ချစ်စဖွယ်အမူအရာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ fan တွေ ရရှိနေပြီဖြစ်တဲ့ အနုပညာရှင်တွေရဲ့ ရင်သွေးငယ်လေးတွေ

Last modified date

အနုပညာရှင်တွေရဲ့ ရင်သွေးငယ်လေးတွေထဲမှာ တစ်ချို့သော ကလေးငယ်တွေက သူတို့ရဲ့ ချစ်စဖွယ်အမူအရာလေးတွေကြောင့် ငယ်ငယ်ရွယ်ရွယ်မှာပဲ Fan တွေ သူတို့ကိုအားပေးချစ်ခင်တဲ့ ပရိသတ်အမြောက်အများ ရှိနေကြပြီဖြစ်ပါတယ်။ ဒီကလေးလေးတွေက ဘယ်သူတွေရဲ့ သားသမီးတွေလဲ ၊ ဘာကြောင့်သူတို့ကို လူချစ်လူခင်ပေါများရတာလဲဆိုတာကို အောက်ကပြောပြထားတာလေးတွေဆီမှာ တစ်ချက်ကြည့်ကြည့်လိုက်ပါဦး။ သရုပ်ဆောင် ချစ်သုဝေနဲ့ အဆိုတော်လင်းလင်းတို့ရဲ့ သမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ် သရုပ်ဆောင်နဲ့ အဆိုတော်ချစ်သုဝေနဲ့ အဆိုတော်လင်းလင်းတို့ဟာဆိုရင် ခေတ်နဲ့သစ် ဆိုတဲ့ အရမ်းတတ် ၊ အရမ်းချစ်ဖို့ကောင်းတဲ့ အမွှာသမီးလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားကြတာပါ။ ခေတ်လေးနဲ့ သစ်လေးက ငယ်ရွယ်စဉ်အချိန်ကတည်းကစပြီး သူတို့နှစ်ယောက်ရဲ့ ပရိသတ်အခိုင်အမာ ရရှိထားခဲ့ကြပြီး အခုကြီးလာတဲ့အချိန်မှာလည်း ပရိသတ်က ပိုလို့တိုးလာခဲ့တာပဲ ဖြစ်ပါတယ်။ ဖခင်နဲ့မတူတူအောင် လိုက်လုပ်တတ်တဲ့ ခေတ်လေးရဲ့ အိုက်တင်တွေနဲ့ ရယ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းပြီး ခေတ်ခေတ်လုပ်သမျှ လိုက်လုပ်တတ်တဲ့ သစ်လေးရဲ့ အမူအရာတွေကလည်း သူတို့ညီအစ်မကို ချစ်ခင်သူပေါများစေခဲ့တာပါ။
Image may contain: 2 people, baby
Image may contain: 4 people, people smiling, child
Image may contain: 4 people, people smiling
Image may contain: 2 people, people standing
သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ရဲ့ သမီးနဲ့သား အူဝဲလို့ အများကချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ရဲ့ သမီးလေး ပြေသုဒြာနဲ့ သားလေး ပြေဓီရတို့ဟာလည်း သူတို့ရဲ့ ပရိသတ်တွေ အရမ်းကို ချစ်ခင်ကြတဲ့ ရင်သွေးလေးတွေပါပဲ၊ သုသုလေးက အနေအေးပြီး ချစ်ဖို့ကောင်းသလို ဖိုးဓီလေးကလည်း စကားသွက်သွက် အတတ်လေးမို့ အားလုံးကချစ်နေကြရတာပါ။
Image may contain: 2 people, people smiling, people sitting, tree, shoes and outdoor
Image may contain: 2 people, people standing, shoes and indoor
Image may contain: 2 people, people smiling, child and outdoor
Image may contain: 3 people, people smiling, child, hat, outdoor and closeup
သရုပ်ဆောင်သက်မွန်မြင့်ရဲ့ သားလေးနဲ့ သမီးလေး သရုပ်ဆောင် သက်မွန်မြင့်ရဲ့ သားလေး အားချစ်နဲ့ သမီးလေး လဝန်းမေတို့ဟာလည်း ချစ်ဖို့ကောင်းတဲ့ ကလေးငယ်လေးတွေဖြစ်ပြီး သူတို့ကို သက်မွန်ရဲ့ ပရိသတ်တွေသာမက မြင်ရသူ အားလုံးနီးပါးက ချစ်ခင်ကြတာပါ။ အားချစ်ဆိုရင် ငယ်ငယ်တည်းက သူ့ကိုချစ်တဲ့ပရိသတ်တွေ သီးသန့် ရရှိထားတဲ့ကလေးလေးပါပဲ။ လဝန်းလေးက အနေအေးပေမယ့် သူလေးကလည်း တစ်မျိုးတစ်ဘာသာ ချစ်ဖို့ကောင်းနေပြန်တာပါ။
