ်တမ်းမှာ သူမရဲ့ ပုံစံလေးက ကြောက်စရာမကောင်းဘဲ ချစ်စရာကောင်းတဲ့ သရဲမလေးပုံစံဖြစ်နေခဲ့ပါတယ်။ ထိပ်ထားလေးက ပုံထဲမှာ မကြောက်ကြောက်အောင်တော့ ခြောက်ပြနေသေးတာပါနော်။ Image may contain: 1 person, smiling, standing and shoes Image may contain: 1 person Image may contain: 5 people, people smiling, people standing, people sitting and child ဒီဟောလိုးဝင်းပွဲလေးကို သူမနဲ့အတူ သူမရဲ့ မေမေကလည်း အတူပါဝင်ပေးခဲ့တာတွေ့ရပြီး သူမချစ်တဲ့ သူငယ်ချင်းလေးတွေနဲ့လည်းပျော်မဆုံးဖြစ်နေတာ တွေ့ရပါတယ်။ ထိပ်ထားလေးက အခုဆိုရင် နာမည်ကျော် ကြော်ငြာမင်းသမီးလေးတောင်ဖြစ်နေပြီဆိုပေမယ့် သူမရဲ့ သူငယ်ချင်းတွေနဲ့ကျတော့ တကယ့်ကို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ဆော့နေလိုက်တာနော်။ သူမကို ပရိသတ်တွေက ချစ်ခင်ကြသလို ကျောင်းက သူငယ်ချင်းတွေကလည်း ချစ်ခင်ကြပါတယ်တဲ့။ Image may contain: 1 person, sitting and hat Image may contain: 2 people, people sitting Image may contain: 7 people, people smiling Pingu’s English ကျောင်းလေးမှာ ထိပ်ထားသခင်လေးလိုပဲ နောက်ထပ်တစ်ယောက် တက်ရောက်နေတဲ့သူ ရှိပါသေးတယ်။ အဲဒါကတော့ အဆိုတော် အေသင်ချိုဆွေရဲ့ သမီးလေး Ivy ဖြစ်ပြီး သူလေးကလည်း အဲဒီပွဲမှာ ပျော်ရွှင်နေတာကို အေသင်ချိုဆွေက ပြန်လည်မျှဝေပေးထားတာ တွေ့ရပါတယ်။ Image may contain: 1 person, standing and child Image may contain: 5 people ထိပ်ထားလေးရော အေသင်ရဲ့ မီးမီးလေးပါ ပျော်ရွှင်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးပါအတူတကွ အပျော်တွေကူးစက်စေနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ Image may contain: 1 person, standing, hat and child Image may contain: 5 people, people smiling, people standing

x