လွန်ခဲ့တဲ့ (၅) နှစ် မင်္ဂလာဆောင်တုန်းက အမှတ်တရပုံလေးတွေ ပြန်တင်လိုက်တဲ့ ဆုပန်ထွာ

Last modified date

သရုပ်ဆောင် ဆုပန်ထွာကတော့ လွန်ခဲ့တဲ့ ၄နှစ်ကျော် ၂၀၁၅ ခုနှစ်တုန်းက “Santa Monica Beach” မှာ ဆောင်ခဲ့တဲ့ မင်္ဂလာပွဲ အမှတ်တရပုံလေးတွေ ပြန်တင်ပြီး လွမ်းနေပါတယ်။ Image may contain: 1 person, wedding Image may contain: 5 people, people standing, wedding and outdoor
သူမနဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်တို့ဟာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး အခုလာမယ့် ၂၀၂၀ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့မှာ မင်္ဂလာသက်တမ်း ၅ နှစ်ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။ သူမနဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်တို့ဟာ ဒီလိုမင်္ဂလာပွဲလေးဖြစ်လာဖို့အရေး ပတ်ဝန်းကျင်ကိုရော မိသားစုကိုပါ အတော်လေး ရင်ဆိုင်ခဲ့ကြရသူတွေလည်း ဖြစ်ပါတယ်။ Image may contain: 7 people, people smiling, people standing, wedding, tree and outdoor Image may contain: 2 people, people standing
ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ဟာ အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယား၊ ဆန်တာမိုနီကာ ကမ်းခြေမှာ Romantic ဆန်ဆန်လေး မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပြီး နှစ်ဦးစလုံး အဖြူလေးတွေနဲ့ လှနေတာကို ပုံထဲမှာ တွေ့ရမှာပါ။ Image may contain: 2 people, people smiling, wedding Image may contain: one or more people, wedding and outdoor
သရုပ်ဆောင် ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့ဟာ အခုဆိုရင် သားလေး Roar ကျော်ကို ပိုင်ဆိုင်ထားပြီဖြစ်ပြီး သာယာတဲ့ အိမ်ထောင်ရေးလေးတစ်ခု တည်ထောင်ထားနိုင်သူတွေပဲ ဖြစ်ပါတယ်။ Image may contain: 1 person Image may contain: 3 people, people smiling, people standing Writer – YLLT ( Cele Star )

x