Image may contain: 4 people, people smiling, people standing
Image may contain: 3 people, people standing
Image may contain: 6 people, people smiling, people sitting Image may contain: 2 people, people smiling, baby and closeup
သရုပ်ဆောင်ယွန်းဝတီလွင်မိုးရဲ့ သားလေး လီယံ
ခေးလေးလို့ အားလုံးက ခေါ်ကြတဲ့ သရုပ်ဆောင်ယွန်းဝတီလွင်မိုးဟာဆိုရင် အောင်မြင်နေဆဲ ငယ်ရွယ်စဉ်အချိန်မှာပဲ အိမ်ထောင်ပြု သားလေးတစ်ယောက် မွေးဖွားခဲ့သူပါ။ သူမအပေါ် အချစ်လျော့မှာကို မစိုးရိမ်ပဲ သားလေးအပေါ်အချစ်ပို ကလေးရယူခဲ့တဲ့ အနုပညာသည်မိခင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူမရဲ့ သားလေး လီယံက အခုဆိုရင် ပရိသတ်အချစ်တော်ဆယ်လီလေးတစ်ဦး ဖြစ်နေပါပြီနော်၊ လီယံလေးက အဘိုးဖြစ်သူ ဦးလွင်မိုး၊ အဘွားဖြစ်သူ ဒေါ်မေသူတို့နဲ့ အတူနေထိုင်နေပြီး အရမ်းကို ချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက်အဖြစ် ပရိသတ်အားလုံးက ဝိုင်းချစ်နေကြတာပါ။ Image may contain: 1 person, baby and closeup Image may contain: 2 people, people smiling Image may contain: 1 person, sitting, sunglasses and child အဆိုတော်အာဇာနည်ရဲ့ သားလေး ချစ်ချစ်တုန် အဆိုတော်အာဇာနည် နဲ့ သရုပ်ဆောင်ဝမ်း တို့မှာ သားလေးနှစ်ယောက်ရှိပြီး သားငယ်လေး ချစ်ချစ်တုန်ဟာဆိုရင် သူ့ရဲ့ ချစ်စဖွယ်အမူအရာ လိမ္မာလွန်းလှတဲ့ အပြုအမူတွေကြောင့် အားပေးချစ်ခင်တဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူလေးဖြစ်ပါတယ်။ သူလေးက အစ်ကိုဖြစ်သူကိုလည်း အရမ်းချစ်ပြီး သူ့ရဲ့ အသံက အဖေလိုပဲ အသံလုံးကြီးကြီးနဲ့ ချစ်ဖို့ကောင်းသူလေးပါပဲ။
Image may contain: 1 person, smiling, indoor
Image may contain: 1 person, smiling, sleeping and indoor
Image may contain: 5 people, people smiling, people sitting, child and table
သရုပ်ဆောင် စန္ဒီမြင့်လွင်ရဲ့ သမီးလေး Treasure မကြာသေးခင်ကမှ မွေးဖွားခဲ့တဲ့ သရုပ်ဆောင် စန္ဒီမြင့်လွင်ရဲ့ သမီးချောလေး Treasure ဟာဆိုရင်လည်း အမေတူသမီးလေးအဖြစ် ပရိသတ်တွေသတိထားမိပြီး ချစ်စဖွယ်သူမရဲ့ အမူအရာလေးတွေကြောင့်ပရိသတ်က အချစ်ပိုနေကြရသူလေးပါ။ Treasure လေးကတော့ အခုမှ လသားလေးပဲ ရှိသေးတာဖြစ်ပေမယ့် သူမကိုချစ်တဲ့ ပရိသတ်တွေ အများကြီးရရှိနေပါပြီနော်။
Image may contain: 1 person, baby and closeup
Image may contain: 4 people, people smiling, text
Image may contain: 2 people, people smiling, people sitting
