အောင်မြင်သလောက် ဘယ်တော့မှ ဂုဏ်မမောက်တတ်တဲ့ ကိုရန်လေးကို သွားရောက်ဂါရဝပြုကန်တော့ခဲ့တဲ့ ခိုင်နှင်းဝေ

Last modified date

သရုပ်ဆောင် ခိုင်နှင်းဝေက သူမလေးစားအားကျရတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ကိုရန်လေး သရုပ်ဆောင်ရန်အောင်ကို သီတင်းကျွတ်အခါသမယမှာ သွားရောက်ဂါရဝပြု ကန်တော့ခဲ့ပါတယ်တဲ့။ Image may contain: 2 people, people sitting and indoor Image may contain: 2 people, people smiling, people sitting ခိုင်နှင်းဝေက သူမရဲ့ ဖေ့ဘုတ်မှာ “ကျမ လေးစား အားကျရသော အနုပညာ အကို ကိုရန်လေး ကို သီတင်းကျွတ်အခါသမယ မှာ သွားရောက် ဂါရဝ ပြုခဲ့ပါတယ်ရှင် ❤ ၊ ပြည့်တဲ့အိုးက ဘောင်ဘင်မခတ်ဖူး ဆိုသလိုပဲ အောင်မြင်ကျော်ကြားမှု မှာ ဘယ်တော့မှ ဂုဏ်မမောက်တတ်တဲ့ အကိုက လူတိုင်းကို မေတ္တာထားတတ်တယ် လူချစ်လူခင် ပေါအောင်လည်း ကျင့်ကြံနေထိုင်တတ်တယ် အကိုနဲ့ စကားပြောတိုင်း ကုန်သွားတဲ့ အချိန်တိုင်းဟာ စက္ကန့်နဲ့အမျှ တန်ဖိုးရှိနေခဲ့တယ် မိခင် ဖြစ်သူကို ဦးထိပ်ထားလွန်းတဲ့ အကို့ရဲ့ ဂါရဝတရား နဲ့ အလုပ်အပေါ် လုပ်ပေါ်ကိုင်ဖော်အပေါ် မှာ စေတနာ အမြဲထား သင်ပြပေးတတ်တဲ့ အပြုအမူတွေ ကိုလည်း အမြဲ အတုယူခဲ့ရပါတယ် ❤❤” လို့ ရေးသားထားတာပါ။ Image may contain: 9 people, people smiling, people standing and indoor Image may contain: 7 people, people smiling, people standing and indoor သရုပ်ဆောင် ရန်အောင်ဟာ ခိုင်နှင်းဝေနဲ့အတူ ဇာတ်ကားတွေအတူရိုက်ကူးစဉ်ကလည်း သင်ကြားပြသပေးခဲ့သူတစ်ဦးဖြစ်ပြီး သူဟာ အနုပညာရှင်သစ်တွေကို အမြဲလို လက်တွဲခေါ်ယူတတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ Image may contain: 2 people, people smiling, people sitting and indoor ခိုင်နှင်းဝေနဲ့အတူ မုန်းစွဲဇာတ်ကားထဲက အမွှာလေး နှစ်ဦးဖြစ်တဲ့ ဇွဲဝေယံထက် နဲ့ ဇွဲဝေယံထူး တို့ကလည်း သရုပ်ဆောင် ရန်အောင်ကို အတူတကွ ကန်တော့ခဲ့ကြပါသေးတယ်။ Image may contain: 11 people, people smiling, people standing and indoor Image may contain: 2 people, people smiling, people sitting and indoor ဝါရင့်သရုပ်ဆောင်ကြီး ကိုရန်အောင်နဲ့ ခိုင်နှင်းဝေတို့ရဲ့ ကြည်နူးဖွယ် အပျော်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်နော်။ Image may contain: 1 person, sitting and indoor Image may contain: 3 people, people smiling, people standing and indoor Writer-YLLT(Cele Star)

x