စွန့်စားမှုတွေကြိုက်တဲ့ သမီးငယ်လေးရဲ့ (၄) နှစ်ပြည့်မွေးနေ့ကို ထူးထူးခြားခြားကျင်းပပေးခဲ့တဲ့ မီးမီးခဲ

Last modified date

အဆိုတော်မီးမီးခဲရဲ့ သမီးငယ်လေး Narnia က စွန့်စားမှုတွေကို ကြိုက်နှစ်သက်သူဖြစ်ပါသတဲ့၊ ဒါကြောင့် မိခင်ဖြစ်သူ မီးမီးခဲက သူမသမီးငယ်လေးရဲ့ မွေးနေ့လေးကို ထူးထူးခြားခြားလေးဖြစ်အောင် ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။ Image may contain: 3 people, people smiling, people standing, tree, beard, child and outdoor သမီးလေး Narnia က သူများတွေကို မွေးနေ့ကို အေးအေးဆေးဆေးကျင်းပရတာမကြိုက်သူဖြစ်လို့ သူမမွေးနေ့လေးမှာ သစ်ပင်တွေတက် စွန့်စွန့်စားစား လုပ်ဆောင်ရတဲ့ Adventure လေးတွေကို သူငယ်ချင်းတွေနဲ့အတူ ပြုလုပ်ဖန်တီးခွင့်လေး ပေးလိုက်တာဖြစ်ကြောင်း အဆိုတော်မီးမီးခဲက သူမရဲ့ ဖေ့ဘုတ်မှာ တင်ခဲ့တာပါ။ Image may contain: 2 people, people standing, tree and outdoor Image may contain: 2 people, child ” သမီးငယ် Narnia Birthday Party… သတ္တိခဲမလေးက သူများတွေလို အေးဆေး မလုပ်ချင်ဘူး ၊ သစ်ပင်တက်စွန့်စားရတဲ့ Adventure တွေကို ကြိုက်လို့ သူ့ အလိုကျ …လုပ်ပေးကြတယ်God Bless You …Ah Nyar” လို့ မီးမီးခဲရဲ့ ဖေ့ဘုတ်မှာ ချစ်စဖွယ်ရေးသားထားတာ တွေ့ရပါတယ်။ Image may contain: 1 person, standing Image may contain: one or more people and food အဆိုတော်မီးမီးခဲဟာ လက်ရှိအချိန်မှာ အိမ်ထောင်သစ်နဲ့ ကလေး ၂ဦး မွေးဖွားထားပြီး ဖြစ်ပြီး သားလေးတစ်ယောက် သမီးလေးတစ်ယောက် ထပ်ရခဲ့တဲ့အထဲက သမီးငယ်လေးက အသက် ၄ နှစ်ပြည့်သွားခဲ့တာလည်း ဖြစ်ပါတယ်။ သူမတို့ မိသားစု ၄ ဦးဟာ သြစတြေးလျနိုင်ငံမှာ နေထိုင်နေတာဖြစ်ပြီး အိမ်ထောင်ဟောင်း အဆိုတော်ထူးအယ်လင်းနဲ့ ရရှိခဲ့တဲ့ သမီးကြီး Barbie ကတော့ အဘွားဖြစ်သူဆီမှာ နေထိုင်နေတယ်လို့ မီးမီးခဲက ဆိုထားပါတယ်။ Barbie လေးရဲ့ မွေးနေ့က အောက်တိုဘာ ၂၂ ဖြစ်ပြီး အခု ထူးထူးခြားခြား မွေးနေ့လေးကျင်းပပေးလိုက်တဲ့ သမီးငယ်လေး Narnia ရဲ့ မွေးနေ့ကတော့ အောက်တိုဘာလ ၁၇ ရက်နေ့ ဖြစ်ပါတယ်တဲ့။ Image may contain: 2 people, people smiling, child, outdoor and nature Image may contain: one or more people, child and outdoor မီးမီးခဲဟာ ကင်ဆာရောဂါဝေဒနာခံစားနေရတာကနေ မကြာသေးခင်ကမှ နလန်ထူတိုက်ထုတ် နိုင်ခဲ့သူဖြစ်တာကြောင့် အောက်တိုဘာဖွား သမီးလေးတွေနဲ့ရော ချစ်ရတဲ့ မိသားစုလေးနဲ့ပါ။ သက်ဆုံးတိုင်ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Image may contain: 7 people, people smiling, people sitting, child and outdoor Credit-YLLT(Cele Star)

x