သရုပ်ဆောင် မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ် သရုပ်ဆောင်မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်ကတော့ ဘုရားတရားမြဲသူလေးအဖြစ် ပရိသတ်လူသိများပါတယ်။ အမေနဲ့တူလို့ ရုပ်ရည်ချောမောတဲ့အပြင် နူးညံ့ပြီး ဘုရားတရားမြဲတဲ့ ကလေးလေးဖြစ်တာကြောင့်လည်း ပရိသတ်က သူ့ကို ချစ်နေကြတာပဲ ဖြစ်ပါတယ်။
Image may contain: 2 people, people smiling, people sitting, child and outdoor
Image may contain: 2 people, people smiling, child, selfie and closeup
Image may contain: 1 person, smiling, stripes, selfie and closeup
သရုပ်ဆောင်မိုးယုစံရဲ့ သားလေး ကောင်းသိင်္ခမိုးသူ သရုပ်ဆောင် မိုးယုစံရဲ့ သားလေး ကောင်းသိင်္ခမိုးသူဟာဆိုရင်လည်း အရမ်းကို စကားတတ်ပြီး ဥာဏ်လည်း အရမ်းကောင်းတဲ့ ကလေးငယ်လေးတစ်ဦးပါ။ အသားဖြူဖြူလေးနဲ့ အမြဲလိုပြုံးနေတတ်ပြီး မျက်နှာချိုတဲ့ ကောင်းသိင်္ခမိုးသူလေးကလည်း သူ့ကိုချစ်တဲ့ ပရိသတ်တွေအတွက် Page လေး သီးသန့်ဖွင့်ထားပြီသူဖြစ်ပါတယ်။ Image may contain: 2 people, people smiling, people standing, child and outdoor
Image may contain: 3 people, people smiling, people standing, child and outdoor Image may contain: 2 people, people sitting
သရုပ်ဆောင် ပိုးအိအိခန့်ရဲ့ သားလေး သရုပ်ဆောင်ပိုးအိအိခန့်နဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား အောင်သူတို့ရဲ့ သားလေးကိုကိုးဟာဆိုရင်လည်း သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေ အများအပြား ရှိနေတာ တွေ့ရပါတယ်။ စပြီးမွေးတည်းက အဖေနဲ့တူသလို အမေနဲ့တူသလို ပရိသတ်ခန့်မှန်းရခက်ခဲ့တဲ့ သားသားလေးက အခုဆိုရင် အမေတူလေးအဖြစ်ပုံပေါ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
Image may contain: 2 people, people smiling, people standing
Image may contain: 3 people, people smiling, people sitting, tree and outdoor
Image may contain: 3 people, people smiling, people standing
ဇာတ်ပို့သရုပ်ဆောင်နိုင်လူရဲ့ သမီးငယ်လေး ဇာတ်ပို့ သရုပ်ဆောင်နိုင်လူရဲ့ သမီးငယ်လေးဟာဆိုရင်လည်း ချစ်စဖွယ်မျက်နှာလေးကြောင့် လူသိများလာတဲ့ ကလေးငယ်တစ်ဦးဖြစ်ပြီး သူမကိုချစ်ခင်တဲ့ ပရိသတ်အင်အားကလည်း အများအပြား ရရှိထားသူလေးဖြစ်ပါတယ်။
Image may contain: 2 people, people standing, sky and outdoor
အဆိုတော်ဝေလျံရဲ့ သားအမွှာလေး ၂ ဦး အဆိုတော် ဝေလျံရဲ့ သားအမွှာလေး ၂ဦးဖြစ်တဲ့ Frank နဲ့ Tank ဘုန်းသန့်ဝေလျှံကို နဲ့ ဘုန်းခန့်ဝေလျှံကို တို့နှစ်ဦးဟာဆိုရင်လည်း ပရိသတ်ချစ်ခင်မှု အပြည့်အဝ ရရှိထားကြသူလေးတွေဖြစ်ပြီး အခုဆိုရင် သူတို့နှစ်ဦးအတွက် သီးသန့် Page လေးတောင် ဖွင့်ပေးထားရတာပါနော်။
Image may contain: 2 people, people sitting
Image may contain: 3 people, people sitting
Writer – YLLT ( Cele Star )

x