ခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်း ဓမ္မမိတ်ဆွေအဖြစ်ရှိနေတယ်ဆိုတဲ့ ချမ်းမီမီကို
သရုပ်ဆောင် ချမ်းမီမီကို ဆိုရင် ပရိသတ်တွေက မှတ်မိကြမယ်လို့ထင်ပါတယ်နော်။ တစ်ချိန်က ဗီဒီယိုဇာတ်ကားတွေမှာ သူမရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေကြည့်ရှုဖူးခဲ့ကြမှာပါ။
ချမ်းမီမီကိုဟာ ခင်ပွန်းဖြစ်သူ ဦးစိုးထွန်းရှိန်နဲ့ ချစ်သူသက်တမ်း ၃ နှစ်ကျော်အကြာမှာ ထိမ်းမြားလက်ထပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းမှာ မင်္ဂလာပွဲကိုကျင်းပခဲ့ကြပြီးတော့ သူမတို့ ဇနီးမောင်နှံကို အမှတ်ရစေခဲ့တာက လကမ္ဘာကို ပျားရည်ဆမ်းခရီးထွက်မယ်ဆိုတဲ့ စနောက်ပြီးပြောဆိုတဲ့စကားနဲ့ အမှတ်ရခဲ့ကြပါသေးတယ်။
ယခုအချိန်မှာတော့ ချမ်းမီမီကိုဟာ အသက် (၅) နှစ်အရွယ်သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီးတော့ အနုပညာလောကထဲကို တစ်ကျော့ပြန် ပြန်လည်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်တော့မှာဖြစ်တဲ့အတွက် သူမကိုအားပေးတဲ့ အမာခံပရိသတ်တွေကလည်း ပျော်ရွှင်နေကြတာပါ။
သူမရဲ့ အိမ်ထောင်ရေးကတော့ လက်ရှိမှာ ခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်း၊ ဓမ္မမိတ်ဆွေတွေအဖြစ်သာ ရှိနေတဲ့အကြောင်းကို သူမရဲ့ ဖေ့ဘုတ်အကောင့်ကနေ အသိပေးပြောပြလာခဲ့တာပါ။
“ရန်ကိုရန်ခြင်းမတုန့်နှင်းနဲ့တဲ့ သည်းခံခြင်းဟာ အောင်မြင်ခြင်းမည်၏ တဲ့ အမျိုးသားဟာ သူဘာသူအဆင်ပြေပါတယ်ယခုထိလှူနေတန်းနေဆဲပါပဲ သူနဲ့ကိုယ်နဲ့က သူငယ်ချင်းဓမ္မမိတ်ဆွေတွေပါ 🙏🙏🙏ညီမငယ်လေးတွေအလုပ်ရအောင် အမေကြီးလည်း အလုပ်လေးနဲ့မပျင်းရအောင် သူကြော်မှာပါရှင့်”
ကဲ…ပရိသတ်တွေလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို မျှော်လင့်စောင့်စားနေကြမယ်လို့ ထင်ပါတယ်နော်။ အတူတူ အားပေးလိုက်ကြရအောင်နော်။
Cele Star – YS